Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 9, 2014

ISIL အကြောင်း တစ်စေ့တစ်စောင်း


Myo Min Thant added 6 new photos.

ISIL အကြောင်း တစ်စေ့တစ်စောင်း
••••°°••••°°••••°°••••°°••••°°••••°°••••
ISIL
အရှေ့အလယ်ပိုင်း၌ အထင်ရှားဆုံးသော ဆွန်နီအစ္စလမ္မစ်အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည်သာမက လက်ရှိကမ္ဘာ၌ အရက်စက်ဆုံး အစ္စလမ္မစ် အကြမ်းဖက်အဖွဲ့ဖြစ်ပြီး အယ်လ်ကိုင်ဒါထက်ပင် အင်အားသာလွန်နိုင်သည်။ အမည်အပြည့်အစုံမှာ the Islamic State in Iraq and the Levant (ISIL) သို့မဟုတ် the Islamic State in Iraq and al-Shams (ISIS) ဖြစ်သည်။ ဆီးရီးယား အရှေ့ပိုင်းနှင့် အီရတ် အနောက်ပိုင်းတို့ကို သိမ်းပိုက်ထားသည်။ ကမ်းကုန်သော ရက်စက်မှုများကြောင့် နာမည်ဆိုးနှင့် ထင်ရှားလှပြီး ၎င်း၏ပြိုင်ဖက်များကို ဖြိုခွင်းရာ၌ ညှာတာမှုအလျင်းကင်းကာ မိတ်ဖက်အဖွဲ့များကို လက်တွဲဖြုတ်ရန်လည်း ဝန်မလေးသော အဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့၏ ရည်မှန်းချက်မှာ အစ္စလမ္မစ်တိုင်းပြည် ပေါ်ပေါက်ရေးဖြစ်သည်။

ဘဂ္ဂဒက်ဒီ
ISIL အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ အမည်အပြည်ါအစုံမှာ အဘူဘကရ် အယ်လ် ဘဂ္ဂဒက်ဒီဖြစ်သည်။ ဘဂ္ဂဒက်ဒီကို အီရတ်နိုင်ငံ၊ ဆာမာရာမြို့၌ ၁၉၇၁ တွင် မွေးဖွားသည်။ ဘဂ္ဂဒက်တက္ကသိုလ်မှ အစ္စလာမ်လေ့လာမှုဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိသည်။ အယ်လ်ကိုင်ဒါ တပ်ဖွဲ့ဝင်အဖြစ် နှစ်ပေါင်းများစွာ လက်တွဲခဲ့ပြီး ၂၀၁၀ တွင် အီရတ်-အယ်ကိုင်ဒါ (Islamic State in Iraq) ၏ ခေါင်းဆောင်ဖြစ်လာသည်။ အိုစမာဘင်လာဒင်၏ အားထားရသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဘဂ္ဂဒက်ဒီသည် လွန်ခဲ့သော ၃ နှစ်က အမေရိကန်မှ အိုစမာဘင်လာဒင်ကို သုတ်သင်လိုက်သည့်အခါ ဇာဝါဟီရီကို အယ်လ်ကိုင်ဒါ ခေါင်းဆောင်အဖြစ် ဆက်လက်အသိအမှတ် မပြုခဲ့သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ အိုစမာဘင်လာဒင်မှ အစ္စလမ္မစ်တိုင်းပြည်ထူထောင်ရန် ဘဂ္ဂဒက်ဒီအား တာဝန်ပေးအပ်ခဲ့ပြီး ဘဂ္ဂဒက်ဒီမှ အိုစမာဘင်လာဒင်၏ အစီအစဉ်အတိုင်း အကောင်အထည်ဖော်နေသည်ဟု အစ္စလမ္မစ်များက ယုံကြည်ကြသည်။
အယ်လ်နူဆရာ နှင့် ဆီးရီးယားစစ်ပွဲ
