Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 19, 2012

Charity Liveပွဲက ရသမျှ အကုန်လှူမှာ ဆိုတော့ ပိုပြီး ပီတိဖြစ်ရပါတယ် ထွန်းအိန္ဒြာဗို

19 November 2012 |By 8 Days
အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုရဲ့ HTUN AEINDRA BO 2012 Charity Live
ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၈ ရက် တန်ဆောင်မုန်း လပြည့်နေ့ ညနေ ၆နာရီ ၃၀ မိနစ်မှာ ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းမှာ ရှိတဲ့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုဟာ ၂၀၀၂ ခုနှစ်မှာ Diary၊ ၂၀၀၅ ခုနှစ်မှာ Live၊ ၂၀၀၉ ခုနှစ်မှာ Live & Request ဆိုပြီး သုံးနှစ်အတွင်း မန္တလေးနဲ့ ရန်ကုန်ဖျော်ဖြေရေး ၆ ပွဲကို အောင်မြင်စွာ ဖျော်ဖြေ နိုင်ခဲ့တဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။


၂၀၁၂ ခုနှစ်မှာတော့ သူဟာ လှူချင်စိတ်နဲ့ ဒီပွဲဆိုဖို့ စီစဉ်ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ ပွဲနာမည်ကို Charity Live လို့ ပေးထားခဲ့ပါတယ်။ သူနဲ့အတူ ပါဝင် ဖျော်ဖြေမယ့် အနုပညာရှင်တွေလည်း ဒီအလှူမှာ ပါဝင်သီဆိုပေးကြတာ ဖြစ်ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲကို Sky Net ရုပ်သံလိုင်း မှလည်း တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပြီး လှူချင်သူများနေနဲ့ ၀၉ ၇၃၂၄၉၄၉၄၊ ၀၉၈၆၂၄၂၄၂ တို့ကို ဆက်သွယ် လှူဒါန်းနိုင် တယ်လို့ သိရပါတယ်။
ဒီပွဲကရရှိတဲ့ အကျိုးအမြတ်ကို ဘယ်နေရာတွေမှာ လှူဖို့ စီစဉ်ထားလဲ သိချင် ပါတယ်။
ခုနစ်နေရာကို လှူဖို့ စဉ်းစား ထားပါတယ်။ အဲဒါတွေက “မ” တို့ရဲ့ တိုင်းရင်းသား သွေးချင်းတွေဖြစ်တဲ့ ကချင်နဲ့ ရခိုင် ဒုက္ခသည်တွေရယ်၊ ရန်ကုန် ကလေးဆေးရုံ နဲ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံ၊ အမေ့အိမ်ပညာရေးကွန်ယက်၊ ၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေ၊ ဒေါက်တာဖြူဖြူသင်းရဲ့ AIDS စင်တာတို့ ဖြစ်ပါတယ်။
လက်မှတ်တွေရော ဘယ်ဈေးနှုန်းနဲ့ ရောင်းမှာပါလဲ။ ဘယ်မှာ ဝယ်ယူလို့ရနိုင်မလဲ သိချင်ပါတယ်။
လက်မှတ်တွေက ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ နဲ့ ၇၀၀၀ သတ်မှတ်ထားတယ်။ Junction Square က Forever Gems မှာ ဝယ်ယူလို့ ရနိုင်ပါတယ်။
“မ” ရဲ့ ဖျော်ဖြေပွဲတွေတိုင်းမှာ ပါဝင်မယ့် အနုပညာရှင်တွေ ကြိုတင် ကြေညာလေ့ မရှိတာ ဘာကြောင့်ပါလဲ။
“မ” ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာ ပါဝင်မယ့်သူများကို ဘယ်တော့မှ ကြိုတင်ကြေညာလေ့ မရှိပါဘူး။ ပရိသတ်တွေက ဖျော်ဖြေပွဲကို လာကြည့်တဲ့ အခါမှသာ အံ့သြဝမ်းသာတဲ့ ခံစားမှုကို ရစေချင်လို့ပါ။ နောက်တစ်ခုက “မ” ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲလို့ အမည်ခံထားတဲ့အတွက် “မ” မှာပဲ တာဝန်အရှိဆုံးလို့ ခံစားရတဲ့အတွက်ပါ။
“မ”က အနုပညာနဲ့ ပတ်သက်ပြီး ကုသိုလ်ထူးတဲ့ သူလို့ ပြောတဲ့အတွက် ဘယ်လို ခံစားရလဲ။
အဲဒီအတွက်တော့ ပရိသတ်ကို အင်မတန်မှပဲ ကျေးဇူး တင်သလို “မ” ကိုယ်တိုင်လည်း ဝမ်းသာပါတယ်။
“မ” ရဲ့ အလှူက ပညာရေး၊ ကျန်းမာရေး ကဏ္ဍလေး စုံအောင် စဉ်းစား ထားတာ တွေ့ရတယ်နော်။ မရော ကိုယ်တိုင် သင်ယူ ခဲ့ရတဲ့ ပညာရေး စနစ်မှာ ကျေနပ်မှု ရှိရဲ့လား။ အနုပညာရှင် တစ်ယောက် ကတော့ သင်ယူခဲ့ရတဲ့ ပညာရေးစနစ်ကို မကြိုက်ဘူးလို့ ဆိုထားပါတယ်။
“မ” က LLB နဲ့ ဘွဲ့ရထားတယ်။ ငယ်ငယ်တုန်းက ကျတော့ သင်လိုက်သမျှဟာ ကျောင်းသားက ကျောင်းစာကို ကျက်ရမယ်။ ကျောင်းသားတာဝန်က စာမေးပွဲ အောင်အောင်ဖြေပြီး သင်ကြားသမျှ ထက်မြက်ထူးချွန်ရမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ တောက်လျှောက် ဖြတ်သန်းခဲ့ရတယ်။ ပြီးတော့ အရွယ်သိပ် ငယ်သေးတာလည်း ပါတော့ သေချာ သိပ်မခွဲတတ်သေးဘူး။ သင်ရတဲ့ သင်ရိုးညွှန်းတမ်းတွေက ခုအသက်အရွယ်တွေနဲ့ ပြန်ကြည့်ရင် တချို့အချက်အလက်တွေက Brain wash လုပ်ခဲ့ရသလို ဖြစ်ခဲ့တယ်။ အဲဒါကို အဲဒီအရွယ်တုန်းက မပိုင်းခြားတတ်သေးတဲ့အတွက် ဒီလိုပဲ နာယူပြီးဘွဲ့ရခဲ့တယ်။ ဘွဲ့ရပြီး ဒီဘက်နောက်ပိုင်းကျတော့ “မ” နည်းနည်းလေးမြင်လာလို့ မယုံကြည်တဲ့အတွက် ဒီဘွဲ့နဲ့ အလုပ်မလုပ်ခဲ့ဘူး။

