Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 19, 2015

သဘာဝ၏ စိတ်ရိုင်းများ

သဘာဝ၏ စိတ်ရိုင်းများ
--------------------------
ကလေးငယ်တွေဟာ...သူတို့ရဲ့ဥပဒေကို ဒီအတိုင်းသတ်မှတ်ထားလေ့ရှိကြတယ်..

(၁) ဒီအရုပ်လေးငါကြိုက်တယ်။ ဒါကြောင့် ဒီအရုပ်လေးက ငါ့အရုပ်။
(၂) ဒီအရုပ်လေးကို ငါကိုင်ထားတယ်။ ဒါကြောင့် ဒီအရုပ်လေးက ငါ့အရုပ်ပဲ။
(၃) နင့်လက်ထဲကအရုပ်ကို ငါရအောင်လုနိုင်တယ်။ ဒါကြောင့် ဒါလဲငါ့အရုပ်ပဲ။
(၄) အရင်က ဒါလေးကို ငါကိုင်ထားခဲ့တာလေ။ ဒါကြောင့် အဲဒါငါ့အရုပ်။
(၅) အဲဒါအရုပ် ငါ့အရုပ်လေ။ ဒါကြောင့် နင့်အရုပ်မဖြစ်နိုင်ဘူး။
(၆) ငါဒါနဲ့ ကစားနေတယ်။ ဒါကြောင့် နင်ဒါကို ထိလို့မရဘူး..။ ငါ့အရုပ်။
(၇) ဒါလေးက ငါ့အရုပ်လေးနဲ့တူလိုက်တာ။ အဲဒါကြောင့် ဒါငါ့ဟာပဲ။
(၈) ငါဒါကို အရင်မြင်တာ၊ အဲဒါကြောင့် ဒါငါ့ဟာပဲ။
(၉) နင်ကစားနေတဲ့အရုပ်ကို အမြဲတမ်းကိုင်ထား။ အောက်ပြုတ်ကျတာနဲ့ ငါ့ဟာပဲ။
(၁၀) တကယ်လို့ ကစားနေရင်း ငါ့အရုပ်ပျက်သွားခဲ့ရင်တော့ နင့်ဟာဖြစ်ချင်ဖြစ်နိုင်တယ်..။

လူအပါအ၀င် သတ္တ၀ါတွေဟာ ကြမ်းတမ်းတဲ့ကမ္ဘာမြေပေါ်မှာ အသက်ရှင်ရပ်တည်ဖို့အတွက် သဘာဝရဲ့ တွန်းအားတွေ လိုအပ်တယ်လို့ဆိုတယ်။ တစ်နည်းအားဖြင့် ငါအနိုင်ရမှ၊ ငါရအောင်ယူနိုင်မှ၊ ငါဝအောင်စားရမှ၊ ငါသတ်ဖြတ်မှ အသက်ရှင်မယ်ဆိုတဲ့ အသက်ရှင်ရပ်တည်ရေး survival အတွက် မရှိမဖြစ်လိုအပ်တဲ့ အတ္တဗီဇ နဲ့တကွ မွေးဖွားလာခဲ့ကြတာလို့ဆိုတယ်။ အဲဒီအတ္တ စိတ်ကို ကြမ်းတမ်းတဲ့ ဗီဇနဲ့ ပေါင်းဖက်တဲ့အခါမှာတော့ ကြမ်းတမ်းတဲ့သဘာဝ violent nature ဖြစ်ပေါ်လာခဲ့ပြန်တယ်။

လူသားတွေဟာ.. ဂူအောင်းဘ၀ကစလို့ အဲဒီရန်လိုတဲ့သဘာဝ အဲဒီ violent nature ကြောင့်ပဲ အခြားမျိုးစိတ်တိရစ္ဆာန်တွေအပြင်၊ လူသားမျိုးစိတ်အချင်းချင်းကို ပါ သတ်ဖြတ်အနိုင်ယူခဲ့ကြတာပဲဖြစ်တယ်။ အစာရေစာကို ကိုယ်တိုင်မထုတ်လုပ်၊ မစိုက်ပျိုးနိုင်ခဲ့အခိုက်အတန့်မှာတော့ အဲဒီကြမ်းတမ်းတဲ့ အတ္တစိတ်ဟာ လူသားတွေရဲ့ အသက်ရှင်နေထိုင်ခြင်းအတွက် မရှိမဖြစ် ဥပဒေသ တစ်ရပ်ဖြစ်ဘူးခဲ့တယ်လို့ဆိုတယ်။ နိုင်သူစားစတမ်း winner takes all ဆိုတဲ့အရာနဲ့သာလျင်ဆုံးဖြတ်ခဲ့တဲ့ အတွက် အရိုင်းအစိုင် ဘ၀လို ခေါ်တွင်ခဲ့တာပဲဖြစ်တယ်။

