“မယ်စကြဝဠာပြိုင်ပွဲအကောင်း ဆုံးညနေခင်းဝတ်စုံ ၁၀စုံစာရင်းတွင် မြန်မာ နံပါတ်တစ် ချိတ်”
အမေရိကန်ပြည်ထောင်စု ၊ လာ့စ်ဗီးဂတ်စ်တွင် ကျင်းပနေသော မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု မေဘရဏီသော်က ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အလှမယ်အဖွဲ့အစည်း တစ်ခုကရွေးချယ်သောအကောင်းဆုံး ညနေခင်းဝတ်စုံ ၁၀ခုစာရင်းတွင် နံပါတ်တစ် ချိတ်ခဲ့သည်။
" မြန်မာကို ပထမဆုရှင်အဖြစ် သတ်မှတ်ရမယ့်အချိန်မျိုး ရှိလာလိမ့်မယ်လို့ ကျွန်မတို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။ ဒါပေမဲ့ အခုတော့ ဒီလိုဖြစ်နေပါပြီ။ ဒီ မက်မွန်ဖျော့ရောင်ဝတ်စုံနဲ့
သူ (မေဘရဏီသော်)ဟာ ခေါင်းစခြေဆုံး လုံးဝပြီးပြည့်စုံပါတယ်။" ဟု
ဆုရွေးချယ်ခဲ့သောThe Great Pageant Community က ထုတ်ပြန်ရေးသားထားသည်။
The Great Pageant Community အဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်မိန်းကလေးများ၏
တင်ဆက်မှုအားလုံးကို ဂရုတစိုက် ဆန်းစစ်သုံးသပ်ခဲ့ပြီး အကောင်းဆုံး
ဆယ်ဦးကို ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ပြိုင်ပွဲစင်မြင့်တွင်
လှေကားထစ်လေးများပေါ် ဆင်းသက်စဉ် အနည်းငယ် ခြေချော်ခဲ့သည်ကို ထောက်၍လည်း
ယင်းကဲ့သို့ ခြေချော်ယိုင်ကဲ့သည့်တိုင် ပြီးပြည့်စုံစွာလှပပေသည်ဟု
ချီးကျူးထားသည်။
"ညနေခင်းဝတ်စုံပြိုင်ပွဲသမိုင်းမှာတော့ အကောင်းဆုံး ပြန်ထ ၊ နာလန်ထူမှုတွေထဲက တစ်ခုကို သူလုပ်ခဲ့တယ်။ ကျွန်မတို့အတွက်တော့ သူဟာ ပြိုင်ပွဲညရဲ့အကောင်းဆုံးအံ့ အားသင့်စရာတွေထဲက
တစ်ခုပါ။ ဖိုင်နယ်အထိ ဒီအရည်အချင်းကိုဆက်ထိန်း တက်လာပြီး
ညနေခင်းဝတ်စုံကပွဲမှာ နောက်တစ်ကြိမ် သူ့ကို ပြန်တွေ့ကြရဖို့ ကျွန်မတို့
မျှော်လင့်ပါတယ်။ ( နောက်ထပ် ဘယ်လို ခြေချော်မှုတွေမှ မရှိဘဲနဲ့ပေါ့။) "
ဟုလည်း ရေးသားထားသည်။
မယ်စကြဝဠာ ၂၀၁၅ အကြိုပြိုင်ပွဲသည် ထုတ်လုပ်မှု အလွန်အမင်းကောင်းမွန်ပြီး ပါဝင်ယှဉ်ပြိုင်သူများမှာလည်း ကောင်းမွန်ကြသည့်အတွက် အကောင်းဆုံးအကြိုပွဲများအနက် တစ်ခုအဖြစ် တန်ဖိုးထားသတ်မှတ်နိုင်သည်ဟု ဆိုသည်။ ညနေခင်းဝတ်စုံပွဲနှင့်ပတ်သတ်လာလျှင် မည်သည့်မိန်းကလေးက မည်သည့်ဝတ်စုံကို ဝတ်သင့်သည် ဆိုသော ထင်ကြေးပေးမှန်းဆချက် အများအပြား အမြဲတမ်း ဖြစ်စေသည်။
အကောင်းဆုံးညနေခင်းဝတ်စုံ ၁၀ ခုစာရင်းကို သည်နေရာတွင်ကြည့်ရှု့နိုင်ပါသည်>>>>>
http:// thegreatpageantcommunity.co m/2015/12/19/ miss-universe-2015-prelimin ary-evening-gown/
အမေရိကန်ပြည်ထောင်စု ၊ လာ့စ်ဗီးဂတ်စ်တွင် ကျင်းပနေသော မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု မေဘရဏီသော်က ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရ
" မြန်မာကို ပထမဆုရှင်အဖြစ် သတ်မှတ်ရမယ့်အချိန်မျိုး ရှိလာလိမ့်မယ်လို့ ကျွန်မတို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။ ဒါပေမဲ့ အခုတော့ ဒီလိုဖြစ်နေပါပြီ။ ဒီ မက်မွန်ဖျော့ရောင်ဝတ်စုံနဲ့
The Great Pageant Community အဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်မိန်းကလေးများ၏
"ညနေခင်းဝတ်စုံပြိုင်ပွဲသမိ
မယ်စကြဝဠာ ၂၀၁၅ အကြိုပြိုင်ပွဲသည် ထုတ်လုပ်မှု အလွန်အမင်းကောင်းမွန်ပြီး ပါဝင်ယှဉ်ပြိုင်သူများမှာလည
အကောင်းဆုံးညနေခင်းဝတ်စုံ ၁၀ ခုစာရင်းကို သည်နေရာတွင်ကြည့်ရှု့နိုင်ပ
http://
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။