မန္တလေးကဗျာ
တက္ကသိုလ်ဟာ ပန်းခြံဖြစ်သွားတဲ့အခါ
ဖြူနီစပ်တွေဟာ
ဒို့မြို့ကို
သေနတ်တစ်ချက်မဖောက်ရဘဲ
သိမ်းပိုက်သွားတယ် ။
မြင်လေရာရာ မှားယွင်းမှု့တွေနဲ့
အရိုင်းဆန်တဲ့မြို့ဟာ
တစ်ချိန်က ယဉ်ကျေးမှု့မြို့တော်တဲ့လား ။
မဟာဆန် ဂန္တဝင်ဆန်
နန်းဆန်တဲ့မြို့အဖြစ်ကနေ
နောက် ဘာဆန်လာဦးမှာလဲ။
ကြာဖြူ ကြာနီတွေနဲ့
ပနံရတဲ့ ကျုံးရေပြင်
ပေါင်တို ပေါင်ညိုတွေနဲ့
အရိုင်းဆန်တဲ့ ကျုံးရေပြင် ။
ယဉ်ကျေးမှု့မြို့တော်မှသည်
လုယက်မှု့မြို့တော်ဆီသို့
တစ်စတစ်စ တိုးတက်ဖြစ်ထွန်းနေတဲ့
ဟင်္သာတို့ရဲ့ နန်းတော်ရှေ့။
လွမ်းမိတယ် တစ်ချိန်က
ရိုးရိုးယဉ်ယဉ် မန္တလေး
ပြန်မရနိုင်မှန်းသိလျှက်နဲ့
ကျွန်မဟာ အရူးတစ်ယောက်လို
အဲ့ဒီမြို့လေးကို
ဂန္တဝင်ဆန်စေချင်တုန်းပဲ ။
ခိုင်ဇင် မန္တလေး
Photo - Bug Lab (B.H.G)
တက္ကသိုလ်ဟာ ပန်းခြံဖြစ်သွားတဲ့အခါ
ဖြူနီစပ်တွေဟာ
ဒို့မြို့ကို
သေနတ်တစ်ချက်မဖောက်ရဘဲ
သိမ်းပိုက်သွားတယ် ။
မြင်လေရာရာ မှားယွင်းမှု့တွေနဲ့
အရိုင်းဆန်တဲ့မြို့ဟာ
တစ်ချိန်က ယဉ်ကျေးမှု့မြို့တော်တဲ့လား
မဟာဆန် ဂန္တဝင်ဆန်
နန်းဆန်တဲ့မြို့အဖြစ်ကနေ
နောက် ဘာဆန်လာဦးမှာလဲ။
ကြာဖြူ ကြာနီတွေနဲ့
ပနံရတဲ့ ကျုံးရေပြင်
ပေါင်တို ပေါင်ညိုတွေနဲ့
အရိုင်းဆန်တဲ့ ကျုံးရေပြင် ။
ယဉ်ကျေးမှု့မြို့တော်မှသည်
လုယက်မှု့မြို့တော်ဆီသို့
တစ်စတစ်စ တိုးတက်ဖြစ်ထွန်းနေတဲ့
ဟင်္သာတို့ရဲ့ နန်းတော်ရှေ့။
လွမ်းမိတယ် တစ်ချိန်က
ရိုးရိုးယဉ်ယဉ် မန္တလေး
ပြန်မရနိုင်မှန်းသိလျှက်နဲ့
ကျွန်မဟာ အရူးတစ်ယောက်လို
အဲ့ဒီမြို့လေးကို
ဂန္တဝင်ဆန်စေချင်တုန်းပဲ ။
ခိုင်ဇင် မန္တလေး
Photo - Bug Lab (B.H.G)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။