အဲဒီလို လူသားရဲ့ "အရိုင်းစိတ်"ရဲ့ လက္ခဏာနဲ့ သဘောသဘာဝကို ဟန်ဆောင်ခြင်းမရှိသေးတဲ့ ကလေးငယ်တွေဟာ သဘာဝအတိုင်း ဖော်ပြနေကြဆဲပဲဖြစ်တယ်။ တစ်နည်းအားဖြင့် အတ္တကို ဗဟိုပြုစဉ်းစားတဲ့ စိတ်ဓါတ်တစ်မျိုးလို့ ခေါ်နိုင်တယ်။
လူသားတွေရဲ့ အယဉ်ကျေးဆုံးခေတ်ကာလလို့ ပြောနိုင်တဲ့ ယနေ့ခေတ်လိုမျိုးရောက်လာတဲ့အခါမှာတော့ အဲဒီလို ကြမ်းတမ်းတဲ့အတ္တစိတ်တွေဟာ သမိုင်းဦးအချိန်တွေလောက်တော့ မလိုအပ်တော့ဘူးလို့ဆိုနိုင်တယ်။ ဒါပေမယ့်လည်း.. လူတွေရဲ့ ကြမ်းတမ်းပြီး သွေးဆာတဲ့ ဗီဇကတော့ ပျောက်ပျက်ခြင်းမရှိသေးပဲဖြစ်နေပြန်တယ်။ အဲဒီစိတ်ရဲ့ မတရားလုပ်လိုမှု အတ္တစိတ်ရဲ့ ဆာလောင်မှုကို ပြေပျောက်စေဖို့အတွက်..သွေးသံရဲရဲသတ်ဖြတ်တဲ့ video games တွေ၊ လုယက်သတ်ဖြတ်ခြင်းတွေအပြည့်နဲ့ ရုပ်ရှင်တွေကို အစားထိုးဖြေဖျောက်ကြပြန်တယ်။ လူ့သဘာဝအတ္တစိတ်ကို ဖောက်ထုတ်ဖို့အတွက် အဲဒီအရာတွေကို ကြိုက်နှစ်သက်နေတာလို့လည်း သုတေသီတွေက ပြောဆိုကြပြန်တယ်။

အဲဒီအချက်ရဲ့ မှန်ကန်ခြင်းကိုတော့ အရောင်းရဆုံးစာရင်းတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတတ်တဲ့ အက်ရှင်ဇာတ်လမ်းတွေ၊ ဂိမ်းတွေက ပြသနေကြပြန်တယ်။ အကြိတ်အနယ်ပြိုင်ဆိုင် အနိုင်ယူရတဲ့အားကစားတွေ၊ လက်ဝှေ့ပွဲတွေကို ကြိုက်နှစ်သက်ခြင်းဟာ အဆိုပါ အတ္တစိတ်ရဲ့ ဘေးထွက်လက္ခဏာတွေလို့ဆိုတယ်။

လူသားနဲ့ အခြားသောသက်ရှိသတ္တ၀ါတွေရဲ့ ခြားနားချက်ဟာ သုံးသပ်ဆင်ခြင်နိုင်ပြီး၊ တီထွင်ဆန်းသစ်နိုင်တဲ့ ဥာဏ်ရည်ပဲဖြစ်တယ်။ လူသားဟာ ဥာဏ်ရည်ဖွံ့ဖြိုးလာလေလေ၊ အထက်ကဆိုခဲ့တဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဗီဇစိတ်ကို ချိုးနှိမ်နိုင်လာလေလေ ဖြစ်လာတယ်လို့ဆိုတယ်။ တစ်နည်းအားဖြင့်..ဥာဏ်ပညာနဲ့ ဆင်ခြင် ထိန်းချုပ်ခြင်းဟာ လူကို ယဉ်ကျေးစေတယ်လို့ဆိုလိုချင်တာပဲဖြစ်တယ်။ တိရစ္ဆာန်တွေဟာ ဥာဏ်ရည်မမြင့်မားတဲ့အတွက် ဗီဇစိတ်ရဲ့စိုးမိုးခြင်းကြောင့်၊ ယနေ့ထက်တိုင် ကြမ်းတမ်းတဲ့ နိုင်သူစားစတမ်းဆိုတဲ့ nature rule ဟာ သူတို့အတွက် ယနေ့အထိ မှန်ကန်နေဆဲပဲဖြစ်တယ်။