၂၀၁၁ ၌ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်အား ဆန့်ကျင်သော ဆီးရီးယားစစ်ပွဲဖြစ်လာသောအခါ အယ်လ်ကိုင်ဒါအဖွဲ့ ခြေကုပ်ရယူနိုင်ရန် ဘဂ္ဂဒက်ဒီမှ ၎င်း၏ လက်ထောက်ကို စတင် စေလွှတ်ခဲ့သည်။ ထိုအဖွဲ့သည် ဆီးရီးယား၌ အယ်လ်နူဆရာတပ်ဦးဟူ၍ ကားဗုံးဖောက်ခွဲမှုများဖြင့် ထင်ရှားလာသည်။ အယ်လ်နူဆရာသည် အာဆတ်တပ်ဖွဲ့များအား တိုက်ခိုက်ရာ၌ အောင်မြင်ခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ အဘူ မိုဟာမက် အယ်လ်ဂိုလာနီသည်လည်း ထင်ရှားလာကာ ယခင် ၎င်း၏အထက်အရာရှိ ဘဂ္ဂဒက်ဒီလက်အောက်၌ အလုပ်လုပ်ရန် ငြင်းဆန်ခဲ့သည်။ ဤတွင် ဘဂ္ဂဒက်ဒီမှ ဂိုလာနီနှင့် ၎င်း၏အဖွဲ့ အယ်လ်နူဆရာကို စစ်ကြေငြာခဲ့ပြီး အယ်လ်ဇာဝါဟီရီ ခေါင်းဆောင်သော အယ်လ်ကိုင်ဒါအဖွဲ့မှလည်း နှုတ်ထွက်ခဲ့သည်။
ISIL၏ ဂျီဟာ့ဒ်စစ်ပွဲများ
ဇာဝါဟီရီမှ တားမြစ်မှုများကို ဖီဆန်၍ ၂၀၁၂ နှင့် ၂၀၁၃ နှစ်များက ဘဂ္ဂဒက်ဒီမှ ၎င်း၏စစ်ဆင်ရေးကို ဆီးရီးယား အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ တိုးချဲ့ခဲ့သည်။ စစ်ဆင်ရေးအတွင်း အာဆတ်၏ တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သလို အခြားသော သူပုန်အုပ်စုများနှင့် တိုက်ခိုက်ခဲ့မှုများလည်း ရှိခဲ့သည်။
ISIL ၏ သူ့လူကိုယ့်လူမခွဲခြားသော တိုက်ခိုက်မှုများကို သည်းမခံနိုင်တော့၍ အယ်လ်နူဆရာနှင့် အခြားသော သူပုန်အုပ်စုများက ISIL ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ ISIL သည် ၎င်း၏ အခြေစိုက်စခန်း ရေနံတွင်းများ တည်ရှိရာ ယူဖရေးတီးမြစ်အနီးထိ ဆုတ်ပေးခဲ့ရသည်။
သို့သော် ISIL မှာ အင်အားကျမသွားသည့်အပြင် ပိုမို၍ပင် အင်အားကောင်းလာခဲ့ပြီး ဘဂ္ဂဒက်ဒီ၏ အလစ်အငိုက်ထိုးစစ်ဆင်သော စစ်ရေးပရိယာယ်များကြောင့် ရက်ကာစီးတီးကိုပင် သိမ်းပိုက်နိုင်ခဲ့သည်။ ရက်ကာသည် အာဆတ်ထိန်းချုပ်မှုမှ ကင်းလွတ်သောတစ်ခုတည်းသော ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဘဂ္ဂဒက်ဒီသည် ထိုပြည်နယ်အား သိမ်းပိုက်ပြီးနောက် ပြည်နယ်တွင်း၌ အစ္စလမ္မစ် ရှာရီယာဥပဒေကို ကျင့်သုံးစေခဲ့သည်။
၎င်းနှင့် ကပ်လျက် ဒီယာ-အယ်လ်-ဇော ပြည်နယ်တွင်လည်း ISIL နှင့် ၎င်း၏ပြိုင်ဖက် အယ်လ်နူဆရာ နှင့် အစ္စလမ္မစ်သူပုန်များကို ၆ ပတ်ကြာ ထိုးစစ်ဆင်နွှဲခဲ့ရာ နှစ်ဖက် လူ ၆၀၀ ကျော် သေဆုံးခဲ့သည်။ ISIL မှ အီရတ်နယ်စပ်နှင့် ယူဖရေးတီး အရှေ့မြောက် ကမ်းခြေရှိ ရေနံတွင်းများ၊ မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
