Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 18, 2015

တိမ်တိုက်တွေထဲကမြို့

တိမ်တိုက်တွေထဲကမြို့
လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ကျော် အချိန်ကအင်ကာအင်ပိုင်ယာကြီးကို မြင့်မားလှတဲ့ အင်ဒီးစ် တောင်တန်းကြီးတွေပေါ်မှာ ရှုပ်ထွေးနက်နဲလှတဲ့ ကျောက်တုံးအဆောက်အဦကြီးများကိုတည်ဆောက်ခဲ့ကြပါတယ်။ဘီးတွေ၊သတ္တုကိရိယာတန်ဆာပလာ
တွေမပါဘဲနဲ့ပေါ့။သူတို့ကဘာ့ကြောင့် ဒီလိုမျိုးတည်ဆောက်ခဲ့ကြရတာပါလဲ?
အင်ကာရဲ့ ပျောက်ဆုံးနေတဲ့မြို့တော်လို့ အမြဲတစေတင်စားခဲ့တဲ့လှပခြင်းအတိနဲ့ Machu Picchu မြို့ဟာတောင်အမေရိကတိုက်ရှိပီရူးနိုင်ငံရဲ့ Cuzco ဒေသမှာပင်လယ်ရေမျက်နှာပြင်အထက် ၂၄၃၀ မီတာအမြင့်မှာတည်ရှိပါတယ်။

အင်ကာယဉ်ကျေးမှုလူ့အဖွဲ့အစည်းတွေရှင်သန်ခဲ့တဲ့ခေတ်က တည်ဆောက်ထားခဲ့သော်လည်းယခုတိုင် ပျောက်ပျက်သွားခြင်းမရှိသေးဘဲ မြို့တစ်မြို့အနေနဲ့တည်ရှိနေပါသေးတယ်။
အင်ဒီးစ်တောင်တန်းတွေရဲ့ အရှေ့ဘက်လျှောစောက်တွေမှာအင်ကာအင်ပါယာရဲ့ ဘုရင်တစ်ဦးဖြစ်တဲ့ Pachucutiအုပ်ချုပ်စိုးမိုးစဉ် ၁၄၂၀ ဝန်းကျင်ကတည်ထောင်ခဲ့ပြီးအဆိုပါဒေသကိုစပိန်တွေကတောင်အမေရိကကိုကျူးကျော်ဖို့ အဓိကကျတဲ့ ခြေကုပ်စခန်းအဖြစ် မသိမ်းပိုက်မီရာစုနှစ်တစ်ခုစာအတွက် အင်ကာတွေရဲ့သမိုင်းနေရာတွေအဖြစ်ရှိနေခဲ့တာပါ။
အနောက်ပိုင်းကရှေးဟောင်းသုတေသနပညာရှင်တွေက ၁၉၁၁ မှာရှာဖွေတွေ့ရှိခဲ့ကြပြီးပီရူးနိုင်ငံသားတွေအတွက်တကယ့်ကိုပျောက်ကွယ်မသွားခဲ့တဲ့ အမွေတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ဒါပေမယ့် ကျေးဇူးတင်စရာရှိတာက ကျူးကျော်သူစပိန်များအနေနဲ့ ဖျက်ဆီးပစ်ခဲ့ခြင်းမရှဘဲထိန်းသိမ်းထားပေးခဲ့တာကကိုပဲဖြစ်ပါတယ်။ဒါ့ကြောင့်လည်းယနေ့တိုင် ကမ္ဘာမြေပေါ်မှာ အင်ကာဒေသနယ်မြေအမွေအနှစ်တွေကပြီးပြည့်စုံစွာတည်ရှိနေခဲ့တာဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ ယူနက်စကိုကကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ကာထိန်းသိမ်းစောင့်ရှောက်ခြဲ့ပီးကမ္ဘာ့ အထင်ကရအဖြစ်ဆုံးရှေးဟောင်းယဉ်ကျေးမှုပြယုဂ်တစ်ခုဖြစ်ခဲ့ပါတယ်။
