ရောခ့်ဂီတ အပိုင်းအစများ
…………………………………………
ရောခ့်အင်ရိုး ဂီတရဲ့ ဂျင်းနရေးရှင်းပေါင်းစပ်မှု
များ အပြင်ထန်ဆုံးပေါက်ကွဲခဲ့ခြင်း (၁၉၈၀ - ၁၉၉၀)
…………………………………………………………………… ………
လက်ရှိ ရောခ့်ဂီတရဲ့ အရေးအပါးဆုံး နဲ့ လွှမ်းမိုး မှုအများဆုံးလို့ပြောရမယ့် ဂီတဂျင်းနေရရှင်း ပေါင်းစပ်မှုများ စတင်လာခဲ့ တဲ့အချိန်ပဲဖြစ်သလို glam မက်တယ်လ် (သို့) hair မက်တယ်လ် ဝိုင်းများ, ပန့် ရောခ့်ဂီတရဲ့ ဆန်းသစ်မှုနဲ့အတူ ပါဝါပြည့် hardcore punk ရောခ့် ပုံစံတွေ, ရောခ့်ဂီတ ရဲ့ အကြမ်းရမ်း ဆုံးမျိုးစိတ်ဖြစ်တဲ့ Extreme မက်တယ်လ် ဝိုင်းများ, ဂျင်နရေးရှင်း တံဆိပ်ကပ်ဖို့ ခက်ခဲတဲ့ ပေါင်းစပ်မှုများနဲ့ရောခ့်တီးဝိုင်း များကို အော်တာနေးတစ်ရောခ့် များအဖြစ် တံဆိပ်ကပ်လာ ခဲ့သလို rap ဂီတရဲ့ စတင်အောင်မြင်လာခဲ့ မှုများ ကြောင့် rap နဲ့ ရောခ့် ဂီတ ပေါင်းစပ်မှု ပုံစံများဟာ အဲဒီအချိန်မှာ စတင်လာခဲ့တာပဲဖြစ်ပါတယ်။
glam မက်တယ်လ်(သို့) hair မက်တယ်လ်ဝိုင်းများ
…………………………………………………………………… …………
ဒီဝိုင်းများရဲ့ အထူးခြားဆုံးကတော့ ကျွန်တော် တို့ဆီမှာ အရင်းနှီးဆုံး ဖြစ်ခဲ့သလို ဒီတီးဝိုင်းတွေ ရဲ့ သီချင်းအများစုကို ကျွန်တော် တို့ဆီက ရောခ့်အဆို တော်ပေါင်းများစွာဟာ ပြန်ဆိုပေးခဲ့ကြတာဖြစ်ခဲ့ ပြီး သီချင်းအများစုဟာလည်း လူသိများအောင်မြင်ခဲ့ ကြတာပဲဖြစ်ပါတယ်။
အထူးသဖြစ် ဒီမျိုးဆက်သစ် ရောခ့်ဝိုင်းတွေဟာ ဂျင်နရေးရှင်း ပေါင်းစပ်မှုများနဲ့ ပုံစံသစ်တစ်ခုကို ဖန်တီးလာခဲ့ပြန်ပါတယ်။ ဆံပင်ရှည်ရှည်, ရုပ်ဖြောင့်ဖြောင့်, ခပ်ကြမ်းကြမ်းစရိုက်များနဲ့ မူးယစ်ဆေးဝါး, လိင်ဆွဲဆောင်မှု, စတဲ့ပုံရိပ်တွေဟာ သူတို့ရဲ့ စတိုင်တစ်ခုဖြစ်နေခဲ့သလို အဲဒီခေတ်ရဲ့ လူငယ်လူရွယ် များစွာပေါ်မှာ လွှမ်းမိုးနိုင်လွန်း ခဲ့ပြီး ရောခ့်ဂီတရဲ့ ခပ်ဆိုးဆိုး ရွှေမင်းသားများအဖြစ် လွှမ်းမိုးထားခဲ့ကြပါတယ်။
သူတို့ရဲ့ အစောပိုင်း အချိန်တွေကို အရင်အပိုင်း အစမှာ ပြောထားခဲ့ပြီးပါပြီ ၇၀' ၈၀' အစောပိုင်း မှာ ဦးဆောင်ခဲ့သူတွေ ဖြစ်တဲ့ Aerosmith, Kiss,
Alice Cooper, Van Halen, Def Leppard နဲ့ glam ပန့် ဝိုင်းတွေဖြစ်တဲ့ New York Dolls, T. Rex တို့ပဲဖြစ်ပြီး သူတို့ဟာ ဒီမျိုးဆက်ရဲ့ဦးဆောင်သူများ ဖြစ်ခဲ့သလို ၈၀' အစောပိုင်းမှာတော့ မိပ်ကပ်တွေ, နုတ်ခမ်းနီတွေ ဆိုးပြီး အမျိုးသမီးအဝတ်အစားမကျ တစ်ကျ ပုံစံ တောက်တောက်ပြောင်ပြောင်
တွေကြောင့် အဲဒီခေတ် ရဲ့ လူကြီးမိဘ တွေနဲ့ အကြီးအကျယ် ပြဿ နာဖြစ်ခဲ့ဖူးတဲ့ Twisted Sister, နောက်ထပ် Motley Crue, Night Ranger, Dokken, Kix တို့အပြင် Ozzy ရဲ့ ဂန္တဝင် ဂစ်တာသမား Randy Rhoads စတင်ဦးဆောင်ခဲ့တဲ့ Quiet Riot တိုဟာ အစောပိုင်းမြင်ကွင်းပဲဖြစ်ပါတယ်။