ISIL သည် ရေနံတွင်းများမှ ရသော ရေနံရောင်းရငွေများဖြင့် ငွေအား၊ လူအား၊ လက်နက်အင်အား တောင့်တင်းလာသည်။ အီရတ်တပ်ဖွဲ့ဝင်များ တိုးလာပြီး၊ စစ်လက်နက်များလည်း တိုးချဲ့လာကာ အီရတ်အနောက်ပိုင်း၊ ဆွန်နီပြည်နယ် အမ်ဘာ၌ အီရတ်ရှီးဟိုက်အစိုးရတပ်များနှင့် တိုက်ခိုက်ပြီး ပြည်နယ်မြို့တော် ရာမာဒီ နှင့် ဖာလူဂျာစီးတီးတို့ကို သိမ်းပိုက်ခဲ့သည်။ ထိုမှသည် အင်အားပိုမိုကြီးထွားလာကာ အီရတ်၏ ဒုတိယအကြီးဆုံးမြို့ မိုဆူးလ်စီးတီးကိုပင်လျှင် ဇွန် ၁၀၊ အင်္ဂါနေ့က သိမ်းပိုက်ခဲ့ရာ ဒေသတစ်ခုလုံးကိုပင်လျှင် ISIL မှ ခြိမ်းခြောက်လျက် ရှိသည်။
ရက်စက်မှုများ
ISIL တပ်ဖွဲ့ဝင်များ၏ ရက်စက်မှုများမှာ အင်တာနက် စာမျက်နှာများ၌ ပျံ့နှံ့လျက်ရှိသည်။ ISIL အဖွဲ့သိမ်းပိုက်သော နယ်မြေအတွင်း နေထိုင်သူမှန်သမျှ ဆွန်နီအစ္စလာမ်မဟုတ်လျှင် ရက်စက်စွာ နှိပ်စက်၊ မုဒိမ်းကျင့်ပြီးလျှင် ခေါင်းဖြတ်သတ်ပစ်လေ့ရှိသည်။ ဆွန်နီအစ္စလာမ်ဖြစ်စေကာမူ ISIL ၏ ပြိုင်ဖက်အဖွဲ့မှ ဖြစ်လျှင်လည်း ရက်စက်စွာ သတ်ပစ်လေ့ရှိသည်။ ISIL အဖွဲ့မှ မိုဆူးလ်စီးတီးအား သိမ်းပိုက်သောအခါ လူပေါင်း ၅၀၀၀၀ ခန့် ကြောက်လန့်တကြား ထွက်ပြေးခဲ့ရပြီး မြို့တွင်း၌လည်း ခေါင်းပြတ်များ မြင်မကောင်းအောင် ပြန့်ကျဲလျက်ရှိသည်ဟု မျက်မြင်များက ဆိုကြသည်။
ဇာဝါဟီရီ နှင့် ဘဂ္ဂဒက်ဒီ
ယခုချိန်တွင် ISIL သည် အယ်လ်ကိုင်ဒါထက် ပိုမိုထင်ရှားနေပြီး အင်အားမှာလည်း ပိုမိုသာလွန်ဖွယ်ရှိသည်။ ISIL ခေါင်းဆောင် ဘဂ္ဂဒက်ဒီသည်လည်း အယ်လ်ကိုင်ဒါခေါင်းဆောင် ဇာဝါဟီရီထက် ဂျီဟာ့ဒစ်များကြား၌ ပိုမို ရေပန်းစားနေသည်။ ဇာဝါဟာရီမှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းသည် အမေရိကန်နှင့် ပြင်သစ်တို့၏ လွယ်ကူသောပစ်မှတ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေချိန်တွင် ဘဂ္ဂဒက်ဒီမှ ဘင်လာဒင်၏ မူဝါဒအတိုင်း အကောင်အထည် ဖော်နေသည်ဟု ကြွေးကြော်ကာ ချီတက်နေသည်။ အယ်လ်ကိုင်ဒါ၌ တိကျသော အခြေစိုက်စခန်းမရှိ၍ တပ်သားသစ်စုဆောင်းရန် ခက်ခဲပြီး အဖွဲ့ခွဲများကို အားကိုးနေရချိန်တွင် ISIL သို့ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့မှ တပ်ဖွဲ့ဝင်များ ဝင်ရောက်လျက်ရှိသည်။ ဂျီဟာ့ဒစ်များက