Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 19, 2012

အမေသေဆုံးမှုက ဘဝအောင်မြင်မှု အတွက် စေ့ဆော်ပေးတဲ့ အရာပါပဲ - Rain

19 November 2012 |By 8 Days
Background dancer အဖြစ်နဲ့ အနုပညာ လောကကို စတင် ဝင်ရောက် လာခဲ့တဲ့ Rain၊
အာရှတလွှားမှာ အောင်မြင် ကျော်ကြားမှုတွေ ရရှိနေတဲ့ Rain၊ ကမ္ဘာ တစ်ဝန်းမှာ ပြုလုပ်တဲ့ သူ့ရဲ့ ဂီတဖျော်ဖြေပွဲတွေ ဆိုရင် ရုံပြည့်ရုံလျှံ အားပေးခံရတဲ့ Rain၊ ချစ်စံအိမ် ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲ လေးနဲ့အတူ မြန်မာရုပ်သံကြည့် ပရိသတ်ရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူခဲ့တဲ့ ရွှေမင်းသားလေးကို မြန်မာရုပ်သံကြည့် ပရိသတ်တွေ မေ့ကြဦးမယ် မထင်ပါဘူး။

မကြာသေးခင်က မြဝတီရုပ်သံကနေ ကိုလူချောရဲ့ ဒုတိယအစီအစဉ် ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့တာဆိုတော့ Rain ကို တသသဖြစ်နေမယ့် ပရိသတ်တွေအတွက် Rain ရဲ့အကြောင်းကို ယခုတစ်ပတ် 8DAYS ဂျာနယ်ကနေ တင်ဆက် ပေးလိုက်ပါတယ်။သူ့ရဲ့ နာမည်ရင်းက “ဂျောင်းဂျီဟွန်း”၊ သူ့ကို Rain ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုရီးယားလို “ဘီ” လို့လည်း ခေါ်ကြတယ်။ ၁၉၈၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တာဆိုတော့ အခုဆိုရင် သူ့ရဲ့အသက်က သုံးဆယ်ကျော်ပြီပေါ့။
Rain ရဲ့ ငယ်ဘဝ
Rain တို့ မိသားစုဟာ သူငယ်ရွယ်စဉ်က အရမ်းကို ဆင်းရဲပါတယ်။ Rain ရဲ့ အမေဟာ ပိုက်ဆံသာရှိမယ်ဆိုရင် ကုသလို့ ပျောက်ကင်းနိုင်မယ့် ရောဂါကို ပိုက်ဆံမရှိလို့ မကုသနိုင်ဘဲ ဆုံးခဲ့ရတာပါ။ Rain ဟာ အဲဒီအချိန်ကာလတွေအတွက် ကြေကွဲ ခံစားခဲ့ရပြီး သူ့အမေ သေဆုံးမှုဟာ သူ့ဘဝအတွက် သူ့အောင်မြင်မှုအတွက် အဓိက စေ့ဆော်ပေးတဲ့ အရာပါပဲ။ အရာရာတိုင်းကို သူတတ်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်း လုပ်ဆောင်တယ်။ တကယ်တော့ Rain ဟာ သူ့ဘဝအတွက် ပိုမိုကောင်းမွန်တဲ့၊ ပိုမိုကြီးမားတဲ့ အရာတွေကို အမြဲတမ်း စိတ်ကူးကြံစည်နေတတ်သူ တစ်ယောက်ဖြစ်ပြီး သူဟာ ဘယ်တော့မှ နားမနေတတ်သူပါ။
Rain ရဲ့ ဂီတ
