Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 10, 2015

သောက်ဂရုမစိုက်သူများရဲ့ ခြေရာများကောက်ကြောင်း


သောက်ဂရုမစိုက်သူများရဲ့ ခြေရာများကောက်ကြောင်း
(Big Bag တို့ရဲ့ IDGAF)
---------------------------

Big Bag တို့အခွေအသစ်လုပ်နေတယ်ဆိုကတည်းက စိတ်ဝင်တစားနဲ့နားစွင့်နေခဲ့မိပါတယ်။ ဒရမ်မာအပြောင်းအလဲဟာ အခွေအသစ်အပေါ်မှာ ဘယ်လိုထူးခြားလာမလဲဆိုတာလဲ သိချင်နေခဲ့တယ်။ ဒါတွေထက်ပိုပြီး အရေးကြီးတာကတော့ ၂၀၁၅ မှာ Big Bag တို့ဘယ်လိုသီချင်းတွေ သီဆိုဖန်တီးထားကြသလဲဆိုတာပါပဲ။ ဒါက အရေးကြီးတယ်။ ပတ်ဝန်းကျင်ရိုက်ခတ်မှု၊ Big Bagတို့ရဲ့ ရင့်ကျက်လာမှု နဲ့ စိန်ခေါ်မှုအသစ်တွေကိုဘယ်လိုကိုင်တွယ်ကြသလဲဆိုတာတွေ။ တကယ်တမ်းစပြီးနားထောင်တော့ အဲဒီမေးခွန်းတွေ တခုမှ သတိမရပါဘူး။ သီချင်းကိုသီချင်းလိုပဲ နားထောင်မိခဲ့တယ်။

ပထမဆုံးသီချင်းက ညနက်နက်။ တေးရေးမွန်းဘွဲ့။ ဒီအခွေမှာ ကျားပေါက်ရေးတာဖြစ်ပြီး ဒီတပုဒ်ကတော့ ချွင်းချက်ပေါ့။ ပန့်ခ်ရော့ခ်သီချင်းကောင်းလေးတပုဒ်နဲ့ဖွင့်လိုက်ခြင်းပါပဲ။ စကားပြောသံလေးတွေကလဲ အထာကျလှတယ်။ ဂစ်တာ Riff, Bass, Drum, Vocal အဲဒီအစီအစဉ်အတိုင်းဝင်လာတယ်။ ခပ်သွက်သွက်တိုင်မင်နဲ့ ဒီသီချင်းဟာ အဖွင့်သီချင်းအတော်ပီသတယ်။ ပထမဆုံးသတိထားမိတာကတော့ တီးဝိုင်းရဲ့ Cohesiveness လို့ခေါ်တဲ့ တီးဝိုင်းတဝိုင်းရဲ့ ကျစ်လစ်ခိုင်မာမှုပါပဲ။ ဂစ်တာ၊ ဘေ့စ်၊ ဒရမ်၊ အဆိုတို့ဟာ သမမျှတတယ်။ ကျားပေါက်ရဲ့ အသံပါးနပ်မှုကို အတိုင်းသားမြင်တွေ့ရတယ်။ ပထမတပုဒ်နဲ့တင် Big Bag ပရိတ်သတ်ကြီးကျေနပ်သွားလိမ့်မယ်လို့ ထင်မြင်မိတယ်။

နောက်တပုဒ်ကတော့ Nobody Cares ဖြစ်ပါတယ်။ သီချင်းနားမထောင်သေးပဲ စာသားတွေဖတ်ကြည့်ရင်ကိုပဲ ကျားပေါက်ရဲ့ပြောင်းလဲရင့်ကျက်မှုကို အတိုင်းသားမြင်တွေ့ရပါလိမ့်မယ်။ (ပူလောင်နေတဲ့အသည်းက ပေါက်လျက်ကြီး။ နံရံတောင်လက်သီးနဲ့ ခင်သွားပြီး) ဆိုတဲ့စာသားလေးက ရိုးရှင်းပေမယ့် အတော်လေးလှတယ်။ Chorus ကို English ဘာသာနဲ့ရေးထားတယ်။ သီချင်းစာအုပ်ထဲမှာနဲ့ တကယ်ဆိုထားတာနဲ့ စကားလုံးလွှဲထားတာလေးတွေရှိတာက တမင်လုပ်ထားဟန်တူပါတယ်။ ဆဲထားဆိုထားတာလေးတွေကို စာအဖြစ်မတင်ချင်တာမျိုးလို့ ယူဆမိပါတယ်။

