Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 24, 2015

မစဉ်းစားခြင်းတိမ်တိုက်ထဲက မျိုးကြီး

မစဉ်းစားခြင်းတိမ်တိုက်ထဲက မျိုးကြီး

-L P N-

ဒီတစ်လ ကျွန်မတွေ့ဆုံခဲ့တဲ့ အဆိုတော်ကတော့ ဘာကိုမှ သိပ်စဉ်းစားလေ့မရှိဘဲ လုပ်ချင်တာကို အမိအရ လုပ်နေသူတစ်ယောက်၊ စိတ်ရှင်းသူတစ်ယောက်၊ ပြီးတော့ အဲဒီ စဉ်းစားမထားသော အနုပညာများနဲ့ ပရိသတ်ကို ဆွဲယူဖမ်းစားထားနိုင်သူတစ်ယောက်...သူ့ရဲ့ စကားတွေကတော့ ဒီလိုပါ။

(၁) - 'မျိုးကြီး' ဆိုတဲ့ အဆိုတော်တစ်ယောက်ရဲ့ ကောက်ကြောင်းကို ငယ်ဘဝကနေစပြီး ပုံဖော်ချင်ပါတယ်။ ငယ်ငယ်တုန်းက 'မျိုးကြီး' အကြောင်း နည်းနည်းပြောပြပေးပါ။
ဖြေ - ဂစ်တာကို ဝါသနာပါတာကတော့ ဟိုးငယ်ငယ်ထဲကပါ၊ ဒါကြီးကို ဝါသနာပါတယ်လို့ ကိုယ့်ကိုယ်ကို မသိခင်ထဲကပေါ့။ ငယ်ငယ်ထဲက သီချင်းတွေနားထောင်၊ ကက်ဆက်တွေဆော့၊ ခွေတွေသွင်း၊ တစ်ယောက်ထဲ ခလုတ်တွေနှိပ်၊ လျှောက် Play ရင်းနဲ့ အဲလိုမျိုး၊ ပျက်သွားတဲ့ ကက်ဆက်တွေလဲ မနည်းပါဘူး။ အဲဒီထဲကလို့ ပြောရမှာပေါ့၊ ဒါပေမဲ့ သေသေချာချာ ဒီလောကထဲ ဝင်မယ်လို့ ဆုံးဖြတ်တဲ့အချိန်က ဆယ်တန်းအောင်တဲ့အချိန် (၉၃) ပေါ့၊ အဲဒီကျတော့မှ ဒီလောကထဲဝင်မယ်၊ ဒီအလုပ်ပဲ လုပ်တော့မယ်လို့ စဉ်းစားတာ။

(၂) - အဲဒီအချိန် သီချင်းစသွင်းတာလား။
ဖြေ - သီချင်းစသွင်းတာက (၁၉၉၄) က စသွင်းတာ၊ ထွက်ဖြစ်တာ (၁၉၉၇) မှ ထွက်ဖြစ်တယ်။ အဲဒီ အခွေသွင်းတာ၊ ပထမခွေမှာ သိပ်မဖြစ်ဘူး၊ ဒုတိယအခွေကျမှပေါက်တာ။

(၃) - ဂီတဆိုတာ မွေးကတည်းကပါလာတဲ့ သန္ဓေပါပိုင်ဆိုင်မှုတစ်ခုလား၊ ဒါမှမဟုတ် လုပ်ယူဖန်တီးထားရတဲ့ ကိုယ်မပိုင်သော အရာတစ်ခုလား။
ဖြေ - မွေးထဲကပါလာတယ်လို့လဲ ပြောလို့ရတယ်၊ ကိုယ်ဖြစ်ချင်လို့ လုပ်ယူဖန်တီးထားတယ်လို့ပဲ ပြောလို့ရတယ်၊ နှစ်ခုစလုံးပါပဲ။

