Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 9, 2014

နိုင်ငံတကာ ကိုယ်စားပြု အနက် အဓိပ္ပာယ် နှင့် အလှမယ် ပြိုင်ပွဲများ အပေါ် သုံးသပ် စကားသံများ


နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ များမှာ မြန်မာ အလှမယ်လေးများက ပါဝင် ယှဉ်ပြိုင် လာကြရာမှာ ဆုတံဆိပ်တွေ လည်း ရရှိကာ အောင်မြင်မှုတွေ ရရှိကြ သလို မြန်မာ့ ဂုဏ်ဆောင်တဲ့ နိုင်ငံကိုယ်စားပြု အလှမယ်များ အတွက် ပရိသတ်များက ဂုဏ်ယူ ဝမ်းမြောက်ခဲ့ကြပါတယ်။ ပရိသတ်များ ဝမ်းမြောက် ပျော်ရွှင်ရမှု နဲ့အတူ ပရိသတ် အချစ်တော် ဖြစ်လာတဲ့ အလှမယ် လေးများရဲ့ ကြည်နူးစရာ မြန်မာ ကိုယ်စားပြု အနက် အဓိပ္ပာယ်မှာ လတ်တလော နိုင်ငံတကာ ပြိုင်ပွဲက ရရှိခဲ့တဲ့သရဖူ ကို  ပြန် လည် ရုပ်သိမ်းခြင်း ခံရခြင်း ဖြစ်ရပ် တစ်ခုနဲ့ အတူ တွေးဆစရာ ရှိလာပြန်ပါတယ်။ ပြည်တွင်းပြည်ပ မီဒီယာလောက မှာ ဂယက် ထကာ ကာယကံရှင်များ အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ရှင်းလင်းကြပေမယ့် ပရိသတ်များ ဘဝင်ကျတဲ့ အဖြေ စကားရဖို့ အထိတော့ ပြဿနာဟာ ပွင့်လင်းမှုအား နည်းနေခဲ့ ပါသေးတာ မို့ ပရိသတ်များ အားမလို၊ အားမရရှိခဲ့ ကြရ ပါတယ်။
နောက်များ မှာလည်း နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများကို မြန်မာ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မှုတွေ ပြုကြရ ဦးမှာဖြစ်လို့ အဲဒီ လိုနိုင်ငံ တကာပြိုင်ပွဲများ ပါဝင် ယှဉ်ပြိုင်တဲ့ အခါ ပြဿနာများ မပေါ်ပေါက်စေရန် နဲ့ သတိပြုနိုင်ရန် အတွက် “နိုင်ငံတကာ ကိုယ်စား ပြုအနက် အဓိပ္ပာယ်နဲ့ အလှမယ်ပြိုင်ပွဲ များ အပေါ် သုံးသပ် စကားသံများ” အဖြစ် အသိပညာရှင်၊ အတတ် ပညာရှင် များထံက သဘောထား များကို မေးမြန်း တင်ဆက် လိုက်ရပါတယ်။
ဒေါ်ရီရီဝင်း  