“မ” အဆိုတော် သရုပ်ဆောင် နှစ်ဘက်စလုံး ထူးချွန်အောင် ဘယ်လိုကြိုးစားခဲ့လဲ။
အဓိက မထင်တာ ဒီသရုပ်ဆောင်ရော အဆိုနှစ်ခုစလုံးက ကျွန်မလုပ်ချင်ခဲ့တာ။ လုပ်ချင်တာကို လုပ်ဖြစ်ခဲ့တဲ့အတွက် စိတ်ပါဝင်စားမှု သေသေချာချာရှိတယ်။ အဲဒီတော့ လူငယ်တွေအနေနဲ့လည်း ကိုယ်ဘာလုပ်ချင်တာလဲ သေချာသိဖို့ လိုသလို တကယ် စိတ်ပါဝင်စားမှု ရှိရင်တော့ အဆင်ပြေမယ်လို့ ပြောချင်ပါတယ်။
“မ” သားလေးရဲ့ ပညာရေးကို ဘယ်လို စီမံကိန်းဆွဲထားလဲ။
သားကို သူဉာဏ်မီသလောက် အတန်းကုန်တဲ့အထိ ထားပေးမယ်။ ပြီးမှ သူ့ဘာသာ ရွေးချယ်ခွင့်ပေးမယ်။ မိဘတွေက ရှေ့က ဘာလုပ်ရမယ်ဆိုပြီး လမ်းကြောင်းပေးတဲ့ အနေအထားမျိုးတော့ မသွားချင်ဘူး။ သူကိုယ်တိုင် စဉ်းစားဆုံးဖြတ်တတ်အောင် သင်ပေးမယ်။ ပြီးရင် သူဆုံးဖြတ်တာကို သင့်တော်မလား၊ မသင့်တော်ဘူးလား ဘေးကထိန်းကျောင်းပေးမယ်။ သူကိုယ်တိုင် လုပ်ချင်စိတ်ရှိဖို့ အရေးကြီးတယ်လေ။
“မ” ရဲ့ ပရိသတ်ကို ဘာပြောချင်ပါသေးလဲ။
“မ” တို့ ၂၈ ရက်နေ့ ဖျော်ဖြေပွဲမတိုင်ခင်မှာ Projector နဲ့ ဇာတ်လမ်းတိုလေး ပြမယ်။ ဒီအလှူနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်လေးပါပဲ။ ဇာတ်လမ်းက တကယ့်ကို တိုတိုလေး။ အဲဒါလေးကို ကြည့်စေချင်တယ်။ “မ”ရဲ့ ဖျော်ဖြေပွဲက ၆ နာရီ ၃၀ မှာ စဆိုတော့ ၆ နာရီခွဲနဲ့ ၇ နာရီကြားမှာ နေရာယူဖြစ်ရင် ကောင်းပါတယ်။ “မ”က ပြီးခဲ့တဲ့ ဖျော်ဖြေပွဲတွေတုန်းကလည်း သူ့အသက်အရွယ်နဲ့ သူခံစားချက်နဲ့ သူပေါ့။ ခုပွဲကလည်း ရသမျှ အကုန်လှူမှာဆိုတော့ ပိုပြီးပီတိဖြစ်ရပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။