သူတို့ရဲ့ အရှိန်အမြင့်ဆုံးလို့ပြောရမ ယ့် ၈၃ ဝန်းကျင် အလယ်ပိုင်းလောက်မှာတော့ Bon Jovi, Ratt, Back 'n Blue, Great White, Europe, W.A.S.P စတဲ့ ဝိုင်းတွေရဲ့ အယ်ဘမ် တွေနဲ့ အတူ သူတို့ရဲ့ အအောင်မြင်ဆုံးအချိန်တွေကို စတင်ဖန်တီး လာခဲ့ကြပါတယ်။ ၈၅' ဝန်းကျင်မှာတော့ ခင်ဗျားတို့အားလုံး သိထားကြတဲ့ Guns 'n Roses, L.A Guns, Poison, Skid Row, Cinderella, White Lion, Tesla, Winger, Warrant စသဖြစ်ပေါ့ဗျာ ရေးမယ် ဆိုရင် အများကြီးပဲဖြစ်နေမှာ ပါ။ ဒီဝိုင်းတွေရဲ့ အယ်ဘမ် တွေရဲ့ရောင်းအားတွေဟာ ပလက်တီနမ် တန်းဝင်တွေဖြစ်ခဲ့ပြီး Bon Jovi, Guns 'N Roses နဲ့ Def Leppard တို့ရဲ့ ဓတ်ပြား ရောင်းအားတွေဟာ သမိုင်း မှတ်တိုင်ပါ တင်ထားနိုင်ခဲ့ကြပါတယ်။
ဒီတီးဝိုင်းတွေကို အဲဒီအချိန်က glam (သို့) hair မက်တယ်လ် ဝိုင်းများအဖြစ် တံဆိပ်ကပ်လိုက်ကြ ပေမယ့် သူတို့ဟာ တစ်ပုံစံထဲတွေတော့မဟုတ်ခဲ့ ပါဘူး။ သူတို့အားသန်သလို ပေါင်းစပ် ခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့တွေကို အားလုံးရင်နှီးလွန်းခဲ့ကြပြီးသားတွေမို့ သိပ်ရေး ဖို့ မလိုလောက်တော့ပါဘူး။ ပေ့ခ်ျ မှာလည်း အလျင်းသင့် သလိုတင်ပေးနေကြပဲဖြစ်ပါတယ်။
ပန့်ရောခ့် ဂီတရဲ့ ဆန်းသစ်မှုများနဲ့ hardcore punk ရောခ့်ဂီတရဲ့ ပြောင်းလဲမှုများ
…………………………………………………………………… …………
ရောခ့်ဂီတမှာ ပန့်ရောခ့် ပုံစံဟာ အမြဲတမ်းလိုလို အရေးပါခဲ့ပါတယ်။ အဲဒီအချိန်တွေ မှာတော့ အခု ရောခ့်မြင်ကွင်း အတွက် အရေးပါဆုံးပုံစံများရဲ့ အစဦးပိုင်း များအပြင် သူတို့ဟာ Extreme မက်တယ်လ် တွေအတွက်ပါ အရေးပါနေခဲ့ပြန်ပါ တယ်။ အဲဒါကိုအော်တာနေးတစ်, grunge, thrash, grindcore အခုလက်ရှိ metalcore, deathcore, thrashcore, rapcore, စသဖြစ် မျိုးဆက်သစ် တွေကိုသာ မြင်ကြည့်ပါ။
hardcore ပန့်ဟာ ၇၀ အကုန်ပိုင်းတွေမှာထဲက အားယူလာနေခဲ့ပါပြီ အဲဒီအစောပိုင်းတွေမှာ D.O.A တို့ဟာ အစောပိုင်းအဖြစ် သတ်မှတ်ထားခဲ့သလို သူတို့ရဲ့ Something Better Change(1980) နဲ့ Hardcore 81'(1981) အယ်ဘမ် တွေကိုခင်ဗျားတို့ နားထောင်ကြည့်ပါ။ နောက်ထပ် Metallica တို့ cover ပြန်လုပ်ထားတဲ့ Dischsrge တီးဝိုင်းရဲ့ Why! (1981) အယ်ဘမ် , လူမည်းတွေနဲ့ ဖွဲစည်း ထားတဲ့ Bad Brain တို့ဟာဦးဆောင် သူတွေပါ။ ဒီလိုပဲ Glan Danzing ဦးဆောင်ခဲ့တဲ့ The Misfits, Black Flag, Husker Du, The Damned တို့ဟာ လည်း ဦးဆောင်သူတွေပါပဲ။
ဒီတီးဝိုင်းတွေဟာ စစ်သားတွေစီးတဲ့ combat boots တွေ canvas, အားကစားဖိနပ်တွေနဲ့ ကတုံးပုံစံ ဘေးအပြောင်တွေ တီရှပ် (သို့) ဖလန်ထည် တွေအပြင် သူတို့ရဲ့ ရိုးပွဲတွေမှာ စင်ပေါ်က ဒိုင်ဗင် ပစ်ချ တာတွေ slam dancing (သို့) mosh လို့ပြောရမယ့် လူချင်းတိုက်ကြတာတွေဟာ အဲဒီအချိန်ထဲက သူတို့ရဲ့ ပုံစံတွေလိုဖြစ်နေခဲ့တာပါ။
ရောခ့်ဂီတရဲ့ အကြမ်းတမ်းဆုံး Extreme မက်တယ်လ် မျိုးဆက် များ စတင်လာခဲ့ခြင်း
…………………………………………………………………
