“သိသင့်သိထိုက်သည့် လူ့ကိုယ်ရည်ကိုယ်သွေး (၁၆)ချက်”
ကိုယ်ရည်ကိုယ်သွေးဟုဆိုရာတွ င်
လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အရာများမှသည် ရုပ်ပိုင်းဆိုင်ရာ အရာများ
အားလုံးကို ဆိုလိုပေသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးသည်လည်း
တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပေ။ ထိုသို့ မတူညီနိုင်သည့် လူတစ်ဦးချင်းစီ၏
ကိုယ်ရည်ကိုယ်သွေးပေါ် မူတည်ပြီး ၄င်းတို့၏ လုပ်ဆောင်ချက်များ၊
ခံယူချက်များ၊ စွမ်းဆောင်နိုင်မှုများ၊ သဘောထားအမြင်များ၊
စိတ်နေစိတ်ထားများ စသည်ဖြင့် ကွားခြားကြပေသည်။ ၀န်ထမ်းရေးရာ
မန်နေဂျာများအနေဖြင့် မိမိတို့ဝန်ထမ်းများ၏ မှန်ကန်သည့်
လုပ်ဆောင်ချက်များကို အကဲဖြတ်သုံးသပ်နိုင်ရန် ၀န်ထမ်းတစ်ဦးချင်းစီ၏
ကိုယ်ရည် ကိုယ်သွေး မတူညီမှုကို ကောင်းစွာသိရှိရန် လိုအပ်ပေသည်။ လူတစ်ဦး၏
ကိုယ်ရည်ကိုယ်သွေးကို (၁၆)မျိုး ခွဲခြားနိုင်ပေသည်။
(၁) The Duty Fulfiller- ထိုသူမျိုးသည် လေးနက်တည်ငြိမ်ပြီး အေးချမ်းသည့် ဘ၀ကို နှစ်သက်သည်။ တာဝန်ယူလိုစိတ်ရှိပြီး အများက မှီခိုအားထားရသူဖြစ်သည်။ အလုပ်ကြိုးစားသူဖြစ်ပြီး မိမိ၏ ရည်မှန်းချက်ကို လက်တွေ့ကျကျ အကောင်ထည်ဖော်သူဖြစ်သည်။ လုပ်ရမည့်အလုပ်ကို မခိုမကပ်ဘဲ လုပ်ဆောင်လေ့ ရှိသည်။ အားနည်းချက်မှာ ဝေဖန်မှုကို အချက်ကျကျဖြင့် မတုံ့ပြန်တတ်ခြင်းပင်။
(၂) The Mechanic- တည်ကြည်ပြီး မည်သည့်အရာကိုမဆို မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို သုံးသပ်ရခြင်းကို သဘောကျနှစ်ခြိုက်သည်။ ထူးချွန်ထက်မြက်ပြီး စက်ယန္တရား ဆန်သည့်အမူအကျင့် ရှိသူမျိုးဖြစ်သည်။ ခံစားချက်ကို ဦးစားပေးလေ့ မရှိပေ။ အားကစားဘက်တွင် ထူးချွန်လေ့ရှိပြီး ခက်ခဲသည့်အလုပ်ကို စွန့်စားလုပ်ဆောင်ရခြင်းကို
နှစ်သက်လေ့ရှိသည်။ ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းတတ်သူဖြစ်ပြီး
ခက်ထန်မာကြောသည့် သဘောထားကြောင့် အမှားများဖြင့် ကြုံတွေ့ရလေ့ရှိသည်။
(၃) The Nurturer- နူးညံ့သိမ်မွေ့ပြီး သနားကြင်နာ တတ်သူဖြစ်သည်။ တစ်ဖက်သား၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သူဖြစ်သည်။ အဖွဲ့ဝင်များ၏ တိုးတက်မှုအပေါ် ရေရှည်အမြင်ဖြင့် ဆောင်ရွက်သည်။ အဖွဲ့ဝင်တိုင်း၏ မတူညီမှုကို နားလည်လက်ခံနိုင်သူဖြစ်ပြီး
ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်သည်။ အားနည်းချက်မှာ ရံဖန်ရံခါတွင်
စိတ်ခံစားချက်ကို ဦးစားပေးသဖြင့် လုပ်ဆောင်ချက်များ ရည်မှန်း
