ဒီအပတ် မွန်းတည့်နေထဲကဆောင်းပါး.။ ခုတလော ဆောင်းပါးတွေကို ကိုယ်သိသလောက်၊ လက်လှမ်းမိသလောက်နဲ့ရေးပို့ ပြီးမှ အားလုံးသိနေတဲ့အရာကို ကိုယ်က ဆရာကြီးလုပ်သလိုများ ဖြစ်သွားသလားမသိဘူး..ဆိုတဲ့ အသိတွေ ပြန်ပြန်ဝင်လာတယ်။ ဒါပေမယ့် တချို့ ဒါတွေ သိချင်မှ သိမှာပါလေ..ဆိုပြီး
စိတ်ဖြေလိုက်တယ်။
----------------
ခလေးတွေဟာ ချစ်ဖို့မကောင်းတဲ့ ကျေးကျွန်တွေမဟုတ်.။
ချစ်ခြင်းမေတ္တာခေါင်းပါးနြေ ပီလား
မကြာသေးမီသီတင်းပတ်က ပြည်သူ့လွှတ်တော်ထဲရောက်နေတဲ့  တပ်မတော်အစု ကိုယ်စားလှယ်ဗိုလ်မှုးတဦးရဲ့  အိမ်မှာ မွေးစားထားတဲ့ငယ်ရွယ်သူခလေး မလေး တစ်ဦး ကြိုးတုတ်ရိုက်နှက် နှိပ်စက်ခံရတဲ့ သတင်းဟာ မြန်မာ့သတင်းလောကထဲ တဟိုးဟိုးကျော်သွားပါတယ်။
နိုင်ငံကိုဦးဆောင်ဦးရွက်ြ ပုမယ့် လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တစ် ဦးရဲ့နေအိမ်ကဖြစ်ရပ်မို့ သတင်းကြီးသွားတာလည်းဖြစ်ပါလိမ့်မယ်။
ဒါပေမယ့်မြန်မာပြည်က အရွယ်မရောက်သေးတဲ့ ခလေးသူငယ်တွေကို အိမ်ဖော်၊ ဆိုင်အလုပ်သမား၊ခလေးအလုပ်သမားအဖြစ်
မညှာမတာခိုင်းစေပြီး ကျေးကျွန်သဖွယ်ရုပ်ပိုင်း၊ စိတ်ပိုင်း
နာကျင်ဒါဏ်ရာရအောင် ကျူးလွန်မှုတွေဟာ ထိရောက်တဲ့အကာအကွယ်မရှိပဲ
တိုင်းပြည်အနှံ့ဖြစ်ပေါ်နေတယ်။ဒါဟာ တနွယ်ငယ်တစင်ပါဆိုသလို ခလေးသူငယ်စောင့်ရှောက်ကာကွယ်ရေး၊
တရားဥပဒေစိုးမိုးရေး၊ ခလေးပညာရေး အစရှိတဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး
မဏ္ဍိုင်ကြီးတွေရဲ့ အားနည်းချက်တွေဖြစ်ပါတယ်။ ဒီထက်လေးနက်တာကတော့ မိမိတို့
လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်မလိုက်နာမှုနဲ့၊ ချစ်ခြင်းမေတ္တာခေါင်းပါးလာမှုတွေပါ။
ပြည်ပရောက်မြန်မာတွေလဲ မှားကောင်းဆဲ။
ကျနော်လက်ရှိနေထိုင်နေတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့
နော်ဝေးနိုင်ငံအပါအ၀င် ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ ကျင့်ဝတ်စည်းကမ်းနဲ့
ဥပဒေဟာ လူ့အဖွဲ့အစည်းရဲ့ ထိတ်ဆုံးနေရာမှာရှိသလို၊ ခလေးသူငယ်တွေအပါအ၀င်
