Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 19, 2012

၂၀၁၃ SEA GAMES မှာ မြန်မာရဲ့ဂုဏ် ကို ပြဖို့ တစ်ဦးတစ်ယောက် ချင်းစီ ကြိုးစားပြီး နေစေချင်တယ် (ခင်သဇင်)

19 November 2012 |By 8 Days
ခင်သဇင် ဆိုတာ စိုင်းစိုင်း ခမ်းလှိုင်ရဲ့ “အိုး .. . ဟော့တယ်” သီချင်းမှာ ဝင်ရောက်
သရုပ်ဆောင်
ရင်း ပရိသတ် သိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပါ။ အဲဒီနောက်ပိုင်း ဓာတ်ပုံ၊ ကြော်ငြာများ ရိုက်ကူးခဲ့သလို ဗီဒီယိုဇာတ်ကားလည်း ဒါရိုက်တာ ဦးမီးပွားနဲ့ စတင် ရိုက်ကူးဖြစ်ခဲ့ပါတယ်။
“အနုပညာ အလုပ်ကို လုပ်ဖို့ ရည်ရွယ်ပြီး ဝင်ရောက်လာတာ မဟုတ်ပေမယ့်၊ ကိုယ်စတင် လျှောက်လှမ်းလာခဲ့တဲ့ လမ်းကို အောင်မြင်အောင် ဆက်လျှောက်သွားမယ်” လို့ သူက ဆိုပါတယ်။
အနုပညာအလုပ် မလုပ်ခင် AirBagan မှာ လေယာဉ်မယ်အဖြစ် (၅) နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အင်္ဂလန်မှာ ကျောင်းတက်နေသူဖြစ်ကာ စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ထားပေမယ့် မထင်မှတ်ဘဲ အနုပညာ အလုပ်ကို လုပ်ဖြစ်သွားခဲ့သူပါ။ အခုဆိုရင် ၂၀၁၃ အတွက် ၂၀၁၂ ဒီဇင်ဘာလ SEA GAMES ဈေးရောင်းပွဲတော်မှာ Brand Ambassador အဖြစ် ဆောင်ရွက်မယ့်သူ ဖြစ်တဲ့အတွက် ခင်သဇင်နဲ့ အင်တာဗျူး အမေးအဖြေလေး လုပ်ကြည့်ခဲ့ရာမှာတော့ .....
အင်တာနက်တွေ ပေါ်လာတော့ emedia အနေနဲ့ လူငယ်တွေကို စိုးမိုးလာနိုင်တဲ့အတွက် လူငယ်တွေ စာဖတ်ဖို့ အားနည်းသွားတယ်လို့ မထင်မိဘူးလား။
မြန်မာနိုင်ငံမှာ အင်တာနက်ဆိုတာ ကြိုက်တဲ့နေရာမှာ သုံးလို့ရတာမှ မဟုတ်တာ။ ဒါပေမဲ့ စာအုပ်ဆိုတာကတော့ နေရာတိုင်းမှာ ဖတ်လို့ရတယ်။ လူတိုင်းလည်း အင်တာနက်ကို မသုံးတတ်ကြသေးပါဘူး။ တောရောမြို့ပါ ကြည့်လို့ ဖတ်လို့ရတာက ဂျာနယ်၊ သတင်းစာနဲ့ စာအုပ်တွေပဲ ရှိပါတယ်။ ဒါပေမဲ့ လူငယ်တွေအနေနဲ့ ဗဟုသုတရအောင် အင်တာနက်ကို အသုံးပြုသင့်သလို၊ အသိပညာ၊ ဗဟုသုတတွေ စုံလင်အောင် စာပေတွေလည်း ဖတ်သင့်ပါတယ်။
ခင်သဇင်က သရုပ်ဆောင်တစ်ယောက် ဆိုတော့ သရုပ်ဆောင်ပညာကို ဘယ်လို နားလည်ထားလဲ။