“ဖေ့စ်ဘုတ်မှာ ကွန်မန့်တွေ ရေး တာတွေလည်း တွေ့ပါတယ်။ မြန်မာ ကို အသုံးပြုတဲ့ အတွက် မြန်မာနိုင်ငံ ကိုယ်စား လူတွေက နာလို့ ပြောကြ တာပါ။ ဒါပေမဲ့ တကယ်ဖြစ် လာတဲ့ အရင်းခံ အကြောင်းအရင်းက ဒီက Organizer ရယ်၊ ကိုရီးယားက လုပ် တဲ့ Organization အဖွဲ့ရယ်၊ ကာ ယကံရှင်ရယ် ဒီ ၃ခု ပဲသေချာသိ မယ်။ ကျွန်မ တို့က ဘေးက ပရိသတ် ဖြစ်သွားပြီ။ သူ တို့ပြောတာတွေ က သူက ပြောရင် သူမှန်သလိုလို၊ ဒီလူ ကပြောရင် ဒီလူမှန် သလိုလိုနဲ့ ဘယ်သူ မှန်တယ် ဘယ်သူ မှားတယ် ကို ကျွန်မတို့ မသိဘူး။ သူတို့ ၃ယောက်ပဲ သိမယ်။ ခု နောက်ပိုင်းမှာ သရဖူပြန် သိမ်းတာတို့ က သူတို့ အချင်းချင်းမှာ ပြဿနာ တွေရှိမယ်။ သူတို့ သဘော တူညီ ထား တာတွေရှိမယ်။ ဘယ်တုန်းက သဘော တူထားပြီး နောက်ကျမှ သဘောတူ ထားတာကို  ဖျက်တာတွေ ရှိမယ်။ အဲဒီကြားထဲမှာ တအား ရှုပ်ထွေး တယ်။ အခုဆို MISS ပြိုင်ပွဲတွေ တော်တော် များလာတယ်။ မိန်းက လေးတွေ ကလည်း ဒီအပေါ်မှာ စိတ် အားထက်သန်စွာ နဲ့ ပြိုင်လာကြတယ်။ Organizer တွေကလည်း အများ ကြီး ပေါ်လာတယ်။ နိုင်ငံတော် ကလည်း ဒီမိုကရေစီ လမ်းကြောင်း သွားတယ် ဆိုပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေး ထားတဲ့ သဘောပဲ။ အဲဒီလို လုပ်တဲ့ နေရာမှာ အ မှားတွေတွေ့တယ်။ ဘယ် သူ့ကြောင့် မှားတယ် ဆိုတာတော့ ကာယ ကံ ရှင် တွေပဲ သိ တယ် ။သူတို့ အပေါ် မှာ ကောင်းတယ်၊ ဆိုးတယ်တို့ မဝေ ဖန်ချင်ဘူး။ကျွန်မ အသိ ပေးချင်တာ က သူတို့လုပ်နေ တဲ့ Miss ပြိုင်ပွဲတွေ ဆိုတာက Organizer တွေနဲ့ ဟိုဘက် နိုင်ငံတွေနဲ့ အဆက် အသွယ်ယူ၊ ဒီဘက်က စပွန် ဆာ ပံ့ပိုးပေးတာတွေနဲ့ ပြိုင်ပွဲတွေ လုပ်ပြီး နိုင်ငံ့ ကိုယ်စားဆိုပြီး နိုင်ငံ တော်ရဲ့ နာမည်တပ် တပ်ပြီး သွားကြ တာပေါ့။ ဒါပေမဲ့ နိုင်ငံ ကိုယ်စားနေရာ မှာ နိုင်ငံတော် ဘက်က ဘယ်လောက်  ပါလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ Miss Universe ဆိုရင် ဒေါ်ခွန်း (Lခွန်းရီ) ပါတယ် ။ဒေါ်ခွန်းပါတဲ့ အတွက် တစ် ဖက်တစ်လမ်းက အားကစား ဝန်ကြီး ဒုဝန်ကြီး ဇနီးဖြစ်တဲ့ အတွက် ကျွန်မတို့ ယုံကြည်မှု ရှိတယ်။ သူတို့သည် နိုင်ငံ တော်ဘက်က တာဝန်ရှိတဲ့ သူတစ် ယောက် အနေနဲ့၊ နာယက အနေနဲ့ သော်လည်းကောင်း၊ အကြံပေး အနေ နဲ့ သော်လည်း ကောင်းပါတဲ့ အတွက် သူကထိန်း လို့ရတယ်။ တခြား အဖွဲ့ အစည်းတွေက ထိန်းရတာ တော်တော် ခက်တယ်။ အခု လုပ်သွားတဲ့Miss Myanmar International ဆိုရင် Myanmar Tourism ကလုပ်တာ။ သူတို့မှာ Guide Line ပေးနေတဲ့လူ ကြီးပိုင်းတွေ ရှိတယ်။ အတတ်နိုင်ဆုံး လမ်း ကြောင်း အမှန် နဲ့ သွားနေတာကို မှားရင်လည်း လူကြီးတွေက Check လုပ်ပေးတယ်။ အခု အိန္ဒြာသီရိကို တို့ လုပ်သွားတာ ဆိုရင် Miss South East Asian 
 ဆိုင်းဘုတ် ကိုင် တဲ့ သူတွေချည်း ပဲပြိုင်သွားတယ်။ အားကစား ဝန်ကြီးဌာန၊ ယဉ်ကျေး မှုဝန်ကြီး ဌာနဝန်ကြီးကိုက ခွင့်ပြုတဲ့ အတွက် ဒီနာမည် သုံးပြီး ပြိုင်ပွဲ လုပ် လိုက်တယ်။ သူက အစိုးရနဲ့ ဆိုင်သွား ပြီ။ ဒါကြောင့်နိုင်ငံတော်က ကြည့် တယ် ။နိုင်ငံတော်က လွှတ်သင့် တဲ့ နေရာကို လွှတ်ပေး တယ်။ အိန္ဒြာသီရိကို သွားတာက တကယ့်ကို တာဝန်တစ် ရပ် အနေနဲ့သူတို့ကို အုပ်ချုပ်သူကလည်း ယဉ်ကျေးမှု ဝန်ကြီး ဌာနက တာဝန်ရှိ တဲ့ ဒေါက်တာ တစ်ယောက်က အုပ်ချုပ်သူ အနေနဲ့ လိုက်သွားတယ်။ မိဘရဲ့Guide Line လည်းပါသလို သူတို့သွားတဲ့ လမ်းက ဖြောင့်တယ်။ တချို့သော ပွဲတွေက မြန်မာ နိုင်ငံမှာ လုပ်လို့ မြန်မာနိုင်ငံလို့ နာမည် တပ်ပေမယ့် နိုင်ငံတော်က တကယ် အသိ အမှတ်ပြုသလား၊ နိုင်ငံတော် က ကြီးမှူးပြီး လုပ်တာလား။ နိုင်ငံ တော်က ပုဂ္ဂိုလ်တွေ အဲဒီမှာ ပါသလား။ အဲဒီတော့ Organizer တွေနဲ့ ပြိုင်ပွဲ ဝင်တဲ့ ကလေးတွေနဲ့ သူတို့ အချင်းချင်း လုပ်ကြတယ်။ ဆုရကြတယ်။ သွား ကြပြီး ပြဿနာဖြစ်တယ်။ ကျွန်မ အကြံပေးချင် တာက နိုင်ငံတော်က လည်း မြန်မာနိုင်ငံလို့ သုံးထားတဲ့ အပေါ် မှာ တစေ့ တစောင်း ပဲဖြစ်ဖြစ် အကြံ ပေးစေချင်တယ်။ ကူညီစေချင်တယ်။ မြန်မာနိုင်ငံ လို့ပြောတဲ့အချိန်မှာ အကုန် လုံး သိမ်းကျုံး အရိုက်ခံရသလို ဖြစ် တော့ နိုင်ငံ အနေနဲ့ တအား သိက္ခာကျ သွားတယ်။ ဒီလိုမဖြစ်အောင် ကူညီ ပေးတာတွေ လုပ်ပေးစေချင်ပါတယ်။”