Extreme မက်တယ်လ် မျိုးဆက်တွေဟာလည်း တစ်ချိန်ထဲလိုလို ရှေ့ဆင့်နောက်ဆင့် အချင်းချင်း ဆက်စပ်မှုတွေ နဲ့ အတူ လက်ရှိ ရောခ့်မြင်ကွင်း ရဲ့ အရေးအပါဆုံး ဖြစ်တဲ့ မက်တယ်လ် ဂီတရဲ့ အခြေအုတ်မြစ်ချ ပေးခဲ့ကြပါတယ်။ ၈၀ အစောပိုင်းတွေမှာ glam တွေရဲ့ အားကောင်းလွန်းမူကြောင့် မြေအောက်တွေ မှာ စတင်လှုပ်ရှားနေခဲ့ကြတဲ့ မျိုးဆက်တွေရှိပါတယ်။ ဒီတီးဝိုင်းတွေဟာ NWOBHM ရဲ့ ဝိုင်းတွေဖြစ်တဲ့ Venom, Reaven တို့ အပြင် Judas, Accept တို့ရဲ့ ပုံစံတွေ နဲ့ အင်အားအပြင်းထန်ဆုံး ဂစ်တာ riffs တွေရယ် ပါဝါပြည့် hardcore ပန့်ရဲ့ အငွေ့အသက်တွေနဲ့ ဒရမ်ရိုက်ချက်တွေ ကိုပေါင်း စပ်လာခဲ့ကြပြီး black, thrash, speed, death, doom မက်တယ်လ် ပုံစံများအဖြစ် Extreme
မျိုးဆက်ကို စတင်လာခဲ့ပါတယ်။
၈၁ လောက်ထဲက us မြေအောက်တွေမှာ ကျင်လည်နေခဲ့တဲ့ metallica နဲ့ slayer တို့ဟာ သူတို့ရဲ့ ပွဲဦးထွက် အယ်ဘမ် တွေဖြစ်တဲ့ Kill 'Em All (1983), Show No Mercy (1983) တို့ဟာတစ်နှစ်ထဲမှာ ထွက်ရှိလာခဲ့သလို black နဲ့ death မက်တယ်လ် ဦးဆောင်တွေဖြစ်တဲ့ ဥရောပ က Celtic Frost (အရင် Hellhammer), Mercyful Fate Venom, Bathory တို့ဟာလည်း အယ်ဘမ် တွေထွက်ရှိလာခဲ့ကြ ပြီးနာက်ပိုင်းမှာ thrash ရဲ့ ကြီးလေးကြီးထဲက Anthrax, Megadeth တို့ ပါ အယ်ဘမ်တွေထွက်လာခဲ့ပါတယ်။
Death မက်တယ်လ် ရဲ့ အစောဦးပိုင်း အယ်ဘမ် အဖြစ် ပြောလေ့ရှိတဲ့ Possessed တို့ရဲ့ Seven Churches ဟာ ၈၅' လောက်မှာ ထွက်ရှိခဲ့တယ် ဆိုပေမယ့် အများစု ကတော့ ၈၇' မှာ ထွက်ရှိခဲ့တဲ့ Death တို့ရဲ့ Scream Bloody Gore ကို ပထမဦးဆုံး death မက်တယ်လ်အယ်ဘမ် အဖြစ်ပြောခဲ့ကြပါတယ်။ ဒီအယ်ဘမ်နှစ်ချပ်ဟာ ခေတ်အနေအထားအရ အပြင်းထန်ဆုံး ဂစ်တာ riffs တွေနဲ့ ဖြစ်နေခဲ့ပြီး Possessed တိုဟာ thrash ဘက် အနည်းငယ် သွားနေခဲ့တာတော့ အမှန်ပဲဖြစ် မယ်ထင်ပါတယ်။ Death တို့ရဲ့ ဒီအယ်ဘမ် ထဲက ကအဖွင့်သီချင်း ဖြစ်တဲ့ Infernal Death ရဲ့ အင်တိုမှာ စဝင်လာတဲ့ Die ဆိုပြီး ပထမတစ်ခေါက်မှာ deep growled နဲ့ ဒုတိယတစ်ခေါက်မှာ Die ကို Screamed လုပ်ဆိုသွားတာဟာ လက်ရှိ မျိုးဆက် တွေအတွက် ပေါင်းစပ်ဖို့ တံခါးဖွင့်ပေး ခဲ့တာပဲဖြစ်ပါလိမ့်မယ်။
အဲဒီနောက်ပိုင်းမှာတော့ Obituary, Morbid Angel, Sepultura , Cannibal Cropse တို့ grindcore အစဦးပိုင်းတွေဖြစ်တဲ့ Napalm Death, Carcass, Speed နဲ့ thrash ဝိုင်းတွေဖြစ်တဲ့ Kreator,Sadus, Exodus, Drestruction, Testament, Overkill တို့ဟာ အဲဒီအချိန်ရဲ့ ဦးဆောင် သူများပါ။ thrash နဲ့ punk ပေါင်းထားတဲ့ Suicidal Tendencies တို့ဟာလည်း ချန်ထားခဲ့လို့မရတဲ့ ဆန်းသစ်မှုတွေပဲဖြစ်ပါတယ်။ သတိထားကြည့်ရင် thrash ရဲ့ ကြီးလေးကြီး ဖြစ်တဲ့ metallica, Slayer, Megadeth, Anthrax တို့အပြင် Overkill တို့ဟာ punk ရောခ့် ဦးဆောင်ဝိုင်းတွေဖြစ်တဲ့ Ramones, Discharge, The Misfits, The Stooges, Sex Pistols, Killing Joke တို့ရဲ့သီချင်းတွေ ကို တစ်လေးတစ်စား ပြန်ဆို ပေးခဲ့ကြဖူးပါတယ်။ဒါဟာ ရောခ့်ဂီတ ရဲ့ ဆက်စပ်မှုတွေ ပဲဖြစ်ပါတယ်။
