Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 24, 2015

လက်တွဲဖော်ချစ်သူတွေ ဘာကြောင့် အချစ်ပေါ့ပြီး စိတ်ကုန်ကြတာလဲ


အချစ်စစ်နဲ့ချစ်ရတဲ့ ချစ်သူနှစ်ဦး တွေ့ဆုံပေါင်းစည်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ ယုံကြည်ချက်တွေတူညီပြီး အတွဲညီတဲ့အရည်အချင်းတွေပါ ရှိရမယ့်အပြင် အောင်မြင်မှုကို အတူလှမ်းနိုင်ဖို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်ဖို့လည်း လိုပါသေးတယ်။ ဒါကြောင့် အတွဲညီတဲ့လက်တွဲဖော်ဖြစ်ဖို့ ဆိုတာ ရေရှည်စီမံကိန်းတစ်ခုလိုပဲ အချိန်အများကြီးလိုအပ်ပါတယ်။


သိပ်ကိုချစ်ရတဲ့ချစ်သူနဲ့ ဖူးစာဆုံရတဲ့အခါ ဘ၀ဟာ စိတ်ချမ်းမြေ့ဖွယ်အတိပါပဲ။ ဘာမဆို အကြိုက်လည်းတူ၊ တစ်ယောက်ပြောတဲ့စကားကို အဆုံးမသတ်ခင်တည်းက တစ်ယောက်က သိနေတဲ့အထိ နားလည်မှုတွေ လျှံထွက်၊ သူမပါတဲ့ကိုယ့်ဘ၀ဆိုတာ မတွေးရဲလောက်အောင် လိုအပ်နေခဲ့တဲ့ ကာလလေးတွေပေါ့။ အရမ်းကို ကြည်နူးစရာကောင်းတဲ့အချိန်တွေကို နှစ်ပေါင်း အတော်ကြာတူတူဖြတ်သန်းခဲ့ပြီးနောက်မှာ ကြည်နူးဖွယ်ကာလလေးတွေ တဖြည်းဖြည်းနည်းလာတာဟာလည်း သဘာဝတစ်ခုပါပဲ။ ဒါပေမဲ့ ကြည်နူးစရာတွေ လုံးဝမရှိတော့တဲ့အထိ ဖြစ်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။

တကယ်တော့ အရမ်းချစ်ကြလို့ ရာသက်ပန်အတူနေဖို့ ရည်ရွယ်လက်ထပ်ခဲ့ကြတဲ့ လက်တွဲဖော် တွေကြား အချစ်တွေပေါ့ကုန်တာဟာ အကြောင်းရင်းများစွာ ရှိမှာပေမဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ တချို့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်ယောက်ကို တစ်ယောက် သဘောကျတဲ့အချက်တွေကို မေ့ကုန်ကြတယ်

ချစ်သူနှစ်ယောက် စတွေ့ကြတုန်းက သိပ်ကိုသဘောကျတဲ့အချက်တွေ ရှိခဲ့ကြမှာပါ။ ဥပမာ - ကောင်လေးရဲ့ သူများအပေါ်ကူညီတတ်တဲ့စိတ်ကို ကောင်မလေးက သဘောကျသလိုပဲ ကောင်မလေးရဲ့ကြင်နာတတ်မှုကို ကောင်လေးက သိပ်နှစ်သက်တာမျိုးပေါ့။ ကာလကြာရှည် တူတူနေခဲ့ကြပြီးနောက်မှာ သူ့ရဲ့ကောင်းတဲ့အချက်တွေကို အထူးတလည်သတိမထားမိတော့ပဲ မေ့ကုန်တာမျိုးဖြစ်တတ်တာမို့ သတိတရနဲ့ပြန်အစဖော်ပါ။ သူ့အကြောင်းမိတ်ဆွေတွေနဲ့ ပြောခြင်း၊ သူနဲ့အတူ ရှေးဟောင်းနှောင်းဖြစ်တွေပြောခြင်းဖြင့် အစဖော်လိုက်တဲ့အခါ သူ့ကို ကိုယ်နှစ်သက်သဘောကျခဲ့တဲ့ခံစားချက်ကို ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် အပိုင်တွက်ကြတယ်