ဒီမြို့မှာအဓိကကျတဲ့အပိုင်းသုံးပိုင်းနဲ့တည်ဆောက်ထားပါတယ်။သာမာန်လူတန်းစားများအတွက် လူနေအဆောက်အဦးများ၊ မြင့်မြတ်သူများတွက် သီးသန့်ဝန်းရံပြုလုပ်ထားသောနေရာများ နှင့် ဘုန်းကြီးများ၊ယင်းတို့၏ အဖွဲ့ဝင်များနေထိုင်ရာအပိုင်းများစသည်တို့ဖြစ်သည်။ ဗဟိုမှာရှိတဲ့လေးထောင့်စပ်စပ် နံရံတွေကာရံထားတဲ့အပိုင်းကိုအဆောက်အဦးပေါင်း ၂၀၀ ကျော်ကဝန်းရံထားပြီးနက်ရှိုင်းပြီးလျှောစောက်ရှိတဲ့နေရာတွေကိုသွားလာတဲ့အခါ ကူညီပေးဖို့ ကျောက်တုံးလှေကားထစ်များ ပြုလုပ်ထားကာကွဲပြားသောအဆင့်များဖြင့်ပိုင်းခြားထားသည်။ အင်ကာတို့မှာစာပေဘာသာစကားမရှိတဲ့အတွက် သူတို့တည်ဆောက်ခဲ့တာတွေကဘာအတွက် လဲဆိုတာနဲ့ ဘာတွေအတွက်အသုံးချခဲ့ကြသလဲဆိုတာမှတ်တမ်းတစ်စုံတစ်ရာမရှိပါဘူး။ ရှေးဟောင်းသုတေသနပညာရှင်တွေ အငြင်းပွားနေတာကဒီအပိုင်းတွေကသချို င်္င်းအဖြစ်သုံးတာ၊ တော်ဝင်မိသားစုများသီးသန့်နေထိုင်တာ၊ စစ်တပ်ရဲ့ ဘေးကင်းစေဖို့ နားခိုရာနေရာတွေဖြစ်ခဲ့တယ်ဆိုတာပါပဲ။သို့သော်လည်းဒီဒေသတွေမှ စစ်မက်ဖြစ်ပွားခဲ့တဲ့ အရိပ်လက္ခဏာတွေတော့မတွေ့ရပါဘူး။
Machu Picchu ရဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ အစိတ်အပိုင်းအဖြစ် Torreon( သို့မဟုတ် နေမင်းဘုရားကျောင်း) က တာဝါတစ်ခုအဖြစ်ရှီနေပြီးဒီအင်ပါယာကြီးရဲ့ လူနေမှုတွေအတွက် ရှေ့ဖြစ်နက္ခတ်တွေကိုကြည့်ဖို့သုံးစွဲခဲ့ပါတယ်။အဆောက်အဦးတွေရဲ့ အဓိကအရေးကြီးတဲ့ တည်ဆောက်မှုတွေအတွက် Ashlar လို့ခေါ်တဲ့ လေးထောင့်စပ်စပ်ခြောက်သွေ့တဲ့ ကျောက်တုံးများနဲ့တည်ဆောက်ထားပြီးယင်းတို့ကငလျင်ဒဏ်ကိုခံနိုင်ရည်ရှိမှာပဲဖြစ်ပါတယ်။ဒီလိုတည်ဆောက်ခဲ့ရာမှာလည်းအင်ကာတွေက မြင်းလိုမျိုးတိရိစ္ဆာန်တွေကိုသုံးခဲ့တဲ့အရိပ်အယောင်တွေမတွေ့ရရုံသာမကသတ္တုကိရိယာတန်ဆာပလာများ၊ ဘီးကဲ့သို့သောအရာများကိုသုံးစွဲခဲ့ခြင်းမရှိဘဲဒီလောက်မြင့်မားတဲ့ တောင်တန်းတွေပေါ် ကြီးမားတဲ့ကျောက်တုံးကြီးတွေကိုဘယ်လိုတင်ခဲ့သလဲဆိုတာယနေ့တိုင်မသိရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။အီဂျစ်မှာရှိတဲ့ ပိရမစ်တွေတည်ဆောက်ခဲ့သလိုအလားသဏ္ဍာန်တူညီကာမြောက်မြားလှသောလူတွေနဲ့ ဒီကျောက်တုံးကြီးတွေကိုတွန်းတင်ခဲ့ပုံရပါတယ် ။ဒီလိုအားထုတ်မှုတွေကအချို့သောလူတွေအတွက်တော့အံ့အားသင့်စရာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ပညာရှင်များယုံကြည်ထားတာကဒီဒေသတွေမှ ထောင်ဂဏန်းထက်နည်းသောလူတွေပဲအချိန်အတိုင်းအတာတစ်ခုအထိနေထိုင်ခဲ့တယ်လို့ ယူဆထားတဲ့အတွက်ပဲဖြစ်ပါတယ်။