ထားသည့်အတိုင်း မအောင်မြင်တတ်ပေ။
(၄) The Artist- နူးညံ့သိမ်မွေ့ပြီး လွတ်လပ်မှုကို မြတ်နိုးသည်။ ပြဿနာကို မဖန်တီးတတ်ပေ။ မည်သူ့ကိုမျှ အချုပ်အနှောင်ဖြင့် လုပ်ကိုင်ခြင်း မပြုသကဲ့သို့ မိမိကိုယ်တိုင်လည်း အချုပ်အနှောင်ဖြင့် နေထိုင်လုပ်ကိုင် ရခြင်းကို မနှစ်မြို့ပေ။ ပွင့်လင်းစွာ ဆက်ဆံတတ်သူဖြစ်ပြီး ဖန်တီးလိုစိတ် ပြင်းပြသည်။ လွတ်လပ်မှုဖြင့်သာ နေထိုင်လိုသဖြင့် အကန့်အသတ်ဘောင်ဖြင့် လုပ်ကိုင်ရသည့်အလုပ်မျိုးတွ င် အောင်မြင်စွာ မလုပ်ဆောင် နိုင်ပေ။
(၅) The Protector- သိုသိုသိပ်သိပ် နေတတ်ပြီး ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်သူဖြစ်သည်။ သိုသိုသိပ်သိပ် နေထိုင်ခြင်းဖြင့် အကဲဖြတ်ရခက်သည့် သူမျိုးဖြစ်သည်။ အသင်းအဖွဲ့ဖြင့် နေထိုင်ခြင်းထက် သီးသီးသန့်သန့် နေထိုင်ရခြင်းကို ပိုမို နှစ်သက်သူဖြစ်သည်။ အားနည်းချက်မှာ ပေါင်းသင်းဆက်ဆံရေး နယ်ပယ် ကျဉ်းမြောင်းခြင်းပင်။
(၆) The Idealist- စိတ်ကူးယဉ်ဆန်သူဖြစ်သည်။ အများအကျိုးကို ဆောင်ရွက်တတ်သည်။ စာပေနှင့် ပတ်သက်သည့် အလုပ်မျိုးတွင် စိတ်ဝင်စားသူဖြစ်သည်။ အတွေးများဖြင့် နယ်ချဲ့နေတတ်သည်။ အများအပေါ် ကူညီစိတ်ရှိပြီး ရံဖန်ရံခါတွင် အတွေးလွန်ခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မှု နှေးကွေးခြင်းတို့ ဖြစ်ပေါ်တတ်သည်။
(၇) The Scientist- အနုစိတ် အကဲဖြတ် သုံးသပ်ရခြင်းကို နှစ်သက်သူဖြစ်သည်။ လက်တွေ့သဘော ဆန်းစစ်ရခြင်းကို နှစ်လိုသည်။ အသိပညာ/ အတတ်ပညာကို ရှာဖွေရခြင်းကို မက်မောသည်။ အနာဂတ်ကို ပုံဖော်လျှောက်လှမ်းနိုင်သူဖြစ်ပြီး
လုပ်ဆောင်ချက်တိုင်းကို မြင့်မားစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်
သူဖြစ်သည်။ အနုစိတ် သုံးသပ်သည့် အလေ့အကျင့်ကြောင့်
ဆုံးဖြတ်ချက်နှောင့်နှေးရခြ င်းကို ကြုံရတတ် သည်။
(၈) The Thinker- ယုတ္တိကျကျ တွေးခေါ်သူဖြစ်ပြီး ဖန်းတီးလိုစိတ် မြင့်မားသည်။ သစ်လွင်သော စိတ်ကူး စိတ်သန်းများဖြင့် ပြည့်နှက်နေသည့်သူပင်။ အသိဥာဏ်ဗဟုသုတမြင့်မားပြီး သီးသီးသန့်သန့် နေထိုင်လိုသူ ဖြစ်သည်။ အသင်းအဖွဲ့ဖြင့် ကင်းဝေးတတ်ပြီး ခေါင်းဆောင်မှုစွမ်းရည် အားနည်းလေ့ရှိသည်။
(၉) The Doer- ဖော်ဖော်ရွေရွေ နေတတ်ပြီး လုပ်ငန်းသဘောဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ရခြင်းကို နှစ်သက်သူဖြစ်သည်။ ရလဒ်အပေါ် ချက်ချက်တုံ့ပြန်လေ့ရှိသည်။ စွန့်စားလုပ်ဆောင်ရခြင်းကို
