သင့်ဘဝမှာ ဖြစ်ပျက်နေတဲ့ကြောင်း ကျိုးခပ်သိမ်းဟာသင့် သဘောထားပေါ်မှာ အခြေခံပါတယ်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးအပေါ်ကိုင်တွယ်မှုနဲ့ ဘဝ လက်တွဲ ဖော် အပေါ် ဘယ်လောက်ယုံ ကြည်မှုထားသလဲဆိုတာ ကျင်လည်ရာ ပတ်ဝန်းကျင်အရ ကွဲပြားပါတယ်။ သင် နဲ့ သင့်ခင်ပွန်း(သို့မဟုတ်)ဇနီးနဲ့ ဆက်ဆံ ရေးကောင်း မွန်နေ မယ်ဆိုရင် တခြားအခက် အခဲတွေကို ကောင်းကောင်းကိုင်တွယ် ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အိမ် ထောင်ရေးမပြေလည်ဘူး ဆိုရင် ပြဿနာအသေး အမွှားလေး ကိုေ တာင်ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အိမ်ထောင်ရေးဆိုတာ ဇနီးမောင်နှံနှစ်ဦးနဲ့ပဲ သက်ဆိုင်တယ်လို့ အများစုက ထင်ကြပါတယ်။
တကယ်တမ်းမှာတော့ အိမ်ထောင်ရေးမှ ရိုက်ခတ်လာတဲ့ အကောင်းအဆိုးဂယက်တွေဟာ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ ကျန်းမာရေးပေါ်မှာပါ သက်ရောက် မှုရှိ ပါတယ်။ ပျော်ရွှင်ခြင်း ရောင်စဉ်တွေထုံမွမ်းထားတဲ့ အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ဖော်ပြပါအချက် ငါးချက်က သင့်ကိုအကူအညီပေးပါ လိမ့်မယ်။
၁။ နားလည်မှုထားပါ
အားထုတ်ကြိုးပမ်းမှုမရှိဘဲ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခု ဖန်တီးတယ်ဆိုတာလက်ခံနိုင်စရာမရှိတဲ့အပြင် လက်တွေ့မကျပါဘူး။ သင့် အိမ်ထောင်ရေးရဲ့ အား နည်းချက်အားသာချက်တွေကို လေ့လာပါ။ သင်နဲ့ သင့်လက်တွဲဖော်ရဲ့ အတွင်းစိတ်သေချာသိအောင် ကြိုးစားပါ။ နားလည် အောင်ကြိုးစားပါ။ အိမ်ထောင်ရေးမှာ တစ်ဦးနဲ တစ်ဦးနားလည်မှုရှိဖို့က အခြေခံအုတ်မြစ်တစ်ခုပါ။ ချစ်ခြင်းမေတ္တာလေးစားမှု၊ ခွင့်လွှတ်မှုတွေကလည်း သင်တို့ကြားမှာ လိုအပ်ပါတယ်။ သူဘက် ကိုယ် ဘက် နှစ် ဖက် မျှတွေးပါ။
၂။ တစ်ကိုယ်ကောင်းမဆန်ပါနဲ့
အိမ်ထောင်တစ်ခုတည်ထောင်တယ်ဆိုတာ ဘဝကို ၅ဝရာခိုင်နှုန်း ရင်းနှီးမြုပ်နှံလိုက်တာ မဟုတ်ပါဘူး။ ရာခိုင်နှုန်းပြည့်ရင်းနှီးမြုပ်နှံလိုက်တာပါ။ သင့် တစ်ဖို့တည်း မကြည့် ပါနဲ့။ သင်လိုချင်တာ ဖြည့်ဆည်းသလို၊ သူလိုချင်တာကို လည်း ဖြည့်ဆည်းပေးပါ။ နောက်ထပ်အရေးကြီးတာတစ်ခုက သူ့မိဘ၊ ကိုယ့်မိဘမခွဲခြားဘဲ တန်းတူဆက် ဆံ သင့် ပါတယ်။ သူ့ရဲ့လိုအပ်ချက်ကို သင့်ရဲ့ လိုအပ်ချက်အဖြစ် သဘောထားပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်ဒိုး တူပေါင်ဖက် ဆောင်ရွက်လျှင်သင်တို့အိမ်ထောင်ရေးက အ ဘက်ဘက်က သာယာစိုပြည်ပါလိမ့်မယ်။
၃။ အကောင်းမြင်ပါ
ဘယ်အိမ်ထောင်ရေးမဆို စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ်။ မပြည့်စုံတဲ့လူနှစ်ဦးပေါင်းစပ် ပြီးအိမ်ထောင်တစ်ခုထူထောင်ထားတာပါ။ စင်းလုံး ချောတဲ့သူမရှိပါဘူး။ သင့် လက်တွဲဖော် ရဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေနဲ့ စွမ်းဆောင်ရည် အားနည်းချက်တွေကိုပဲ အာရုံစိုက်နေရင်တော့ သင့်အခြေအနေက ဒုံရင်းက ဒုံရင်းပဲဖြစ်နေမှာပါ။ ဒါ ကြောင့် မြားနတ်မောင်က စုံဖက်ပေးလိုက်တဲ့ လက်တွဲဖော်အပေါ် အကောင်းမြင်စိတ်ထားပါ။ သဘောထားကွဲလွဲမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ ရှိ ကောင်းရှိနေပေ မယ့် အကောင်းဘက်ကသာ တွေးပါ။ အားနည်းချက်ကွက်လပ်ကို ချစ်စိတ်နဲ့ ဖြည့်ပေးလိုက်ပါ။
၎။ ပွင့်လင်းပါ
တစ်ယောက်အပေါ်တစ်ယောက်ဖုံးကွယ်မျိုသိပ်မှုတွေရှိနေတာသင့်တို့ အိမ်ထောင်ရေးက ချောက်ထဲဆင်းဖို့ ဦးတည်နေပါပြီ။ မကျေနပ်တာရှိလျှင် ပွင့်ပွင့် လင်းလင်းပြော ပါ။ နှစ်ယောက်အကြားမှာ အဖုအထစ်ရှိနေပြီဆိုပါစို့။ အော်ဟစ်ရန်ဖြစ်ခြင်းကို ရှောင်ပါ။ အဲ့ဒီအစား အပြန်အလှန်မကျေနပ်ချက်တွေ ဖွင့်ဟပါ။ နှစ်ဦးစလုံးလက်ခံနိုင်မယ့် နည်းလမ်းကို ညှိနှိုင်းရှာဖွေပါ။ အိမ်ထောင်ရေးကတောက်ကဆတ်တွေများနေလို့ စိတ်မညစ်ပါနဲ့။ သာယာတဲ့ မိသားစုတစ်ခုကို သင်ကိုယ်တိုင်ဖန်တီး နိုင်ပါတယ်။
TW, Ref;Wedmd.com
popularmyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။