(၄) - ပါလာတဲ့အရာကို အကောင်အထည် ဖေါ်လိုက်တဲ့ သဘောပေါ့နော်။
ဖြေ - ဟုတ်ကဲ့၊ အဲဒီ သဘောပါပဲ။

(၅) - ဘဝမှာ ဘယ်လိုအောင်မြင်မှုမျိုးကို ရယူချင်ပါသလဲ၊ ကျော်ကြားတဲ့ဘဝကို ကြိုက်တာလား၊ သီချင်းတွေနဲ့ နေနေရတာကို နှစ်သက်တာလား။
ဖြေ - အဲဒါကိုတော့ တစ်ခါမှ မစဉ်းစားဖူးဘူးဗျ၊ ဘယ်လိုဖြေရမှန်းတောင် မသိဘူး၊ လောလောဆယ်တော့ ကိုယ်နေနေရတဲ့ နေရာကို ကြိုက်တာပါပဲ၊ ကျေနပ်တာပါပဲ။

(၆) - ကိုမျိုးကြီးရဲ့ ဘဝဒဿနကို သိချင်ပါတယ်။
ဖြေ - ဘာပြောရမှန်းမသိဘူး၊ လူတိုင်းမှာတော့ ဒဿနလေးတွေတော့ ရှိတယ်။ အောင်မြင်နေတဲ့သူပဲဖြစ်ဖြစ်၊ မအောင်မြင်တဲ့သူပဲဖြစ်ဖြစ်၊ ဒဿနလေးတွေတော့ ရှိတယ်လေ။ ကျွန်တော်ကတော့ ရိုးရိုးသားသားပါပဲ၊ ကျန်တာတော့ ဘာမှ ထွေထွေထူးထူး မစဉ်းစားမိဘူး၊ ကိုယ်ဖြစ်ချင်ခဲ့ရတဲ့ ဘဝနဲ့ ကိုယ်လက်ရှိနေရတဲ့ အနေအထားကို ကျေနပ်တယ်၊ ပျော်ပျော်ပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုနေရာပဲရောက်ရောက် Music ပဲ။

(၇) - အဲဒါဆို တကယ်လို့ မျိုးကြီးအဖြစ်နဲ့ မအောင်မြင်လာခဲ့ဘူး ဆိုရင်ရော။
ဖြေ - အဲဒါတွေလဲ ကျွန်တော် မစဉ်းစားဖူးဘူးဗျ၊ အဲဒီ အရွယ်... ကျွန်တော် စလုပ်ခါစက လူငယ်ဆိုတော့ စိတ်ကတော့ မိုးပေါ်မှာချည်းပဲ၊ ငါသာ မဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးမျိုးက ခုချိန်မှ ကျွန်တော်ပြန်တွေးဖြစ်တယ်၊ အဲဒီ အချိန်တုန်းက မတွေးမိဘူး၊ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်တောင်မဟုတ်ဘူး၊ ဖြစ်ကိုဖြစ်မှာပဲ၊ ကျွန်တော် ကိုလေးဖြူနဲ့ စခွေထုတ်တော့ ကိုလေးဖြူက မင်းဘယ်လောက်ယူမလဲလို့ မေးတယ်၊ ကျွန်တော်က 'အမြတ်ရဲ့ ရာခိုင်နှုန်းကိုယူမယ်' လို့ ပြောတော့ ကိုလေးဖြူက 'မင်းသိပ်သေချာလှချည်လားပေါ့' ရှုံးသွားရင် ဘယ်လိုလုပ်မလဲ၊ တပြားမှမရပဲ နေမယ်တဲ့၊ 'ရှုံးလဲနေပါစေလို့' ပြောတော့ ကိုလေးဖြူက 'ဟာဒီကောင် ကိုယ့်ကိုယ်ကိုယ် အရမ်းယုံတယ်တဲ့'၊ အဲဒီလို ပြောဖူးတယ်။