ဆန့်ကျင်ဘက်အားဖြင့်တော့ ဥာဏ်ရည်စိုးမိုးလာတဲ့လူသားဟာ တိရစ္ဆာန်တွေကနေ ကွဲထွက်လာပြီး ယဉ်ကျေးခဲ့တယ်လို့ဆိုလိုတာပဲဖြစ်တယ်။
သမိုင်းတစ်လျှောက်လုံးမှာ.. ပေါ်ပေါက်ခဲ့တဲ့ ဘာသာတရားတွေ၊ အဆုံးအမတွေဟာ လူသားတွေကို အရိုင်းစိတ်ကို ချိုးနှိမ်ပြီး ကိုယ်ချင်းစာနာစိတ်နဲ့ အကြင်နာတရားပြည့်ဝတဲ့ လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်စေခဲ့ကြတယ်။ အဲဒီအရာတွေ ဟာ လူသားရဲ့ဥာဏ်ရည်ကို မြှင့်တင်ပေးသလို မွေးရာပါ ကြမ်းတမ်းတဲ့ အတ္တ စိတ်ကို ချိုးနှိမ်ပေးနိုင်သေးတယ်။

အဲဒီအချက်တွေကို ခြုံငုံသုံးသပ်ရင်တော့ ကိုယ်ချင်းစာတရားဟာ အသိဥာဏ်နဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ဆိုနိုင်သေးတယ်။ အသိဥာဏ်ပိုမိုအားကောင်းလေလေ၊ ကိုယ်ချင်းစာတရားမြင့်မားလာလေလေ၊ အတ္တစိတ် မှေးမှိန်လေလေလို့ ဆိုနိုင်သေးတယ်။

ဒါပေမယ့်လည်း ကျနော်တို့ရဲ့ လက်တွေ့ဘ၀မှာတော့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဗီဇစိတ်ကို အသိဥာဏ်နဲ့ ချွန်းမအုတ်နိုင်တဲ့ လူ့အရိုင်းအစိုင်း၊ လူ့အန္ဓများကို တွေ့နိုင်ကြသေးတယ်။ သူတို့တွေဟာ ဥာဏ်ရည်နည်းပြီး ဗီဇစိတ်အားကောင်းသူများဖြစ်တဲ့အလျောက် ငါ့ပစ္စည်း၊ ငါ့ဥစ္စာ၊ ငါကောင်းစားရေး ဆိုတဲ့အရာတွေကို ရှေ့တမ်းတင်ပြီး အရာရာကို ဆုံးဖြတ်တတ်ကြတယ်။ မရင့်ကျက်သေးတဲ့ ကလေးတွေရဲ့ ဗီဇကိုလည်း အသက်အရွယ်ကြီးရင့်လာတဲ့အထိ မွေးမြူထားတတ်ကြသေးတယ်။

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ထားနဲ့အတူ ဂူအောင်းဘ၀ကတည်းက မွေးမြူလာတဲ့ အရိုင်းစိတ်ကို ဦးစားပေးနေတတ်ကြပြန်တယ်။ အဲဒီလို လူမျိုးတွေဟာ လူတွေအများကြီးရဲ့ ဆာလောင်ခြင်း၊ ဆင်းရဲခြင်းတွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို ဂရုစိုက်နေလေ့မရှိသူများပဲဖြစ်တယ်..။ တစ်နည်းအားဖြင့် အရိုင်းအစိုင်းဘ၀က မကျွတ်သေးသူများလို့လည်း ဆိုနိုင်တယ်.။

အသိဥာဏ်များပိုမိုအားကောင်းကြပါစေ
(ဖြိုးသုတ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။