အားနည်းသူတွေအပေါ် ကိုယ်ထိလက်ရောက်ပြုမူမှု၊ ဖိနှိပ်စော်ကားမှုကို တင်းကြပ်တဲ့
ဥပဒေတွေနဲ့တားမြစ်ထားတယ်။
နော်ဝေးအပါအ၀င် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနေထိုင်ရာ ဥရောပ နိုင်ငံတချို့မှာ မိဘက သားသမီးကို ဆုံးမရာမှာ ဆိုင်ရာဥပဒေနဲ့မလျှော်ညီလို့  အရေးယူတဲ့ပြသနာတွေမကြာခဏကြားဖူး၊ မြင်ဖူးပါတယ်။ တချို့မိဘတွေဟာ သူတို့သားသမီးကို လက်လွှတ်ဆုံးရှုံးနေရတယ်။ သက်ဆိုင်ရာအစိုးရရဲ့ ခလေးသူငယ်စောင့်ရှောက်ပြုစု ရာဌာနကလာရောက်ခေါ်ဆောင်သွားလို့ဖြစ်တယ်။
မိမိသားသမီးကို ရိုက်နှက်တဲ့အကြောင်း ထင်ရှားတဲ့သက်သေတွေ့ရှိရင်
မိဘကိုလည်းအရေးယူ ထိမ်းသိမ်းသလို ခလေးတွေကိုလည်း
ထိမ်းသိမ်းခေါ်ဆောင်သွားတြဲ့ ဖစ်ရပ်ကိုမကြာခဏကြားရတယ်။ မြန်မာတိုင်းရင်းသားမိသားစု တွေကြား မှာလည်းဖြစ်နေဆဲပါ။ သားသမီးရဲ့ ခန္ဓာကိုယ်မိမိသားသမီးကိုတွေ့ ချင်တာတောင် ဆိုင်ရာကတွေ့ဆုံဘို့ ခွင့်ပြုချက်ပေးမှ တွေ့ခွင့်ရတာပါ။ မွေးကင်းစ ရင်သွေးကို ကောင်းမွန်စွာမစောင့်ရှောက် လို့ သက်ဆိုင်ရာကခေါ်ယူစောင့်ရှော က်လိုက်ပြီး မိခင်နို့တောင်တိုက်ခွင့်မရ တဲ့ ကြေကွဲဘွယ်ဖြစ်ရပ်တွေက ၀တ္တုဇာတ်လမ်းမဟုတ်ပါ။
တချို့မိဘတွေဟာ မိမိတို့သားသမီးတွေကို ဘယ်လိုပြောဆို ဆုံးရမယ်၊ စောင့်ရှောက်ရမယ် မသိသလို၊ မလိုအပ်ပဲ အော်ငေါက်ဆူပူ ဆဲဆိုတာမျိုး၊ ရိုက်နှက်တာမျိုးတွေ၊ သားသမီးကို ဂရုမစိုက်နိုင်ပဲ ၀င်ငွေရဖို့ အလုပ်ချည်းဦးစားပေးရတာမျိုး၊ မိမိတို့ဖာသာ တီဗွီကြည့်၊ အိုင်ဖုံးပွတ်၊ ယူကျုရုပ်ရှင်ငေးနေလို့ သက်ဆိုင်ရာက လာပြီး မိမိတို့ခလေးတွေဆီလာရောက်ပြီး အဖော်လုပ် သွန်သင် ထိန်းကြောင်းတာမျိုးတောင်ရှိပါတယ်။
နယ်သာလန်က မိသားတစုဆီ သက်ဆိုင်ရာက နေ့စဉ်တနာရီ ခလေးတွေနဲ့ အဖော်လုပ်ပေးရတယ်လို့ မျက်မြင်မိတ်ဆွေတစ်ဦးကဆိုပါတယ်။
“ ကျနော်တို့ မြန်မာတွေက ကိုယ့်သားသမီးကို ကိုယ်မချစ်တတ်ဘူး၊ သူများက လာချစ်ပေးနေရတယ်၊ ကိုယ်ရင်သွေးကို ဘယ်လိုချစ်ရမယ်ဆိုတာ လာသင်ပေးနေရတယ၊် ခလေးတွေက မိဘထက် တစိမ်းကိုပိုပြီးသံယောဇင်တွ ယ်နေတယ်၊ ကိုယ့်မိဘကိုကြောက်နေပြီး၊ သူတို့ဆီတနာရီလောက်သာလာလည်သူကို ဖက်လှဲတကင်းချစ်ခင်နေကြတယ်”
