လင်းယုန်တစ်ကောင်ရဲ့ဆုံးဖြတ်ချက်
လင်းယုန်တစ်ကောင် ၏ သက်တမ်းသည် နှစ်ပေါင်း ၇၀ ရှိသည်။လင်းယုန် ၏ အဓိက အစာရှာစရာ လက်နှက်သည် ချွန်မြသောနှုတ်သီး . ထက်မြက်သော ခြေသည်း နှင့် စူးရှသော မျက်လုံးတစ်စုံဖြစ်သည်။
လင်းယုန်တို့ သက်တမ်း ၇၀ တွင်နှစ်ပေါင်း ၄၀ အထိ တောက်လျှောက် သန်မာ လျှင်မြန်စွာ
ရှာဖွေစားသောက်နိုင်သော်လည်း အသက် ၄၀ သို့ရောက်သောအခါ နဂို နှုတ်သီးက ရှည်ထွက်လာပြီး ပျော့ပျော့ကြီးဖြစ်သွားသည်။
ခြေသည်းတွေလဲ တုံးသွားကာ ကုတ်ယူရန်မဖြစ်နိုင်တော့ပေ။ ခြေအမွှေးတွေလဲအလွန်ထူလာပြီး ပျံသန်းရခက်လာသည်။
သို့သော် လင်းယုန်တို့သည် အစာအငတ်ခံပြီး ၅လနေနိုင်သည်။
ထိုနေရာတွင် လင်းယုန် တို့ရဲ့ စိတ်ဓါတ်ပေါ်မူတည်ပြီးနှစ်မျိုးနှစ်စားကွဲသွားသည်။
ပထမတစ်မျိုးမှာ စိတ်ဓါတ်ပျော့ညံ့သောလင်းယုန်မျိုးဖြစ်သည်။ ထိုလင်းယုန်မျိုးမှာအလုပ်လု ပ်ရန်
အားအင်မရှိတော့သည့်အတွက်ကော င်းကင်အမြင့်ဆုံးသို့ပျံတက် သွားသည် ထို့နောက် အရှိန်ပြင်းပြင်း
အောက်သို့ထိုးချကာကိုယ့်ကို ကိုယ်သတ်သေလိုက်တော့သည်။
တစ်ချို့လင်းယုန်များကလဲ အပင်ပန်းမခံတော့ ၅လပြည့်အောင် အသက်ရှင်ပြီးနောက်ဆုံးငတ်ခါ သေသွားတော့သည်။
နောက်လင်းယုန်တစ်မျိုးမှာ ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်ချထားသည့် သတ္တိရှိသောလင်းယုန်မျိုးဖြစ်သည်။ ထိုလင်းယုန်မျိုးကတော့ အမြင့်ဆုံးတောင်တစ်ခုကိုရှာ ဖွေတော့သည်။ ၅လ နေထိုင်ရန် အသိုက်ဆောက်သည်။
ထို့နောက် ပထမဆုံး ရှည်ပြီးပျော့နေသော မိမိရဲ့ နှုတ်သီးကို ကျောက်နံရံများကျောက်တုံးများဖြင့် သွေးရဲရဲသံရဲရဲဖြစ်အောင်
ပွတ်တိုက်တော့သည်။
အလွန်နာကျင်သော နာကျင်မှုကိုခံစားပြီးနောက် နောက်ဆုံးတွင် မိမိရဲ့ နှုတ်သီးအိုများပြတ်ကျသွားသည်။ ထိုအခါနှုတ်သီးနုအသစ်လေးပေါ်လာသည်။ လပိုင်းကြာသောအခါတွင် ထိုနှုတ်သီးအနုအသစ်ကလေးမှာ ချွန်မြသောနှုတ်သီးအဖြစ်သို့ ပြောင်းလဲလာသည်။ချွန်မြသောနှုတ်သီးဖြင့် ပထမဆုံးလုပ်သောအလုပ်ကား အလွန်ထူနေသောအမွှေးများကို ဆွဲနှုတ်ခြင်းဖြင့် သာမာန်အနေသို့ပြန်ဖြစ်အောင် လုပ်ခြင်းဖြစ်သည်။