(၈) - ကိုမျိုးကြီးရဲ့ ဂီတကောက်ကြောင်းကို ဆွဲပြပါအုံး။
ဖြေ - ကျွန်တော် (၉၃) ကနေ ဒီလောကထဲ စဝင်ပါတယ်၊ Ghost Rider ဝိုင်းမှာ Lead တီးပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်ထဲက IC က ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဖြစ်နေတာပေါ့၊ ကျွန်တော် Ghost Rider မရောက်ခင်ထဲက IC အဖွဲ့က လင်းစတူဒီယိုမှာနေတော့ ကျွန်တော်နေ့တိုင်း လင်းကိုသွားတယ်၊ သွားပြီး သူတို့ဆီမှာ သင်တယ်၊ အဲဒီမှာ ကိုလေးဖြူတို့နဲ့ သိတယ်၊ ဂစ်တာကို ကိုချစ်စမ်းမောင်ဆီမှာ ကျွန်တော်သင်တာလေ၊ ကိုချစ်စမ်းမောင်ကတစ်ဆင့် Ghost Rider ကိုရောက်တယ်၊ ကျွန်တော်ထင်တယ်(၉၅) ခု နှစ်ဦးပိုင်းလောက်ထိ ကျွန်တော်တီးတယ်၊ (၉၅) ပြီးတော့ မတီးဖြစ်တော့ဘူး၊ မတီးဖြစ်တော့ပဲနဲ့ အခွေအတွက်ပဲ လုပ်တော့တယ်၊ (၉၇) မှ ခွေထွက်ဖြစ်တယ်၊ အခွေကို နည်းနည်း၊ နည်းနည်းနဲ့ သွင်းနေတာကတော့ (၉၄) လောက်ထဲက စသွင်းနေတာပေါ့လေ၊ အဲဒီတုန်းက ကိုယ့်ဘာသာ ကိုယ်လုပ်ရတော့ ငွေရေးကြေးရေးက အဆင်မပြေဘူးလေ၊ ပိုက်ဆံရှိရင်ထုတ်လိုက်၊ ကုန်သွားရင် ရပ်ထားလိုက်နဲ့ အေးအေးဆေးဆေး သွင်းနေတာ၊ ရပ်ထားလိုက်ရင် လေးငါးခြောက်လ၊ နောက် ပိုက်ဆံရှိရင်ပြန်သွင်း၊ အဲလိုမျိုးနဲ့ တရွေ့ရွေ့သွားနေတာ၊ နောက်ပိုင်း အကြမ်းခွေပြီးတော့မှ ကိုလေးဖြူတို့ နားထောင်မိပြီး သူတို့ ထုတ်မယ်ဆိုပြီး ရှယ်ယာထုတ်တာ၊ သူတို့နဲ့ကလဲ လူချင်းသာသိတာ၊ ကျွန်တော်သီချင်းဆိုတာ သူတို့မသိဘူး၊ ဂစ်တာသမား တစ်ယောက်အနေနဲ့ပဲသိတာ၊ အဲဒီကနေ (၉၇) မှာ ခွေထွက်တာပေါ့၊ အခွေမထွက်ခင်ထဲက IC က သူတို့ဆီမှာ လာဆိုပါဆိုပြီး ခေါ်ဆိုတယ်။

(၉) - ပထမဆုံး Stage အတွေ့အကြုံကရော ဘယ်လိုခံစားရပါသလဲ။
ဖြေ - အဆိုတော်သစ် တော်တော်များများကတော့ ပထမဆုံးပွဲဆို ကြောက်ကြတာများတယ်၊ ကျွန်တော်ကတော့ အကြောက်အလန့် တစ်စက်မှမရှိဘူး၊ ခုနက ပြောသလိုပေါ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အရမ်းပြင်းထန်နေတာ၊ အခုမှသာ ကြောက်တတ်လာတာ၊ အရင်ကတော့ လုံးဝတက်ကြွပြီး ဆိုချင်တာဆိုတာ၊ တကယ်တော့ အဲဒီတုန်းက ခုလောက် ဆိုတတ်သေးတာ မဟုတ်ဘူး၊ အားအပြည့် ရှိနေတာတစ်ခုပဲ။