တစ်ယောက်နဲ့တစ်ယောက် အတူနေကြတာ အတော်ကြာပြီဆိုတော့ သိပ်အလေးအနက်မထား တော့ဘူးပေါ့။ သူမကြိုက်တာကို သိသိကြီးနဲ့လုပ်လိုက်ပြီး နားလည်ပေးဖို့တောင်းဆိုတာတွေ၊ သူ့ရဲ့တောင်းဆိုချက်တွေကို စိတ်ဝင်တစားမလိုက်လျောတော့တာတွေ ရှိလာပြီပေါ့။ နည်းနည်းဆို သိပ်မသိသာပေမဲ့ များလာတဲ့အခါ အပြန်အလှန်ဆွေးနွေးဖို့တောင် ဘယ်ကစကားစရမှန်း မသိပဲ ဖြစ်တတ်ပါတယ်။ လက်တွဲဖော်အချင်းချင်း အရေးမပါသလို ဘေးချိတ်ထားပြီး တခြားသူတွေကို ဦးစားပေးနေတာနဲ့ပဲ အချိန်ကုန်ရင်း သူဟာကိုယ့်လူပဲလို့ အပိုင်တွက်တဲ့စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်နာကျင်အောင် လုပ်မိတတ်တဲ့အတွက် အသေးအဖွဲပဲဖြစ်ပါစေ၊ တောင်းပန်စကား ချီးကျူးစကားလေးတွေကို လိုအပ်ရင်ပြောပေးသင့်ပါတယ်။

ကြည်နူးပျော်ရွှင်စွာ အတူရယ်မောဖို့ မေ့သွားကြတယ်

အိမ်ထောင်သည်ဘ၀မှာ သားသမီးလေးတွေ ပွားစည်းလာတာနဲ့အမျှ ဘ၀အမောတွေလည်း တန်းစီပေါ်ထွက်လာခဲ့တာပါပဲ။ ဒီလိုနဲ့ပဲ မနက်အိပ်ရာအမြန်ထ၊ သားသမီးတွေကို ကျွေးမွေး၊ ငွေရှာဖို့အလုပ်ကိုပြေး၊ အလုပ်ကပြန်လာရင် ၀ုန်းဒိုင်းကြဲအိမ်သန့်ရှင်းရေးလုပ်ပြီး ညစာစား၊ ကလေးတွေကိုစာသင်ချော့သိပ်ပြီး အရမ်းကိုပင်ပန်းလို့ အိပ်ရာတန်းဝင်။ အဲလိုဘ၀ပုံစံတွေ နေ့စဉ်နဲ့အမျှ ဖြစ်လာတဲ့အခါ အိမ်ဆိုတာ ပျော်စရာမဟုတ်တော့သလိုဖြစ်လာတဲ့အတွက် အမျိုးသားအများစုက အပြင်ထွက်ကာ စိတ်ပြေလက်ပျောက်အေးဆေးနေချင်တတ်ပါတယ်။ သားသမီးသံယောဇဉ်ပိုကြီးပြီး အိမ်မှုကိစ္စတာဝန်ပိုများတဲ့ အမျိုးသမီးကတော့ အိမ်မှာကျန်ရစ် ခဲ့ရရင်း ခင်ပွန်းသည်ကိုစောင့်မျှော်ရင်း စိတ်တိုဒေါသထွက်လာတတ်ပါတယ်။ အဲဒီမှာ မပြေလည်မှုတွေစတင်လာတတ်ပြီး ကတောက်ကဆတ်တွေဖြစ်ကာ ကွဲကွာတဲ့အထိတောင် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးလက်ထပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ အတူကြည်နူးပျော်ရွှင်ခြင်းပန်းတိုင်ကို လုံးဝမမေ့လျော့သွားအောင် အချိန်လုပြီး အတူနေချိန်လေး တွေဖန်တီးကြစေချင်ပါတယ်။