ဒီမှာမေးစရာရှိတာက English ဘာသာစကားနဲ့ သံပြိုင်အပိုဒ်ကိုဘာလို့ဆိုထားတာလဲပေါ့။ အဲဒီလိုမေးခွန်းမျိုးမေးတဲ့သူရှိနိုင်ပါတယ်။ ပြန်မေးလို့ရတာက ဘာဖြစ်လို့မဆိုစေချင်တာတုန်းပေါ့။ ခေတ်ရဲ့ရိုက်ခတ်မှုအထဲမှာ ဘာသာဗေဒအလှတရားလေးတွေ ပါလာတတ်ပါတယ်။ အထူးသဖြင့် ကျားပေါက်က ဘာသာစကား (၂) မျိုးပြောတတ်သူဖြစ်တော့ English ဘာသာစကားနဲ့အဆင်ပြေတဲ့ဟာမျိုးဆို သီချင်းထဲမှာထည့်ချင်ထည့်မှာပေါ့ဗျာ။ ဒါက သူ့သဘောကိုး။ ကျွန်တော်တို့ကြည့်ရမှာက အနုပညာအလှပိုအားကောင်းသွားသလားဆိုတာပါပဲ။ ပိုအားကောင်းသွားရင် ကြိုဆိုကြဖို့ပါပဲ။

တတိယအပုဒ်ဟာ လူလား။ Acoustic Guitar အသားပေးထားတဲ့ တန်ပိုအနှေးသီချင်းလေးဖြစ်ပါတယ်။ သတိထားမိတာတခုကတော့ Music Production အပိုင်းပါပဲ။ အတော်လေးသပ်ရပ်တယ်။ ဘေ့စ်ဂစ်တာအလုံးတွေကို ချစ်စဖွယ်ရှေ့တန်းတင်ထားတယ်

နောက်တပုဒ်က ခြောက်သွေ့ ဖြစ်ပါတယ်။ လူလား သီချင်းလိုပဲ အကူးစတစ်ဦးစားပေးပါတယ်။ plucking လုပ်ပြီးတီးတဲ့ ဟော်လိုဂစ်တာသံလေးနဲ့ရေးဖွဲ့ထားတော့ တယောက်တည်းထိုင်ဆွေးနေသူတယောက်ရဲ့ ခံစားချက်တွေကိုယ့်မှာ ကူးစက်လာရောပဲ။ မင်းမကြိုက်တဲ့ရုပ်ရှင်ကားတွေ အပြားလိုက်သေနေတယ် ဆိုတဲ့ဖွဲ့နွဲ့မှုက အတော်လေးရိုးရှင်းပြီး အားကောင်းမောင်းသန်ရှိလှတယ်

ခလုပ်ထိမှ လို့အမည်ပေးထားတဲ့သီချင်းဟာ နံပတ် (၅) ဖြစ်ပါတယ်။ အခွေထဲမှာ အကြိုက်ဆုံးပါပဲ။ Big Bag တို့ရဲ့ဖန်တီးမှု၊ အရဲစွန့်စိန်ခေါ်မှုတွေ အထွဋ်အထိပ်ရောက်ခဲ့တယ်။ လိုက်ဖ်ရှိုးတွေမှာ အရှင်လတ်လတ်ကြည့်လိုက်ရရင် သွေးတွေပွက်ပွက်ဆူထွက်သွားနိုင်တယ်။ အင်ထရိုမှာ ဝင်လာတဲ့ guitar riff ကအားအင်အပြည့်နဲ့။ သီချင်းစာသားနဲ့ ကွက်တိပဲ။ Chorus မှာ တစ်၊ နှစ်၊ သုံး လို့နောက်ကနေအော်ထားတာလေးနဲ့ ပရိတ်သတ်နဲ့ ကွက်တိဖြစ်မှာ အသေအချာပဲ။ ဒီသီချင်းမှာ ကျားပေါက်ရဲ့သီချင်းဆိုသံကို အကြိုက်ဆုံးပဲ။ အားအရဆုံးပဲ။ (ဒီသီချင်းအကြောင်းရေးရရင် စာမျက်နှာ ၂၀ လောက်ဖြစ်တော့မယ်)