နှစ်ခြိုက်ပြီး ရှည်ဝေးသော ရှင်းလင်းတင်ပြမှုမျိုး မနှစ်သက်တတ်ပေ။
အလုပ်ပြီးမြောက်မှုကို ဦးစားပေးဆောင်ရွက်ကာ မလိုအပ်သည့် မူဝါဒများကို
ဖယ်ရှားရှင်းလင်းနိုင်သူဖြစ်သည်။ မိမိအမြင်ကို ချက်ချက်တုံ့ပြန်မှုကြောင့် ပြည့်စုံ သည့် သုံးသပ်ချက်မျိုးဖြင့် ကင်းဝေးရတတ်သည်။
(၁၀) The Guardian- လက်တွေ့ကျကာ စည်းရုံးရေးစွမ်းရည် ကောင်းမွန်သူဖြစ်သည်။ စိတ်ကူးယဉ်ဆန် မှုမျိုးကို မနှစ်သက်ပေ။ အနာဂတ်အိပ်မက် ပြတ်ပြတ်သားသားရှိပြီး အပြောင်းအလဲကို လက်ခံနိုင်သူ ဖြစ်သည်။ အလုပ်နှင့် အဖွဲ့အစည်းအပေါ် သစ္စာရှိသူဖြစ်ပြီး အလုပ်ကြိုးစားသူဖြစ်သည်။ သဘောတရား မပါသည့် လက်တွေ့သမားဖြစ်သည့်အတွက် ကိုယ်ထည်ကောင်းသော်လည်း အင်ဂျင်မကောင်းသည့် ကားနှင့် အလားသဏ္ဍတူပေသည်။
(၁၁) The Performer- ပျော်ရွှင်စွာ နေထိုင်တတ်ပြီး လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာသူဖြစ်သည်။ လုပ် ငန်းခွင်ဖိအားများကို ပျော်ပျော်နေတတ်သည့် အကျင့်ကြောင့် ပြေလျော့စေနိုင်သူဖြစ်သည်။ အများအကျိုး ဆောင်ရွက်ရခြင်းတွင် နှစ်လိုပြီး လက်တွေ့ဆန်သူဖြစ်သည်။ ပျော်ရွှင်မှုလွန်ကဲခြင်း မဖြစ်စေရန် ထိန်းသိမ်း ကွပ်ကဲဖို့ လိုအပ်သူဖြစ်သည်။
(၁၂) The Caregiver- စိတ်နှလုံး နူးညံ့သိမ်းမွေ့သူဖြစ်ပြီး၊ မည်သည့်ကိစ္စမဆို သတိလက်လွတ် ပြောဆို ဆောင်ရွက်ခြင်းမျိုး မရှိပေ။ တာဝန်ယူလိုစိတ်နှင့် တာဝန်ခံစိတ်မြင့်မားသူဖြစ်သ ည်။
အကောင်းမြင်စိတ် ရှိခြင်းဖြင့် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကျယ်ပြန့်စေသည်။
အကောင်းမြင်စိတ် မြင့်မားခြင်းသည် ရံဖန်ရံခါတွင် အနာဂတ်တွင်ဖြစ်ပေါ်လာမည့်
အန္တရာယ်အတွက် ပြင်ဆင်ထားမှု နည်းတတ်ပေသည်။
(၁၃) The Inspirer- ဖန်တီလိုစိတ် မြင့်မားပြီး စိတ်ကူးစိတ်သန်း ရင့်သန်သူဖြစ်သည်။ ပွင့်လင်းစွာဖြင့် ဆက်ဆံရေးလမ်းကြောင်းကို တည်ဆောက်သူဖြစ်သည်။ အသေးစိတ် လုပ်ဆောင်ရခြင်းကို မနှစ်မြို့ပေ။ အယူအဆ အသစ်အဆန်းများဖြင့် ပြည့်နှက်နေပြီး အသေးစိတ် လုပ်ဆောင်ခြင်းတွင် အားနည်းခြင်းကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ပေ။
(၁၄) The Giver- ထင်ထင်ပေါ်ပေါ် နေတတ်သူဖြစ်ပြီး တုံ့ပြန်တတ်သည့် အမူအကျင့်ရှိသည်။ အခြားသူ တို့၏ အပြုအမူ/ အတွေးအခေါ်အပေါ်
အလေးထား ဆောင်ရွက်တတ်သူဖြစ်သည်။ စီမံခန့်ခွဲမှုနှင့်ဦးဆောင်မှု အရည်အချင်း
မြင့်မားသူဖြစ်သည်။ ကူညီလိုစိတ်ဖြစ်ပြီး အခြားသူများ၏ လိုအပ်ချက်ကို
မြင်နိုင်သူဖြစ်သည်။ အားနည်းချက်မှာ အပြုအမူတိုင်းအပေါ်