ဒေါ် Lခွန်းရီ
MISS Universe Myanmar ပြိုင်ပွဲမှာတော့ အန်တီတို့ အားကား က ကူညီတဲ့ သဘောပဲပေါ့။ အဓိက အသက်(၂ဝ)ကျော် နိုင်ငံခြားမှာ အ လုပ်လုပ်နေသူ ပညာ တတ်တာ လေး ရယ်၊ ရင့်ကျက် တာလေးရယ် အဲဒီလို ကလေးမျိုးတွေ က စာချုပ် စည်းကမ်း မဖောက်ဘူး၊ မဖောက်ဘူး ဆိုတာက ကိုယ့်အသိစိတ် နဲ့ကိုယ်ပေါ့။ ခုဖြစ်တဲ့ ကလေးတွေ က (၁၈)၊ (၁၉)လောက် ပဲရှိတော့ ငယ်တာပေါ့။ ငယ်တော့ ဘဝ အတွေ့အကြုံ လည်း နည်းတာ ပေါ့။ နည်းတဲ့ အခါ ကျတော့ သူတို့တွေ က စာချုပ် ဆိုတာ ကို အကျွမ်းတဝင် မဖြစ်ဘူး။ သူတို့က ဖတ်တော့ ဖတ်လိုက်တယ်။ သို့သော်လည်း တကယ်တမ်း လက်တွေ့ လိုက်နာမှု မှာကျတော့ အားနည်းတော့ ဒီလို ပြဿ နာလေးတွေ ဖြစ်ကုန်တာပေါ့။”
“တကယ်တမ်း ပြောရရင် နေရှင်နယ် ဒါရိုက်တာတွေ ကလည်း သူတို့က သူတို့ဟာနဲ့ သူတို့ အိတ်စိုက်ပြီး စပွန်ဆာ ရှာရတယ်။ အိတ်စိုက်ပြီး တင်ပေးရ တော့ သူတို့လည်း ကုန်ကျတဲ့ အကျိုး အမြတ်ကို ပြန်ရချင် လည်း ရမှာပေါ့။ အန်တီတို့ ကျတော့ အား ကစား ဝန်ကြီး ဌာနအောက် ဆိုတော့ နည်းနည်းပါး ပါး ထိန်းကွပ်ပေးတာ ပဲရှိပါတယ်။ ခိုင် မာတဲ့အဖွဲ့အစည်း၊နိုင်ငံတော်က နေ စေလွှတ်တယ်ဆိုတဲ့ ဟာမျိုးကျ တော့ တိကျသေချာတယ် ခိုင်မာမှုရှိတယ်လေ”
သစ်သစ်မြင့်ဆိုင်
 ”ကျွန်မက စိတ်ပူပါတယ်။ အမှန်တရားက ဘာတွေဖြစ်နေလဲ ဆိုတာ ကျွန်မ ကိုယ်တိုင်လည်း သိချင် ပါတယ်။ စာနယ်ဇင်း က မဟုတ်ပေ မယ့်လည်း မြန်မာပြည်ကို ချစ်တဲ့စိတ် တစ်ခုတည်း နဲ့လာပါတယ်။ သူပြောတဲ့ စကားထဲမှာ ကျွန်မ တစ်ခွန်းထဲ အကြိုက်ဆုံးပဲ။ သူဟာ ဘာအမှားမှ မလုပ်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံ အနေ နဲ့ ဘယ်သူ့ ကိုမှ တောင်းပန်စရာ မလိုဘူး ဆိုတဲ့ စကားနဲ့ တင် ကျွန်မကျေနပ် ပါတယ်။ အရင်တုန်းက ဒီ ORGANIZATION တွေဆိုတာ ဘာမှန်းမှ မသိတာ။ မြန်မာပြည် သည် ကမ္ဘာ့ အလယ် မှာ ဘယ်လိုနည်း နဲ့ပဲဖြစ်ဖြစ် ထင်ပေါ် သွားမယ်။ လူသိသွားမယ် ဆိုရင် ပြီး ရောဆိုတဲ့ စိတ်နဲ့ အားပေးခဲ့တာလေ။ နောက်ပိုင်း