သရုပ်ဆောင်ပညာဆိုတာ လူငယ်တွေထဲက လူတွေရဲ့ ပုံစံကို ရင်ထဲမှာ စွဲသွားအောင်၊ မြင်သွားအောင် လုပ်ပြတာ။ ကိုယ်ငိုတိုင်း သူများ လိုက်ငိုဖို့၊ ကိုယ်ရယ်ရင် လိုက်ရယ်ဖို့ လုပ်ရတာ ခဲယဉ်းပါတယ်။ သူများပါ လိုက်ငို၊ လိုက်ရယ်နိုင်အောင် ဆွဲခေါ်သွားတဲ့ ပညာရပ်လို့ မြင်ပါတယ်။
အပြင်မှာရော သရုပ်ဆောင်ပညာကို အသုံးချပြီး လူတွေကို ဆက်ဆံတတ်လား။
အပြင်မှာတော့ မရှိဘူး။ သဇင် နေချင်သလို နေတာ၊ ဟန်ဆောင်တာ၊ လိမ်ညာတာတွေဆိုရင် လုံးဝမကြိုက်ဘူး။ အရင်တုန်းက သဇင်က ယောက်ျားလျာ။ အဲဒီလို အိုက်တင် များတာတွေဆိုရင် လုံးဝ မကြိုက်ဘူး။
ခင်သဇင်ရဲ့ ငယ်ငယ်တုန်းက ယောက်ျားလျာ Life Style ကို ပြောပြပါဦး။
သဇင်က ငယ်ငယ်တုန်းက မိန်းကလေးကျောင်းမှာ နေခဲ့တာ။ ယောက်ျားစိတ် ပေါက်တာမျိုးတော့ မဟုတ်ဘူး။ အိမ်က သဇင့်ကို ဆံပင်အရှည် ပေးမထားဘူး။ လက်သည်းအရှည် ပေးမထားခဲ့ဘူး။ အဲဒီတော့ သူများ မိန်းကလေးတွေလိုမျိုး အလှပြင်ခွင့် မရှိဘူး။ (၁၀) တန်းထိပေါ့နော်။ အဲဒီတုန်းက ခေတ်စားတဲ့ မဒါ (စိုးမြတ်နန္ဒာ) ဆံပင်ကေ အတိုထားပြီး ကျောင်းသွားရင် လွယ်အိတ်ကို ဘေးစလွယ်သိုင်းပြီး၊ ကားတားကားတားနဲ့ ကျောင်းသွားတာ။ အဲဒီပုံစံကို ကြိုက်တယ်။ အခုချိန်ထိ အဲဒီပုံစံ ပေါက်နေတုန်းပဲ။ တီရှပ်နဲ့ ကက်ဦးထုတ်နဲ့ လွယ်အိတ်ကို ဘေးစလွယ်သိုင်းပြီး အပြင်မှာ လျှောက်သွားနေတတ်တာ။ အဲဒီလို Life ကိုကြိုက်တယ်။
ငယ်ငယ်တုန်းက ရည်းစားစာတွေ ရေးပေးတယ်ဆိုတော့ ဘယ်နှစ်စောင်လောက် ရေးပေးဖြစ်ခဲ့လဲ။
ဘယ်နှစောင်မှန်းကို မမှတ်မိတော့ဘူး (ရယ်လျက်) ရေးတဲ့အခါ တကယ်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးရတာကို သဘောကျတာ။ သူတို့ အသည်းကွဲရင်လည်း အသည်းကွဲတဲ့ ပုံစံကို အငှားခံစားပြီး ရေးပေးတာ။ ကောင်မလေးဖက်က ရေးပေးတာပေါ့။ ကောင်လေးဖက်က စာပေးလို့ရှိရင် သူငယ်ချင်း ကောင်မလေးဖက်ကနေ ဘယ်လို ခံစားနေရပါတယ်ဆိုတာ သဇင်က ခံစားပြီး ရေးပေးတာ။ သဇင်တို့က မိန်းကလေးကျောင်း ဆိုတော့လေ. . .
အခုချိန်မှာရော . . .
ငယ်ငယ်တုန်းကတော့ အရမ်း ခံစားလွယ်တယ်။ ကြီးပြင်းလာတော့ လူတွေအကြောင်းကို ပိုသိလာတယ်။ အချစ်ဆိုတာ သိပ်မယုံဘူး။ မရှိဘူးလို့တောင် ထင်တယ်။
ဒါဆိုရင် ခင်သဇင် နားလည်ထားတဲ့ အချစ်ဆိုတာက ....