HIRAM BINGHAM 3
အပျက်အစီးတွေကိုပထမဦးဆုံးမျက်မြင်တွေ့ခဲ့တဲ့ အနောက်ပိုင်းဒေသကပုဂ္ဂိုလ်
ရတနာသိုက်ရှာဖွေသူ၊စွန့်စားသွားလာသူနဲ့ ပညာရှင်တစ်ဦး(အင်ဒီရာနာဂျုံးစ်လိုမျိုး) ဖြစ်ပြီးနောက်ပိုင်းအမေရိကန် ဆိနိတ်အမတ် ဖြစ်တဲ့ Hiram Bingham 3 ကယေးတက္ကသလိုလ်မှာပညာသင်ကြားနေစဉ် ပျောက်ဆုံးနေတဲ့ အင်ဒီးယန်း မြို့များကိုရှာဖွေဖို့ကြိုးစားရင်းနဲ့ ၁၉၁၁ ခုနှစ်မှာ Machu Picchu မြို့ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဆိုပါ နယ်မြေမှ လူ့အသုံးအဆာင်ပစ္စည်းပေါင်း ၄၀၀၀၀ကျော်ကို ရှာဖွေနိုင်ခဲ့ပြီးအဲဒိထဲမှာမံမီရုပ်အလောင်းများလည်းပါဝင်ကာအမေရီကန်တို့လက်ထဲမှာ ၂၀၀၇ ခုနှစ်အထိရှိခဲ့ပြီးယင်းတို့ကသူတို့ပြန်လာဖို့ သဘောတူညီချက်တွေအဖြစ်ထားရှိခဲ့တာတွေလည်းဖြစ်ပါတယ်။ ဗြိတိန်နဲ့ ဂျာမန် စူးစမ်းရှာဖွေသူများက Bingham မတိုင်မီရောက်ရှိခဲ့တယ်လို့ အခိုင်အမာဆိုထားပါတယ်။ဒေသခံလယ်သမားများကယင်းကိစ္စနဲ့ပတ်သက်ပြီးတိတိကျကျသိရှိထားကာယင်းတို့က Bingham ကိုအဆိုပါ တောင်စောင်းတွေပေါ်တက်ရောက်ရှာဖွေဖို့လမ်းညွှန်ခဲ့သူတွေလည်းဖြစ်ပြီး ၁၈၇၄ ခုနှစ်ရေးထိုးထားတဲ့ မြေပုံစာရွက်တစ်ခုကသက်သေအဖြစ်ပေါ်ပေါက်ခဲ့ပါတယ်။သို့သော်လည်းတစ်ကမ္ဘာလုံးကသတ်မှတ်ထားတာကတော့ Bingham က ပထမဦးဆုံးရောက်ရှိခဲ့သူအဖြစ်မှတ်တမ်းရေးထိုးထားပါတယ်။
နေမင်းကိုကိုးကွယ်သူများ
သူတို့ရဲ့ အင်ဂျင်နီယာအတတ်ပညာကကန့်သတ်မှုတွေရှိနေသော်လည်း
အင်ကာတွေကတကယ့် ကိုပြီးပြည့်စုံတဲ့ မြို့ကြီးကိုတည်ဆောက်ခဲ့ပါတယ်
ဒီဒေသရဲ့ ဘုရားကျောင်းတွေကအင်ကာမျိုးနွယ်စုတွေရဲ့ နေမင်းဘုရားဖြစ်တဲ့ အင်တီအတွက် ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်ပါတယ်။ အသက်တာကိုပေးအပ်သူဖြစ်တဲ့အတွက် နေမင်းကြီးကိုလယ်သမားများနဲ့ အင်တီမှတိုက်ရိုက်ဆင်းသက်လာတယ်လို့ ဆိုထားတဲ့ အုပ်ချုပ်သူများကရှိခိုးဝတ်ပြုကြပါတယ်။ ယနေ့တိုင် အင်တီရေမီပွဲတော်ကိုရှေးဟောင်းအင်ကာတို့ရဲ့ မြို့တော်ဖြစ်တဲ့ ပီရူးနိုင်ငံ Cuzco မှာ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်မြဲဖြစ်ပါတယ်။
၁ တောင်တန်းများ
