Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 24, 2015

ကျွန်မတို့ရဲ့ စိတ်ရှည်သည်းခံမှုတွေကို ဘယ်သူ့ဆီမှာ ပစ်ချခဲ့သလဲ



“ မအားသေးဘူး၊ ခဏနေမှလာပြော ” “ ခုနက ပြောလိုက်တယ်မဟုတ်လား ၊ အလုပ်လုပ်နေတယ် ခဏနေမှ ထပ်ဆက်”
“ မအားပါဘူးဆိုတာကို ဘာလို့ ခဏခဏဆက်နေတာလဲ ” အစရှိသဖြင့် လုပ်ငန်းခွင်ဝင်နေကြတဲ့ လူတွေတော်တော်များများမှာ ဖြစ်တတ်တဲ့ စိတ်မရှည်မှုတွေကြောင့် ကိုယ့်ရဲ့အရင်းနှီးဆုံးသူတွေ.. အထူးသဖြင့် ကိုယ့်ချစ်သူ၊ ကိုယ့်မိသားစုတွေရဲ့ စိတ်တွေကို ဘယ်လောက်တောင် ထိခိုက်စေခဲ့ ပြီးပြီလဲ ?


ကျွန်မတို့တွေအားလုံးဟာ သူစိမ်းတွေအပေါ်ဆို သဘောကောင်းစွာ ဆက်ဆံကာ စကားအပြောအဆိုကအစ ချိုသာသွားတတ်ပြီး သူစိမ်းမဟုတ်တဲ့ ကိုယ်ရင်းနှီးကျွမ်းဝင် သူတွေအပေါ်မှာဆို ဘာလို့ စကားကောင်းကောင်း မပြောနိုင်ကြတော့တာလဲ ?
ဒါဖြင့် ကျွန်မတို့ရဲ့ စိတ်ရှည်သည်းခံမှုတွေဟာ ဘယ်သူတွေကို ပေးပစ်လိုက်ကြတာလဲ ?
***
လူတွေဟာ မနက်ခင်း အလုပ်သွားတိုင်း မျက်နှာဖုံးလေးတစ်ခုကို တပ်ပြီး လုပ်ငန်းခွင်ထဲကို သွားလေ့ရှိကြပါတယ်။ အလုပ်ကနေ ပြန်ရောက်လာချိန်မှာတော့ တစ်နေ့လုံး တပ်ဆင်ခဲ့တဲ့ မျက်နှာဖုံးကို ဖြုတ်ပြီးမှ အိမ်ထဲကို ပြန်ဝင်လာကြတာများပါတယ်။
မနက်ခင်းတိုင်း မျက်နှာဖုံးတပ်လိုက်စဉ်မှာ ရိုးသားတဲ့သွင်ပြင်တစ်ခုနဲ့ အပြုံးချိုချိုလေးတွေနဲ့ လူတိုင်းကို ဆက်ဆံပြောဆိုနိုင်ကြပေမဲ့ အိမ်ရောက်လို့ ခြေကုန်လက်ပန်းကျချိန်မှာ မျက်နှာဖုံးကို ဖြုတ်ပြီး တစ်မနက်လုံးရှိခဲ့တဲ့ သွင်ပြင်တွေနဲ့ ဆန့်ကျင်ခြားနာစွာ အသက်မဲ့တဲ့ အမူအရာလေးတွေနဲ့ပဲ အိမ်သားတွေကို ဆက်ဆံနိုင်တော့ပါတယ်။
ပြီးရင် ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကိုလည်း ဆတ်ဆတ်ထိမခံနိုင်အောင် အိမ်သားတွေကို ဒေါသနဲ့ ပြန်လည်တုန့်ပြန်မိတဲ့ အခါတွေလည်း ရှိကြပါတယ်။ ကိုယ့်ရဲ့ဟန်ဆောင်မှုတွေကိုတော့ တစိမ်းတွေကို ပေးပစ်လိုက်ပြီး ၊ မူလသရုပ်မှန်တွေကိုတော့ ကျန်တဲ့ရင်းနှီးသူတွေကို ပေးလိုက်ကြပါတယ်။
အခုလိုဖြစ်ရပ်မျိုး ကိုယ်ကိုယ်တိုင်ရော ဖြစ်နေသလားလို့ စဉ်းစားကြည့်လိုက်ကြရအောင်။
