ပြောင်းလဲနေပြီလို့ ယူဆပြီး ဘုရားဝင်းပေါက်မှာ
ဖိနပ်မချွတ်မိစေနဲ့။
အခိုးခံရမယ်။
ပြောင်းလဲနေပြီလို့ ယူဆပြီး လမ်းလယ်ကျွန်း ပန်းအိုးအလှမထားနဲ့။
အခိုးခံရမယ်။
ပြောင်းလဲနေပြီလို့ ယူဆပြီး ရေချမ်းစင် အဖုံးနဲ့
ရေခွက် အကောင်းမထားနဲ့။
အခိုးခံရမယ်။
ပြောင်းလဲနေပြီလို့ ယူဆပြီး ရဲစခန်းထောက်ခံစာ
လက်ဗလာမသွားနဲ့။
နောက်နေ့ပြန်လာဘို့ ပြောလိမ့်မယ်။
ပြောင်းလဲနေပြီလို့ ယူဆပြီး မှတ်ပုံတင်ရုံး ပိုက်ဆံ
မပါပဲ မသွားနဲ့။
အအော်ခံရတတ်တယ်။
ပြောင်းလဲနေပြီလို့ ယူဆပြီး အစိုးရရုံးတွေ မနက်
၉ နာရီမသွားနဲ့။
၁၀ ကျော်မှ လာဘို့ ပြန်ချိန်းလိမ့်မယ်။
ပြောင်းလဲနေပြီလို့ ယူဆပြီး လျှောက်လွှာတင်ပြီး
အလုပ်မလျှောက်နဲ့။
အမျိုးမတော် အကပ်မတော်ရင် မရဘူး။
ပြောင်းလဲနေပြီလို့ ယူဆပြီး အမှန်သိပ်မပြောနဲ့။
အငြိုငြင်ခံရ အဖမ်းခံရတတ်တယ်။
Oိာန်!!
Ma Ma May
===========

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။