The Guardian သတင်းစာရဲ့ အဆိုအရ PSY ရဲ့ အောင်မြင်မှုဟာ အနောက်တိုင်းကို ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ ကိုရီးယားတွေအတွက် အောင်မြင်မှု လမ်းစ ဖြစ်လာနိုင်ပါတယ်တဲ့။ ဒါပေမယ့် PSY လို တစ်ဦးခြင်း အောင်မြင်မှုမျိုးထက် Girls’ Generation လိုမျိုး အဖွဲ့တွေရဲ့ အောင်မြင်မှုမျိုးကသာ ရေရှည်တည်တံ့နိုင်မယ်လို့ ဆိုပါတယ်။
PSY ဟာ တစ်ကြိမ်တစ်ခါ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို ခံရတာသာ ဖြစ်ပြီး တကယ်တမ်း အောင်မြင်မှုရဖို့ဆိုတာ ဘာသာစကား အခက်အခဲကြီးကို ကျော်လွန်ဖို လိုသေးကြောင်းလည်း ဖော်ပြထားပါတယ်။ Girls’ Generation ဟာ ဂျပန်အပါအဝင် အာရှဈေးကွက် အများစုကို ထိန်းချုပ်ထားနိုင်ပြီး သက်ဆိုင်ရာ ဒေသခံအနုပညာရှင်တွေဟာ Korean Wave ရဲ့ လွှမ်းမိုးမှုကို ကျော်လွန်အောင် ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။ The Boys ၊ 2NE1 နဲ့ Super Junior တို့ဟာ UK ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ ကြိုးစားနေကြပြီလို့လည်း ဖော်ပြထားပါတယ်။
သင်ရောဘယ်လို ထင်ပါသလဲ။
Ref: Soompi & The Guardian
Hollinaz
Hollinaz
Source...http://www.delodelo.com/news/is-psy-is-the-road-for-korean-wave-to-western-world/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။