မြန်မာနိုင်ငံတွင် ၂၀၁၄ တစ်နှစ်အတွင်း ကျောက်စိမ်းထုတ်လုပ်မှု တန်ဖိုး ကန်ဒေါ်
လာ ၃၁ ဘီလီယံထိရှိခဲ့ပြီး အဆိုပါ ရောင်းရငွေများအား ပြည်သူအကျိုးခံစားမှု မရှိ
ခဲ့ဟု Global Witness က သတင်းထုတ်ပြန်
------- ------- --------

ခဲ့ဟု ဗြိတိန်နိုင်ငံအခြေစိုက် Global Witness ၏ သတင်းထုတ်ပြန်ချက်အရ သိရ
သည်။
မြန်မာနိုင်ငံတွင် ကြီးမားကျယ်ပြန့်သည့် ကျောက်စိမ်းလုပ်ငန်းအား စစ်တပ် ထိပ်ပိုင်း
မှ လူများ၊ မူးယစ်ရာဇာများနှင့် စစ်အစိုးရလက်ထပ်က အတူလက်တွဲ လုပ်ခဲ့သည့်
ခရိုနီကုမ္ပဏီများက နောက်ကွယ်မှ ထိန်းချုပ်ထားခြင်းရှိကြောင်း Global Witness
အဖွဲ့၏ ၁၂ လကြာ စုံစမ်းစစ်ဆေးချက်များဖြင့် "ကျောက်စိမ်း - မြန်မာနိုင်ငံ၏ နိုင်ငံ
တော် လျှို့ဝှက်ချက်ကြီး" အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ယခုအချိန်အထိ ကျောက်စိမ်းကဏ္ဍ၏ တန်ဖိုးကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော်
သုတေသနနှင့် သုံးသပ်ချက်အသစ် တစ်ခုအရ Global Witness က ခန့်မှန်းသည်မှာ
တရုတ်နိုင်ငံ၏ သွင်းကုန်အချက်အလက်များ အရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းပင်
လျှင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံရှိကြောင်း ညွှန်ပြထားပြီး လုပ်ငန်းတစ်ခုလုံး၏
တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံခန့် ဖြစ်သည်။ ယင်းကိန်းဂဏန်းကို နှိုင်း
ယှဉ်ပြရလျှင် ယင်းသည် အစိုးရ၏ ကျန်းမာရေး အသုံးစရိတ်၏ ၄၆ ဆရှိပြီး တစ်နိုင်ငံ
လုံး၏ တရားဝင် အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄၈ ရာခိုင်နှုန်းရှိ
သည်” ဟု Global Witness ၏ အစီရင်ခံစာ အနှစ်ချုပ်တွင် ဆိုပါသည်။
ဆက်လက်ပြီး အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ယခင်အစိုးရ အဖွဲ့ခေါင်းဆောင်
ဟောင်း တစ်ဦးဖြစ်သည့် ဦးသန်းရွှေ၊ လက်ရှိ အာဏာရပါတီမှ ထိပ်ပိုင်းခေါင်းဆောင်
များ ဖြစ်သည့် ဦးအုန်းမြင့်၊ ဦးမောင်မောင်သိမ်း တို့ အပါအ၀င် အမည်ဆိုးဖြင့် ကျော်
ကြားသူများ မိသားစု ဆိုသူများသည်လည်း အဆိုပါ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်
သူများ ဖြစ်ကြောင်း ဆိုထားသည်။ ယင်း တို့နှင့်အတူ အမေရိကန်နိုင်ငံမှ ပိတ်ဆို့ အ
ရေးယူထားသည့် မူးယစ်ရာဇာ ဝေရှောက်ခန်သည် နာမည်ခံ ကုမ္ပဏီများဖြင့် အဆိုပါ
ကျောက်စိမ်း လုပ်ငန်းကြီးအား လွှမ်းမိုးထားကြောင်း ဆိုထားသည်။
“ပထမ အမျိုးအစားက စစ်တပ်အသိုင်းအ၀ိုင်းက လူတွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ
ကြီးတွေ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အရင်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦး
သန်းရွှေ မိသားစု ပိုင်ဆိုင်တဲ့ ကုမ္ပဏီနှစ်ခု ရှိပါတယ်။ ဒီနှစ်ခုကနေ ဆင့်ပွားလာတဲ့
အခြားကုမ္ပဏီတွေလည်း ရှိနေဦးမယ်လို့ သုံးသပ်ရပါတယ်” ဟု Global Witness ၏
အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mike Davis က ပြောပါသည်။
ယင်းတို့ တွေ့ရှိချက်များသည် ရေအောက်၌ မြုပ်နေသော ရေခဲတုံးကြီး၏ အပေါ်ယံ
အပိုင်းအစများသာ ဖြစ်ပြီး ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများကို တူးဆွလိုက်
သည့်အခါ တပ်မတော်နှင့် နီးစပ်နေသူများသာ ဖြစ်နေကြောင်း Mike Davis က ဆို
ထားသည်။
ဒုတိယ အမျိုးအစား အနေဖြင့် စီးပွားရေးဦးပိုင် ကုမ္ပဏီ ဖြစ်ကြောင်းနှင့် ဦးပိုင်ကုမ္ပဏီ
အနေဖြင့် မိုင်းတွင်း အမြောက်အမြားကို လုပ်ကိုင်နေကြောင်း၊ အခြားကုမ္ပဏီများ အ
ပေါ်တွင်လည်း လွှမ်းမိုးချုပ်ကိုင်မှုများ ရှိသည်ကို တွေ့ရကြောင်းနှင့် ရောင်းချသည့် ပ
မာဏ အများဆုံး ကုမ္ပဏီလည်း ဖြစ်နေကြောင်း ဆိုသည်။ တတိယ အမျိုးအစား
ကုမ္ပဏီမှာ ထူးအုပ်စု၊ အေးရှားဝေါလ်နှင့် KBZ Group ကဲ့သို့သော ခရိုနီအုပ်စုကြီးများ
ဖြစ်ကြောင်း သိရသည်။
Global Witness အနေဖြင့် အကြံပြု ထောက်ခံသည့် အချက်မှာ အမေရိကန်အပြင်
မြန်မာနိုင်ငံ၏ အခြားသော လုပ်ငန်းဖက်များ အနေဖြင့် ပိတ်ဆို့မှုလျှော့ချရေး နှင့် အ
နာဂတ်အတွက် ထောက်ပံ့ကူညီမှုများအတွက် ကျောက်စိမ်းလုပ်ငန်းတွင် ပြုပြင်
ပြောင်းလဲမှုများကို စံသတ်မှတ်ချက်တစ်ခု အနေဖြင့် ထားရှိသင့်ကြောင်း၊ ယင်းသို့
လုပ်ဆောင်ရာတွင် ထိန်းချူပ်မှုနှင့် အကျိုးအမြတ်များကို ကချင်ပြည်နယ်နှင့် သာတူ
ညီမျှ ခွဲဝေသုံးစွဲရန် ဦးစားပေးသင့်ပြီး အကျိုးရလဒ်များအား ပြည်သူလူထုထံ တာဝန်
ခံရမည်ဖြစ်ကြောင်း ဆိုထားသည်။
Global Witness လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် မစ္စတာဂျူမန် ခတ်ဘာက" ဒီ
အစီရင်ခံစာမှာ နာမည်တပ် ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တွေအပေါ် အမေရိကန်က ပိတ်
ဆို့ထားတာတွေ၊ သယံဇာတ အရင်းအမြစ် ထုတ်ယူမှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေး
တွေမှာ အမေရိကန်က ဦးဆောင် ပါဝင်နေတာတွေက ကျောက်စိမ်းလုပ်ငန်းကနေ
စစ်တပ်၊ ခရိုနီ နဲ့မူးယစ်ရာဇာတွေကို ဆွဲထုတ်ဖို့ အမေရိကန်အတွက် ထူးခြားတဲ့ အ
ခြေအနေတစ်ရပ် ဖန်တီးပေးထားသလို ဖြစ်ပါတယ်။ နိုဝင်ဘာ ရွေးကောက်ပွဲကနေ
ထွက်လာမယ့် အစိုးရသစ်နဲ့ ပူးတွဲဆောင်ရွက်တဲ့အခါ ဒီအချက်ကို အမေရိကန်အနေ
နဲ့ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်တယ်" ဟု ဆိုထားသည်။
သတင်း - စိုင်းဟန်
The Ladies News Journal