တစ်လှေတည်းစီးဆိုတာ မေ့ကုန်ကြတယ်

လက်တွဲဖော်ရှိပြီဆိုကတည်းက ဘ၀ရဲ့အခက်အခဲတွေကို တစ်ကိုယ်တည်းဖြေရှင်းဖို့ မလိုတော့ပဲ တိုင်ပင်ဖော်တစ်ယောက်ရှိလာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ပါလား။ အထီးကျန်နေ့ရက်တွေ မရှိတော့ဘူးဆိုတဲ့ သဘောလည်း သက်ရောက်တာပဲ မဟုတ်လား။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတိုက်ဆိုင်တာတွေ ရှိလာရင်တောင် အားလုံးရဲ့အမြင်မှာရော တကယ့်လက်တွေ့ဘ၀မှာပါ ဇနီးမောင်နှံဆိုတာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့သူတွေပါပဲ။ ခင်ပွန်းရဲ့အကောင်းအဆိုးဟာ ဇနီးအပေါ် ရာနှုန်းပြည့် ရိုက်ခတ်မှုရှိသလိုပဲ ဇနီးရဲ့အကောင်းအဆိုးဟာလည်း ထိုနည်းတူပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်ကို အထီးကျန်ခံစားချက်ကို မဖြစ်စေပဲ အမြဲသတိတရ ဂရုစိုက်ကာကွယ်ဖေးမ ပေးသင့်ပါတယ်။

ငြင်းခုန်စရာတွေ ဖြစ်လာတဲ့အခါ အနိုင်လိုချင်စိတ်များလာကြတယ်

ပြဿနာတစ်ခုပေါ်ပေါက်လာတဲ့အခါ ဖြေရှင်းဖို့နည်းလမ်းကို ဇနီးမောင်နှံနှစ်ဦး ခေါင်းချင်းဆိုင်ဆွေးနွေးကြရတာပါပဲ။ အဲဒီအခါမှာ မတူညီတဲ့လူနှစ်ဦးမှာ မတူညီတဲ့ဖြေရှင်းနည်းတွေရှိနေကြမှာလည်း အသေအချာပါပဲ။ အဲဒီအခါမျိုးမှာ မိမိစကားသာ အတည်ဖြစ်ကြောင်း ငြင်းခုန်အော်ဟစ်မယ့်အစား အလျှော့ပေးကြည့်လိုက်ပါ။ တဘက်သားရဲ့အကြံဥာဏ်၊ အတွေးအခေါ်ကို လက်သင့်ခံပြီး စကားဝိုင်းကို ပိုမိုအေးဆေးစေပြီးမှ မိမိသဘောကိုလည်း တင်ပြကာ ပိုကောင်းတဲ့ဖြေရှင်းနည်း တစ်ခုကို တက်ညီလက်ညီရှာဖွေသင့်ပါတယ်။

ချစ်ကြောင်းပြသဖို့ မေ့သွားတတ်ကြတယ်

အချစ်ဟာ အရာအားလုံးထက် အရေးအကြီးဆုံးဆိုတာ လူတိုင်းအသိပါပဲ။ ချစ်သူဖြစ်ပြီးမှ လက်ထပ်ခဲ့ကြတာပဲ ချစ်တယ်ဆိုတာသိပြီးသားပဲလို့ လွယ်လွယ်မတွေးလိုက်ပါနဲ့။ ဦးနှောက်ထဲကသိနေပေမဲ့ မထိတွေ့တာကြာလာတဲ့အခါ ခံစားချက်တွေကို နှလုံးသားက မေ့သွားတတ်ပါတယ်။ ဒါကြောင့် အရင်က တဖွဖွပြောခဲ့တဲ့ချစ်စကားတွေ၊ ကြည်နူးစွာလှစ်ဟ ပြခဲ့တဲ့ ချစ်စဖွယ်အမူအယာတွေကို သိမ်းဆည်းမထားပဲ ပြန်လည်ဖော်ထုတ်ကြစေချင်ပါတယ်။

အိမ်ထောင်ရေးဆိုတာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်ပါတယ်။ တည်ဆောက်ထားတဲ့ အချစ်အိမ်လေး အသက်မဲ့မသွားဖို့ ဇနီးမောင်နှံနှစ်ယောက်လုံး လိုလားကြမှာ အသေအချာပါပဲ။ ဒါကြောင့် အမှတ်တမဲ့အပြုအမူတွေကြောင့် စိတ်ဝမ်းမကွဲအောင် နားလည်စွာတိုင်ပင်ရင်း လက်တွဲဖော်ချစ်သူတိုင်း ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့စွာ ရိုးမြေကျနေထိုင်သွားနိုင်ကြစေဖို့ လေးနက်စွာ ဆန္ဒပြုလိုက်ရပါတယ်။

Credit:Yangon Life

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။