မှဖြစ်လာရတဲ့ ကိစ္စတွေ အတွက် တစ်ခါ တစ်ခါကျတော့ ကိုယ် အားပေးခဲ့တာတွေ အတွက် လိပ်ပြာ မသန့်ဖြစ်မိတယ် ။နောက်ပိုင်း မယ်တွေ ကိုလည်း ဘယ်လိုစိတ် နဲ့ အားပေးရမလဲ ဆိုတာလည်း ဒွိ ဟဖြစ်မိတယ်။ အမှန်ကန်ဆုံး ကျွန်မသိ တာတော့ Miss Universe နဲ့ Miss World ပေါ့။ အဲဒီနှစ်ခုက လွဲပြီး ကျန်တဲ့ ဘယ်မယ် ပြိုင်ပွဲကိုမှ အားမ ပေးတော့ ဘူးလို့ စိတ်ကူးတယ်”
ဒေါ်ရတနာစုလှိုင် (Miss  Myanmar INTERNATIONAL 2014 စီစဉ်ဆောင်ရွက်သူ)
“မြန်မာ လူငယ်တွေ အနေနဲ့ ကိုယ့်တက်လမ်း ရှိလို့ ပဲဖြစ်ဖြစ် အဖွဲ့အစည်း တစ်ခု ဆိုရင် ပြီးရော ဆိုပြီး မလုပ်ဘဲ စိစစ်ပြီး တော့ လုပ်တာက ပို ကောင်းတာပေါ့။ ကိုယ့် နိုင်ငံ ကို ဘယ်သူကမှ စော်ကားတာ မလိုချင်ဘူး။ နိမ့်ပါးတာ မလိုချင်ဘူး။ အဲဒီ အတွက် အစ်မ organizer အနေနဲ့PROGRAM ဆွဲရင်တောင် အကျိုးရှိစေမယ့် အရာတွေ ကိုသေချာ ဆွဲတယ်။ အမေ ကလေးတွေကို ပညာရ မယ့် Program တွေမျိုး ပေါ့။ မြန်မာကို ကိုယ်စားပြု ထားတဲ့ အတွက် မြန်မမာ ခရီးသွား ဝန်ကြီးဌာန က နေပြီးလုပ်တဲ့ ဒီ Miss Myanmar International ပွဲပေါ့။ မြန်မာ ပြည်မှာ ခရီးသွားတဲ့ လတွေ အများ ကြီး ရှိတယ်။ မြန်မာပြည်ရဲ့ ခရီးသွား ချင်းကိုလည်း Promose လုပ်လို့ ရတယ်။ ဒီပြိုင်ပွဲဝင် ကလေးတွေက အကျိုးပြု စေနိုင်မှာ ဆိုတော့ သူတို့ကို ဗဟုသုတတွေ၊ Training တွေအများ ကြီးပေးထားတယ်။ ပြီးတော့ သူတို့ရဲ့ အခက်အခဲတွေ ကိုလည်း နားလည် ပေးတယ်။ တတ်နိုင်သမျှ ကျင့်ဝတ် နဲ့ ညီတဲ့ Program တွေဆွဲပေးတယ်။ ကလေးတွေ ရဲ့ အနာဂတ်ကို သေချာ အ ကျိုးပြုစေနိုင် မယ့်ဟာမျိုးပေါ့။ နိုင်ငံတော်က ပံ့ပိုးပေးတဲ့ ပွဲဖြစ်တဲ့ အတွက် အဖွဲ့အစည်းက ခိုင်မာမှု ရှိတယ်။ အဲဒီလို ခိုင်လုံတဲ့ အချက်တွေ၊ ခိုင်မာတဲ့ အဖွဲ့အစည်းတွေ ဆိုတာ သေချာ သိမှ ကလေးတွေကို သွားပြိုင် ခိုင်းတာမျိုး။ အဲဒီလိုမျိုးတော့ လုပ် သင့်တယ်လို့ ပြောချင်ပါတယ်”
popularmyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။