ရင်နှင့်အမျှ ခံစားချစ်မိခဲ့ပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုရင်တော့ ရင်နာစွာနဲ့ နောက်ဆုတ်ကျောခိုင်းခဲ့ရတဲ့ ချစ်သူစုံတွဲတွေ ဒုနဲ့ဒေး ရှိနေကြမှာပါ ။ တစ်ချို့ တစ်ချို့တွေက ပြောတတ်ကြပါတယ် ။ သတ္တိမရှိရင် အစကတည်းက မချစ်ခဲ့နဲ့ပေါ့တဲ့ ။ အထက်က ပြောခဲ့သလိုပါဘဲ အချစ်ဆိုတဲ့ ခံစားမှုလေးက ဖြူစင်တယ်လေ ။ ရုတ်တစ်ရက် ဖျက်ခနဲ ဖြစ်ပေါ်လာတဲ့ စစ်မှန်တဲ့ ချစ်ခြင်းတစ်ခုကို တွန်းလှန်နိုင်ဖို့ဆိုတာ သိပ်ကိုခက်ခဲလွန်းပါတယ် ။ တွန်းလှန်နိုင်သော်လည်း ရှားပါးပါလိမ့်မယ် ။ ချစ်နေလျှက်နဲ့ ဘယ်လိုမှ ညှိနှိုင်း လို့အဆင်မပြေတဲ့ အကြောင်းအရာတွေကြောင့် ရင်နာနာနဲ့ လမ်းခွဲကျောခိုင်းလိုက်ရတဲ့ ချစ်သူတွေ ထဲမှာ ဝေလွင်တို့စုံတွဲလေးလည်းအပါဝင်ေ
****************************** ************
မြန်မာပြည်ကနေ
မလေးရှားနိုင်ငံလေးကို ခုမှရောက်လာတဲ့ ကျွန်တော်အတွက် မြင်တွေ့သမျှက အထူးဆန်း
အသစ်ဆန်းတွေချည်းပါဘဲ ။ ကျွန်တော် အလုပ်လုပ်ရတဲ့ စက်ရုံမှာက မြန်မာဆိုလို့ 3ယောက်ဘဲ
ရှိတယ် ။ မိန်းကလေးတွေလည်းများတယ် ။ မိန်းကလေး အများစုသည် ကမ္ဘောဒီးယား လူမျိုးတွေ
များပါတယ် ။ မြန်မာကတော့ ယောကျာင်္းလေးတွေချည်း ကျွန်တော်အပါဝင် သုံးယောက်ပေါ့ ။
ဒီမှာ ကျွန်တော်ကို သံယောဇဉ်နှောင်ကြိုးတွေ ရစ်ပတ်နှောင်ဖွဲ့စေမယ့် ကောင်မလေးကို
ဆုံတွေ့ခဲ့ရပါတယ် ။ မလေးရှား ရောက်ကာစဆိုတော့ မလေးစကားဆိုတာလည်း ဘာမှန်းကို
မသိပါဘူး ။ လက်ဟန်ခြေဟန်တွေနဲ့ စကားပြောနေရတဲ့ အချိန်မျိုးပေါ့ ။ ဒီအချိန်မှာ
အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်ပြုံးပြတတ်သူ ကမ္ဘောဒီးယားမလေးကို သတိထားမိပါတယ်။
သူအလုပ်လုပ်တဲ့ QC ခန်းထဲကို ပစ္စည်းဝင်ရှာတဲ့ အချိန်တိုင်း ကျွန်တော်ကို
သေချာလိုက်ကြည့်နေတတ်သူလေးပါ ။ မျက်လုံးချင်းစုံပြီဆိုတာနဲ့
အပြုံးချိုချိုလေးတွေနဲ့ ပြုံးပြတတ်ပြန်ပါတယ် ။ သူမလေးကို စကားပြောချင်ပေမယ့်
သူဘာသာစကားကိုလည်းကိုယ်ကမတတ် ။ ကြားခံမလေးစကားကိုလည်း မပြောတတ် ။ ဒီလိုနဲ့
တိုင်ပတ်နေတဲ့ ကျွန်တော် သူမလေးကို သံယောဇဉ်ကြိုးတွေ တွယ်ညှိလို့လာပါတော့သည်။
နေမြင့်လေ အရူးရင့်လေဆိုတဲ့ စကားပုံက ကျွန်တော်အတွက် ပြောခဲ့သလိုတောင်
ဖြစ်လာပါတော့တယ် ။ ဒီနေ့တော့ ကျွန်တော်သူကို အင်္ဂလိပ်လို စကားသွားပြောမယ်လို့
ဆုံးဖြတ်ထားလိုက်တယ် ။ နေ့လည် ထမင်းစားချိန်မှာ ထမင်းကို အမြန်စားကာ သူမ အနားကို
တိုးကပ်သွားမိပါသည် ။ သူမလေးက ထမင်းစားပြီးလို့ ဂီမ်းဆော့နေတဲ့ အချိန်ပေါ့ ။
သူမအနားမှာ လူရိပ်တစ်ခု ကျလာတာကြောင့် မျက်လွှာလေးပင့်ကာ မော့ကြည့်လာတယ် ။
ကျွန်တော်လည်း ဖရိုဖရဲ မလုံမလဲအပြုံးတစ်ခုကို တန်ဆာဆင်ကာ
- Hello!
