လေးစားရတဲ့ ခေါင်းဆောင်အကြောင်း အင်္ဂလိပ်လို
ရေးစပ်ထားတဲ့ သံသာဝင်းရဲ့ သီချင်းတစ်ပုဒ်
=========================
Posted by AF
အမျိုးသမီးတွေရှေ့ထွက်သီချင်းနဲ့အမျိုးသမီးတွေရဲ့စိတ်ကိုနှိုးဆွပေးနိုင်ခဲ့တဲ့ သံသာဝင်းက ၂ဝ၁၅ ကာလလောက်မှာ နောက်ထပ်သီချင်းတစ်ပုဒ်ကို ပရိသတ်တွေကြားထဲ ပို့ဆောင်ပေးဖို့ အစီအစဉ်ရှိနေပါတယ်။
ဒီသီချင်းကတော့အမျိုးသမီးတွေ ရှေ့ထွက်သီချင်းနဲ့ အတူတူရေး ခဲ့တာဖြစ်တယ်လို့ သိရပြီး သီချင်းကိုတော့ အင်္ဂလိပ်လို ရေး စပ်ထားခြင်းဖြစ်ပါတယ်။ “ကိုယ် ဆိုလိုချင်တာကို ကိုယ်က မြန်မာလိုပဲရေးတော့ ကိုယ့်မြန်မာ လူမျိုးတွေပဲသိရတယ်လေ။
တခြား မြန်မာမဟုတ်သော သူတွေအနေနဲ့လည်း
ကိုယ့်ရဲ့နိုင်ငံရေးရှုထောင့် အမြင်တွေကို သိစေချင်တယ်။
ကိုယ့်ရဲ့ feeling ကိုပဲ အင်္ဂလိပ်လိုရေးထားတာလေးပါ။
မြန်မာနိုင်ငံ သားတစ်ယောက်အနေနဲ့ ကိုယ်လိုချင်တဲ့ ခေါင်းဆောင်အကြောင်း ပြောထားတာမျိုးပါ။
ဒီသီချင်းလေးနားထောင်တဲ့အခါ သူတို့လူမျိုးတွေက သူတို့ခေါင်းဆောင်ကို ဒီလိုဖြစ်ပါလား၊ ဒီလိုလေးစားပါလားဆိုတာမျိုး ကို လူမျိုးခြားတွေ သိစေချင်တယ်။ သူတို့အနေနဲ့ သီချင်းတွေအနေနဲ့ နားမထောင်ဖူးကြသေးဘူး။
ဒါကြောင့်လည်းရေးဖြစ်တာပါ။
ခေါင်း ဆောင်တစ်ယောက်ရဲ့ အနစ်နာခံမှု အကြောင်းပေါ့။
၂ဝ၁၅အတွက်ဒီသီချင်းက အထောက် အကူပြု နိုင်မယ်လို့ထင်မိပါတယ်။
ဒါပေမဲ့လည်း ၂ဝ၁၅ က ဘယ်လိုတွေဖြစ်လာလိမ့်မယ် ဆိုတာ အစ်မလည်း မသိသေးဘူး” လို့ သီချင်းအကြောင်းနဲ့ သီချင်းကို အင်္ဂလိပ်လို ရေးဖြစ်ခြင်းအကြောင်းကို သံသာဝင်းက ရှင်းပြပါတယ်။
သံသာဝင်းကဒီသီချင်းကိုတော့
အွန်လိုင်းပေါ်မှာတင်ဖို့ စိတ်ကူးခဲ့ပေ မယ့်လည်း
ကြားဖြတ်ရွေးကောက်ပွဲကာလနဲ့ တိုက် ဆိုင် ခဲ့ပြီး
ရွေးကောက်ပွဲကိစ္စတွေနဲ့ နယ်တွေသွားပြီး သီချင်းတွေဆိုရင်းအလုပ်တွေများနေခဲ့တဲ့ အတွက်
သီချင်းကို မတင်ဖြစ်တော့ဘဲ သိမ်းထားလိုက်တော့
တယ်လို့ပြောပါတယ်။
လင်းအက္ခရာ
.
Popular Journal
======
ရေးစပ်ထားတဲ့ သံသာဝင်းရဲ့ သီချင်းတစ်ပုဒ်
=========================
Posted by AF
အမျိုးသမီးတွေရှေ့ထွက်သီချင
ဒီသီချင်းကတော့အမျိုးသမီးတေ
တခြား မြန်မာမဟုတ်သော သူတွေအနေနဲ့လည်း
ကိုယ့်ရဲ့နိုင်ငံရေးရှုထောင်
ကိုယ့်ရဲ့ feeling ကိုပဲ အင်္ဂလိပ်လိုရေးထားတာလေးပါ။
မြန်မာနိုင်ငံ သားတစ်ယောက်အနေနဲ့ ကိုယ်လိုချင်တဲ့ ခေါင်းဆောင်အကြောင်း ပြောထားတာမျိုးပါ။
ဒီသီချင်းလေးနားထောင်တဲ့အခါ
ဒါကြောင့်လည်းရေးဖြစ်တာပါ။
ခေါင်း ဆောင်တစ်ယောက်ရဲ့ အနစ်နာခံမှု အကြောင်းပေါ့။
၂ဝ၁၅အတွက်ဒီသီချင်းက အထောက် အကူပြု နိုင်မယ်လို့ထင်မိပါတယ်။
ဒါပေမဲ့လည်း ၂ဝ၁၅ က ဘယ်လိုတွေဖြစ်လာလိမ့်မယ် ဆိုတာ အစ်မလည်း မသိသေးဘူး” လို့ သီချင်းအကြောင်းနဲ့ သီချင်းကို အင်္ဂလိပ်လို ရေးဖြစ်ခြင်းအကြောင်းကို သံသာဝင်းက ရှင်းပြပါတယ်။
သံသာဝင်းကဒီသီချင်းကိုတော့
အွန်လိုင်းပေါ်မှာတင်ဖို့ စိတ်ကူးခဲ့ပေ မယ့်လည်း
ကြားဖြတ်ရွေးကောက်ပွဲကာလနဲ့
ရွေးကောက်ပွဲကိစ္စတွေနဲ့ နယ်တွေသွားပြီး သီချင်းတွေဆိုရင်းအလုပ်တွေမ
သီချင်းကို မတင်ဖြစ်တော့ဘဲ သိမ်းထားလိုက်တော့
တယ်လို့ပြောပါတယ်။
လင်းအက္ခရာ
.
Popular Journal
======
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။