Machu Picchu ဆိုတာကတောင်တစ်လုံးရဲ့အမည်လည်းဖြစ်ပါတယ်။သို့သော်အမြင့်ဆုံးအပိုင်းဖြစ်တဲ့ Huayna Picchu ထက်တော့ နိမ့်ပြီးတာဝါတွေကနောက်ထပ် မီတာ ၃၆၀ အထက်မှာရှိကာဒီနယ်မြေတွေကိုပိုင်းခြားထားစေပါတယ်။ အမြင့်ဆုံးအပိုင်းကရာထူးအမြင့်ဆုံးဘုန်းတော်ကြီးရဲ့ကျောင်းတော်လို့ဆိုထားပါတယ်။
၂ မြူနှင်းများ
Machu Picchu ရဲ့တောင်စဉ်တောင်တန်းတွေရဲ့ ဝန်းကျင်တစ်ဝိုက်ဟာစွတ်စိုနေပြီးမိုးသည်းထန်တဲ့ နေရာတွေပဲဖြစ်ပါတယ်။တောင်ကြားတွေထဲမှာရှိတဲ့မြစ်တွေကနေတက်လာတဲ့ မြူနှင်းငွေ့တွေများစွာဟာနံနက်ခင်းစောစောစီးစီးအချိန်တွေမှာရှိနေတတ်ပြီးဒီအလှအပတွေကိုရိုက်ကူးနိုင်ဖို့ ဓာတ်ပုံဆရာများကနံနက်ခင်းအစောကြီးထကာရိုက်ကူးကြပါတယ်။နောက်ကျသွားရင်တော့ လှပတဲ့မြူနှင်းတွေကိုတွေ့နိုင်မယ့် အခွင့်အရေးဆုံးရှုံးနိုင်ပါတယ်။
၃ နံရံတံတိုင်းများ
ခြောက်သွေ့တဲ့ ကျောက်တုံးနံရံများနဲ့ အံကိုက် တည်ဆောက်ထားကာအဆိုပါ ကျောက်တုံးများအကြားသို့ ဓားသွားနဲ့တောင်ထိုးသွင်းဖို့မဖြစ်နိုင်ပါဘူး။ သိပ်အရေးမကြီးလှတဲ့ အဆောက်အဦးတွေကိုတော့ သရိုးများနဲ့ မြဲမြံအောင် ထားပေမယ့် ခြောက်သွေ့တဲ့ကျောက်တုံးတွေနဲ့တည်ဆောက်ထားကြသလိုပဲအဆင့်မြင့်လှပါတယ်။
၎ လှေခါးထစ်စိုက်ခင်းများ
တောင်စောင်းဒေသတွေမှာလှေခါးထစ်စိုက်ခင်းပေါင်း ၇၀၀ ကျော်ရှိပြီးစိုက်ပျိုးရေးအတွက် ရှုပ်ထွေးလှတဲ့ရေပေးဝေမှုစနစ်များနဲ့ ပံ့ပိုးတည်ဆောက်ထားကာပြောင်းဖူးများ၊အာလူးများကိုအဓိကကောက်ပဲသီးနှံများအဖြစ်စိုက်ပျိုးခဲ့ကြပါတယ်။ဒီစိုက်ခင်းတွေကဒီမြို့ကိုလုံလောက်အောင်စားနပ်ရိက္ခာထောက်ပံ့မှုတွေတော့မလုပ်ပေးနိုင်ခဲ့ပဲအခြားသောအဝေးတစ်နေရာမှာရှိနေတဲ့ ယာခင်းများမှပို့ဆောင်တင်သွင်းခဲ့ရပါတယ်။
၅ အင်ကာရဲ့လမ်းများ
အင်ကာမှာလမ်းတွေကိုစနစ်တကျလုပ်ဆောင်ထားပြီးMaccu Picchu ဧရိယာတဝိုက်သယ်ယူပို့ဆောင်မှုတွေလုပ်ဆောင်နိုင်စေဖို့ အသုံးပြုပါတယ်။ယနေ့ခေတ်အလည်သွားကြတဲ့ တိုးရစ်များဟာအပျက်အစီးတွေကိုကြည့်ရှုဖို့ မြင့်မားလှတဲ့ အင်ကာရဲ့လမ်းများမှာလမ်းလျှောက်ကြည့်ရှုနိုင်ပါတယ်။ထောင်ပေါင်းများစွာသောခရီးသည်များက ဒီလမ်းတွေကနေသွားရောက်ကြည့်ရှုကြကာသူတို့ကြောင့်လည်းအပျက်အဆီးတွေကပိုမိုပျက်စီးနိုင်စေမှာက စိုးရိမ်စရာပါပဲ။
Ian Evenden ရေးသား၍
ငြိမ်းချမ်း(BE-IT)ပြန်ဆိုသည်
Ref: TechSpace Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။