အချစ်ဆိုတာ ဘုရားဟောနဲ့ မညီတဲ့ အလုပ်တစ်ခုလို့ နားလည်ထားတယ်။ ဘုရားက သံသရာကို ဖြတ်ဖို့၊ အတွယ်အတာဆိုတာ အချစ်ဆိုပြီး ဟောထားတယ်။
ဘဝမှာ တစ်ယောက်တည်း နေရမှာ မကြောက်ဘူးလား။
အဖေ၊ အမေက မန္တလေးဇာတိ၊ သဇင်က ရန်ကုန်မှာ ကျောင်းတက်ခဲ့ရတော့ ငယ်ငယ်တည်းက အဒေါ်အပျိုကြီးရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ရတာ။ သူကတော့ တစ်ယောက်တည်း ဖြစ်မှာကို အရမ်းကြောက်ပြီး သဇင့်ကို အမြဲတမ်းပြောတယ်။ ဒါကြောင့် တစ်ယောက်တည်း နေလို့ ပျင်းလာတဲ့အချိန် ဆိုရင်တော့ ယူမယ်။ တစ်ယောက်ထဲ ဖြစ်မှာကိုတော့ ကြောက်တယ်။ အဲဒါကြောင့်ပဲ ယူဖြစ်မယ်ထင်တယ်။
ဒါဆိုရင် အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်သွားမှာပေါ့။
ခံစားလို့ ရမယ့်သူတော့ ဖြစ်ရမှာပေါ့။ ပစ္စည်းတစ်ခုကို ကိုယ်ကြိုက်မှ သိမ်းထားလို့ ရမှာလေ။ ကိုယ်ကြိုက်တဲ့ ပစ္စည်းတစ်ခု ဖြစ်ရမှာပေါ့။ ချစ်တယ်၊ မချစ်ဘူး ဆိုတာကတော့ ခုချိန်ထိ ဘယ်သူမှ အတိအကျ မပြောနိုင်သေးတဲ့ အတွက် အချစ်ဆိုတာ ရှိတယ်။ မရှိဘူးဆိုတာ လက်ခံဖို့ ခက်ပါတယ်။
အနုပညာနဲ့ ပတ်သက်ပြီး ဆက်ပြီး မေးချင်ပါတယ်။ အခုဆိုရင် အနုပညာ လောကထဲမှာ နာမည်ရဖို့ အတွက် အသစ် အသစ်သော ဝါသနာရှင်တွေက ငွေရင်းနှီး ခဲ့သလို၊ လူပါ ရင်းနှီးခဲ့ရတယ်လို့ ကြားသိခဲ့ရတာတွေ ရှိပါတယ်။အဲဒီအပေါ် ဘယ်လိုမြင်ပြီး သုံးသပ်ချင်လဲ။
စိတ်မကောင်းဘူးပေါ့။ ဖြစ်လာတာ၊ မဖြစ်လာတာ အပထား ငွေရင်းနှီးလိုက်ရလို့ ဆိုတဲ့ သူတွေအတွက် စိတ်မကောင်းဘူး။ အဆိုးဆုံးက လူပါ ရင်းနှီးလိုက်ရတဲ့ သူတွေပေါ့။ မိန်းကလေးချင်း ကိုယ်ချင်းစာတယ်။ မဖြစ်စေချင်ဘူး။ ဒါပေမဲ့ လူတွေထဲက လူတွေကိုပဲ ဘာလို့ အမြတ် ထုတ်ချင်ရတာလဲ ဆိုတာကို သဇင်လည်း နားမလည်ဘူး။ မြန်မာလူမျိုး အချင်းချင်း အဲဒီလို ပိုပြီး မလုပ်သင့်ဘူးလို့ ထင်တယ်။
ပြုလုပ်သူ ကာယကံရှင်ကရော လွန်တယ်လို့ မထင်ဘူးလား။
မိန်းကလေးက ဘယ်လို စိတ်ထားမျိုးနဲ့ ပေးသလဲ ဆိုတာတော့ မသိဘူး။ သူလည်း အောင်မြင်ချင်လို့ ဖြစ်ချင်လို့ပဲ ထင်တယ်။ ပေးစရာ မရှိဘဲ ဒါပဲ ပေးစရာရှိတယ် ဆိုပြီး ပေးလိုက်တာ ဖြစ်မယ်။ အဲဒါက လုံးဝ မှားတယ်လို့ သဇင်ထင်တယ်။ တချို့ကျတော့ နယ်က တက်လာပြီး အဆက်အသွယ် မရှိတာတွေ၊ တချို့ကလည်း ယုံမိတာတွေ ရှိမယ်။ ဒါမှမဟုတ် ချစ်လို့ကြိုက်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ သဇင်ကတော့ မပြောတတ်ဘူး။ ကိုယ်မှ မကြုံဘူးတာကိုး။