- Hello!
- Have you had your dinner?
- Yes, I have finished my lunch.
- What’s your name?
- A chine
- Are you married?
- No, I am single.
သူမလေးကလည်း
ဖော်ရွေစွာ ပြန်လည်နှုတ်ဆက်တာမို့ အရမ်းကို ပျော်ရွင်မိပါတယ် ။ သူမကလည်း အင်္ဂလိပ်လို
ကောင်းကောင်းပြောနိုင်ပါသည်။ တော်သေးတယ် ။ မလေးမလာခင် လိုလိုမယ်ဆိုပြီး နည်းနည်းပါး
လေ့ကျင့်လာမိလို့ပေါ့ ။ ပြီးတော့ ဘာဆက်ပြောရမှန်းမသိတာနဲ့ နှုတ်ဆက်ပြီး
သူမလေးဘေးကနေ မယောင်မလည်နဲ့ ထွက်လာလိုက်ပါတော့သည် ။
နေ့စဉ်တွေ့မြင်နေရသူတွေမို့
သံယောဇဉ်တွေ တိုးလို့ခိုင်မာလာကြပါတယ် ။ ခုဆိုရင် အင်္ဂလိပ်စကားကို
တော်တော်လေးပြောတတ်နေပါပြီ။ သူမလေးနဲ့ စကားပြောချင်တာမို့ အလုပ်ကနေပြန်တာနဲ့
အင်္ဂလိပ်စကားပြောစာအုပ်တွေနဲ့ နပမ်းလုံးရပါတော့တယ် ။ အချစ်က အရာရာကို ခွန်အားတွေ
ပေးစွမ်းစေပါတယ် ။ သူမလေးကို ရင်ထဲက မြတ်နိုးစွာ ချစ်မိနေပါပြီ ။ ဖြစ်သင့်တာတွေ ၊
မဖြစ်သင့်တာတွေ မတွေးနိုင်ခင်မှာဘဲ သူမကို ကျွန်တော် အရမ်းကို ချစ်မိနေပါပြီ။
အဆောင်က သူငယ်ချင်းတွေက ဘယ်လိုဘဲ တားတား အချစ်ဒီဂရီတွေက တက်နေပြီမို့ သူမလေးကို
ချစ်နေကြောင်းဖွင့်ပြောကာ ချစ်ခွင့်ပန်လိုက်ပါတော့တယ် ။ သူမလေးက ကျွန်တော်ကို
အစောထဲက စိတ်ဝင်စားနေသူမို့ ကျွန်တော်အချစ်တွေကို လက်ခံခဲ့ပါတယ် ။
ချစ်သူဘ၀အချိန်တွေက သိပ်ကိုချိုမြိန်လွန်းလှပနေခဲ့ တယ် ။
အလုပ်ထဲလည်းတူတူမို့ အလုပ်လုပ်နေရင်းမောလာရင်တောင် ချစ်သူမျက်နှာကို ပြေးကြည့်ရတာ
အမောပြော ရေအေးလေး သောက်သုံးရသလို ချစ်သူအပြုံးတွေက ချိုမြိန်လွန်းလှပါတယ် ။ ချစ်သူ
သက်တမ်း တစ်နှစ်တိတိကြာတဲ့အချိန်မှာ ဘ၀တစ်ခုကို တူတူလက်တွဲဖို့
ဆုံးဖြတ်လိုက်ပါတော့တယ် ။ ကျွန်တော်မှာက မျက်စိအလင်းကွယ်နေတဲ့
မိခင်တစ်ယောက်တာရှိတာမို့ မေမေဆီကို အလေးထား ခွင့်ပန်လိုက်ပါတယ် ။ မေမေဆီကို