သို့သော် မိမိအမွှေးကို အစိမ်းလိုက်ပြန်နှုတ်ရသည်မှာ မည်မျှနာကျင်မည်ဖြစ်ကြောင်း ခန့်မှန်ကြည့်နိုင်ပါသည်။
ထို့နောက် နောက်တစ်ခုလုပ်သည်မှာ တုံးသွားသောခြေသည်းများကို
သွေးတွေရဲလာသည်အထိ ချွန်မြသော မိမိနှုတ်သီးနှင့် ကိုက်ဖြတ်ပြီး
ပြန်ချွန်မြအောင်ပြုလုပ်ခြင်းဖြစ်သည်။
ထိုသို့နာကျင်မှုများစွာဖြင့်  မိမိကိုယ်မိမိ ပြန်ပြုပြင်ပြီးနောက်တွင်ကား မိမိဆောက်ထားသောအသိုက်တွင် ၅လပြည့်သောအချိန်ထိ တတ်နိုင်သမျှ အနားယူအားမွေးခြင်းဖြစ်သည်။ ၅လပြည့်သောအခါတွင်.ထိုလင်းယုန်ငှက်သည်
ငယ်စဉ်ကအတိုင်းပင် ချွန်မြသောနှုတ်သီး . ထက်မြက်သော ခြေသည်း နှင့် စူးရှသော
မျက်လုံးတို့ဖြင့် မိမိအလိုရှိရာသားကောင်ကို ရှာဖွေနိုင်သွားပြီဖြစ်သည်။
creditး သတင်းချစ်သူ - ဝေဟင်
လင်းယုန်တစ်ကောင် ၏ သက်တမ်းသည် နှစ်ပေါင်း ၇၀ ရှိသည်။လင်းယုန် ၏ အဓိက အစာရှာစရာ လက်နှက်သည် ချွန်မြသောနှုတ်သီး . ထက်မြက်သော ခြေသည်း နှင့် စူးရှသော မျက်လုံးတစ်စုံဖြစ်သည်။
လင်းယုန်တို့ သက်တမ်း ၇၀ တွင်နှစ်ပေါင်း ၄၀ အထိ တောက်လျှောက် သန်မာ လျှင်မြန်စွာ
ရှာဖွေစားသောက်နိုင်သော်လည်
ခြေသည်းတွေလဲ တုံးသွားကာ ကုတ်ယူရန်မဖြစ်နိုင်တော့ပေ။
သို့သော် လင်းယုန်တို့သည် အစာအငတ်ခံပြီး ၅လနေနိုင်သည်။
ထိုနေရာတွင် လင်းယုန် တို့ရဲ့ စိတ်ဓါတ်ပေါ်မူတည်ပြီးနှစ်မျ
ပထမတစ်မျိုးမှာ စိတ်ဓါတ်ပျော့ညံ့သောလင်းယုန
အားအင်မရှိတော့သည့်အတွက်ကော
အောက်သို့ထိုးချကာကိုယ့်ကို
တစ်ချို့လင်းယုန်များကလဲ အပင်ပန်းမခံတော့ ၅လပြည့်အောင် အသက်ရှင်ပြီးနောက်ဆုံးငတ်ခါ
နောက်လင်းယုန်တစ်မျိုးမှာ ခိုင်မာပြတ်သားသောဆုံးဖြတ်ခ
ထို့နောက် ပထမဆုံး ရှည်ပြီးပျော့နေသော မိမိရဲ့ နှုတ်သီးကို ကျောက်နံရံများကျောက်တုံးမျ
ပွတ်တိုက်တော့သည်။
အလွန်နာကျင်သော နာကျင်မှုကိုခံစားပြီးနောက် နောက်ဆုံးတွင် မိမိရဲ့ နှုတ်သီးအိုများပြတ်ကျသွားသည
သို့သော် မိမိအမွှေးကို အစိမ်းလိုက်ပြန်နှုတ်ရသည်မှာ
ထိုသို့နာကျင်မှုများစွာဖြင်
creditး သတင်းချစ်သူ - ဝေဟင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။