***
အလုပ်မှာ အိုဗါတိုင်ဆင်းနေရတာပဲ ဖြစ်ဖြစ် ၊ အလုပ်များနေချိန်မှာပဲဖြစ်ဖြစ် အိမ်သားတစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ့်ချစ်သူ ၊ ကိုယ့်ခင်ပွန်း ၊ ကိုယ့်သားသမီးက ဖုန်းဆက်လာတဲ့အခါ ပိုပြီးစိတ်တိုမိကြပါတယ်။ ဖုန်း Screen ပေါ်မှာ သူတို့ရဲ့နံပါတ်ကို မြင်ရင် ပိုပြီးစိတ်တိုမိတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ဒေါသတွေဟာ သူတို့တွေကြောင့် သူတို့ကနှောင့်ယှက်တယ်လို့ ထင်လို့ဒေါသထွက်တာ မဟုတ်ပါဘူး။ တကယ်ဖြစ်ရတဲ့အကြောင်းအရင်းက ကိုယ့်ရဲ့အလုပ်တွေကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့မကျေနပ်မှုတွေ ကိုယ့်ရဲ့ဒေါသတွေကိုတော့ ကိုယ့်ရဲ့အလုပ်ပေါ်မှာ (သို့) ကိုယ့်ရဲ့အထက်လူကြီးပေါ်မှာ ဖေါ်ပြရင် ကိုယ့်အတွက်အကျိုးယုတ်မှာ ဖြစ်တဲ့အတွက် ကိုယ့်အနားက မထွက်ခွာသွားနိုင်လောက်တဲ့ အရင်းနှီးဆုံးသော သူတွေအပေါ်မှာပဲ ပုံချပစ်လိုက်ကြပါတယ်။ ဒီတော့ .. ဖုန်းလာတာနဲ့ “ ဒါပဲ ဒါပဲ ဒီမှာအလုပ်ရှုပ်နေတယ် ”ဆိုပြီး ဒေါသသံနဲ့ လက်စသတ်ပစ်လိုက်တတ်ကြပါတယ်။
ဒီတော့ တစ်ဘက်သားခမျာ ဘုမသိဘမသိ ကိုယ့်ကို ဂရုစိုက်ပြီး စိုးရိမ်စိတ်နဲ့ ဆက်လာတဲ့ဖုန်းဟာ ဒီလိုတုန့်ပြန်မှုမျိုးနဲ့ ကြုံတွေ့လိုက်ရတော့ မကျေမချမ်းဖြစ်ရတော့တာပေါ့။
တစ်ခေါက် ၊ နှစ်ခေါက် ၊ သုံးခေါက် အစရှိသဖြင့် သည်းခံနိုင်ကြပေမဲ့ ကြာလာတဲ့အခါ ကိုယ့်ရဲ့ဓါတ်တွေဟာလည်း သူ့အပေါ်ကို ကူးသွားပါတော့တယ်။
***
ရုံးဆင်းလို့ အိမ်ပြန်ရောက်ချိန်မှာ ထမင်းစားသောက်ပြီး အိမ်ရှေ့ဧည့်ခန်းမှာ ကိုယ်ကလက်ကိုင်ဖုန်းလေးကိုင်ပြီး အင်တာနက်ကို စိတ်ဝင်တစားသုံးနေတဲ့အခါ အိမ်သားတွေက တစ်နေကုန်မတွေ့ရတဲ့ ကိုယ်နဲ့ စကားပြောဖို့ရောက်လာတော့ “ ဒီမှာ သတင်းတွေဖတ်နေတယ် ၊ လာမရှုပ်နဲ့ ” လို့ ပြောဖူးကြပါလိမ့်မယ်။ ဖုန်းကိုအချိန်ပေးကြည့်လိုက်တော့ ဇာတ်ကြောတွေတောင့်ပြီး မျက်လုံးတွေစင်းလာတဲ့အခါ “ ဟာ အိပ်ချင်တယ် .. နောက်မှပြောတော့ ” လို့ မျက်နှာခပ်ပုပ်ပုပ်နဲ့ တစ်ဘက်သားမျက်နှာကို မော့တောင်မကြည့်ပဲ ပြောမိဖူးပါလိမ့်မယ်။
မနက်အိပ်ယာနိုးတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး အလုပ်သွားဖို့ အလောတကြီးအားသွန်ခွန်စိုက် လုပ်နေတဲ့အခါ စကားလာပြောရင်လည်း “ သွားတော့မယ် … သွားတော့မယ်… နောက်ကျရင် အဆဲခံနေရဦးမယ် ” အစရှိသဖြင့် ပြန်လည်တုန့်ပြန် စိတ်မရှည်စွာ ပြန်ပြောခဲ့ဖူးပါလိမ့်မယ်။