ဘဂ္ဂဒက်ဒီသည် ဘင်လာဒင်ကဲ့သို့ပင် ရှေ့သို့သာသွားတတ်သော၊ နောက်ကြောင်းလှည့်ကြည့်တတ်သောသူမဟုတ်ဟု မြင်ကြသည်။ ဒုတိယ ဘင်လာဒင်အဖြစ်ပင် ရှုမြင်သူများ ရှိလာသည်။ ၎င်းတို့ ဘဂ္ဂဒက်ဒီနောက်လိုက်ခြင်းမှာ ဘင်လာဒင်ချမှတ်ခဲ့သော လမ်းစဉ် " အစ္စလာမ်နိုင်ငံတော် ထူထောင်ရန်" ကို အကောင်အထည်ဖော်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ တစ်ချို့ကဆိုလျှင် အယ်လ်ကိုင်ဒါခေါင်းဆောင် ဇာဝါဟီရီပင်လျှင် ဘဂ္ဂဒက်ဒီအား သစ္စာခံသင့်ပြီဟု ဆိုနေကြသည်။
________________________________
အီရတ်နှင့် မြေထဲပင်လယ် အရှေ့ပိုင်းဒေသ အစ္စလမ္မစ် နိုင်ငံတော်
The Islamic State in Iraq and the Levant (အီရတ်နှင့် မြေထဲပင်လယ် အရှေ့ပိုင်းဒေသ အစ္စလမ္မစ် နိုင်ငံတော်) သည် အီရတ် နှင့် ဆီးရီးယားတွင် လှုပ်ရှားနေသော ဂျီဟာ့ဒ်အုပ်စုတစ်ခု ဖြစ်သည်။
ISIS ကို ဧပြီ၊ ၂၀၁၃ တွင် စတင်ဖွဲ့စည်းခဲ့ပြီး အီရတ်အယ်လ်ကိုင်ဒါ al-Qaeda in Iraq (AQI) အဖြစ် အင်အားကြီးထွားလာခဲ့သည်။ အစောပိုင်းက AQI အား အယ်လ်ကိုင်ဒါမှ လောက်လောက်လားလားဟု မသတ်မှတ်ခဲ့ချေ။ သို့သော် နောက်ပိုင်းတွင် ဆီးရီးယားအစိုးရအား တိုက်ခိုက်သော အဓိကကျသော ဂျီဟာ့ဒ်အုပ်စုတစ်ခုဖြစ်လာသည်သာမက အီရတ်တွင်ပါ စစ်ရေးအောင်မြင်သော အုပ်စုတစ်ခု ဖြစ်လာသည်။
ISIS မှ နောက်ဆုံးစကားလုံး "S" သည် အာရေဗျစကားလုံး "al-sham" ကို ကိုယ်စားပြုသည်။ ၎င်းအဓိပ္ပါယ်မှာ မြေထဲပင်လယ်အရှေ့ပိုင်းဒေသ (Levant) သို့မဟုတ် ဆီးရီးယား ဖြစ်သည်။ ဒမတ်စကတ်ဟုလည်း ယူလိုက ယူနိုင်သည်။ သို့သော် ကမ္ဘာ့ဂျီဟာ့ဒ်အမြင်အရ အဓိပ္ပါယ်ကောက်လျှင် "S" သည် မြေထဲပင်လယ် အရှေ့ပိုင်းဒေသ (Levant) သာလျှင်ဖြစ်သည်။
ISIS ၏ ဖွဲ့စည်းပုံအား တိတိကျကျမသိရသော်လည်း ၎င်း၌ နိုင်ငံခြားသား ဂျီးဟာ့ဒစ်များအပါအဝင် ထောင်ပေါင်းများစွာသော တိုက်ခိုက်ရေးသမားများ ပါရှိသည်ဟု ယူဆရသည်။ သတင်းထောက်များ၏ အဆိုအရ ၎င်း၏အင်အားမှာ အယ်လ်ကိုင်ဒါထက်ပင် သာလွန်နေပြီး ကမ္ဘာ့အန္တရာယ်အကြီးဆုံး ဂျီဟာ့ဒ်အုပ်စုဖြစ်သည်။
ISIS ၏ ခေါင်းဆောင်မှာ အဘူဘကရ်အယ်လ်ဘဂ္ဂဒက်ဒီ ဖြစ်သည်။ ဘဂ္ဂဒက်ဒီ ၏ နောက်ကြောင်းနှင့် အချက်အလက်များကိုမူ သိပ်မသိရှိရပါ။ သို့သော် ဘဂ္ဂဒက်ဒီကို ဘဂ္ဂဒက်မြောက်ပိုင်း၊ ဆာမာရာတွင် ၁၉၇၁ ၌ မွေးဖွားခဲ့ပြီး ၂၀၀၃ ခုနှစ်၊ အမေရိကန်မှ အီရတ်အား ကျူးကျော်သိမ်းပိုက်မှုအား ဆန့်ကျင်တော်လှန်ခဲ့သော လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဟု ယုံကြည်ရသည်။
