ငယ်ငယ်တုန်းက "အနောက်အရပ်သို့ ခရီးနှင်ခြင်း" စာအုပ်ကိုဖတ်တိုင်း သံသယတစ်ခုအမြဲဝင်ခဲ့တယ်။ စာအုပ်ထဲမှာပါတဲ့ဘုန်းကြီးက ဘာဖြစ်လို့အစွမ်းမရှိတာလဲ၊ တရားရှာဖို့ ဘာဖြစ်လို့ စွန်ဝူခုန်းကို သူနဲ့အတူလိုက်ပါစေသလဲပေါ့။ တကယ်လို့ စွန်ဝူခုန်းတစ်ယောက်တည်းသွားရင် အနှောက်အယှက်က ဒီထက်နည်းသွားနိုင်တယ် မဟုတ်လား။
နောက်တော့ ကျွန်တော်အသက်တဖြည်းဖြည်းကြီးလာပြီး အလုပ်ခွင်ထဲရောက်သွားခဲ့တယ် ။ စစချင်းမှာ တခြားလူရဲ့ဦးဆောင်မှုအောက်မှာ
ကျွန်တော်အလုပ်လုပ်ရတယ်။ နောက်တော့ တခြားလူတွေကို
ကျွန်တော်ကဦးဆောင်ခဲ့တယ်။ ဒီလို တွေ့ကြုံပြီးတဲ့နောက်မှာ ဘာဖြစ်လို့
ဘုန်းကြီးက စွန်ဝူခုန်းကိုဦးဆောင်တယ်ဆိုတဲ့ သဘောတရားကို ကျွန်တော်သဘောပေါက်လာခဲ့တယ် ။ တကယ်လို့ ဘုန်းကြီးက ဦးမဆောင်ခဲ့ရင် ဒီတရားရှာဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ကိစ္စကလ ည်း အောင်မြင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။
ဒီလိုဆိုရင် ဘုန်းကြီးမှာ ဝူခုန်းမရှိတဲ့အရာ ဘာရှိသလဲ။ ဘာကိစ္စကြောင့် ဘုန်းကြီးက ဦးဆောင်သူဖြစ်ခဲ့တာလဲ။ ဝူခုန်းကဘာကြောင့် အလုပ်လုပ်သူတစ်ယောက်ပဲ ဖြစ်ရသလဲ။
ပထမအချက် ဘုန်ကြီးမှာရှိပြီး ဝူခုန်းမှာမရှိတဲ့အရာက "မြင့်မြတ်တဲ့ယုံကြည်ချက်"ြ ဖစ်တယ်။ ဘုန်းကြီးက သူ့ရဲ့မြင့်မြတ်တဲ့ယုံကြည်မှုရှေ့မှာ
အသက်ပေးဝံ့သူဖြစ်တယ်။ ဝူခုန်းကတော့ ဒါကိုမလုပ်နိုင်ခဲ့ဘူး။ ဝူခုန်းက
အင်အားကြီးတယ်၊ သန်မာတယ်၊ ဒါပေမယ့် သူ့မှာ ကြံ့ခိုင်တဲ့၊
မပြောင်းလဲတဲ့ယုံကြည်ချက်မရှိခဲ့ဘူး။
ယုံကြည်ချက်မရှိသူက တခြားသူကိုလည်း ယုံကြည်မှုမပေးနိုင်သလို တခြားသူကိုလည်း
မလှုံ့ဆော်နိုင်ဘူး။ အခက်အခဲနဲ့ကြုံတဲ့အခါ အလွယ်တကူ တွန့်ဆုတ်တတ်တယ်။
ဦးဆောင်သူကတောင် တွန့်ဆုတ်မှတော့ အဖွဲ့အစည်းရဲ့စည်းလုံးအားကလ ည်း
လျော့သွားမှာပဲ၊ ပြိုပျက်သွားမှာပါပဲ။ ယုံကြည်ချက်က မမြင့်မြတ်လို့လည်း
မဖြစ်ဘူး။ တစ်ကိုယ်ကောင်းဆန်တဲ့ ယုံကြည်ချက်၊ ဒီလောက်ဆိုရပြီကွာဆိုတဲ့
ဖြစ်ကတတ်ဆန်းယုံကြည်ချက်က သင့်အနားကနေ လူတွေကိုခွဲထွက်သွားစေနိုင် ပါတယ်။
ဘုန်းကြီးက ဝူခုန်းထက် "မြင့်မြတ်တဲ့ယုံကြည်ချက်" ရှိခဲ့တယ်။ ဘုန်းကြီးက သူကိုယ်တိုင်မလုပ်နိုင်ပေမယ့် ဘယ်လိုလူကို အသုံးပြုရမယ်ဆိုတာသိတယ်၊ ပြီးတော့ မေတ္တာကရုဏာတရားရှိတယ်၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းတယ်။
ဒါကြောင့် ဘုန်းကြီးက ဦးဆောင်သူဖြစ်လာခဲ့ပြီး ဝူခုန်းကို
ဦးဆောင်နိုင်ခဲ့တယ်။ ဝူခုန်းက ကျွန်တော်တို့စိတ်ထဲက
သူရဲကောင်းဖြစ်ခဲ့တယ်ဆိုပေမ ယ့် သူဟာ ဘယ်တော့မှ မြင့်မြတ်တဲ့အလုပ်တစ်ခုကို ပြီးစီးအောင်မလုပ်နိုင်ခဲ့ဘူး။
ဘုန်းကြီးလို ဦးဆောင်သူတစ်ယောက်ကို သူမှီခိုရတယ်။
ဒီလိုသဘောတရားနဲ့ကြည့်ရင် ဘုန်းကြီးဟာ သူရဲကောင်းပါ။ အနည်းဆုံးတော့ သူဟာ
ကျွန်တော်တို့လုပ်ငန်းရှင်ေ တွ လေးစားရတဲ့ သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။
*** စွန်ဝူခုန်းစာအုပ်ကိုဖတ်ပြီး စာရေးသူက လုပ်ငန်းရှင်၊ ဦးဆောင်သူတစ်ယောက်ရဲ့အမြင်နဲ့ ဒီစာကိုရေးသားထားဟန်တူပါတယ် ။ ဖတ်မိတဲ့အဲဒီစာပုဒ်ထဲက ကျွန်မနှစ်သက်တဲ့ စာပိုဒ်ကိုပဲ ဘာသာပြန်ထားပါတယ်။ များများဖတ် များများတွေးနိုင်ပါစေ ....
နောက်တော့ ကျွန်တော်အသက်တဖြည်းဖြည်းကြ
ဒီလိုဆိုရင် ဘုန်းကြီးမှာ ဝူခုန်းမရှိတဲ့အရာ ဘာရှိသလဲ။ ဘာကိစ္စကြောင့် ဘုန်းကြီးက ဦးဆောင်သူဖြစ်ခဲ့တာလဲ။ ဝူခုန်းကဘာကြောင့် အလုပ်လုပ်သူတစ်ယောက်ပဲ ဖြစ်ရသလဲ။
ပထမအချက် ဘုန်ကြီးမှာရှိပြီး ဝူခုန်းမှာမရှိတဲ့အရာက "မြင့်မြတ်တဲ့ယုံကြည်ချက်"ြ
ဘုန်းကြီးက ဝူခုန်းထက် "မြင့်မြတ်တဲ့ယုံကြည်ချက်" ရှိခဲ့တယ်။ ဘုန်းကြီးက သူကိုယ်တိုင်မလုပ်နိုင်ပေမယ
*** စွန်ဝူခုန်းစာအုပ်ကိုဖတ်ပြီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။