လို့မိတ်ဆွေက စိတ်မကောင်းကြီးစွာပြန်ပြော ပြတယ်။
ဒီမိုယဉ်ကျေးမှုအစ ခလေးဘ၀က.။
ခလေးတွေမှာလည်း ခံစားမှုရှိပြီး လေ့လာသင်ယူ မှတ်သားနေသူတွေဖြစ်တယ်။ နော်ဝေးမှာတော့ ခလေးတွေကို မူကြိုကတည်းကသီချင်းဆိုရင်း ၊ အစာစားရင်း၊ ကစားခုန်ရင်း၊ ပတ်ဝန်းကျင်လေ့လာရေးအပြင်ထွ က်ရင်းနဲ့ စည်းကမ်းတွေလူမှုကျင့်ဝတ်တွေ သင်ပေးနေပြီ။ ခလေးဘ၀ကတည်းက ငါးပါးသီလကို စောင့်ထိန်းတတ်နေပါပြီ။ တယောက်ပြောတာဆုံးအောင်နားထောင်ပြီးမှ ပြန်ပြောရတာ၊ သူများမကြိုက်ရင်မနောက်ပြော ရတာ၊
ပိုင်ရှင်ကိုအသိပေးပြီးမှ ပစ္စည်းယူရတာ၊ လုယက်မသုံးရတာ၊ ရန်မဖြစ်ရ၊
ကိုယ်ထိလက်ရောက်မပြုမူရတာ၊ မဆဲရတာ၊ လောဘမကြီးရတာ၊
ကိုယ့်အမှိုက်ကိုယ်ရှင်းတာ၊ အလုပ်တာဝန်ကိုယ်စီယူရတာ၊... .စသဖြင့် ယဉ်ကျေးတဲ့ဓလေ့စရိုက်ကို ပုံသွင်းပေးထားတယ်။ ကျနော့သား၎တန်းကျောင်းသားအရွယ်က
“ တယောက်ယောက်စကားပြောနေရင် ကိုယ်က စိတ်မ၀င်စားလည်း
သူ့မျက်နှာကိုကြည့်ပြီး နားထောင်ပေးရမယ်လို့ ဆရာကသင်ပေးတယ်”
ဆိုပြီးကျောင်းသင်ခန်းစာတွေ အကြောင်းပြန်ဆွေးနွေးရင်း
ပြောပြခဲ့ဖူးတယ်။ ခလေးတွေကို စာသင်ခန်းမှာ အလျှင်းသင့်သလို ဆရာက
လူမှုဆက်ဆံရေးဆိုင်ရာ ကျင့်ဝတ်တွေကိုဆွေးနွေးသင်ြ ကားတယ်။ မိဘနှစ်ပါးလုံး အလုပ်မှာ တနေကုန်အချိန်ကုန်ပြီး မိမိသားသမီးတွေအပေါ် ဂရုစိုက်ချိန်နည်းပါးပေမယ့် ကျောင်းခန်းထဲမှာ ဆရာတွေက လမ်းညွှန်၊ပဲ့ပြင်ဆုံးမသွာြး ကတယ်။
ကျနော်တို့သားသမီးတွေကို စာကျက်ဘို့၊ လိမ္မာဘို့ ဆူပူသတိပေးစရာမလိုပါ။
ကျောင်းကပြန်လာရင် သူတို့စားပွဲပေါ် သူတို့ရဲ့ အိမ်စာတွေကိုယ့်ဖာသာပုံမှန် လုပ်လေ့ရှိတယ်။
ဘာသာရေးထဲက ယဉ်ကျေးမှု
နော်ဝေးခလေးသူငယ်တွေ၊ လူငယ်တွေ လိမ္မာရေးခြားရှိတာနဲ့ပတ်သက် ပြီး တခါတုန်းက နော်ဝေးလူကြီးတယောက်နဲ့ ပြောဆိုဆွေးနွေးကြည့်တော့.. သူက
“ နော်ဝေးလူ့အဖွဲ့အစည်းဟာ ခရစ်ယာန်ယဉ်ကျေးမှု၊ အဆုံးအမကို