ရောခ့်ဂီတနဲ့ Rap တို့ရဲ့ အစဦးပိုင်းပေါင်းစပ်မှုများ
…………………………………………………………………… …………
ခင်ဗျားတို့ Kiss ရဲ့ ၈၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Lick It Up အယ်ဘမ် ထဲက All Hell's Breakin Loose ကိုနားထောင်ကြည့်ပါ ဒါဟာအစောဦးပိုင်းဖြစ်
နိုင်ပါတယ်။ အဲဒီနောက်ပိုင်း Aerosmith နဲ့ Run D.M.C တို့ရဲ့ Walk This Way (1986) နဲ့ Anthrax နဲ့ rap ဂီတရဲ့ ဂန္တဝင် လို့ပြောရမယ့် Public Enemy တို့ရဲ့ Bring the Noise (1987) နောက်တစ်နှစ်မှာပဲ Anthrax က Scott Ian ဝင်တီးပေးထားတဲ့ ဂစ်တာ riffs တွေနဲ့ public enemy တို့ရဲ့ It takes a nation of millions to hold us (1988) တို့ဟာ အောင်မြင်ခဲ့တဲ့ rap rock ပေါင်းစပ်မှုတွေပါ။
ဒါဆိုရင် Guns 'N Roses ဟာလည်း သူတို့ရဲ့ Use Your Illusion ll ထဲမှာ My World သီချင်းကို Axl လည်း ဆိုခဲ့ပါသေးတယ် အဲဒီအတွက် ဝိုင်းသားတွေနဲ ပြဿ နာဖြစ်ခဲ့တယ် လို့တောင်ပြော ကြပါသေးတယ်။ သူတစ်ယောက်တော့ မဟုတ်ပါဘူးဗျာ funk ဘက်ရောက်တဲ့ ၈၀ ကျော် ဝိုင်းတွေဟာ အဲဒီအချိန်ထဲက စနေတာပါ။ glam ဝိုင်း Danger Danger လည်း Yeah, You Want It! မှာရွတ်ခဲ့သလို Winger လည်းဆိုခဲ့ဖူးပါတယ်။
Red Hot Chili Peppers သူတို့ရဲ့ အစောပိုင်း အယ်ဘမ် တွေမှာ funk နဲ့ rap တွေရောပြီး ဂစ်တာ သံတွေနဲ့သွားထားသလို Faith No More ရဲ့ အခုအဆိုတော် Mike မတိုင်ခင် လူမည်း အဆိုတော် ချက်စလေ နဲ့ We Care a Lot အပါအဝင် ရှေ့ပိုင်း နှစ်ခွေဟာ ဒီပုံစံမှာရှိနေခဲ့တာပါ။ Mike ကိုယ်တိုင် Faith No More ရဲ့သုံးချပ်မြောက်နဲ့ သူရဲ့ ပွဲဦးထွက် အယ်ဘမ် ထဲက Epic မှာ ရက်ပ် ဆိုသွားတာ သေသပ်လွန်းသလို အောင်မြင်ခဲ့တဲ့ သီချင်းတွေပါ။
ဒီလိုပဲ အဲအချိန်က rap အဆိုတော် MC တွေဟာလည်း ရောခ့်သီချင်းတွေကို ယူသုံးထားခဲ့ပါတယ်။ Vanilla Ice ရဲ့ Ice Ice Baby သီချင်းအင်တိုဟာ Queen နဲ့ David Bowie တို့ရဲ့ Under Preesure ကယူသုံးထားသလို သူ့ရဲ့ Play Than Funky Music ၇၀ လောက်က folk ရောခ့် တီးဝိုင်း Wild Cherry ရဲ့ သီချင်းပါပဲ။ The Fat Boys ဆိုရင် လည်း ကလက်စစ် ရောခ့်တီးဝိုင်း The Beach Boys နဲ့ ပေါင်းပြီး Wipe Out ကို ပြန်ဆိုထားခဲ့တာ ၈၆ လောက်ကပါ အဲဒီအချိန်အောင်မြင်တဲ့ rap အဆိုတော် တွေထဲမှာ L.L.Cool J, C+C Music Factory, Tone Loc တို့ဟာ ရောခ့်ဂစ်တာသံတွေ နဲ့အတူ သူတို့ရဲ့ တစ်ချို့ သီချင်းတွေကို ဖန်တီးထာခဲ့ကြပါတယ်။ လူဖြူ အဖွဲ့ဖြစ်တဲ့ Beastie Boys တိုရဲ့ ၈၆ မှာ ထွက်တဲ့ ပွဲဦးထွက် အယ်ဘမ် Licensed to Ill ဟာ hardcore punk ပုံစံတွေနဲ့ ရွတ်ထားခဲ့တာပါ။ နောက်ပိုင်း Cypress Hill တို့ Biohazard, Hed.PE, Body Count တို့ဟာ ရောခ့်နဲ့ rap တွေရဲ့ အစဦးပိုင်းတွေဖြစ်ခဲ့ပြီး Limp Bizkit, Linkin Park အပါ အဝင် မျိုးဆက်သစ် တွေအတွက် အစောပိုင်း ပေါင်းစပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