(၁၀) - အစ်ကို့အသံအားက တော်တော်ကောင်းပါတယ်၊ အသံကို စနစ်တကျ လေ့ကျင့်တာမျိုး ရှိပါသလား။
ဖြေ - အဲလိုတော့ မရှိဘူးဗျ၊ ဒါပေမဲ့ ကိုယ်ဆိုနေ၊ တီးနေရင်းနဲ့ လေ့ကျင့်သလို ဖြစ်သွားတာပေါ့၊ ဥပမာ သီချင်းတစ်ပုဒ်ဆိုပါတော့၊ မူရင်းအဆိုတော်က ဥပမာ C Key နဲ့ ဆိုထားရင် ကျွန်တော်က Key ကို တင်ပြီးဆိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဂစ်တာတီးတတ်ခါစ၊ ဆိုတတ်ခါစဆိုတော့ ကိုယ်ဆိုတဲ့အသံကို ပတ်ဝန်းကျင်ကို တအားကြားစေချင်တာလေ၊ ရပ်ကွက်ထဲမှာ ဆူညံတဲ့အဖွဲ့ပေါ့ဗျာ၊ ကျွန်တော်တို့အဖွဲ့က အိမ်တိုင်းကို ဒုက္ခပေးတဲ့အဖွဲ့ပေါ့၊ မကြားကြားအောင် Key ကို တင်ဆိုတာ။

(၁၁) - အဲဒီလို Key တင်ပြီးတော့လဲ ဆိုနိုင်တယ်ပေါ့။
ဖြေ - Key တင်ဆိုမှ အသံကျယ်တာလို့ ထင်တာလေ၊ ဘာမှနားမလည်ဘူး၊ တကယ်တော့ ဆိုရင်းဆိုရင်းနဲ့ Pratcise လုပ်သလို ဖြစ်သွားတာ။

(၁၂) - ဂီတလောကကို ဝေဖန်ပြပါဦးလား၊ ကိုမျိုးကြီးရဲ့ ဂီတသက်တမ်းကရော ဘယ်လောက်ရှိပါပြီလဲ။
ဖြေ - အဆိုတော်ဖြစ်တာ (၈) နှစ်၊ ဂစ်တာတီးတာပါ ထည့်တွက်ရင် (၁၂) နှစ်ရှိပါပြီ၊ ဂီတလောကကိုတော့ မဝေဖန်ပါရစေနဲ့ဗျာ။

(၁၃) - အဲဒါဆို 'မျိုးကြီး' ရယ်လို့ ဖြစ်လာပြီးနောက် ကိုမျိုးကြီးရဲ့ မူပိုင်ဟန်အတိုင်းပဲ နေထိုင်ခဲ့လား၊ ပရိသတ်ကြောင့်ဖြစ်စေ ပြောင်းလဲနေထိုင်ခဲ့ရတာမျိုး ရှိပါသလား။
ဖြေ - မရှိပါဘူး၊ အစောကြီးထဲက ကိုယ်လုပ်ချင်တာကိုပဲ ကိုယ်လုပ်ခဲ့တာပါ၊ အင်း... အစပိုင်းတော့ ကိုယ်လုပ်ချင်သလို လုပ်တာပေါ့နော်၊ နောက်ပိုင်းကျတော့ ရောင်းအားကိုလည်း နဲနဲပြန်ကြည့်တဲ့ သဘောတွေတော့ ရှိပါတယ်၊ ကိုယ်လုပ်ချင်တာပဲ လုပ်ရအောင် ရောင်းတန်းလည်းဝင်အောင် နှစ်ဖက်မျှပြီး လုပ်တာပေါ့၊ မျှပြီးလုပ်လိုက်တဲ့ အခါမှာတော့ အပြင်းစားတွေ သိပ်မပါသလိုဖြစ်သွားတဲ့ အခါတွေလဲ ရှိတာပေါ့၊ ဥပမာ - ဆန့်ကျင်ဘက်ခွေပေါ့လေ။