ဒီလုပ်ရပ်လေးတွေကို မသိလိုက်မသိဖါသာ လုပ်မိလိုက်ကြပေမဲ့ တော်တော်များများက နေ့ဓဒူဝဖြစ်နေကြတာဆိုတော့ သတိမထားမိကြပါဘူး ။ ပြင်ရကောင်းမှန်းလည်း မသိကြပါဘူး။
အိမ်ကလူတွေ ဘယ်ချိန်တွေ့တွေ့ ရှိနေမှာပဲ ဘယ်ချိန်ပြောပြော နောက်ကို အချိန်တွေအများကြီးကျန်သေးတာပဲလို့ပဲ တထစ်ချမှတ်ယူထားကြတာ များပါတယ်။
ဒီလိုစိတ်မရှည်တာလေးတွေ လျစ်လျူရှုမိတာလေးတွေကို ဘယ်ချိန်ကစတင်လိုက်မှန်းကို ကိုယ်ကိုယ်တိုင်တောင် သိလိုက်ကြမှာ မဟုတ်ပါဘူး။
တစ်နေ့တစ်နေ့ စိတ်ထဲမှာ တွေးတောမိတာက ဒီမိသားစုတွက် စားဝတ်နေရေးပြေလည်ဖို့အတွက် အလုပ်လုပ်ဖို့ ။
အိမ်သားတွေက စားဝတ်နေရးပြေလည်ပေမဲ့ သူတို့ရဲ့ အရင်းနှီးဆုံးသော အချစ်ခင်ရဆုံးသောသူကိုတော့ ဆုံးရှုံးလိုက်ရပါတယ်။
ကိုယ့်စကားကသာ ဘာရယ်မဟုတ်တာ ၊ ကိုယ်တိုင်သာ သတိမထားမိတာ ဘေးမှာရပ်ကြည့်နေသူတွေကတော့ ကောင်းကောင်းကြီးခံစားပြီး စိတ်မကောင်းဖြစ်ကြရပါတယ်။
ဒါပေမဲ့ ပြောချိန်မရှိ ၊ ကိုယ်ကလည်းပြောခွင့်မပေးတော့ မျိုသိပ်ပြီး အစိုင်ခဲတွေဖြစ်လာကြပါတယ်။
***
တစ်ခါတစ်လေ ကိုယ်က အလုပ်မှာ မပြေလည်လာလို့ ရင်းနှီးတွေအပေါ် ပုံချပြီး အော်မိတာရှိကြပါတယ်။ ဒါကို တစ်ဘက်လူက စိတ်မကောင်းဖြစ်တာပဲဖြစ်ဖြစ် စိတ်ဆိုးသွားလို့ပဲဖြစ်ဖြစ် ကိုယ်က မတောင်းပန်တဲ့အပြင် “ အချင်းချင်းတွေ .. ဒီလောက်ပြောတာလေးတောင် အထအနကောက်နေရင်တော့ ဖြစ်ချင်ရာဖြစ်” ဆိုပြီး မတောင်းပန်တဲ့အပြင် အပြစ်တင်ပြောမိရင်တော့ ဒါဟာနောက်ထပ် မသိမသာမှားနေတဲ့ အမှားယွင်းတစ်ခုဖြစ်နေပါပြီ။
သူစိမ်းက ကိုယ့်ကိုအော်ဟစ်ဆဲဆိုလိုက်ရင် တစ်ခဏတော့ ခံစားလိုက်ရပေမဲ့ ထင်သလောက် ဒဏ်ရာတွေမကျန်ရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ်ရင်းနှီးတဲ့ အထူးသဖြင့် ကိုယ်သံယောဇဉ်ဖြစ်ရတဲ့ သူက အလားတူအပြုမှုလုပ်ခဲ့ရင်တော့ အဆပေါင်းများစွာ ပိုနာပြီး ပိုမှတ်ထားမိကြပါလိမ့်မယ်။
ကိုယ်ရော သူ့နေရာမှာဆို ဒီလိုလုပ်ရပ်ကို ဒီလောက်ပြောတာလေး ဆိုပြီး လျစ်လျူရှု နားလည်ပေးလိုက်နိုင်မလား။ တစ်ခါ ၊ နှစ်ခါ ၊ သုံးခါ …. တော့ ရပါလိမ့်မယ်။ ဒါပေမဲ့ ကြာလာရင် အဖုထစ်တွေဟာ ပိုပိုပြီးများသွားပါပြီ။