ဖုန်းဆက်ကာ မိန်မယူတော့မယ်လို့ ပြောတော့ မြေးချီချင်နေတဲ့ မေမေက ၀မ်းသာအားရကို
လက်ခံပါတယ် ။ ဘယ်သူနဲ့ ယူမှာလဲ ကောင်မလေးက ဘယ်ကလည်းမေးတဲ့အချိန်မှာတော့ ကျွန်တော်နှ
ုတ်ဖျားတွေ စွန့်အ သွားမိပါတယ် ။ ဘယ်လို ဖြေရမလဲ ဘယ်ကနေစပြောရမလဲ ။ ဖုန်းကိုင်ကာ
ခဏတာမျှ ငိုင်သွားချိန်မှာ မေမေက* သား သား * ဆိုတဲ့
ခေါ်သံကိုကြားမှ သတိပြန်ဝင်လာပါတော့တယ် ။ ပြောရမယ့်ကိစ္စက ပြောရမှာဘဲမို့ အကြောင်းစုံ
ပြောပြလိုက်မိပါတော့တယ် ။ မေမေဆီက ချက်ချင်းစကားသံ ထွက်မလာတာမို့ ရင်ထဲ
ထိတ်ခနဲဖြစ်သွားလိုက်မိပါတယ် ။ သက်ပြင်းချသံတစ်ခုနဲ့ အတူ မေမေ ဆီက စကားသံတွေကို
ဆက်တိုက်ကြားလိုက်ရပါတော့တယ် ။
*သား မေမေပြောပြမယ် ။ သေချာနားထောင်ပါ ။ မေမေ သဘောမတူဘူး ဆိုတဲ့
စကားတွေ မပြောချင်ဘူး ။ ပြောဖိုကလည်း အကြောင်းမရှိဘူး ။ သားက ကလေးမဟုတ်တော့ဘူးလေ။
သား ဝေဖန်ပိုင်းခြား ဆုံးဖြတ်တဲ့ နေရာမှာ မေ့နေမှာဆိုးတာလေးတွေကိုတော့ မေမေက
သတိပေးချင်တယ် သားရယ် ။ လူတစ်ယောက်နဲ့
တစ်ယောက်လက်ထပ်ပေါင်းသင်းဆိုတာေ လ လွယ်တယ်လို့ မထင်စေချင်ဘူး ။
ချစ်နေယုံနဲ့လည်း မပြီးသေးဘူးလေ ။ နှစ်ဘက်အသိုင်းဝိုင်းတွေ ရှိတယ် ၊ ဘာသာတရားတွေ ၊
လူမျိုးတွေ အများကြီးပါဝင်အကျုံးဝင်တယ် ။ ဘာသာမတူလည်း ဘာဖြစ်လဲ သူဘာသာ သူကိုးကွယ်
ကိုယ်ဘာသာ ကိုယ်ကိုးကွယ် ပြောတတ်ကြတယ် ။ အမှန်တကယ်လက်တွေ့ ဘ၀တွေမှာ
ထင်သလောက်မလွယ်ပါဘူး သားရယ် ။ ကိုယ်မျိုးဆက်တွေထိ ကြည့်ရမယ် ။ ကိုယ်နှစ်ယောက်ထဲ
မဟုတ်ကြဘူးလေ ။ ရင်ကဖြစ်တဲ့ သားသမီးတွေ ရှိလာမယ် ။ ဒီအချိန်မှာ ဘယ်သူဘာသာကို
ကိုးကွယ်စေချင်မလဲ ။ ဒီနေရာမှာဘဲ အငြင်းပွားကြရတော့မယ် ။ နောက်တစ်ခု လူမျိုးမတူတာ ။
ဒါပိုဆိုးသွားပြီလေ ။ လူမျိုးမတူတဲ့အတွက် ကိုးကွယ်သောဘာသာ ၊ အယူဆ ၊ ဓလေ့ထုံးစံ ၊
ယဉ်ကျေးမှု ၊ ၀တ်စားဆင်ယင်မှု ၊ အစားသောက် အများမှ အများကြီးကို