ဘဂ္ဂဒက်ဒီသည် ၂၀၁၃ ခုနှစ်၌ အီရတ်အယ်လ်ကိုင်ဒါ၏ ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာသည်။ ၎င်းအီရတ်အယ်လ်ကိုင်ဒါသည် နောင်တွင် ISIS ဖြစ်လာသည်။
ဘဂ္ဂ္ဂဒက်ဒီကို နည်းဗျူဟာပိုင်းဆိုင်ရာကျွမ်းကျင်သူ တိုက်ပွဲဝင် စစ်သူကြီးအဖြစ် အသိအမှတ်ပြုကြသည်။ ဘဂ္ဂဒက်ဒီ၏ ၎င်းအရည်အချင်းကြောင့် ၎င်း၏ ISIS သည် အစ္စလမ္မစ်ဝါဒရေးရာသမား အိုင်မန်အယ်လ်ဇာဝါဟီရီ၏ အယ်လ်ကိုင်ဒါထက် လူငယ်လူရွယ်များကို ပိုမိုဆွဲဆောင်နိုင်သည်ဟု လေ့လာသူများက ဆိုကြသည်။
လန်ဒန် ကင်းကောလိပ်မှ ပါမောက္ခ ပီတာနျူးမန်း၏ အဆိုအရ ဆီးရီးယားရှိ ၈၀ ရာနှုန်းသော အနောက်တိုင်းသား တိုက်ခိုက်ရေးသမားများသည် ISIS အဖွဲ့သို့ ဝင်ရောက်ပြီးသူများ ဖြစ်ကြသည်။
ISIS မှ ၎င်းတို့အဖွဲ့၌ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အခြားသော ဥရောပနိုင်ငံများမှ တိုက်ခိုက်ရေးသမားများ ပါဝင်သည်။ ထို့ပြင် အမေရိကန်၊ အာရပ်ကမ္ဘာနှင့် ကော့ကေးဆပ်တို့မှလည်း ပါဝင်သည်ဟု ကြွေးကြော်ထားသည်။
ဆီးရီးယားရှိ အခြားသော အာဆတ်ဆန့်ကျင်သည့် သူပုန်အုပ်စုများနှင့် ISIS တို့ မတူသည်က ISIS သည် ဆီးရီးယားမှာရော အီရတ်မှာပါ အစ္စလမ္မစ်တိုင်းပြည်ထူထောင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ISIS သည် စစ်ရေးအားဖြင့် တော်တော်ကို အောင်မြင်မှုရခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင် ဆီးရီးယားမြို့ ရက်ကာကို သိမ်းပိုက်နိုင်ခဲ့သည်။ ရက်ကာသည် သူပုန်များလက်ထဲသို့ ပထမဆုံးကျရောက်သွားသော ပထမဆုံးသော ပြည်နယ်တစ်ခု၏ မြို့တော်ဖြစ်သည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် အီရတ်အနောက်ပိုင်းအမ်ဘာပြည်နယ်ရှိ ဆွန်နီအများစုနေထိုင်ရာ ဖလူဂျာမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းမှသည် ရှီးဟိုက်အီရတ်အစိုးရနှင့် ဆွန်နီလူနည်းစုကြား မကြေလည်မှုအစိုင်အခဲများ ပိုမိုကြီးထွားစေခဲ့သည်။
ထို့နောက် အမ်ဘာပြည်နယ်မြို့တော် ရာမာဒီ၏ အစိတ်အပိုင်း အတော်များများ နှင့် တူရကီနှင့် ဆီးရီးယားနယ်စပ်ရှိ မြောက်များစွာသော မြို့များကို သိမ်းယူခဲ့သည်။