(၁၄) - ရောင်းတန်းကိုကြည့်ရတဲ့အခါ အနုပညာအားအရ ဘယ်လိုဖြစ်သွားနိုင်သလဲ။
ဖြေ - အနုပညာအားအရဆိုလဲ မလျော့ပါဘူး၊ အပြင်းစားကြီးမဟုတ်ဘဲ နဲနဲချိုတာလေးတွေ ဖြစ်သွားတာနဲ့တော့ အနုပညာအား မလျော့နိုင်ပါဘူး။

(၁၅) - အဲဒါဆို ကိုမျိုးကြီးရဲ့ပရိသတ်နဲ့ ကိုမျိုးကြီးကြားမှာရှိတဲ့ နားလည်မှုက ဘယ်လိုလဲ၊ အဆက်အစပ် ကွာဟနေတာတွေ ရှိပါသလား။
ဖြေ - ဆက်စပ်မှုရှိပါတယ်၊ နားလည်မှု ကွာဟနေတာမျိုး မရှိပါဘူး၊ ရှိုးတွေမှာကတော့ IC ကို လာကြည့်တယ် ဆိုထဲက ကျွန်တော်တို့ကို ကြည့်ချင်လို့ လာကြည့်တာပဲလေ၊ ကျွန်တော်ကလဲ Iron Cross တစ်ခုထဲနဲ့ပဲ ဆိုတယ်ဆိုတော့ သိသာတယ်လေ၊ ဥပမာ ကျွန်တော် တခြားဝိုင်းတွေနဲ့ပါ ဆိုတယ်ဆိုရင်တော့ သူတို့ကို ကြည့်ချင်တဲ့သူရော ကိုယ့်ကို ကြည့်ချင်တဲ့သူရော ရောကုန်မှာပေါ့၊ ခု ကျွန်တော်တို့ရဲ့ ပရိသတ်ကတော့ IC အမာခံ ပရိသတ်ပဲဆိုတာ ရှင်းတယ်လေ။

(၁၆) - ကိုမျိုးကြီးရဲ့ အောင်မြင်မှုကို ဝေဖန်ဆန်းစစ်ပြပါလား၊ ဒီအောင်မြင်မှုမှာ ပရိသတ်အကြိုက်ကို ကိုမျိုးကြီးက လိုက်ခဲ့ရလား၊ ပရိသတ်က ကိုမျိုးကြီးနောက်က ပါလာတာလား။
ဖြေ - နှစ်ခုစလုံးပါပဲ၊ မျှမျှတတပါပဲ၊ နဂိုရှိပြီးသား ပရိသတ်လဲ အဆင်ပြေအောင် ကိုယ့်ကို မသိသေးတဲ့ ပရိသတ်ကလဲ ကိုယ့်ပရိသတ်ဖြစ်လာအောင် မျှပြီး လုပ်ရတာပေါ့၊ ဥပမာ... ကျွန်တော်တို့လုပ်တဲ့ Rock လိုင်းပဲ ဆိုပါစို့ဗျာ၊ အဲဒီ Rock လိုင်းနဲ့ ပတ်သက်ပြီးတော့ လုပ်လို့ရတဲ့ ဟာလေးတွေ အဲဒီထဲမှာ ဘောင်ဝင်တဲ့ Music လေးတွေကို လုပ်တာပေါ့။

(၁၇) - ကိုမျိုးကြီး ဖြစ်ချင်ခဲ့တဲ့ဘဝနဲ့ အခုဖြစ်နေတဲ့ဘဝ တစ်ထပ်ထဲကျပါသလား။
ဖြေ - ကျပါတယ်။