အခြေခံသင်ကြားတယ်” လို့ပြောဖူးတယ်။ သူပြောတဲ့အတိုင်း
နော်ဝေးလူမျိုးအများစုဟာ သမ္မာကျမ်းစာထဲက အဆုံးအမအတိုင်းနေထိုင်ကြတာေ တွ့ရတယ်။ ခလေးသငယ်တွေကို ဆုံးမတာ၊ မိမိတို့အချင်းချင်းဆက်ဆံကြ ရာမှာလည်း သမ္မာကျမ်းစာထဲက၊ “ကိုယ်နှင့်စပ်ဆိုင်သောသူကို
ကိုယ်နှင့်အမျှချစ်လော့”၊ “မုန်းသောစိတ်သည်၊ ၇န်တွေ့ရာသို့
တိုက်တွန်းတတ်၏၊ ချစ်သောစိတ်မူကား ခတ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏”
ဆိုတဲ့အတိုင်း ချစ်ခြင်းမေတ္တာနဲ့ လူမျိုးခြား၊ ဘာသာခြားတွေကို
ပေါင်းသင်းချစ်ခင်နိုင်စွမ်းရှိတာကိုတွေ့ရတယ်။ နော်ဝေးနိုင်ငံဟာ ခရစ်ယာန်နိုင်ငံဆိုပေမယ့် လူများစုဟာ ဘာသာမဲ့လို နေထိုင်ပြီး ဘုရားကျောင်းမတက်တာများတယ်။ ဘုရားကျောင်းမှာ အဖိုးအဖွားအနည်းငယ်သာတက်ပြီး လူငယ်တွေမရှိသလောက်ပါ၊ ဒါပေမယ့် ဥပုဂ်မစောင့်ပဲ သီလမြဲနေသူတွေဖြစ်တယ်။ဒါက စည်းကမ်းကျင့်ဝတ်နဲ့ ဥပဒေကို လေးစားလိုက်နာကြလို့ဖြစ်တယ် ။
ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကလည်း ယဉ်ကျေးသိမ်မွေ့ပြီး မေတ္တာ၊ဂရုဏာကြီးမားတဲ့ ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံထားတာပါ။ ကျနော်တို့ငယ်ငယ်က ပြည်သူ့နီတိဆိုပြီး တပတ်တခါသင်ကြားရတာမှတ်မိနေေ သးတယ်။အခုလည်း ယဉ်ကျေးလိမ္မာသင်တန်းတွေကြား ဖူးပါတယ်)။ ခေတ်စနစ်ဆိုးက ပြည်သူတွေရဲ့ ၀မ်းဗိုက်ကို ဟောင်းလောင်းဖြစ်စေခဲ့လို့ ၀မ်းတစ်ထွာအတွက် ကိုယ်ကျင့်သိက္ခာတွေယိုင်နဲ့ ခဲ့ရတယ်။ အခမဲ့ပညာရေးစနစ်ကိုလည်း အကောင်အထည်မဖော်ပေးနိုင်တော့  ခလေးအလုပ်သမားတွေ၊ ခလေးကုန်ကူးမှု၊ ရောင်းစားမှုတွေပေါ်လာတယ်။ ခေတ်သစ်ကျေးကျွန်စနစ်ကြီးဟာ ကျနော်တို့တိုင်းပြည်မှာ အသံတိတ်ကြီးထွားလာခဲ့တယ်။ ကယ်သူလည်းမရှိပါ။ သူများနိုင်ငံမှာ ခလေးတွေကို အနာဂတ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးပဲ့ကိုင်သူတွေအဖြစ် ပုံသွင်းပျိုးထောင်ပေးနေချိ န်
ကျနော်တို့တိုင်းပြည်က ရင်သွေးတွေဟာ လမ်းဘေးအိပ်၊ လမ်းဘေးစား၊
သူခိုးဂျပိုးဘ၀ တွန်းပို့ခံနေရတယ်။ ကျွန်ပြုခံနေရတယ်။