ISIS သည် ၎င်းသိမ်းယူခဲ့သော နယ်မြေများအား ရက်စက်သောနည်းလမ်းများသုံး၍ ထိန်းသိမ်းခဲ့သည်ဟုလည်း နာမည်ထွက်ခဲ့သည်။
၂၀၁၄ ခုနှစ်၊ ဇွန်လ၌ ISIS မှ အီရတ်မြို့၊ မိုဆူးလ်စီးတီးအား သိမ်းပိုက်လိုက်သောအခါ တစ်ကမ္ဘာလုံး အံ့သြတုန်လှုပ်သွားခဲ့ရသည်။
အီရတ်၏ ဒုတိယအကြီးဆုံးမြို့တောင်မှ ISIS လက်ထဲသို့ ကျရောက်သွားပြီဆိုလျှင် ISIS သည် ဒေသတွင်း၌ အန္တရာယ်တစ်ခု ဖြစ်နေပေပြီဟု အမေရိကန်က ဆိုခဲ့သည်။ ၎င်းသိမ်းပိုက်မှုကြောင့် ISIS သည် တစ်ကမ္ဘာလုံး၌ ငွေကြေးအင်အား အတောင့်တင်းဆုံး စစ်သွေးကြွအုပ်စုအဖြစ်သို့လည်း ရောက်ရှိသွားခဲ့သည်။
ကနဦးက စစ်သွေးကြွများသည် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်အားဆန့်ကျင်ကာ မိမိအဖွဲ့အား ငွေကြေးထောက်ပံ့သော ငွေကြေးချမ်းသာသော ပင်လယ်ကွေ့နိုင်ငံများ၏ အလှူငွေအပေါ် မှီခိုခဲ့ရသည်။ အထူးသဖြင့် ဆော်ဒီအာရေးဗီးယား နှင့် ကူဝိတ်နိုင်ငံများ၏ အလှူငွေများအပေါ် မှီခိုရသည်။
ယနေ့အခါတွင် ISIS သည် ၎င်းတို့သိမ်းပိုက်ထားသော ဆီးရီးယားအရှေ့ပိုင်းရှိ ရေနံတွင်းများမှ ပမာဏကြီးကြီးမားမား ဝင်ငွေရရှိနေသည်။ သတင်းများအရ ၎င်းတို့မှ ဆီးရီးယားအစိုးရကိုပင် ရေနံပြန်လည်ရောင်းချနေသည်။ ထို့ပြင် သမိုင်းဝင် အဆောက်အဦးများမှ ရှေးဟောင်းပစ္စည်းများအား အဓမ္မလုယူထားခြင်းများလည်း ရှိသည်။
ပါမောက္ခနျူးမန်း၏ တွက်ချက်မှုအရ မိုဆူးလ်အားသိမ်းပိုက်ခဲ့သော ၂၀၁၄၊ ဇွန် မတိုင်မီကာလက ISIS ၌ ငွေသားနှင့် ပိုင်ဆိုင်မှုစုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၉၀၀ ရှိသည်။ မိုဆူးလ်အားသိမ်းပိုက်ပြီးနောက် ၎င်း၏ ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ မြင့်တက်သွားသည်။
တိကျသောသတင်းများအရ ISIS သည် အီရတ်ဗဟိုဘဏ်၏ မိုဆူးလ်ဘဏ်ခွဲမှ ဒေါ်လာသန်းရာပေါင်းများစွာအား ထုတ်ယူသွားခဲ့သည်။ ISISသာ အီရတ်မြောက်ပိုင်းမှ ရေနံတွင်းများကိုသာ ထိန်းသိမ်းထားနိုင်ခဲ့လျှင် ၎င်း၏ ဘဏ္ဍာရေးငွေကြေးရရှိမှုမှာ ဆက်လက်မြင့်တက်ဖွယ်ရာ ရှိနေသည်။
သူပုန်အချင်းချင်း တိုက်ပွဲများ
ISIS သည် ဆီးရီးယားသမ္မတ ဘာရှား အယ်လ်အာဆတ်အား ဆန့်ကျင်သော သူပုန်အုပ်စုတစ်ခု ဖြစ်သော်လည်း အယ်လ်ကိုင်ဒါနှင့် တရားဝင်တွဲဖက်အဖွဲ့ အယ်လ်နူဆရာတပ်ဦး ကဲ့သို့ အခြားသောဂျီဟာ့ဒ်အုပ်စုများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများ မရှိပဲ သီးသန့်ရပ်တည်သော အဖွဲ့ဖြစ်ပြီး အခြားသော သူပုန်အုပ်စုများနှင့် ဆက်ဆံရေးတင်းမာမှုများ ရှိသည်။