၂၀၀၂ ခုနှစ်မှာ Bad Guy ဆိုတဲ့ အယ်လ်ဘမ်နဲ့ ကိုရီးယား ဂီတလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်က ကိုရီးယား တစ်နိုင်ငံလုံး ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ရူးသွပ်နေချိန်ဆိုတော့ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ဟာ ကမ္ဘာ့ဖလားရဲ့ ဂယက်ရိုက်လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယ သီချင်းကတော့ အရမ်းကို ကျော်ကြားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ၂၀၀၆ ခုနှစ်မှာ (ဒီအယ်လ်ဘမ်ဟာ အာရှဂီတ လောကမှာ ထိပ်ဆုံးအဆင့်ထိ ကျော်ကြားခဲ့ပါတယ်။) ၂၀၀၈ ခုနှစ်မှာတော့ သူ့ရဲ့ (၅) ခုမြောက် အယ်လ်ဘမ်ဖြစ်တဲ့ အယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် Rain
အဆိုတော် အဖြစ်နဲ့ ကျော်ကြားလာတဲ့ Rain ဟာ Sangdoo Let’s Go to School ဆိုတဲ့ ဇာတ်ကားနဲ့ ကိုရီးယား ရုပ်ရှင်လောကကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကိုရီးယား ရုပ်ရှင်လောကမှာ အောင်မြင်မှုအရှိဆုံး ရုပ်သံစီးရီးဖြစ်တဲ့ Full House (ချစ်စံအိမ်) မှာ ခေါင်းဆောင်မင်းသား နေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
စင်ကာပူ၊ တရုတ်ပြည် (ထိုင်ဝမ်) နဲ့ ဟောင်ကောင်စတဲ့ အာရှနိုင်ငံတွေမှာ Rain ဟာ အဆိုတော်တစ်ယောက် အဖြစ်ထက် သရုပ်ဆောင် တစ်ယောက်အဖြစ် ပိုပြီး နာမည်ကျော်ကြားပါတယ်။
အဲဒီနိုင်ငံတွေမှာ သူ့ရဲ့ Full House ရုပ်သံဇာတ်လမ်းတွဲဟာ အရမ်းကို နာမည်ကျော် လူကြိုက်များခဲ့တာပါ။ သူ့ကို သရုပ်ဆောင်တစ်ယောက် အဖြစ်သာ သိထားတဲ့ နိုင်ငံအချို့မှာ တေးဂီတ ဖျော်ဖြေပွဲတွေ သွားလုပ်တဲ့အခါ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အခုလို သီချင်းဆိုနိုင်၊ ကနိုင်တဲ့ Rain ကို ပရိသတ်က တအံ့တသြ ဖြစ်ကြရပါတယ်။
Hollywood ရုပ်ရှင်လောကကို Speed Racer ဆိုတဲ့ ရုပ်ရှင်ကားရဲ့ ဇာတ်ရံ သရုပ်ဆောင်အဖြစ်နဲ့ ဝင်ရောက်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားဟာ အောင်မြင်မှု သိပ်မရခဲ့ပေမယ့် Rain ကတော့ အဲဒီကားမှာ ဝင်ရောက် သရုပ်ဆောင်ခဲ့ရတာကို လုံးဝ နောင်တမရခဲ့ပါဘူး။ သူ့ဟာ သူသရုပ်ဆောင်ရမယ့် နေရာကနေ အကောင်းဆုံး ကြိုးစား သရုပ်ဆောင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ Rain ဟာ Ninja Assassin ရုပ်ရှင်ကားကြီးမှာ ခေါင်းဆောင်မင်းသား နေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ကိုယ်ခံပညာ တတ်ကျွမ်းတဲ့ သရုပ်ဆောင် မဟုတ်တဲ့ Rain ဟာ အဲဒီကားကို ရိုက်ဖို့အတွက် ကိုယ်ခံပညာတွေကို လေ့လာသင်ယူရတယ်။ Body Structure လှဖို့အတွက် သူစားချင်တာတွေ မစားရဘဲ ပရိုတင်းတွေ အများကြီးပါတဲ့ အစားအစာတွေကိုပဲ စားရတယ်။
