Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 17, 2015

ကျောင်းမှာ စာညံ့တဲ့သူတွေက ဘာကြောင့် ဘဝမှာ အောင်မြင်တတ်သလဲ??

ကျောင်းမှာ စာညံ့တဲ့သူတွေက ဘာကြောင့် ဘဝမှာ အောင်မြင်တတ်သလဲ??
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ကျောင်းမှာ စာတော်ရဲ့သားနဲ့ လက်တွေ့ဘဝမှာ ထင်သလောက် ဖြစ်မလာခဲ့တဲ့သူတွေ။ ကျောင်းမှာတုန်းက
စာညံ့ပြီး တကယ့်လူမှုဘဝထဲရောက်မှာ ထိပ်တန်းအောင်မြင်တဲ့သူတွေကို မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။
ကျောင်းစာမှာ အားနည်းရဲ့သားနဲ့ ဘဝမှာ ဘာလို့အောင်မြင်တတ်သလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်တော့ သူတို့ဆီမှာ
စာတော်တဲ့သူတွေ၊ သာမန်သူတွေထက် အားသာချက်တစ်ချို့ကို တွေ့ရပါတယ်။

၁။ သူတို့ ဘာလုပ်ရမလဲဆိုတာကို စောစောစီးစီးသိတယ်။
မယုံမရှိပါနဲ့။ ကျောင်းမှာ စာတော်တဲ့သူတွေ၊ သာမန်သူတွေဟာ ကျောင်းစာမှာပဲ နပန်းလုံးနေလေ့ရှိပါတယ်။ တော်တဲ့သူက အဆင့် ၁ ရအောင်၊
သာမန်လူက စာမေးပွဲအောင်ဖို့နဲ့ အမှတ်ကောင်းအောင် ကြိုးစားနေချိန်မှာ စာမလိုက်နိုင်တဲ့သူတွေရဲ့အာရုံမှာ ကျောင်းစာထက်စာရင်
အပြင်ကိစ္စတွေ၊ ဗဟုသုတတွေကို စိတ်ဝင်စားနေလေ့ရှိပါတယ်။ ဒါကြောင့် ဘဝမှာ ဘာဖြစ်ချင်လဲ၊ သူတို့ရဲ့ ကျွမ်းကျင်မှုဟာ ဘာလဲဆိုတာကို
သူများတွေထက် စောစောစီးစီး သိလေ့ရှိပါတယ်။ (ဥပမာ- လျှပ်စစ်နဲ့ ပါတ်သက်ပြီး စိတ်ဝင်စားတာတို့၊ ဂီတတွေ၊ ပန်းချီတွေကို ဝါသနာပါတာတို့)

၂။ သူတို့ဟာ ကျောင်းနေအရွယ်ကတည်းက အတွေ့အကြုံများတယ်။
စာတော်တဲ့သူတွေက ကျောင်းကနေ ကျူရှင်၊ ကျူရှင်ကနေ Guide၊ Guide ကနေ စာကြည့်စားပွဲကို ကူးချီသန်းချီလုပ်နေချိန်မှာ သူတို့ကတော့
အားလပ်ချိန် များစွာရနေပါတယ်။ စာတော်တဲ့သူတွေက စာကလွဲပြီး ဘာမှမသိတဲ့အချိန်မှာ သူတို့က ကိစ္စပေါင်းများစွာကို လေ့လာသင်ယူပြီး
ဖြစ်နေပါလိမ့်မယ်။ ဒါတွေဟာ ဘဝကိုတကယ်တမ်း လျှောက်လှမ်းရပြီဆိုတဲ့အချိန်မှာ သူတို့အတွက် အားသာချက်တွေ ဖြစ်လာပါတော့တယ်။

၃။ လူဝင်ဆန့်တယ်။
သူတို့ဟာ အပေါင်းအသင်းတွေနဲ့ ဘယ်လိုပေါင်းသင်းရမလဲဆိုတာ သိပါတယ်။ အပေါင်းအသင်းလည်း များပါတယ်။ လူတွေနဲ့ အသားကျစွာ
နေတတ်တဲ့အကျင့်က စာမှစာပဲသိတဲ့ လူတော်တွေထက်စာရင် အများကြီး တာသွားပါပြီ။

၎။ ဘဝကို နေပျော်အောင် နေတယ်။
စာတွေကျက်ရင်း ဖိစီးမှုတွေနဲ့ ရှင်သန်နေရတဲ့အခါ ကိုယ့်အတွေးတွေလည်း ပိတ်လှောင်နေတတ်ပါတယ်။ သူတို့ကတော့ စာမေးပွဲရလဒ်တွေထက်စာရင်
စိတ်ကိုပေါ့ပါးစွာ နေလေ့ရှိပါတယ်။ လွတ်လပ်စွာနဲ့ စိတ်ကူးတွေလည်း ယဉ်တတ်ပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါမှာ ကျောင်းကအမှတ်တွေထက် ဘဝမှာ
ဘယ်အရာတွေကို အဓိကကျလဲဆိုတာကို စာတော်တဲ့သူတွေထက် ပိုပြီး စောစော နားလည်သဘောပေါက်ကြပါတယ်။

၅။ အလွယ်နည်းကို ရှာတတ်တယ်။
သူတို့ဟာ Theory တွေ၊ ပုံသေနည်းတွေနဲ့ ဘောင်ခတ်မနေဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားတတ်ပါတယ်။ ပြသနာတစ်ခုကို ဖြေရှင်းဖို့
အဓိကလိုအပ်တဲ့ အဖြေကိုရဖို့ကိုပဲ အာရုံစိုက်ပါတယ်။ ဒါဟာ ဘဝအတွက် အသုံးဝင်မယ့် အလေ့အကျင့်ကောင်းတစ်ခုလည်း ဖြစ်သွားပါတယ်။

၆။ အိမ်မက်တွေနဲ့ ရှင်သန်တယ်။
စာတော်တဲ့သူတွေဟာ ဘဝမှာ ဘာဖြစ်ချင်လဲဆိုတာကို တွေးဖို့ထက်စာရင် အမှတ်ကောင်းတဲ့အခါ ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်ဆိုပြီး
ဘဝကို အမှတ်နဲ့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ကတော့ သူတို့အားသာချက်၊ သူတို့ ဖြစ်ချင်စိတ်တွေပေါ်အခြေခံပြီး ဘဝကို အိမ်မက်တွေနဲ့ တည်ဆောက်ပါတယ်။
ဘဝကို အမှတ်နဲ့ သတ်မှတ်တဲ့သူနဲ့ ဘဝကို အိမ်မက်တွေနဲ့ တည်ဆောက်တဲ့သူတို့ ရေရှည်မှာ အောင်မြင်မှုချင်းလည်း ကွာဟလာတတ်ပါတယ်။

၇။ ဘယ်အချိန်မှာ ရုန်းကန်ရမလဲသိတယ်။
စာညံ့ဖူးတဲ့သူတိုင်းဟာ လူပျင်းတွေ မဟုတ်ပါဘူး။ သူတို့စိတ်မပါတဲ့ ကျောင်းစာမှာ အားနည်းတတ်ပေမယ့် သူတို့မှာ ဘဝနဲ့ပါတ်သက်ပြီး
ပြင်းပြခဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။

ရွှေညာမောင် (Focus Youth E-magazine)

(Focus Youth E-magazine သည် လူငယ်များနှင့်ဆိုင်သော အကြောင်းအရာများအား Ebook (PDF version) အဖြစ် လစဉ်တိုင်း အခမဲ့ဖြန့်ဝေပေးသွားမည့် Digital Magazine ဖြစ်ပါသည်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။