မြန်မာနိုင်ငံမှာ ၂၀၁၃၊ ဒီဇင်ဘာလကျရင် အာစီယံ SEA GAMES လက်ခံ ကျင်းပတဲ့အပေါ် ညီမ ဘယ်လိုမြင်လဲ။
မြန်မာနိုင်ငံမှာ လက်ခံ ကျင်းပမယ်ဆိုတော့ ဂုဏ်လည်း ယူတယ်။ ဝမ်းသာပီတိ ဖြစ်မိတယ်။ မြန်မာလူမျိုးတွေ အနေနဲ့ကလည်း ဒါနဲ့ပတ်သက်ပြီး အာရုံ စိုက်စေချင်တယ်။
မြန်မာနိုင်ငံ အတွက်ကရော ဘာတွေ ပြင်ဆင်သင့်ပြီလို့ ထင်လဲ။
မြန်မာ အသင်းကလည်း ဝင်ပြိုင်မှာဆိုတော့ သေချာ လေ့ကျင့်စေချင်တယ်။ ပြီးတော့ မြန်မာလူမျိုးတွေ စည်းကမ်း ရှိစေချင်တယ်။ ဆဲတာ၊ ဆိုတာ၊ ရိုင်းပျတာတွေက အစပေါ့။ သူတို့နိုင်ငံမှာ အဲဒီလိုမျိုး မရှိဘူးလေ။ ကိုယ့်နိုင်ငံမှာ ကျင်းပပြီးမှ ရန်ဖြစ်တယ်ဆိုရင် မကောင်းဘူးပေါ့။ နောက်ပြီး နိုင်ငံတကာက နိုင်ငံခြားသားတွေ မြန်မာပြည်ကို အများဆုံး ဝင်လာလည်တော့မယ်။ သဇင်တို့ မြန်မာနိုင်ငံမှာ ဒီ့ထက် ဝင်ငွေတွေ ပိုကောင်းလာတော့မယ်။ အဲဒီချိန်မှာ နိုင်ငံခြားသားတွေက မြန်မာလူမျိုးကို အထင် သေးမသွားစေဖို့ပဲ။ တွေ့ကရာ နေရာမှာ အမှိုက်ချတတ်တဲ့ အကျင့်တွေ၊ ရိုင်းပျတာတို့ အကုန်လုံး ပြင်သင့်တယ်။ တစ်ချို့ နိုင်ငံခြားသားတွေကို ညာပြီး ပိုက်ဆံ ယူသွားတာတို့ ရှိတယ်။ အဲဒါက တစ်ယောက်တည်း လုပ်ပေမယ့် မြန်မာလူမျိုး တစ်မျိုးလုံး စော်ကားလိုက်သလိုပါပဲ။
Cover Star Interview ရဲ့ နောက်ဆုံးအနေနဲ့ ခင်သဇင် ပရိသတ်ကို ဘာများ ပြောချင်တာ ရှိပါသေးလဲ။
၂၀၁၃ SEA GAMES ရောက်လာပါတော့မယ်။ အဲဒီအချိန်ကျရင် မြန်မာလူမျိုးဆိုတဲ့ ဂုဏ်ကို ပြနိုင်ဖို့၊ တစ်ဦးတစ်ယောက်တည်းကနေ မြန်မာနိုင်ငံရဲ့ ဂုဏ်ကို ပြသနိုင်ဖို့၊ ကြိုးစားပြီး နေပေးချင်ပါတယ်။ မြန်မာတစ်ယောက်ကို မြင်တာနဲ့ ဒါမြန်မာလူမျိုးလားလို့ သုံးသပ်သွားတာမျိုး မဖြစ်ချင်ပါဘူး။ ပြီးတော့ ပရိသတ်ကြီး ကျန်းမာ ချမ်းသာပါစေလို့ နှုတ်ဆက်ချင်ပါတယ်။


ထွန်းမြင့်ဇော်
8 Days

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။