ဒီလိုနဲ့ပဲ ကိုယ်နဲ့ဆက်ဆံဖို့ ကြောက်ရွံ စိတ်ရှုပ်ပြီး ကိုယ့်နားကလူတွေ တဖြည်းဖြည်းနဲ့ ဝေးကွာသွားတာကို တွေ့ရပါလိမ့်မယ်။
ဒီတော့မှ ကိုယ့်ရဲ့စိတ်ရှည်သည်းခံမှုတွေဟာ သူများတွက်ပေးပစ်ခဲ့လိုက်တာ တန်သလားလို့ ပြန်စဉ်းစားမိကြပါလိမ့်မယ်။
***
အပြင်လူတွေနဲ့ ဆက်ဆံတဲ့အခါ မရရအောင် စိတ်ရှည်ကြပေမဲ့ ဘာလို့ကိုယ့်ရင်းနှီးသူတွေ အပေါ်မှာတော့ စိတ်ကမရှည်ချင်ရတာလဲ ? ဒီလိုမေးခွန်းမေးလာတဲ့အခါ တော်တော်များများကတော့ “ ကျွန်တော်လည်း ဒီလိုလုပ်တာ မကောင်းမှန်းသိပါတယ်၊ ဒါပေမဲ့ ဘာလို့ဒီလိုပြောမိလိုက်မှန်းမသိဘူးဗျာ ” လို့ ပြန်ဖြေကြပါလိမ့်မယ်။ တစ်ချိ့ကျတော့ “ အကျင့်ပါနေပြီ ” လို့လည်း ပြန်ဖြေကြတာတွေလည်း ရှိပါတယ်။
***
သူတစ်ပါးမျက်လုံးထဲမှာရှိတဲ့ ကိုယ်ဟာ ပြီးပြည့်စုံလားဆိုတာ ကိုယ့်တွက်သူများရဲ့အမြင်ဟာ အရေးပါနေတဲ့အတွက် သူတို့တွက်ကိုယ်က ပြီးပြည်စုံပါတယ်လို့ ထင်ရအောင် ကိုယ့်ဘက်က စိတ်မရှည်ချင်လည်း ရှည်ချင်ယောင်ဆောင်ပြီး ပြောဆိုဆက်ဆံကြပါတယ်။ အပြင်ကလူတွေကို ပြောဆိုဆက်ဆံတာ အဆင်ပြေဖို့ အရေးမကြီးဘူးလားဆိုတော့ အရေးကြီးပါတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့အနားမှာ အစဉ်တစိုက် ကိုယ့်ကိုစိတ်ဝင်တစား ပြုစုစောင့်ရှောက်ပေးတဲ့သူတွေကို ပြောဆိုဆက်ဆံတာ အဆင်ပြေဖို့ ပိုပြီးတော့ အရေးကြီးပါတယ်။
ယခင်က ထင်ခဲ့သလို ကိုယ့်လူပဲ ဘယ်လိုဆက်ဆံဆက်ဆံ ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ စိတ်ကို လွှတ်ချလိုက်ပါ။
တကယ်လို့ ကိုယ်သာ ဒီလိုဆက်ဆံခံရရင် ခံနိုင်ရှိမလား စဉ်းစားကြည့်ပြီး ကိုယ့်ရဲ့ခံယူချက်တွေ လုပ်ခဲ့တာလေးတွေကို ပြန်လည်ဆယ်ယူပြီး ဖြည့်ဆည်းပြင်ဆင်လိုက်ပါ။
ကိုယ့်အနားမှာ နှစ်ရှည်လများ ဒဏ်ခံပြီး အဖေါ်ပြုပေးနေသူတွေဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ အိမ်ဆိုတာ ရုံးကပြန်လာတဲ့သူတွေအတွက် လေဒဏ်မိုးဒဏ်တွေကာကွယ် မိုးအုပ်ပေးထားတဲ့ အဆောက်အဦပါ။ မိသားစုဆိုတာ ထိုအိမ်လေး အသက်ဝင်လှပဖို့ ပါဝင်သရုပ်ဆောင်ကြရတဲ့ အဓိကဇာတ်ဆောင်တွေပါ။ သူငယ်ချင်းတွေ ၊ ချစ်သူတွေဆိုတာဟာလည်း ကိုယ့်ဘ၀လေး ပိုမိုပြည့်စုံသွားအောင် ထပ်မံပံ့ပိုးပေးတဲ့ လူတွေပါပဲ။