ပို့စ်ကလည်းအရမ်းရှည်နေပြီ ဖစ် တဲ့အတွက် အော်တာနေးတစ် တွေနဲ့ ဂရန့်ဆက်စပ်မှုတွေကို ၉၀' ၂၀၀၀ ရောခ့်အပိုင်း အစကြမှ ပဲဆက်ပြောလိုက်ပါမယ်။
…\m/ထွဋ်\m/…
ခင်သောမင်သော
စေကာ္ပီယံမ် ား
—…………………………………………
ရောခ့်အင်ရိုး ဂီတရဲ့ ဂျင်းနရေးရှင်းပေါင်းစပ်မှု
များ အပြင်ထန်ဆုံးပေါက်ကွဲခဲ့ခြင
……………………………………………………………………
လက်ရှိ ရောခ့်ဂီတရဲ့ အရေးအပါးဆုံး နဲ့ လွှမ်းမိုး မှုအများဆုံးလို့ပြောရမယ့် ဂီတဂျင်းနေရရှင်း ပေါင်းစပ်မှုများ စတင်လာခဲ့ တဲ့အချိန်ပဲဖြစ်သလို glam မက်တယ်လ် (သို့) hair မက်တယ်လ် ဝိုင်းများ, ပန့် ရောခ့်ဂီတရဲ့ ဆန်းသစ်မှုနဲ့အတူ ပါဝါပြည့် hardcore punk ရောခ့် ပုံစံတွေ, ရောခ့်ဂီတ ရဲ့ အကြမ်းရမ်း ဆုံးမျိုးစိတ်ဖြစ်တဲ့ Extreme မက်တယ်လ် ဝိုင်းများ, ဂျင်နရေးရှင်း တံဆိပ်ကပ်ဖို့ ခက်ခဲတဲ့ ပေါင်းစပ်မှုများနဲ့ရောခ့်တီးဝိုင်း များကို အော်တာနေးတစ်ရောခ့် များအဖြစ် တံဆိပ်ကပ်လာ ခဲ့သလို rap ဂီတရဲ့ စတင်အောင်မြင်လာခဲ့ မှုများ ကြောင့် rap နဲ့ ရောခ့် ဂီတ ပေါင်းစပ်မှု ပုံစံများဟာ အဲဒီအချိန်မှာ စတင်လာခဲ့တာပဲဖြစ်ပါတယ်။
glam မက်တယ်လ်(သို့) hair မက်တယ်လ်ဝိုင်းများ
……………………………………………………………………
ဒီဝိုင်းများရဲ့ အထူးခြားဆုံးကတော့ ကျွန်တော် တို့ဆီမှာ အရင်းနှီးဆုံး ဖြစ်ခဲ့သလို ဒီတီးဝိုင်းတွေ ရဲ့ သီချင်းအများစုကို ကျွန်တော် တို့ဆီက ရောခ့်အဆို တော်ပေါင်းများစွာဟာ ပြန်ဆိုပေးခဲ့ကြတာဖြစ်ခဲ့ ပြီး သီချင်းအများစုဟာလည်း လူသိများအောင်မြင်ခဲ့ ကြတာပဲဖြစ်ပါတယ်။
အထူးသဖြစ် ဒီမျိုးဆက်သစ် ရောခ့်ဝိုင်းတွေဟာ ဂျင်နရေးရှင်း ပေါင်းစပ်မှုများနဲ့ ပုံစံသစ်တစ်ခုကို ဖန်တီးလာခဲ့ပြန်ပါတယ်။ ဆံပင်ရှည်ရှည်, ရုပ်ဖြောင့်ဖြောင့်, ခပ်ကြမ်းကြမ်းစရိုက်များနဲ့ မူးယစ်ဆေးဝါး, လိင်ဆွဲဆောင်မှု, စတဲ့ပုံရိပ်တွေဟာ သူတို့ရဲ့ စတိုင်တစ်ခုဖြစ်နေခဲ့သလို အဲဒီခေတ်ရဲ့ လူငယ်လူရွယ် များစွာပေါ်မှာ လွှမ်းမိုးနိုင်လွန်း ခဲ့ပြီး ရောခ့်ဂီတရဲ့ ခပ်ဆိုးဆိုး ရွှေမင်းသားများအဖြစ် လွှမ်းမိုးထားခဲ့ကြပါတယ်။
သူတို့ရဲ့ အစောပိုင်း အချိန်တွေကို အရင်အပိုင်း အစမှာ ပြောထားခဲ့ပြီးပါပြီ ၇၀' ၈၀' အစောပိုင်း မှာ ဦးဆောင်ခဲ့သူတွေ ဖြစ်တဲ့ Aerosmith, Kiss,
Alice Cooper, Van Halen, Def Leppard နဲ့ glam ပန့် ဝိုင်းတွေဖြစ်တဲ့ New York Dolls, T. Rex တို့ပဲဖြစ်ပြီး သူတို့ဟာ ဒီမျိုးဆက်ရဲ့ဦးဆောင်သူများ ဖြစ်ခဲ့သလို ၈၀' အစောပိုင်းမှာတော့ မိပ်ကပ်တွေ, နုတ်ခမ်းနီတွေ ဆိုးပြီး အမျိုးသမီးအဝတ်အစားမကျ တစ်ကျ ပုံစံ တောက်တောက်ပြောင်ပြောင်
