ရေးဖြစ်တာက
ဒီသီချင်းက အိန်အိန်းရဲ့ ဒုတိယ solo ခွေထဲမှာ ပါတယ်။ သီချင်းလေးမှာ ကောင်လေးနဲ့ ကောင်မလေးက အရမ်းချစ်ကြတဲ့ စုံတွဲပေါ့။ ဒါပေမဲ့ ကောင်မလေးက ကောင်လေးကို မယူနိုင်ဘူး။ ဘ၀လက်တွဲဖော်အဖြစ် တကယ်မယူနိုင်ဘူး။ သူ့ဘ၀အတွက် တကယ်ဖူလုံမယ့် ပိုက်ဆံရှိတဲ့ လူတစ်ယောက်ကို ယူသွားတယ်။ ယူပြီးသုံး၊ လေးနှစ်ကြာမှ ပြန်တွေ့တယ်။ ပြန်တွေ့တဲ့အချိန်မှာ တစ်ဖက်က ယောက်ျားနဲ့ ကွဲသွားပြီး အဲဒါကို မြင်ပြီး ကောင်လေးက သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာမှာ လှည့်ကွက်ရှိနေတယ် ဆိုတာကို ဖန်တီးပြီးရိုက်ထားတာပါ။
ဆိုတဲ့ခံစားမှု
ဒီသီချင်းက Piano နဲ့တီးပြီး ဆိုထားတာပါ။ ကိုကျော်ဇေယျက တီးပေးထားတာပါ။ ဒီသီချင်းကို အဆွေးဓာတ် အပြည့်နဲ့ ဆိုထားပါတယ်။ ပရိသတ်ကြိုက်တယ်လို့ ပြောတဲ့အတွက် ၀မ်းသာမိပါတယ်။ အိန်အိန်းက ကိုယ်ကြိုက်တာပဲ ကိုယ်ဖန်တီးတတ်တယ်။
အကြိုက်ဆုံးစာသား
ကြိုက်တဲ့စာသားလေးကတော့ “နင်အသက်ထက်ချစ်တာ မယုံရင် ရင်ခွဲကြည့်၊ အကြင်နာစိတ် စီးဆင်းနေပြီ” ဆိုတဲ့ နေရာလေးကို ကြိုက်တယ်။
ဆိုတဲ့အချိန်နဲ့ ရေးတဲ့အချိန်
ရေးတဲ့အချိန် သတ်မှတ်ထားတာတော့မရှိပါဘူး။ ကိုယ့်ခံစားချက် ဖြစ်ပေါ်လာတဲ့အချိန်ဆို ရေးဖြစ်တာများတယ်။ သီချင်းဆိုတာလည်း ဘယ်အချိန်ဖြစ်ဖြစ်ဆိုတယ်။
ပရိသတ်လက်ခံတာသိရတာက
ဒီသီချင်းကို အိမ်တွင်းပုန်း ကောင်မလေးတွေ လက်ခံပြီး ကြိုက်ကြတာကို ပိုတွေ့ရတယ်။ ဒီသီချင်းလေးကို ကြိုက်တယ်ဆိုပြီး အိန်အိန်းဆီကို စာတွေပို့တယ်။ ဒီသီချင်းကို
ကြိုက်တယ်ဆိုပြီး 8 Days ဂျာနယ်ကို ရေးပို့တဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။
ကြိုက်တယ်ဆိုပြီး 8 Days ဂျာနယ်ကို ရေးပို့တဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။
ပရိသတ်လက်ခံတဲ့အတွက်ခံစားမှု
ပရိသတ်တွေ လက်ခံတဲ့အတွက် ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်။ ကိုယ်ဖန်တီးတဲ့ သီချင်းလေးတွေက ပရိသတ်ရဲ့ခံစားမှုနဲ့ တစ်ထပ်တည်း ကျသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီသီချင်းဖြစ်မြောက်ဖို့ ဖန်တီးပုံဖော်ပေးတဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။