အာကာသ
နှင့် စကြ၀ဠာ ငယ်ငယ်တုန်းက ကျနော် လူကြီးတွေကို
မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။
စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ.." စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့
ရှိရမှာပေါ့..။ နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို
လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာ စကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့
"မြန်မာအစ" ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ အမည်တွေ ကို ရေးသား ထားတာတွေ့လို့
အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်..။ တနင်္ဂနွေနေ့
.................. မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို
ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. "တန်နှင်ကုနုယ်၊
တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ" ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။ "တန်နှင်" ကို
မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့်
ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပါယ် ရပါတယ်။ "ကုနုယ်၊
ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့်
"တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပါယ် ရပါတယ်။ တနင်္လာနေ့
................. အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်သူတွေ တော်တော်များများ
မနှစ်သက်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနိမိတ်ကိုဆောင်တဲ့
လမင်းကြီး (Moon) ကို ကိုယ်စားပြုတဲ့နေ့ ဖြစ်ပါတယ်။ တနင်္လာဟူသော ဝေါဟာရမှာ
ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည် လို့ဆိုပါတယ်။ "လာ" ဟူသောပုဒ်မှာ အလွန်
ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ"
သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင် ဖြစ်ပါတယ်။
အင်္ဂါနေ့ ............ တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏ အမည်တို့မှာ
မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါတယ်
။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရပါတယ်။ "အင်္ဂါရ"ဟူသော
သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့်"အင်္ဂါ"
ဆိုသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပါယ်ရပါတယ်။
အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့
.............. ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊
"ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊
ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ်
စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား
ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ
ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က
"ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး
ဟုခေါ်သည်။ ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို
အမည်လွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင် ပါသည်။ ထို့ကြောင့် "ပုတ္တ" မှာ
"ဗုဒ္ဓ" ပင်ဖြစ် သည်။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့်
"ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု
အဓိပ္ပါယ်ကောက်လို့ရပါတယ်။ ကြာသပတေးနေ့ .......................
ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို
အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်"
နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော်
လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (သို့) ဝကျသံပတိ" မှသော်လည်းကောင်း
လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုပါတယ်။ ၄င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ =
စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော
"ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်သည်။
သောကြာနေ့ .................. တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊
ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ"
ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ
ကျောက်စာများတွင် တွေ့ရသည် ။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ
ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ
သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က
အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ "ဖြူစင်တောက်ထွန်းခြင်း"
ဖြစ်၏ စနေနေ့ ........... ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။
သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေ ဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင်
ဖွားမြင်သောသား "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။ ပုဂံ
ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ဂနိ" (ရှနိ ဟု
ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ "ဖြည်း
ညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ
စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။ အနာဂတ် လူငယ်များအတွက်.. သန့်ဦး
(အာကာသနှင့် စကြဝဠာ) ကိုးကား။ ။ ဝီကီပီးဒီးယား ဆရာကြီး
ဦးဖိုးလတ်အကြောင်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ http:// dobamaasiayone.blogspot.com /20…/…/blog-post_4425.html
Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ်
AhMoon&အမွန်း
AhNaing&အနိုင်
AhNge&အငဲ
Akuk
Alex&အဲလက်စ်
AnnHellar&အန်ဟဲလာ
Ar-T
AungHtet&အောင်ထက်
AungLa&အောင်လ
AungNaing&အောင်နိုင်
AungThu&အောင်သူ
AungYin&အောင်ရင်
AuraLi&အ်ာရာလီ
AyeChanMay&အေးချမ်းမေ
AyeTinChoShwe&အေသင်ချိုဆွေ
AyeWuttYiThaung&အေးဝတ်ရည်သောင်း
BaDin&ဗဒင်
Blueberry
BoBo&ဘိုဘို
BoBoHan&ဘိုဘိုဟန်
BoPhyu&ဘိုဖြူ
BobbySoxer
Breaky&ဘရိတ်ကီ
BunnyPhyoe&ဘန်နီဖြိုး
ChanChan&ချမ်းချမ်း
ChanChann&ချမ်ချမ်း
ChawSuKhin&ချောစုခင်
ChinSong&ချင်းသီချင်း
ChitKaung&ချစ်ကောင်း
ChitThuWai&ချစ်သုဝေ
ChoLayLung&ချိုလေးလုန်
ChoPyone&ချိုပြုံး
ChristmasSong&ခရစ္စမတ်သီချင်း
CityFm
Dawn&ဒွန်း
DiraMore&ဓီရာမိုရ်
DoeLone&ဒိုးလုံး
Dway&ဒွေး
EainEain&အိန်အိန်း
G.Latt&ဂျီလတ်
GaeGae&ဂေဂေး
GirlLay&ဂဲ(လ်)လေး
Graham&ဂရေဟမ်
Group&အဖွဲ့လိုက်
GuRawng&ကူးရောင်
GyoGyar&ကြိုးကြာ
HTDTunYin&ဟသာင်္တထွန်းရင်
HanTun&ဟန်ထွန်း
HaymarNayWin&ဟေမာနေဝင်း
He`Lay&ဟဲလေး
HlonMoe&လွှမ်းမိုး
HlwanPaing&လွှမ်းပိုင်
HtamHkay&ထျန်ခေး
HtetAung&ထက်အောင်
HtetHtetMyintAung&ထက်ထက်မြင့်အောင်
HtetSaung&ထက်လျှောင်း
HtooEainThin&ထူးအိမ်သင်
HtooHtooSet&ထူးထူးဆက်
HtooL.Lin&ထူးအယ်လင်း
HtunHtun&ထွဏ်းထွဏ်း
HtunYati&ထွန်းရတီ
IreneZinMarMyint&အိုင်ရင်းဇင်မာမြင့်
J.LingMawng&ဂေလိန်းမောင်း
J.MgMg&ဂျေမောင်မောင်
JMe&ဂျေးမီ
JarSan&ဂျာဆန်
JetSanHtun&ဂျက်ဆန်ထွန်း
KKT&ကေကေတီ
KabarPhone&ကမ္ဘာဖုန်း
KaiZar&ကိုင်ဇာ