အဲဒီရုပ်ရှင်ကားကို ရိုက်ဖို့အတွက် Rain ဟာ လေ့ကျင့်မှုတွေ အပြင်းအထန် လုပ်ခဲ့ရပါတယ်။ အလုပ်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ် လုပ်ကိုင်တတ်တဲ့ Rain ကို ရုပ်ရှင်အဖွဲ့သားတွေရော လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေကပါ အထင်ကြီး လေးစားခဲ့ရပါတယ်တဲ့။ အဲဒီကားကို ရိုက်ကူးနေစဉ်မှာ Rain ဟာ ကိုရီးယားက သူငယ်ချင်းတွေနဲ့ အာရှက သူ့ကိုအားပေးတဲ့ ပရိသတ်တွေကို အရမ်းကို သတိရနေခဲ့တာပါ။
ဒါပေမဲ့ ရုပ်ရှင်လောကရဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့အတွက် အလုပ်မှာပဲ စိတ်ကို နှစ်ထားခဲ့ရပါတယ်။ သူဟာ Ninja Assassin ရုပ်ရှင်ကားကို ရိုက်ကူးပြီးတာနဲ့ အာရှကို ပြန်လာပြီး နှစ်ရက်အကြာမှာ ဂျပန်မှာ တေးဂီတ ဖျော်ဖြေပွဲတစ်ခုကို လုပ်ခဲ့ပါတယ်။
အလုပ်မလုပ်ရ မနေနိုင်သူ၊ ဘယ်တော့မှ ဆင်ခြေမပေးတတ်သူ Rain
သရုပ်ဆောင်တာပဲ ဖြစ်ဖြစ်၊ သီချင်းဆိုတာပဲဖြစ်ဖြစ်၊ ကတာပဲဖြစ်ဖြစ် ဘာကိုပဲလုပ်လုပ် Rain ဟာ သူ့ရဲ့အလုပ်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်တတ်သူ တစ်ယောက်အဖြစ် ထင်ရှားပါတယ်။
သူဟာ သူ့ရဲ့ မွေးနေ့လို နေ့မျိုးမှာတောင် အားရက်တစ်ရက် မပေးတတ်တဲ့ ခက်ခဲပင်ပန်းလှတဲ့ သူ့ရဲ့အလုပ်တွေမှာ ဘဝကို နှစ်မြှုပ်ထားတဲ့ သူ့ရဲ့ဆရာ ပါခ့်ယောင်ဂျွန်းရဲ့ အကြံပြုချက်တွေ ဆုံးမမှုတွေကို အလေးအနက်ထား လိုက်နာတတ်သူပါ။ သူဟာ လက်ရှိအလုပ်တစ်ခုကို လုပ်နေစဉ်မှာပဲ ရှေ့ကိုခြေနှစ်လှမ်းစာလောက် အမြဲတမ်း ကြိုတွေးထားတတ်သူ တစ်ယောက်လို့ ဆိုပါတယ်။
Rain နဲ့ သူ့ရဲ့ပရိသတ်
Rain ကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်အားပေးကြပေမယ့် သူ့ရဲ့ပရိသတ် အများစုကတော့ အာရှက ပရိသတ်တွေပါပဲ။ ဟောင်ကောင်မှာဆိုရင် Rain နဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချပြီး ရန်ပုံငွေရှာကာ သူ့ရဲ့တေးဂီတ ဖျော်ဖြေပွဲတွေကို လိုက်လံ အားပေးတဲ့ အဖွဲ့တစ်ဖွဲ့တောင် ရှိပါတယ်။ Rain ကိုအားပေးတဲ့ ပရိသတ်တွေဟာ အင်တာနက်ကနေတစ်ဆင့် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ကာ ခင်မင်ရင်းနှီးမှု ရယူကြပါတယ်။
Rain ရဲ့မွေးနေ့ ရောက်ပြီဆိုရင် အားလုံးစုစည်းပြီး Rain အတွက် မွေးနေ့ဆုတောင်း သီချင်းကိုတောင် သီဆိုပေးကြပါတယ်။ Rain ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ ဘာကြောင့် သူ့ကို ဒီလောက်တောင် ချစ်ခင်ကြသလဲဆိုရင် ...
- သူ့ရဲ့အက၊ သူ့ရဲ့ဂီတ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။