တွေကြောင့် အဲဒီခေတ် ရဲ့ လူကြီးမိဘ တွေနဲ့ အကြီးအကျယ် ပြဿ နာဖြစ်ခဲ့ဖူးတဲ့ Twisted Sister, နောက်ထပ် Motley Crue, Night Ranger, Dokken, Kix တို့အပြင် Ozzy ရဲ့ ဂန္တဝင် ဂစ်တာသမား Randy Rhoads စတင်ဦးဆောင်ခဲ့တဲ့ Quiet Riot တိုဟာ အစောပိုင်းမြင်ကွင်းပဲဖြစ်ပ
သူတို့ရဲ့ အရှိန်အမြင့်ဆုံးလို့ပြောရမ
ဒီတီးဝိုင်းတွေကို အဲဒီအချိန်က glam (သို့) hair မက်တယ်လ် ဝိုင်းများအဖြစ် တံဆိပ်ကပ်လိုက်ကြ ပေမယ့် သူတို့ဟာ တစ်ပုံစံထဲတွေတော့မဟုတ်ခဲ့ ပါဘူး။ သူတို့အားသန်သလို ပေါင်းစပ် ခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့တွေကို အားလုံးရင်နှီးလွန်းခဲ့ကြပြ
ပန့်ရောခ့် ဂီတရဲ့ ဆန်းသစ်မှုများနဲ့ hardcore punk ရောခ့်ဂီတရဲ့ ပြောင်းလဲမှုများ
……………………………………………………………………
ရောခ့်ဂီတမှာ ပန့်ရောခ့် ပုံစံဟာ အမြဲတမ်းလိုလို အရေးပါခဲ့ပါတယ်။ အဲဒီအချိန်တွေ မှာတော့ အခု ရောခ့်မြင်ကွင်း အတွက် အရေးပါဆုံးပုံစံများရဲ့ အစဦးပိုင်း များအပြင် သူတို့ဟာ Extreme မက်တယ်လ် တွေအတွက်ပါ အရေးပါနေခဲ့ပြန်ပါ တယ်။ အဲဒါကိုအော်တာနေးတစ်, grunge, thrash, grindcore အခုလက်ရှိ metalcore, deathcore, thrashcore, rapcore, စသဖြစ် မျိုးဆက်သစ် တွေကိုသာ မြင်ကြည့်ပါ။
hardcore ပန့်ဟာ ၇၀ အကုန်ပိုင်းတွေမှာထဲက အားယူလာနေခဲ့ပါပြီ အဲဒီအစောပိုင်းတွေမှာ D.O.A တို့ဟာ အစောပိုင်းအဖြစ် သတ်မှတ်ထားခဲ့သလို သူတို့ရဲ့ Something Better Change(1980) နဲ့ Hardcore 81'(1981) အယ်ဘမ် တွေကိုခင်ဗျားတို့ နားထောင်ကြည့်ပါ။ နောက်ထပ် Metallica တို့ cover ပြန်လုပ်ထားတဲ့ Dischsrge တီးဝိုင်းရဲ့ Why! (1981) အယ်ဘမ် , လူမည်းတွေနဲ့ ဖွဲစည်း ထားတဲ့ Bad Brain တို့ဟာဦးဆောင် သူတွေပါ။ ဒီလိုပဲ Glan Danzing ဦးဆောင်ခဲ့တဲ့ The Misfits, Black Flag, Husker Du, The Damned တို့ဟာ လည်း ဦးဆောင်သူတွေပါပဲ။
ဒီတီးဝိုင်းတွေဟာ စစ်သားတွေစီးတဲ့ combat boots တွေ canvas, အားကစားဖိနပ်တွေနဲ့ ကတုံးပုံစံ ဘေးအပြောင်တွေ တီရှပ် (သို့) ဖလန်ထည် တွေအပြင် သူတို့ရဲ့ ရိုးပွဲတွေမှာ စင်ပေါ်က ဒိုင်ဗင် ပစ်ချ တာတွေ slam dancing (သို့) mosh လို့ပြောရမယ့် လူချင်းတိုက်ကြတာတွေဟာ အဲဒီအချိန်ထဲက သူတို့ရဲ့ ပုံစံတွေလိုဖြစ်နေခဲ့တာပါ။
ရောခ့်ဂီတရဲ့ အကြမ်းတမ်းဆုံး Extreme မက်တယ်လ် မျိုးဆက် များ စတင်လာခဲ့ခြင်း
…………………………………………………………………
Extreme မက်တယ်လ် မျိုးဆက်တွေဟာလည်း တစ်ချိန်ထဲလိုလို ရှေ့ဆင့်နောက်ဆင့် အချင်းချင်း ဆက်စပ်မှုတွေ နဲ့ အတူ လက်ရှိ ရောခ့်မြင်ကွင်း ရဲ့ အရေးအပါဆုံး ဖြစ်တဲ့ မက်တယ်လ် ဂီတရဲ့ အခြေအုတ်မြစ်ချ ပေးခဲ့ကြပါတယ်။ ၈၀ အစောပိုင်းတွေမှာ glam တွေရဲ့ အားကောင်းလွန်းမူကြောင့် မြေအောက်တွေ မှာ စတင်လှုပ်ရှားနေခဲ့ကြတဲ့ မျိုးဆက်တွေရှိပါတယ်။ ဒီတီးဝိုင်းတွေဟာ NWOBHM ရဲ့ ဝိုင်းတွေဖြစ်တဲ့ Venom, Reaven တို့ အပြင် Judas, Accept တို့ရဲ့ ပုံစံတွေ နဲ့ အင်အားအပြင်းထန်ဆုံး ဂစ်တာ riffs တွေရယ် ပါဝါပြည့် hardcore ပန့်ရဲ့ အငွေ့အသက်တွေနဲ့ ဒရမ်ရိုက်ချက်တွေ ကိုပေါင်း စပ်လာခဲ့ကြပြီး black, thrash, speed, death, doom မက်တယ်လ် ပုံစံများအဖြစ် Extreme