ဝေးသွားလဲသီချင်းဟာ ခပ်ဆူဆူသီချင်းတပုဒ်ဖြစ်တဲ့ ခလုပ်ထိမှ သီချင်းနဲ့မတူပဲ ခပ်အေးအေးသီချင်းတပုဒ်ဖြစ်ပါတယ်။ Big Bag တို့ဟာ အကူးစတစ်စတိုင်လ်တွေ အတော်လေးကြိုက်ကြဟန်တူပါတယ်

ခေါင်းစဉ်တင်ထားတဲ့သီချင်းက အခုမှလာပါတယ်။ IDGAF (I don't give a fuck ရဲ့ အတိုကောက်)။ မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရရင် သောက်ဂရုလုံးဝမစိုက် လို့ပြန်ချင်ပါတယ်။ IDGAF ဆိုတဲ့စကားလုံးကို သီချင်းစာသားတွေထဲမှာ တိုက်ရိုက်သုံးမထားပေမယ့် မြန်မာလိုအနက်ဆင်တူတွေကို အတိုင်းသားကြားရပါတယ်။ ပွင့်လင်းတဲ့ခေတ်ကြီးမှာ စောက်ချင်းစောက်ထပ်နေပေမယ့် သူ့ဒေါသနဲ့ သူ့ပြောချင်တဲ့အကြောင်းအချင်းကတောင်းဆိုလာတော့လဲ ရှောင်ရှားဖို့လိုမယ်မထင်တော့ပါဘူး။

နောက်ဆုံးတပုဒ်ကတော့ Go play the fucking video games လို့အမည်ရပါတယ်။ နောက်ဆုံးပိတ်သီချင်းလေးဟာ အကူးစတစ်ဦးစားပေးသီချင်းအနှေးဖြစ်ပါတယ်။ သီချင်းဖွဲ့စည်းမှုဟာ လွမ်းဆွတ်မှုအစိုင်အခဲကို ထပ်ဟပ်စေတယ်။ ထူးခြားမှုတခုအနေနဲ့ပြောရရင် ကျားပေါက်ရဲ့သီချင်းစာသားတွေဟာ အတော်ကြီးရင့်ကျက်လာတာပါပဲ။ ဥပမာ - ရင်ခွင်တစုံဟာ ကယ်သူမဲ့။ အရာရာဟာ အေးစက်စက်နဲ့ ပူနွေးဆဲ။ အဲဒီစာသားလေးဟာ တွေးကြည့်လေ ပိုလှလေပါပဲ။ သံစဉ်တွေသာမပါခဲ့ရင် အတိတ်ကချစ်သူအကြောင်းတခုတ်တရရေးထားတဲ့ ကဗျာလေးလို့ထင်မိကောင်းထင်မိပါလိမ့်မယ်။ အဲတခုတော့ရှိတယ်။ Go play the fucking video games ဆိုတဲ့ခေါင်းစဉ်နဲ့စာသားကိုတော့ ကျားပေါက်ကိုသာ မေးကြည့်ဗျာ။

IDGAF အခွေဟာ Big Bag တို့တသက်လုံးဂုဏ်ယူသင့်တဲ့သူတို့ရဲ့ သမိုင်းမှတ်တိုင်တတိုင်ဖြစ်ပါတယ်။ ဂီတအသစ်တွေကိုချဉ်းကပ်ထားမှုတွေမှာ အားရဖို့ကောင်းတယ်။ မူလလမ်းကြောင်းကနေသွေဖီတာမျိုးမဟုတ်ပဲ လက်ရှိလမ်းကြောင်းကနေပြီး ခေတ်ရဲ့ရိုက်ခတ်မှုတွေနဲ့တိုက်ရိုက်အချိုးကျကျ ဖန်တီးထားခြင်းဖြစ်သမို့ ပရိတ်သတ်လဲ ကျေနပ်အားရလိမ့်မယ်လို့ ထင်မြင်ယူဆမိပါကြောင်း။

ခင်တဲ့
ကိုဝီ

Credit - Scorpion Soup For Soul

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။