ဒီအိမ် ဒီလူတွေနဲ့ ဝေးကွာသွားပြီး တစ်ခဏသွားရောက် ခိုလှုံတဲ့နေရာက လူလောက် ဒီလိုတွေက တန်ဖိုးမရှိဘူးလား။ ခဏ၀င်ရောက်လာတဲ့ သူတွေက ကိုယ်နဲ့ ဘ၀ဆုံးတဲ့အထိ သေတူရှင်မကွာ ကိုယ့်မိသားစုတွေလို အဖေါ်ပြုနားလည်ပေးမှာလား သေချာစဉ်းစားကြည့်ပါ။
ကိုယ့်ရဲ့ ကောင်းခြင်း မကောင်းခြင်းတွေကို ကိုယ့်မိသားစုတွေကပဲ လက်ခံပေးရတာပါ။ အပြင်လူတွေက လက်မခံပေးနိုင်လို့သာ မျက်နှာဖုံးစွပ်ပြီး ဟန်ဆောင်မျက်နှာတွေနဲ့ သူတို့ကို ဆက်ဆံပြောဆိုနေရာတာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့အချိန်တွေ တော်တော်များများ ဖဲ့မပေးနိုင်ရင်တောင် ငါးမိနစ်လောက်လေးကို ဖုန်းပြောစဉ်မှာပဲဖြစ်ဖြစ် ၊ စကားပြောတဲ့နေရာမှာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်ပြန်ပြောပေးရင်ကိုပဲ တော်တော်လေးကို အဆင်ပြေနေပါပြီ။
ဒါကြောင့် မနက်ခင်း တပ်ဆင်သွားတဲ့ အပြုံးမျက်နှာဖုံးလေးတွေကို အိမ်ပြန်တဲ့အခါ တံခါးဝမှာ ချိတ်ခဲ့သလို အိမ်ထဲမ၀င်ခင် ကိုယ့်ရဲ့သောကတွေကိုလည်း အိမ်ရှေ့ကမြောင်းထဲမှာ အပြီးအပိုင်လွှင့်ပစ်ခဲ့ပါ။
လုပ်ငန်းခွင်ထဲက ဒေါသတွေဟာ အိမ်သားတွေကြောင့် ဖြစ်လာရတာမဟုတ်ဘူးဆိုရင် ပုံချပြီးဒေါသဖြေဖို့ မစဉ်းစားလိုက်ပါနဲ့။
ဒါမှမဟုတ်လည်း အိမ်အ၀င်ဝမှာ မှန်တစ်ချပ် ချိတ်ထားပါ။ အိမ်ထဲမ၀င်ခင် ထိုမှန်မှာပေါ်နေတဲ့ ကိုယ့်ရဲ့ပုံရိပ်ကိုကြည့်ပြီး တစ်နေ့မကျေနပ်ခဲ့သမျှကို ရင်ဖွင့်ပြီး အ၀ပြောခဲ့ပါ။ မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ရုပ်သွင်ကိုလည်း ပြောနေစဉ်အတွင်း အကဲခတ်ကြည့်ပါ။ ကိုယ်တောင်ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး စိတ်ညစ်ညူးရရင် သူများနေရာကနေလည်း ၀င်စဉ်းစားပြီး မြင်ကြည့်ပါ။ ခံစားကြည့်ပါ။
အားလုံး နားလည်သဘောက်ပေါက်သွားတဲ့အခါ အိမ်အပြန်ဝင်လာတဲ့အခါ ၊ ချစ်ခင်သူတွေနဲ့ ဆုံတွေ့တဲ့အခါ မျက်နှာဖုံးမပါတဲ့ အပြုံးအစစ်တွေနဲ့ နွေးထွေးစွာ ပြောဆိုဆက်ဆံနိုင်ကြပါစေ။
တစ်ခါတစ်လေလည်း စိတ်ရှည်သည်းခံခြင်းတွေကို တစ်ခြားသူစိမ်းဆီမှာ မအပ်ခဲ့ပါနဲ့ အိမ်အပြန်မှာ ပြန်လည်ကောက်ယူ ဆောင်ယူလာနိုင်ကြပါစေ။

Credit : မနုဿ ရဲ့ စာမျက်နှာလေးများ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B