ဆယ်ကျော်သက်အရွယ်လေးနဲ့ အနာဂတ်ပျောက်သွားခဲ့တယ်။ မြင့်မြတ်တဲ့ဘာသာတရား၊
ကျင့်စဉ်နဲ့ ကိုယ်ကျင့်တရားဟောကြားမှု၊ နာကြားမှုတွေကြားက
တရားလက်လွှတ်မှုတွေပေါ်လာတယ်။
လွဲရင်ပြင်၊ မှားတာမြင်။
နှစ်ပေါင်းများစွာ ကြီးနိုင်ငယ်ညှင်းအုပ်ချုပ် ရေး စနစ်က အနိုင်ပိုင်းထားလို့ ကျနော်တို့ နိုင်ငံမှာ အသိပညာနဲ့ ကိုယ်ရည်ကိုယ်သွေးတွေနိမ့်ကျ၊ သီလကျင့်ဝတ်တွေလျှော့ရဲ၊ ချစ်ခြင်းမေတ္တာတွေခေါင်းပါး သွားတာ သဘာဝတော့ကျပါတယ်။ ဒါပေမယ့် မှားယွင်းနေမှန်းသိပေမယ့် ပြင်ဆင်ကြဘို့၊ ပြောင်းလဲဘိုမလုပ်သလို၊ မိမိတို့ကိုယ်ကိုပြောင်းလဲရာမှာ
စိုးရိမ်စိတ်လွန်တာ၊ တွေဝေတွန့်ဆုတ်တာ၊ မသိလိုက်မသိဖာသာနေတာကတော့
လုံးဝသဘာဝမကျပါ။ မသိရင် မြင်အောင်ကြည့်ပြီးပြု ပြင်ရမှာ ကိုယ့်တာဝန်ပါ။
အမှားအတိုင်းဆက်သွားရင် မျိုးရိုးအစဉ်အဆက် အမှားဘ၀က
ရုန်းထွက်နိုင်မှာမဟုတ်။
ဒီကနေ့ဟာ ခေတ်သစ်ဆီတက်လှမ်းဘို့ တံခါးတချပ်ပွင့်လာပါပြီ။ အစိုးရသစ်၊ စနစ်သစ်ကို စိတ်အသစ်နဲ့သွားဘို့ ပြည်သူတွေဆန္ဒပြင်းထန်နေတယ်။ ဒါဟာ အနာဂတ်လှဘို့ အခါအခွင့်ကောင်းဖြစ်တယ်။ တိုင်းပြည်တိုးတက်ဘို့ မျိုးဆက် ၂ဆက်စာ နောက်ကျနေတာကို အမြန်ဆုံးပျိုးထောင်ရတော့မယ်။ ခလေးတွေကို စနစ်တကျပြုစုရမှာဖြစ်တယ်။ အရိုင်းအစိုင်းတွေလို ဆက်ဆံဆုံးမရမယ့်ခေတ်ကုန်သွားပြီ။
သူတို့ဘ၀လှမှ၊ ပညာတတ်မှ၊ စိတ်ဒါဏ်ရာနဲ့ကင်းရှင်းမှာ နောင်အနာဂတ်
ငြိမ်းချမ်းမှာဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်ရဲ့ သခင်တွေမို့
ကျွန်ဇာတ်မသွင်းမိဘို့လိုပါ တယ်။ ငယ်ငယ်ကသင်ခဲ့ရတဲ့ သရက်ပင်စိုက်တဲ့အဖိုးအိုလို နောင်မျိုးဆက်သစ်တွေ ချိုမြိန်တဲ့အသီးစားရဖို့ ကျနော်တို့ ပျိုးထောင်မှု၊ တည်ဆောက်မှုတွေ ဒီနေ့ကစပြီး လုပ်ကြရအောင်..။
ကိုညို( အော်စလို)
စိတ်ဖြေလိုက်တယ်။
----------------
ခလေးတွေဟာ ချစ်ဖို့မကောင်းတဲ့ ကျေးကျွန်တွေမဟုတ်.။
ချစ်ခြင်းမေတ္တာခေါင်းပါးနြေ
မကြာသေးမီသီတင်းပတ်က ပြည်သူ့လွှတ်တော်ထဲရောက်နေတဲ
နိုင်ငံကိုဦးဆောင်ဦးရွက်ြ