တုံ့ပြန်တတ်သည့်အတွက် စိတ်ဖိစီးခြင်းများ ကြုံရတတ်သည်။
(၁၅) The Visionary- အမြော်အမြင် မြင့်မားပြီး ဖန်တီးလိုစိတ် ပြင်းထန်သည်။ အကြောင်းအရာတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်သုံးသပ်နိုင်သူဖြစ်သ ည်။
အမြင်ဖလှယ်ခြင်းနှင့် အပြင်အလှန်ဆွေးနွေးခြင်း တို့ကို
သဘောကျနှစ်သက်သူဖြစ်သည်။ အယူအဆများကို လက်တွေ့ကျကျ အသုံးချနိုင်သူပင်။
အားနည်းချက်မှာ ရံဖန်ရံခါ မထိရောက်သည့် ဆွေးနွေးခြင်းဖြင့်
အချိန်ကုန်မှုများ ဖြစ်ပေါ်တတ်သည်။
(၁၆) The Executive- စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်သည်။ ယုံကြည်ရာကို လက်မလွှတ်တမ်း ပြောဆိုသူဖြစ်သည်။ ပြဿနာများကို သိမြင်ပြီး ဖြေရှင်းနိုင်သူဖြစ်သည်။ စကားပြော စွမ်းရည်ကောင်းမွန်ပြီး ဗဟုသုတကြွယ်ဝသည်။ သိမြင့်သည့်အတိုင်း ပြောဆိုခြင်းကြောင့် မိတ်ပျက်ရခြင်းနှင့် အဖွဲ့အစည်းအတွင်း မသင့်မြတ်ခြင်းများ ဖြစ်ပေါ်တတ်သည်။
အထက်ဖော်ပြပါ ကိုယ်ရည်ကိုယ်သွေး (၁၆)ချက်ကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးချင်း၏ မတူညီနိုင်မှုနှင့် အားနည်းချက်/ အားသာချက်ကို
သိမြင်နိုင်မည်ဖြစ်သည်။ ၀န်ထမ်းရေးရာ မန်နေဂျာများအနေဖြင့်
သတိထားသင့်သည်မှာ လူတိုင်းသည် ခြောက်ပြစ်ကင်း ပြည့်စုံနေမည် မဟုတ်ပေ။
ချို့ယွင်းချက် ရှိနေခြင်း ပင်။ သို့သော် တစ်ဦး၏အားနည်းချက်ကို
တစ်ဦးကဖြည့်စွက်ရင်း ပြီးပြည့်စုံသော အသင်းအဖွဲ့ကို တည်ဆောက်နိုင်ပေသည်။
အဖွဲ့အစည်းတစ်ခု၏ ရေရှည်ရပ်တည်နိုင်မှုသည် ၀န်ထမ်းများ၏ ကိုယ်ရည် ကိုယ်သွေး
ကောင်းမွန်မှုပေါ် မူတည်ပေရာ ၀န်ထမ်းရေးရာမန်နေဂျာများအနေဖြင့်
မိမိတို့ဝန်ထမ်းများ၏ ကိုယ်ရည်ကိုယ်သွေးကို မှန်ကန်စွာ အကဲဖြတ်နိုင်ပြီး
လူ့စွမ်းအားစုကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်သူများ ဖြစ်ပါစေဟု
ဆန္ဒပြုလိုက်ပါသည်။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၎.၂.၂၀၁၅ (အခွင့်အလမ်းဂျာနယ်)
ကိုယ်ရည်ကိုယ်သွေးဟုဆိုရာတွ
(၁) The Duty Fulfiller- ထိုသူမျိုးသည် လေးနက်တည်ငြိမ်ပြီး အေးချမ်းသည့် ဘ၀ကို နှစ်သက်သည်။ တာဝန်ယူလိုစိတ်ရှိပြီး အများက မှီခိုအားထားရသူဖြစ်သည်။ အလုပ်ကြိုးစားသူဖြစ်ပြီး မိမိ၏ ရည်မှန်းချက်ကို လက်တွေ့ကျကျ အကောင်ထည်ဖော်သူဖြစ်သည်။ လုပ်ရမည့်အလုပ်ကို မခိုမကပ်ဘဲ လုပ်ဆောင်လေ့ ရှိသည်။ အားနည်းချက်မှာ ဝေဖန်မှုကို အချက်ကျကျဖြင့် မတုံ့ပြန်တတ်ခြင်းပင်။