ဘဂ္ဂဒက်ဒီမှ အယ်လ်နူဆရာ နှင့် ISIS နှစ်ဖွဲ့ပေါင်း၍ တစ်ဖွဲ့တည်းအဖြစ် ပေါင်းစည်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် အယ်လ်နူဆရာမှ ထိုကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သောအခါ ထိုနှစ်ဖွဲ့ကြား အက်ကွဲကြောင်း ကြီးကြီးမားမား ဖြစ်ခဲ့ပြီး ထိုစဉ်ကတည်းကစ၍ သီးသန့်စီ ရပ်တည်ခဲ့ကြသည်။
အယ်လ်ကိုင်ဒါခေါင်းဆောင် အယ်လ်ဇာဝါဟီရီမှ ဘဂ္ဂဒက်ဒီကို ISIS မှ ၎င်း၏ဆီးရီးယားအခြေအနေကို အယ်လ်နူဆရာသို့ လွှဲအပ်ပြီး ISIS အနေဖြင့် အီရတ်၌သာ အာရုံစိုက်လုပ်ဆောင်ပါ ဟု တိုက်တွန်းခဲ့သော်လည်း ၎င်းနှင့် ၎င်း၏တပည့် ISIS တိုက်ခိုက်ရေးသမားများက ဇာဝါဟီရီ၏ စကားကို ပြောင်ပြောင်တင်းတင်းပင် ဖီဆန်ခဲ့ကြသည်။
ဆီးရီးယားအစိုးရအား ဆန့်ကျင်ကြသော သူပုန်အုပ်စုများအချင်းချင်း ဖြစ်သော်လည်း ISIS မှ အခြားသော သူပုန်အုပ်စုများအား တိုက်ခိုက်မှုနှင့် ထိုသူပုန်အုပ်စုများအား ထောက်ခံသော သာမန်အရပ်သားများကို နှိပ်စက်မှုများကြောင့် ISIS အား လူမုန်းများလာခဲ့သည်။
၂၀၁၄၊ ဇန်နဝါရီက ISIS အတွင်းရှိ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများအား နှင်ထုတ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အနောက်တိုင်း ထောက်ခံပြု သူပုန်အုပ်စုများ နှင့် အယ်လ်နူဆရာတို့ ဝိုင်းဝန်း၍ ISIS အား တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ သူပုန်များအချင်းချင်း တိုက်ခိုက်ကြသော တိုက်ပွဲများအတွင်း လူ ထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။
ကို ဘာသာပြန်ဆိုပါသည်။
____________________________________
ISIS အကြောင်း ရေးသားဖူးသော ပို့စ်နှစ်ခု ကို ပြန်လည်ဖော်ပြလိုက်ပါသည်။ ဇွန် ၁၀ တွင် ISIS က မိုဆူးလ်ကို သိမ်းပိုက်ကာစ၌ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ပထမပို့စ်မှာ ကျွန်တော်ရေးသားခဲ့သော ပို့စ်ဖြစ်ပြီး ဒုတိယတစ်ခုမှာ BBC ၏ article ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ယခုအခြေအနေနှင့် ကွာခြားသွားပြီဖြစ်သော်လည်း ISIS အကြောင်းကို တစ်စေ့တစ်စောင်း လေ့လာနိုင်ရန် ဖော်ပြလိုက်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။