(၁၈) - ဘုရားကပေးထားတဲ့ အသံပေါ်မှာ နောက်ထပ်သူ့ကို ပြုစုပျိုးထောင်ရတာတွေ ရှိသေးလား။
ဖြေ - ခုနကပြောသလိုပါပဲ... ဒါကြီးကို မလုပ်ပဲမနေနိုင်လို့ မိုးလင်းတာနဲ့ ဂစ်တာတီး၊ သီချင်းဆို ဆိုတော့ လေ့ကျင့်သလို ဖြစ်သွားတာပေါ့၊ အဖေကလဲ ကျွန်တာ့်ကို အားပေးတယ်၊ ကိုးတန်းနှစ်ထဲက Electric Guitar တစ်လုံး ဝယ်ပေးထားတယ်၊ တော်တော်ကို ကောင်းမွန်တဲ့ ဂစ်တာတစ်လုံးပါ၊ အဲဒီတော့ မနက်မိုးလင်းတာနဲ့ တီးတော့တာပဲ၊ ဘေးအိမ်တွေတော့ ဘယ်လောက်အနှောက်အယှက် ဖြစ်မလဲတော့ မသိဘူး၊ မိုးလင်းကမိုးချုပ် တီးတယ်ဆိုတယ်၊ အဲဒါက ကိုယ့်ကို Pratcise ဖြစ်စေတာပဲလေ၊ ကျွန်တော် ခုနှစ်တန်းမှာ ဂစ်တာတီးပြီး ကိုးတန်းမှာ Electric Guitar စတီးတယ်၊ တစ်နေကုန်တီးတာ၊ နောက်ပိုင်း ပညာရေးပါ ထိခိုက်လာတော့ ဆယ်တန်းဖြေခါနီး တစ်လလောက် ဂစ်တာကို ဦးလေးအိမ် သွားပို့ထားလိုက်တယ်၊ မြင်နေရရင် တီးနေမိအုံးမှာလေ၊ အဲဒီတော့မှ ဆယ်တန်းကို တစ်
နှစ်ထဲနဲ့ အောင်သွားတယ်။

(၁၉) - ကိုမျိုးကြီး လျှောက်ချင်တဲ့ အနာဂတ်လမ်းကို ကြိုခင်းပြပါအုံး။
ဖြေ - ကျွန်တော်လက်ရှိ အခုရှိနေတဲ့ ပရိသတ်တွေနဲ့ ကျွန်တော်နဲ့ရှေ့ဆက်ပြီး နှစ်ရှည်ကြာ လက်တွဲသွားလို့ရအောင် ကိုယ့်ဘက်ကနေပြီးတော့ Music ကို ထပ်ပြီး မွမ်းမံသွားဖို့ စဉ်းစားပါတယ်၊ မွမ်းမံသွားမယ်၊ ပိုပြီးကောင်းအောင် လုပ်သွားမယ်၊ အသစ် အသစ်တွေ ကျွန်တော်လေ့လာမယ်၊ အသစ်သစ်တွေ ပရိသတ်ကို ပေးမယ်။

ဘာကိုမှ မစဉ်းစားထားဘူးဆိုပေမဲ့ ကိုမျိုးကြီးက ပရိသတ်တွေကိုတော့ အသစ်သစ်တွေပေးဖို့ စဉ်းစားထားပါတယ်တဲ့။ အဲဒီတော့ ကျွန်မတို့ ကိုမျိုးကြီးရဲ့ အသစ်တွေကို မျှော်လင့်စောင့်စားကြပါစို့လား။

People Magazine
၂၀၀၅ ဝန်းကျင်

စာစီကျေးဇူးရှင် Ko Ka Lee
#ဂီတအကြောင်း_သောင်းပြောင်းထွေလာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။