(၂) The Mechanic- တည်ကြည်ပြီး မည်သည့်အရာကိုမဆို မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို သုံးသပ်ရခြင်းကို သဘောကျနှစ်ခြိုက်သည်။ ထူးချွန်ထက်မြက်ပြီး စက်ယန္တရား ဆန်သည့်အမူအကျင့် ရှိသူမျိုးဖြစ်သည်။ ခံစားချက်ကို ဦးစားပေးလေ့ မရှိပေ။ အားကစားဘက်တွင် ထူးချွန်လေ့ရှိပြီး ခက်ခဲသည့်အလုပ်ကို စွန့်စားလုပ်ဆောင်ရခြင်းကို
(၃) The Nurturer- နူးညံ့သိမ်မွေ့ပြီး သနားကြင်နာ တတ်သူဖြစ်သည်။ တစ်ဖက်သား၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သူဖြစ်သည်။ အဖွဲ့ဝင်များ၏ တိုးတက်မှုအပေါ် ရေရှည်အမြင်ဖြင့် ဆောင်ရွက်သည်။ အဖွဲ့ဝင်တိုင်း၏ မတူညီမှုကို နားလည်လက်ခံနိုင်သူဖြစ်ပြီး
(၄) The Artist- နူးညံ့သိမ်မွေ့ပြီး လွတ်လပ်မှုကို မြတ်နိုးသည်။ ပြဿနာကို မဖန်တီးတတ်ပေ။ မည်သူ့ကိုမျှ အချုပ်အနှောင်ဖြင့် လုပ်ကိုင်ခြင်း မပြုသကဲ့သို့ မိမိကိုယ်တိုင်လည်း အချုပ်အနှောင်ဖြင့် နေထိုင်လုပ်ကိုင် ရခြင်းကို မနှစ်မြို့ပေ။ ပွင့်လင်းစွာ ဆက်ဆံတတ်သူဖြစ်ပြီး ဖန်တီးလိုစိတ် ပြင်းပြသည်။ လွတ်လပ်မှုဖြင့်သာ နေထိုင်လိုသဖြင့် အကန့်အသတ်ဘောင်ဖြင့် လုပ်ကိုင်ရသည့်အလုပ်မျိုးတွ
(၅) The Protector- သိုသိုသိပ်သိပ် နေတတ်ပြီး ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်သူဖြစ်သည်။ သိုသိုသိပ်သိပ် နေထိုင်ခြင်းဖြင့် အကဲဖြတ်ရခက်သည့် သူမျိုးဖြစ်သည်။ အသင်းအဖွဲ့ဖြင့် နေထိုင်ခြင်းထက် သီးသီးသန့်သန့် နေထိုင်ရခြင်းကို ပိုမို နှစ်သက်သူဖြစ်သည်။ အားနည်းချက်မှာ ပေါင်းသင်းဆက်ဆံရေး နယ်ပယ် ကျဉ်းမြောင်းခြင်းပင်။
(၆) The Idealist- စိတ်ကူးယဉ်ဆန်သူဖြစ်သည်။ အများအကျိုးကို ဆောင်ရွက်တတ်သည်။ စာပေနှင့် ပတ်သက်သည့် အလုပ်မျိုးတွင် စိတ်ဝင်စားသူဖြစ်သည်။ အတွေးများဖြင့် နယ်ချဲ့နေတတ်သည်။ အများအပေါ် ကူညီစိတ်ရှိပြီး ရံဖန်ရံခါတွင် အတွေးလွန်ခြင်းကြောင့် လုပ်ငန်းဆောင်ရွက်မှု နှေးကွေးခြင်းတို့ ဖြစ်ပေါ်တတ်သည်။
(၇) The Scientist- အနုစိတ် အကဲဖြတ် သုံးသပ်ရခြင်းကို နှစ်သက်သူဖြစ်သည်။ လက်တွေ့သဘော ဆန်းစစ်ရခြင်းကို နှစ်လိုသည်။ အသိပညာ/
(၈) The Thinker- ယုတ္တိကျကျ တွေးခေါ်သူဖြစ်ပြီး ဖန်းတီးလိုစိတ် မြင့်မားသည်။ သစ်လွင်သော စိတ်ကူး စိတ်သန်းများဖြင့် ပြည့်နှက်နေသည့်သူပင်။ အသိဥာဏ်ဗဟုသုတမြင့်မားပြီး သီးသီးသန့်သန့် နေထိုင်လိုသူ ဖြစ်သည်။ အသင်းအဖွဲ့ဖြင့် ကင်းဝေးတတ်ပြီး ခေါင်းဆောင်မှုစွမ်းရည် အားနည်းလေ့ရှိသည်။
(၉) The Doer- ဖော်ဖော်ရွေရွေ နေတတ်ပြီး လုပ်ငန်းသဘောဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ရခြင်းကု