လာ ၃၁ ဘီလီယံထိရှိခဲ့ပြီး အဆိုပါ ရောင်းရငွေများအား ပြည်သူအကျိုးခံစားမှု မရှိ
ခဲ့ဟု Global Witness က သတင်းထုတ်ပြန်
------- ------- --------
မြန်မာနိုင်ငံတွင် ၂၀၁၄ တစ်နှစ်အတွင်း ကျောက်စိမ်းထုတ်လုပ်မှု တန်ဖိုး ကန်ဒေါ်
လာ ၃၁ ဘီလီယံထိရှိခဲ့ပြီး အဆိုပါ ရောင်းရငွေများအား ပြည်သူအကျိုးခံစားမှု မရှိ
ခဲ့ဟု ဗြိတိန်နိုင်ငံအခြေစိုက် Global Witness ၏ သတင်းထုတ်ပြန်ချက်အရ သိရ
သည်။
မြန်မာနိုင်ငံတွင် ကြီးမားကျယ်ပြန့်သည့် ကျောက်စိမ်းလုပ်ငန်းအား စစ်တပ် ထိပ်ပိုင်း
မှ လူများ၊ မူးယစ်ရာဇာများနှင့် စစ်အစိုးရလက်ထပ်က အတူလက်တွဲ လုပ်ခဲ့သည့်
ခရိုနီကုမ္ပဏီများက နောက်ကွယ်မှ ထိန်းချုပ်ထားခြင်းရှိကြောင
အဖွဲ့၏ ၁၂ လကြာ စုံစမ်းစစ်ဆေးချက်များဖြင့်
တော် လျှို့ဝှက်ချက်ကြီး" အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ယခုအချိန်အထိ ကျောက်စိမ်းကဏ္ဍ၏ တန်ဖိုးကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော်
သုတေသနနှင့် သုံးသပ်ချက်အသစ် တစ်ခုအရ Global Witness က ခန့်မှန်းသည်မှာ
တရုတ်နိုင်ငံ၏ သွင်းကုန်အချက်အလက်များ အရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းပင်
လျှင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံရှိကြောင်း ညွှန်ပြထားပြီး လုပ်ငန်းတစ်ခုလုံး၏
တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံခန့် ဖြစ်သည်။ ယင်းကိန်းဂဏန်းကို နှိုင်း
ယှဉ်ပြရလျှင် ယင်းသည် အစိုးရ၏ ကျန်းမာရေး အသုံးစရိတ်၏ ၄၆ ဆရှိပြီး တစ်နိုင်ငံ
လုံး၏ တရားဝင် အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄၈ ရာခိုင်နှုန်းရှိ
သည်” ဟု Global Witness ၏ အစီရင်ခံစာ အနှစ်ချုပ်တွင် ဆိုပါသည်။
ဆက်လက်ပြီး အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ယခင်အစိုးရ အဖွဲ့ခေါင်းဆောင်
ဟောင်း တစ်ဦးဖြစ်သည့် ဦးသန်းရွှေ၊ လက်ရှိ အာဏာရပါတီမှ ထိပ်ပိုင်းခေါင်းဆောင်
များ ဖြစ်သည့် ဦးအုန်းမြင့်၊ ဦးမောင်မောင်သိမ်း တို့ အပါအ၀င် အမည်ဆိုးဖြင့် ကျော်
ကြားသူများ မိသားစု ဆိုသူများသည်လည်း အဆိုပါ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်
သူများ ဖြစ်ကြောင်း ဆိုထားသည်။ ယင်း တို့နှင့်အတူ အမေရိကန်နိုင်ငံမှ ပိတ်ဆို့ အ
ရေးယူထားသည့် မူးယစ်ရာဇာ ဝေရှောက်ခန်သည် နာမည်ခံ ကုမ္ပဏီများဖြင့် အဆိုပါ
ကျောက်စိမ်း လုပ်ငန်းကြီးအား လွှမ်းမိုးထားကြောင်း ဆိုထားသည်။
“ပထမ အမျိုးအစားက စစ်တပ်အသိုင်းအ၀ိုင်းက လူတွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ
ကြီးတွေ ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် အရင်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦး
သန်းရွှေ မိသားစု ပိုင်ဆိုင်တဲ့ ကုမ္ပဏီနှစ်ခု ရှိပါတယ်။ ဒီနှစ်ခုကနေ ဆင့်ပွားလာတဲ့
အခြားကုမ္ပဏီတွေလည်း ရှိနေဦးမယ်လို့ သုံးသပ်ရပါတယ်” ဟု Global Witness ၏
အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mike Davis က ပြောပါသည်။
ယင်းတို့ တွေ့ရှိချက်များသည် ရေအောက်၌ မြုပ်နေသော ရေခဲတုံးကြီး၏ အပေါ်ယံ
အပိုင်းအစများသာ ဖြစ်ပြီး ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများကို တူးဆွလိုက်
သည့်အခါ တပ်မတော်နှင့် နီးစပ်နေသူများသာ ဖြစ်နေကြောင်း Mike Davis က ဆို
ထားသည်။
ဒုတိယ အမျိုးအစား အနေဖြင့် စီးပွားရေးဦးပိုင် ကုမ္ပဏီ ဖြစ်ကြောင်းနှင့် ဦးပိုင်ကုမ္ပဏီ
အနေဖြင့် မိုင်းတွင်း အမြောက်အမြားကို လုပ်ကိုင်နေကြောင်း၊ အခြားကုမ္ပဏီများ အ
ပေါ်တွင်လည်း လွှမ်းမိုးချုပ်ကိုင်မှုများ ရှိသည်ကို တွေ့ရကြောင်းနှင့် ရောင်းချသည့် ပ
မာဏ အများဆုံး ကုမ္ပဏီလည်း ဖြစ်နေကြောင်း ဆိုသည်။ တတိယ အမျိုးအစား
ကုမ္ပဏီမှာ ထူးအုပ်စု၊ အေးရှားဝေါလ်နှင့် KBZ Group ကဲ့သို့သော ခရိုနီအုပ်စုကြီးများ
ဖြစ်ကြောင်း သိရသည်။
Global Witness အနေဖြင့် အကြံပြု ထောက်ခံသည့် အချက်မှာ အမေရိကန်အပြင်
မြန်မာနိုင်ငံ၏ အခြားသော လုပ်ငန်းဖက်များ အနေဖြင့် ပိတ်ဆို့မှုလျှော့ချရေး နှင့် အ
နာဂတ်အတွက် ထောက်ပံ့ကူညီမှုများအတွက် ကျောက်စိမ်းလုပ်ငန်းတွင် ပြုပြင်
ပြောင်းလဲမှုများကို စံသတ်မှတ်ချက်တစ်ခု အနေဖြင့် ထားရှိသင့်ကြောင်း၊ ယင်းသို့
လုပ်ဆောင်ရာတွင် ထိန်းချူပ်မှုနှင့် အကျိုးအမြတ်များကို ကချင်ပြည်နယ်နှင့် သာတူ
ညီမျှ ခွဲဝေသုံးစွဲရန် ဦးစားပေးသင့်ပြီး အကျိုးရလဒ်များအား ပြည်သူလူထုထံ တာဝန်
ခံရမည်ဖြစ်ကြောင်း ဆိုထားသည်။
Global Witness လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် မစ္စတာဂျူမန် ခတ်ဘာက" ဒီ
အစီရင်ခံစာမှာ နာမည်တပ် ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တွေအပေါ် အမေရိကန်က ပိတ်
ဆို့ထားတာတွေ၊ သယံဇာတ အရင်းအမြစ် ထုတ်ယူမှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေး
တွေမှာ အမေရိကန်က ဦးဆောင် ပါဝင်နေတာတွေက ကျောက်စိမ်းလုပ်ငန်းကနေ
စစ်တပ်၊ ခရိုနီ နဲ့မူးယစ်ရာဇာတွေကို ဆွဲထုတ်ဖို့ အမေရိကန်အတွက် ထူးခြားတဲ့ အ
ခြေအနေတစ်ရပ် ဖန်တီးပေးထားသလို ဖြစ်ပါတယ်။ နိုဝင်ဘာ ရွေးကောက်ပွဲကနေ
ထွက်လာမယ့် အစိုးရသစ်နဲ့ ပူးတွဲဆောင်ရွက်တဲ့အခါ ဒီအချက်ကို အမေရိကန်အနေ
နဲ့ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်တယ်" ဟု ဆိုထားသည်။
သတင်း - စိုင်းဟန်
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။