အခုမေဖြူချက်မယ့် ဟင်းလေးက ကြာဆံချက် ကိုချက်မှာပါ။ အဲဒီထဲမှာ ပဲလိပ်၊ အရောင်တင်မှုန့်၊ ကြက်သား၊ ကြက်သွန်၊ ကြွက်နားရွက်၊ မှိုခြောက်ပန်းခြောက်၊ မှို၊ ငုံးဥ၊ ကြာဆံချက်ဆိုတော့ ကြာဆံပါရမယ်။ ဆားကိုတော့ ကိုယ်လိုချင်တဲ့ အတိုင်းအတာတစ်ခုထိ ထည့်ပေးရမယ်။ ကြာဆန်ချက်ဟင်းက ချက်ရတာကလည်း မခက်ခဲဘူး။ စားရတာကလည်း ပေါ့ပေါ့ပါးပါးပဲ။ မေဖြူက ဆီများတဲ့ဟင်းဆို လုံးဝမကြိုက်ဘူး။ အခုကြာဆံချက်ဆိုရင် ၀ိတ်လည်းမတက်ဘူး။ ၀ိတ်လျှော့ချင်တဲ့လူတွေအတွက် ကြာဇံချက်က ပိုပြီးသင့်တော်မယ် ထင်ပါတယ်။ အမှန်တိုင်းပြောရရင် မေဖြူက ဟင်းချက်ရတာ ၀ါသနာပါတယ်။ ဆီများတဲ့ဟင်းတွေချက်ရတာတော့ ၀ါသနာမပါဘူး။ ကိတ်မုန့်ဖုတ်တာမျိုးတော့ ၀ါသနာပါတယ်။ ကြာဆံကြော်တာ၊ ထမင်းကြော်တာတို့ဆိုရင် မေဖြူအရမ်းဝါသနာပါတယ်။ မေဖြူစားချင်တဲ့ အချိန်ဆိုရင် မိသားစုကို ချက်ကျွေးတတ်တယ်။ ငယ်ငယ်တုန်းကတော့ အချိန်ပိုရတဲ့အတွက် ပိုချက်ကျွေးဖြစ်တယ်။ Shopping Center တွေသွားရင်၊ စားချင်တာလေးတွေ၊ အိမ်ကလည်း ကြိုက်မယ်ထင်တဲ့ ဟင်းမျိုးတွေကို တခါတလေ ချက်ကျွေးဖြစ်တယ်။ ကိုယ်ချက်ကျွေးထားတဲ့ ဟင်းပွဲကို မိသားစုလိုက် စားတဲ့အချိန်ဆို အရမ်းပျော်တာပဲ။ အခုကြာဆံချက်ကတော့ ၀ိတ်လျှော့တဲ့လူတွေနဲ့ သင့်တော်တဲ့ဟင်းလို့ ထင်ပါတယ်။ ကြက်သားထဲက ကြက်ရေခွံကိုတော့ မစားနဲ့ပေါ့။ ဘာကြောင့်လဲဆိုရင် အဲဒါတွေက ၀ိတ်တက်စေလို့ပါ။ အခုချက်တဲ့ ကြာဆံချက်ဟင်းက ထမင်းနဲ့လည်း စားလို့ရတယ်။ သူ့ချည်းပဲစားလို့ လည်းရတယ်။ စားရတာလည်း ခြောက်ကပ်ကပ်မဖြစ်ဘူး။ ကြွက်နားရွက်သုပ်ရဲ့ အရသာလေးကိုလည်း ခံစားကြည့်ပါဦး။ အဲဒီဟင်းလေးကတော့ မေဖြူရဲ့ အကြိုက်ဆုံးဟင်းလျာလေးပါလို့ ပြောချင်ပါတယ်။
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။