(၁၀) The Guardian- လက်တွေ့ကျကာ စည်းရုံးရေးစွမ်းရည် ကောင်းမွန်သူဖြစ်သည်။ စိတ်ကူးယဉ်ဆန် မှုမျိုးကို မနှစ်သက်ပေ။ အနာဂတ်အိပ်မက် ပြတ်ပြတ်သားသားရှိပြီး အပြောင်းအလဲကို လက်ခံနိုင်သူ ဖြစ်သည်။ အလုပ်နှင့် အဖွဲ့အစည်းအပေါ် သစ္စာရှိသူဖြစ်ပြီး အလုပ်ကြိုးစားသူဖြစ်သည်။ သဘောတရား မပါသည့် လက်တွေ့သမားဖြစ်သည့်အတွက် ကိုယ်ထည်ကောင်းသော်လည်း အင်ဂျင်မကောင်းသည့် ကားနှင့် အလားသဏ္ဍတူပေသည်။
(၁၁) The Performer- ပျော်ရွှင်စွာ နေထိုင်တတ်ပြီး လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာသူဖြစ်သည်။ လုပ် ငန်းခွင်ဖိအားများကို ပျော်ပျော်နေတတ်သည့် အကျင့်ကြောင့် ပြေလျော့စေနိုင်သူဖြစ်သည်။ အများအကျိုး ဆောင်ရွက်ရခြင်းတွင် နှစ်လိုပြီး လက်တွေ့ဆန်သူဖြစ်သည်။ ပျော်ရွှင်မှုလွန်ကဲခြင်း မဖြစ်စေရန် ထိန်းသိမ်း ကွပ်ကဲဖို့ လိုအပ်သူဖြစ်သည်။
(၁၂) The Caregiver- စိတ်နှလုံး နူးညံ့သိမ်းမွေ့သူဖြစ်ပြီး၊
(၁၃) The Inspirer- ဖန်တီလိုစိတ် မြင့်မားပြီး စိတ်ကူးစိတ်သန်း ရင့်သန်သူဖြစ်သည်။ ပွင့်လင်းစွာဖြင့် ဆက်ဆံရေးလမ်းကြောင်းကို တည်ဆောက်သူဖြစ်သည်။ အသေးစိတ် လုပ်ဆောင်ရခြင်းကို မနှစ်မြို့ပေ။ အယူအဆ အသစ်အဆန်းများဖြင့် ပြည့်နှက်နေပြီး အသေးစိတ် လုပ်ဆောင်ခြင်းတွင် အားနည်းခြင်းကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ပေ။
(၁၄) The Giver- ထင်ထင်ပေါ်ပေါ် နေတတ်သူဖြစ်ပြီး တုံ့ပြန်တတ်သည့် အမူအကျင့်ရှိသည်။ အခြားသူ တို့၏ အပြုအမူ/
(၁၅) The Visionary- အမြော်အမြင် မြင့်မားပြီး ဖန်တီးလိုစိတ် ပြင်းထန်သည်။ အကြောင်းအရာတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်သုံးသပ်နိုင်သူဖြစ်သ
(၁၆) The Executive- စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်သည်။ ယုံကြည်ရာကို လက်မလွှတ်တမ်း ပြောဆိုသူဖြစ်သည်။ ပြဿနာများကို သိမြင်ပြီး ဖြေရှင်းနိုင်သူဖြစ်သည်။ စကားပြော စွမ်းရည်ကောင်းမွန်ပြီး ဗဟုသုတကြွယ်ဝသည်။ သိမြင့်သည့်အတိုင်း ပြောဆိုခြင်းကြောင့် မိတ်ပျက်ရခြင်းနှင့် အဖွဲ့အစည်းအတွင်း မသင့်မြတ်ခြင်းများ ဖြစ်ပေါ်တတ်သည်။
အထက်ဖော်ပြပါ ကိုယ်ရည်ကိုယ်သွေး (၁၆)ချက်ကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးချင်း၏ မတူညီနိုင်မှုနှင့် အားနည်းချက်/
လျှံဇွဲကို(စီးပွားရေးတက္ကသု
၎.၂.၂၀၁၅ (အခွင့်အလမ်းဂျာနယ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။