မျိုးဆက်ကို စတင်လာခဲ့ပါတယ်။
၈၁ လောက်ထဲက us မြေအောက်တွေမှာ ကျင်လည်နေခဲ့တဲ့ metallica နဲ့ slayer တို့ဟာ သူတို့ရဲ့ ပွဲဦးထွက် အယ်ဘမ် တွေဖြစ်တဲ့ Kill 'Em All (1983), Show No Mercy (1983) တို့ဟာတစ်နှစ်ထဲမှာ ထွက်ရှိလာခဲ့သလို black နဲ့ death မက်တယ်လ် ဦးဆောင်တွေဖြစ်တဲ့ ဥရောပ က Celtic Frost (အရင် Hellhammer), Mercyful Fate Venom, Bathory တို့ဟာလည်း အယ်ဘမ် တွေထွက်ရှိလာခဲ့ကြ ပြီးနာက်ပိုင်းမှာ thrash ရဲ့ ကြီးလေးကြီးထဲက Anthrax, Megadeth တို့ ပါ အယ်ဘမ်တွေထွက်လာခဲ့ပါတယ်။
Death မက်တယ်လ် ရဲ့ အစောဦးပိုင်း အယ်ဘမ် အဖြစ် ပြောလေ့ရှိတဲ့ Possessed တို့ရဲ့ Seven Churches ဟာ ၈၅' လောက်မှာ ထွက်ရှိခဲ့တယ် ဆိုပေမယ့် အများစု ကတော့ ၈၇' မှာ ထွက်ရှိခဲ့တဲ့ Death တို့ရဲ့ Scream Bloody Gore ကို ပထမဦးဆုံး death မက်တယ်လ်အယ်ဘမ် အဖြစ်ပြောခဲ့ကြပါတယ်။ ဒီအယ်ဘမ်နှစ်ချပ်ဟာ ခေတ်အနေအထားအရ အပြင်းထန်ဆုံး ဂစ်တာ riffs တွေနဲ့ ဖြစ်နေခဲ့ပြီး Possessed တိုဟာ thrash ဘက် အနည်းငယ် သွားနေခဲ့တာတော့ အမှန်ပဲဖြစ် မယ်ထင်ပါတယ်။ Death တို့ရဲ့ ဒီအယ်ဘမ် ထဲက ကအဖွင့်သီချင်း ဖြစ်တဲ့ Infernal Death ရဲ့ အင်တိုမှာ စဝင်လာတဲ့ Die ဆိုပြီး ပထမတစ်ခေါက်မှာ deep growled နဲ့ ဒုတိယတစ်ခေါက်မှာ Die ကို Screamed လုပ်ဆိုသွားတာဟာ လက်ရှိ မျိုးဆက် တွေအတွက် ပေါင်းစပ်ဖို့ တံခါးဖွင့်ပေး ခဲ့တာပဲဖြစ်ပါလိမ့်မယ်။
အဲဒီနောက်ပိုင်းမှာတော့ Obituary, Morbid Angel, Sepultura , Cannibal Cropse တို့ grindcore အစဦးပိုင်းတွေဖြစ်တဲ့ Napalm Death, Carcass, Speed နဲ့ thrash ဝိုင်းတွေဖြစ်တဲ့ Kreator,Sadus, Exodus, Drestruction, Testament, Overkill တို့ဟာ အဲဒီအချိန်ရဲ့ ဦးဆောင် သူများပါ။ thrash နဲ့ punk ပေါင်းထားတဲ့ Suicidal Tendencies တို့ဟာလည်း ချန်ထားခဲ့လို့မရတဲ့ ဆန်းသစ်မှုတွေပဲဖြစ်ပါတယ်။ သတိထားကြည့်ရင် thrash ရဲ့ ကြီးလေးကြီး ဖြစ်တဲ့ metallica, Slayer, Megadeth, Anthrax တို့အပြင် Overkill တို့ဟာ punk ရောခ့် ဦးဆောင်ဝိုင်းတွေဖြစ်တဲ့ Ramones, Discharge, The Misfits, The Stooges, Sex Pistols, Killing Joke တို့ရဲ့သီချင်းတွေ ကို တစ်လေးတစ်စား ပြန်ဆို ပေးခဲ့ကြဖူးပါတယ်။ဒါဟာ ရောခ့်ဂီတ ရဲ့ ဆက်စပ်မှုတွေ ပဲဖြစ်ပါတယ်။
ရောခ့်ဂီတနဲ့ Rap တို့ရဲ့ အစဦးပိုင်းပေါင်းစပ်မှုများ
……………………………………………………………………
ခင်ဗျားတို့ Kiss ရဲ့ ၈၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Lick It Up အယ်ဘမ် ထဲက All Hell's Breakin Loose ကိုနားထောင်ကြည့်ပါ ဒါဟာအစောဦးပိုင်းဖြစ်