KapyaBoiHmu&ကဗျာဘွဲ့မှူး
KaungKaung&ကောင်းကောင်း
KhaingHtoo&ခိုင်ထူး
KhinBone&ခင်ဘုဏ်း
KhinMgToe&ခင်မောင်တိုး
KhinSuSuNaing&ခင်စုစုနိုင်
KhupPi&ခုပ်ပီး
KoKoGyi&ကိုကိုကြီး
KoNi&ကော်နီ
KyingLianMoong
L.KhunYe&L.ခွန်းရီ
L.LwinWar&L.လွန်းဝါ
L.SengZi&L.ဆိုင်းဇီ
LDKyaw&L.ဒီကျော်
LaShioTheinAung&လားရှိုးသိန်းအောင်
LaWi&လဝီ
LayLayWar&လေးလေးဝါ
LayPhyu&လေးဖြူ
LiLiMyint&လီလီမြင့်
LinNit&လင်းနစ်
LynnLynn&လင်းလင်း
MMGospelSong&ခရစ်ယာန်ဓမ္မတေး
MMLoveSong&မြန်မာသီချင်း
MaNaw&မနော
Madi&မဒီ
Marritza&မာရဇ္ဇ
MayKhaLar&မေခလာ
MaySweet&မေဆွိ
MayThu&မေသူ
MgThitMin&မောင်သစ်မင်း
MiMiKhe&မီးမီးခဲ
MiMiWinPhay&မီမီဝင်းဖေ
MinAung&မင်းအောင်
Misandi&မိဆန္ဒီ
MoMo&မို့မို့
MoonAung&မွန်းအောင်
Music&ဂီတ
Myanmar-Kid-Songs
MyayPeYo&မြေပဲယို
MyoGyi&မျိုးကြီး
MyoMyo&မျိုးမျိုး
NO&နိုး
NangKhinZayYar&နန်းခင်ဇေယျာ
Naung&နောင်
NawLiZar&နော်လီဇာ
NawNaw&နောနော်
NgeNgeLay&ငဲ့ငယ်လေး
NiNiKhinZaw&နီနီခင်ဇော်
NiNiWinShwe&နီနီဝင်းရွှေ
NweYinWin&နွဲ့ယဉ်ဝင်
NyanLinAung&ဥာဏ်လင်းအောင်
NyiMinKhine&ညီမင်းခိုင်
NyiZaw&ညီဇော်
PanYaungChel&ပန်းရောင်ခြယ်
PannEiPhyu&ပန်းအိဖြူ
Pb.ThanNaing&သန်းနိုင်
PhawKa&ဖော်ကာ
PhoeKar&ဖိုးကာ
PhuPhuThit&ဖူးဖူးသစ်
PhyoGyi&ဖြိုးကြီး
PhyoKyawHtake&ဖြိုးကျော်ထိုက်
PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း
PhyuThi&ဖြူသီ
PoEiSan&ပိုးအိစံ
PoPo&ပိုပို
PuSue&ပူစူး
R.ZarNi&R.ဇာနည်
RainMoe&ရိန်မိုး
RebeccaWin&ရေဗက္ကာဝင်း
Ringo&ရင်ဂို
SaiHteeSaing&စိုင်းထီးဆိုင်
SaiLay&စိုင်းလေး
SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင်
SaiSaiMaw&စိုင်းဆိုင်မောဝ်
SaiSan&ဆိုင်စံ
SalaiJonhTinZam
SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း
SalaiSunCeu&ဆလိုင်းဆွန်ကျဲအို
SalaiThuahAung&ဆလိုင်းသွှအောင်
SalaiZamLain&ဆလိုင်းသျှမ်းလျန်
SandyMyintLwin&စန္ဒီမြင့်လွင်
SangPi&စံပီး
SaungOoHlaing&ဆောင်းဦးလှိုင်
SawBweHmu&စာဘွဲ့မှူး
SawKhuSe&စောခူဆဲ
She&သျှီ
ShinPhone&ရှင်ဖုန်း
ShweHtoo&ရွှေထူး
SiThuLwin&စည်သူလွင်
SiYan&စီယံ
SinPauk&ဆင်ပေါက်
SithuWin&စည်သူဝင်း
Snare
SoTay&ဆိုတေး
SoeLwinLwin&စိုးလွင်လွင်
SoeNandarKyaw&စိုးနန္ဒာကျော်
SoePyaeThazin&စိုးပြည့်သဇင်
SoeSandarTun&စိုးစန္ဒာထွန်း
SuNit&ဆူးနစ်
SungTinPar&ဆုန်သင်းပါရ်
TekatawAyeMg&တက္ကသိုလ်အေးမောင်
ThangPaa&ထန်းပါး
TharDeeLu&သာဒီးလူ
ThawZin&သော်ဇင်
ThiriJ.MgMg&သီရိဂျေမောင်မောင်
Thoon&သွန်း
TinGyanSong&သင်္ကြန်သီချင်း
TinZarMaw&တင်ဇာမော်
TintTintTun&တင့်တင့်ထွန်း
TuTu&တူးတူး
TunEaindraBo&ထွန်းအိန္ဒြာဗို
TunKham&ထွဏ်းခမ်
TunTun&ထွန်းထွန်း
V.NoTun&V.နိုထွန်း
WaNa&ဝန
WaiLa&ဝေလ
WarsoMoeOo&ဝါဆိုမိုးဦး
WineSuKhineThein&ဝိုင်းစုခိုင်သိန်း
WyneLay&ဝိုင်းလေး
XGALZ
Xbox
Y-Zet
YY&၀ိုင်ဝိုင်း
YadanaMai&ရတနာမိုင်
YadanaOo&ရတနာဦး
YairYintAung&ရဲရင့်အောင်
YanAung&ရန်အောင်
YarZarWinTint&ရာဇာဝင်းတင့်
YeTwin&ရဲသွင်
YuZaNa&ယုဇန
YummyRookie
Z.DiLa&Z.ဒီးလာ
ZamNu&ဇမ်နူး
ZawOne&ဇော်ဝမ်း
ZawPaing&ဇော်ပိုင်
ZawWinHtut&ဇော်ဝင်းထွဋ်
ZawWinShing&ဇော်ဝင်းရှိန်
ZayYe&ဇေရဲ
ZwePyae&ဇွဲပြည့်
khinMgHtoo&ခင်မောင်ထူး
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Thursday, December 17, 2015
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။