ဒါပေမယ့်မြန်မာပြည်က အရွယ်မရောက်သေးတဲ့ ခလေးသူငယ်တွေကို အိမ်ဖော်၊ ဆိုင်အလုပ်သမား၊ခလေးအလုပ်သမ
ပြည်ပရောက်မြန်မာတွေလဲ မှားကောင်းဆဲ။
ကျနော်လက်ရှိနေထိုင်နေတဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့
နော်ဝေးအပါအ၀င် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနေထိုင်ရာ ဥရောပ နိုင်ငံတချို့မှာ မိဘက သားသမီးကို ဆုံးမရာမှာ ဆိုင်ရာဥပဒေနဲ့မလျှော်ညီလို
တချို့မိဘတွေဟာ မိမိတို့သားသမီးတွေကို ဘယ်လိုပြောဆို ဆုံးရမယ်၊ စောင့်ရှောက်ရမယ် မသိသလို၊ မလိုအပ်ပဲ အော်ငေါက်ဆူပူ ဆဲဆိုတာမျိုး၊ ရိုက်နှက်တာမျိုးတွေ၊ သားသမီးကို ဂရုမစိုက်နိုင်ပဲ ၀င်ငွေရဖို့ အလုပ်ချည်းဦးစားပေးရတာမျို
နယ်သာလန်က မိသားတစုဆီ သက်ဆိုင်ရာက နေ့စဉ်တနာရီ ခလေးတွေနဲ့ အဖော်လုပ်ပေးရတယ်လို့ မျက်မြင်မိတ်ဆွေတစ်ဦးကဆိုပ
“ ကျနော်တို့ မြန်မာတွေက ကိုယ့်သားသမီးကို ကိုယ်မချစ်တတ်ဘူး၊ သူများက လာချစ်ပေးနေရတယ်၊ ကိုယ်ရင်သွေးကို ဘယ်လိုချစ်ရမယ်ဆိုတာ လာသင်ပေးနေရတယ၊် ခလေးတွေက မိဘထက် တစိမ်းကိုပိုပြီးသံယောဇင်တွ
လို့မိတ်ဆွေက စိတ်မကောင်းကြီးစွာပြန်ပြော
ဒီမိုယဉ်ကျေးမှုအစ ခလေးဘ၀က.။
ခလေးတွေမှာလည်း ခံစားမှုရှိပြီး လေ့လာသင်ယူ မှတ်သားနေသူတွေဖြစ်တယ်။ နော်ဝေးမှာတော့ ခလေးတွေကို မူကြိုကတည်းကသီချင်းဆိုရင်း
ဘာသာရေးထဲက ယဉ်ကျေးမှု
နော်ဝေးခလေးသူငယ်တွေ၊ လူငယ်တွေ လိမ္မာရေးခြားရှိတာနဲ့ပတ်သက်
ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကလည်း ယဉ်ကျေးသိမ်မွေ့ပြီး မေတ္တာ၊ဂရုဏာကြီးမားတဲ့ ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံထားတာပါ။ ကျနော်တို့ငယ်ငယ်က ပြည်သူ့နီတိဆိုပြီး တပတ်တခါသင်ကြားရတာမှတ်မိနေေ
လွဲရင်ပြင်၊ မှားတာမြင်။
နှစ်ပေါင်းများစွာ ကြီးနိုင်ငယ်ညှင်းအုပ်ချုပ်
ဒီကနေ့ဟာ ခေတ်သစ်ဆီတက်လှမ်းဘို့ တံခါးတချပ်ပွင့်လာပါပြီ။ အစိုးရသစ်၊ စနစ်သစ်ကို စိတ်အသစ်နဲ့သွားဘို့ ပြည်သူတွေဆန္ဒပြင်းထန်နေတယ်။
ကိုညို( အော်စလို)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။