မေမေ့သားလေးရင်ဆိုင်ရမယ်နော် ။ ဘ၀ဆိုတာကို ရေတို မကြည့်ဘဲ ရေရှည်
ကြည့်တတ်စေချင်တယ်ကွယ် ။ ကျေးဇူးတရားဆိုတာ သိတတ်ရမယ်သား ။ သားလေးက
မြန်မာပြည်မှာမွေးတယ် ။ မြန်မာပြည်ကပညာတွေကို သင်တယ် ။ မြန်မာပြည် က မိဘနှစ်ပါးက
မွေးဖွားပြီး မြန်မာမြေက ဆန်စပါးတွေကို စားသုံးပြီး လူလားမြောက်လာသူတစ်ယောက်လေ ။
ဒီအတွက် မြန်မာပြည်ရဲ့ ကျေးဇူးတရားတွေ သားလေးမှာ အများကြီးရှိနေပြီ ။ ကျေးဇူးဆိုတာ
မဆပ်တတ်ရင်နေပါစေ ။ ကျေးဇူးမကန်းမိပါစေနဲ့ သားရယ်။ အမျိုးဆိုတာ မဖျက်ကောင်းပါဘူး ။
အမျိုးဖျက်မိတာ ကျေးဇူးကန်းတာဘဲလို့ မေမေမြင်မိတယ် ။ နှလုံးသား စိတ်ခံစားမှုကို
လူတိုင်းမလွန်ဆန်နိုင်တာ မေမေသိပါတယ် ။ ကိုယ်ချင်းလည်းစာပါတယ် ။ သားလေး သေချာ
ဝေဖန်ပိုင်ခြားဆုံးဖြတ်ပါ ။ ဘာကိုလုပ်ပါလို့ မေမေ အမိန့်မပေးဘူးနော် ။ မေမေ့သားလေး
မေမေပြောခဲ့တာလေးတွေကို ခေါင်းထဲ ထည့်ပြီး သေချာလေး ပြန်တွေးစေချင်တာလေးပါပဲ ။
မေမေ့သား မှာ တွေးခေါ် ဆင်ခြင်နိုင်တဲ့ စွမ်းရည်တွေ ရှိမယ်လို့
မေမေအပြည့်ဝယုံကြည်မိပါတယ် ။ ကိုယ်တစ်ယောက်ထဲ ခံစားချက်ကို မကြည့်ဘဲ နောက်လာမယ့်
ကိုယ်မျိုးဆက်လေးတွေထိ သားလေးစဉ်းစားကြည့်ပေးပါ ။ မေမေပြောချင်တာ ကတော့ ကုန်ပါပြီ။
မေမေ့သားလေး နားတော့နော် *
မေမေ့က
တွေးစရာတွေ အများကြီးပေးပြီး ဖုန်းချသွားပေမယ့် ကျွန်တော်မှာ ဖုန်းလေးကို ကိုင်ပြီး
ငိုင်တွေနေမိပါတယ် ။ မေမေ ပြောခဲ့တဲ့ စကားသံတွေ နားထဲမှာ ပဲ့တင်ထပ်နေမိတယ် ။ ခုန
မေမေကို လက်ထပ်မယ့် မိန်းကလေးက လူမျိုးခြားဆိုတာကို ပြောဖို့တောင် အတော်လေး
တွေဝေမိခဲ့သေးတာဘဲ ။ ဘိုးဘွား အစဉ်ဆက်ထိန်းသိမ်းထားတဲ့ မျိုးရိုးဆိုတာကို
ကျွန်တော်လက်ထက်ကျမှ မျိုးရိုးဂုဏ်ဖျက်သူအဖြစ် အမှန်တစ်ကယ်
ကျွန်တော်ခံယူဝင့်ပါသလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ တန်းစီဝင်ရောက်လာပါတော့တယ်