နိုင်ပါတယ်။ အဲဒီနောက်ပိုင်း Aerosmith နဲ့ Run D.M.C တို့ရဲ့ Walk This Way (1986) နဲ့ Anthrax နဲ့ rap ဂီတရဲ့ ဂန္တဝင် လို့ပြောရမယ့် Public Enemy တို့ရဲ့ Bring the Noise (1987) နောက်တစ်နှစ်မှာပဲ Anthrax က Scott Ian ဝင်တီးပေးထားတဲ့ ဂစ်တာ riffs တွေနဲ့ public enemy တို့ရဲ့ It takes a nation of millions to hold us (1988) တို့ဟာ အောင်မြင်ခဲ့တဲ့ rap rock ပေါင်းစပ်မှုတွေပါ။
ဒါဆိုရင် Guns 'N Roses ဟာလည်း သူတို့ရဲ့ Use Your Illusion ll ထဲမှာ My World သီချင်းကို Axl လည်း ဆိုခဲ့ပါသေးတယ် အဲဒီအတွက် ဝိုင်းသားတွေနဲ ပြဿ နာဖြစ်ခဲ့တယ် လို့တောင်ပြော ကြပါသေးတယ်။ သူတစ်ယောက်တော့ မဟုတ်ပါဘူးဗျာ funk ဘက်ရောက်တဲ့ ၈၀ ကျော် ဝိုင်းတွေဟာ အဲဒီအချိန်ထဲက စနေတာပါ။ glam ဝိုင်း Danger Danger လည်း Yeah, You Want It! မှာရွတ်ခဲ့သလို Winger လည်းဆိုခဲ့ဖူးပါတယ်။
Red Hot Chili Peppers သူတို့ရဲ့ အစောပိုင်း အယ်ဘမ် တွေမှာ funk နဲ့ rap တွေရောပြီး ဂစ်တာ သံတွေနဲ့သွားထားသလို Faith No More ရဲ့ အခုအဆိုတော် Mike မတိုင်ခင် လူမည်း အဆိုတော် ချက်စလေ နဲ့ We Care a Lot အပါအဝင် ရှေ့ပိုင်း နှစ်ခွေဟာ ဒီပုံစံမှာရှိနေခဲ့တာပါ။ Mike ကိုယ်တိုင် Faith No More ရဲ့သုံးချပ်မြောက်နဲ့ သူရဲ့ ပွဲဦးထွက် အယ်ဘမ် ထဲက Epic မှာ ရက်ပ် ဆိုသွားတာ သေသပ်လွန်းသလို အောင်မြင်ခဲ့တဲ့ သီချင်းတွေပါ။
ဒီလိုပဲ အဲအချိန်က rap အဆိုတော် MC တွေဟာလည်း ရောခ့်သီချင်းတွေကို ယူသုံးထားခဲ့ပါတယ်။ Vanilla Ice ရဲ့ Ice Ice Baby သီချင်းအင်တိုဟာ Queen နဲ့ David Bowie တို့ရဲ့ Under Preesure ကယူသုံးထားသလို သူ့ရဲ့ Play Than Funky Music ၇၀ လောက်က folk ရောခ့် တီးဝိုင်း Wild Cherry ရဲ့ သီချင်းပါပဲ။ The Fat Boys ဆိုရင် လည်း ကလက်စစ် ရောခ့်တီးဝိုင်း The Beach Boys နဲ့ ပေါင်းပြီး Wipe Out ကို ပြန်ဆိုထားခဲ့တာ ၈၆ လောက်ကပါ အဲဒီအချိန်အောင်မြင်တဲ့ rap အဆိုတော် တွေထဲမှာ L.L.Cool J, C+C Music Factory, Tone Loc တို့ဟာ ရောခ့်ဂစ်တာသံတွေ နဲ့အတူ သူတို့ရဲ့ တစ်ချို့ သီချင်းတွေကို ဖန်တီးထာခဲ့ကြပါတယ်။ လူဖြူ အဖွဲ့ဖြစ်တဲ့ Beastie Boys တိုရဲ့ ၈၆ မှာ ထွက်တဲ့ ပွဲဦးထွက် အယ်ဘမ် Licensed to Ill ဟာ hardcore punk ပုံစံတွေနဲ့ ရွတ်ထားခဲ့တာပါ။ နောက်ပိုင်း Cypress Hill တို့ Biohazard, Hed.PE, Body Count တို့ဟာ ရောခ့်နဲ့ rap တွေရဲ့ အစဦးပိုင်းတွေဖြစ်ခဲ့ပြီး Limp Bizkit, Linkin Park အပါ အဝင် မျိုးဆက်သစ် တွေအတွက် အစောပိုင်း ပေါင်းစပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
ပို့စ်ကလည်းအရမ်းရှည်နေပြီ
…\m/ထွဋ်\m/…
ခင်သောမင်သော
စေကာ္ပီယံမ် ား
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။