။ တစ်ညလုံးနီးပါး အလူးအလဲတွေးတော ခံစားရင်း စစ်မှန်သေချာတဲ့ အဖြေတစ်ခုကို ကျွန်တော်
တွေ့ရှိခဲ့ပါတယ် ။ မိန်မသားတွေလို ရှိုက်ကြီးတငင် ငိုကြွေးခံစားရတာထက်
အဆပေါင်းများစွာ ရင်နင့်အောင် ကြေကွဲခံစားရင်း သူမကို လမ်းခွဲဖို့ ကျွန်တော်
အခိုင်မာ ဆုံးဖြတ်လိုက်ပါတော့တယ် ။ ချစ်သူရယ် မင်းကို ရင်နဲ့မဆန့်အောင်
သိပ်ချစ်ခဲ့ပါတယ် ။ အချစ်ဆိုတာ သိပ်ကိုဖြူစင်တဲ့ နှလုံးသားခံစားချက်လေးတစ်ခုပါဘဲ ။
ရိုးသားစွာ ၊ စစ်မှန်စွာ ရင်နင့်အောင် ကို ချစ်မိခဲ့ပါတယ် ။ ဒါတွေဟာ ဘ၀တစ်ခုကို
လက်တွဲဖို့ အတွက်ကျတော့ မလုံလောက်သေးဘူးကွယ် ။ အဆုံး ခုချိန်မှာ မင်းလေး
နားလည်အောင် ရင်ထဲက စကားတွေကို ပြောဖို့ အတွက် ဘယ်မလဲ ဘာသာစကား ။
ကိုယ်တို့နှစ်ယောက်ကြား ကြားခံ ပြောနေခဲ့တဲ့ အင်္ဂလိပ်စကားကကော ကိုယ်တို့နှစ်ယောကို
အနစ်သာရ ရှိတဲ့ ရင်တွင်းခံစားချက်တွေကို ဘယ်လို သီကုံး ပြောဆိုရမလဲကွယ် ။
နားလည်လွယ်မယ့် စကားလုံးတွေနဲ့ ချစ်သူမျက်ရည်တွေကို ရင်နာစွာ ကြည့်နေခဲ့ရတဲ့ ကို
ရင်ထဲဘယ်လောက်ထိ နာကျင်နေရတယ်ဆိုတာ ဖော်ကျူးဖို့ စကားလုံးမရှိတော့ပါဘူး ။ ချစ်သူကို
မြင်နေရက်နဲ့ တစ်စိမ်းတွေလို နေရမယ့် ဘ၀ကိုမခံနိုင်ဘူးဆိုပြီး သူမလေးက
သူ့နိုင်ငံကို အပြီးပြန်သွားပါတော့တယ် ။ လေယာဉ်ကွင်းကို လိုက်ပို့ရတဲ့
ကျွန်တော်ခြေလှမ်းတွေက မီးပုံတစ်ခုကို နင်းလျှောက်နေရသလို
ခံစားနာကျင်နေရပါတယ်ချစ်သူရယ် ။ ဘယ်တော့မှ မဆုံနိုင်တော့သလို ၊
နောက်ဘယ်တော့မှတွေ့ခွင့်မရနိုင် တော့တဲ့ချစ်သူမျက်နှာကို
မျက်တောင်မခတ်ကြည့်နေမိတာ လေယာဉ်ထွက်ခွာဖို့ ကြေငြာချိန်ထိပါဘဲ ။ နောက်ဆုံး
Good bye! ချစ်သူ
ဆိုတဲ့
နှုတ်ဆက်စကားလေး အဆုံးမှာ ကျွန်တော်လက်ထဲက သူမလက်လေးကို ထာဝရအတွက်
လက်တွဲဖြုတ်ပေးလိုက်ရပါတော့တယ် ဗျာ ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။