26 November 2012 |By 8 Days
အေသင် ဇာတ်ကား ရိုက်ကူးမှု ဘက် မလှည့်တော့ ဘူးလား။
ဇာတ်ကားတွေက အေသင် မိုးရာသီတုန်းကလည်း မရိုက်ဖြစ်ဘူး။ ခုကျတော့လည်း ရှိုးရာသီရောက်သွားပြီဆို တော့ နယ်သွားရမှာတွေကအရမ်း များတယ်။ တန်ဆောင်မုန်းလပြည့် နေ့ကျရင်လည်း အေသင့်ရဲ့ အနီး ဆုံးလူနမ်းမှာလား ဗီစီဒီထွက်ဖို့ အတွက် ပြင်ဆင်နေတယ်။ ခရီးတွေ သွားဖြစ်နေတယ်။ ကားရိုက် ကျတော့အေသင့်ရဲ့ ဆံပင်ကြောင့် လက်မခံဖြစ်သေးဘူး။ အမေက လည်း ဒီဆံပင်ဆိုးပြီးခဏလေးနဲ့ မပြောင်းနဲ့ဦး ၊ ဒီဆံပင်နဲ့ နေလိုက်ဦး ဆိုတော့ မပြောင်းဖြစ်သေးဘူး။ ကားရိုက်ခဏနားထားတယ်။
အေသင်က မိဘစကား နားထောင်တဲ့သူလား။
မဟုတ်ပါဘူး။ တစ်ခါတ လေအလုပ်နဲ့ပတ်သက်ပြီး ၊ အေသင့် ရဲ့ ကောင်းတဲ့ဘက်က အကြံဥာဏ် ပေးတယ်၊ ဝေဖန်ပေးတယ် ဆိုရင် တော့လက်ခံပါတယ်။ တစ်ခါ တလေကျ လူငယ်သဘာဝကို အမေကနည်းနည်းလေးချုပ်ချယ် တာရှိတော့ စိတ်ညစ်ရတဲ့အခါတွေ တော့ရှိတယ်။ အဲဒီအခါကျရင် ကလန်ကဆန်လုပ်မိတယ်။ ဒါပေမဲ့ လိမ္မာတာများပါတယ်။
အနီးဆုံးလူနမ်းမှာလားပြီး ရင်ရော နောက်ထပ်တစ်ကိုယ် တော်ခွေထွက်ဖို့ရှိသေးလား။
ဟုတ်ကဲ့ရှိပါတယ်။ ၂၀၁၃ (၁)လပိုင်း (၄) ရက်နေ့ လွတ်လပ် ရေးနေ့မှာထွက်မယ်လို့တော့စိတ် ကူးထားတယ်။ သီချင်းတွေအကုန် ပြီးသွားပြီ။ ဒါပေမဲ့ ဘယ်လိုဖြစ်ဦး မလဲမပြောတတ်သေးဘူး။ အဲဒီထက် နောက်မကျအောင်တော့ထွက်ဖြစ် ဖို့ကြိုးစားမယ်။
ပေါက်တဲ့အိုး ၊ အနီးဆုံးလူ နမ်းမှာလားတို့ထက် ဘာတွေပိုပြင်ဆင်ထားလဲ
ပရိသတ်တွေတစ်မျိုးလေး နားထောင်ရလိမ့်မယ်ထင်တယ်။ အဲဒီထဲမှာ အေသင်ဆိုနေကျပုံစံ မဟုတ်တဲ့ သီချင်းပုံစံလေးတွေပါ တယ်။
ဘယ်သူတွေအားဖြည့်သီ ဆိုပေးထားသေးလဲ။
featuring တွေက ကိုဂျေမီ၊ ကိုဩရသပါမယ်။ ကိုကြက်ဖလည်းပါမယ်။ ကိုဂျေမီနဲ့ ဆိုထားတဲ့ သီချင်းဆိုရင် Reggae ပုံစံလေး။ အဲဒီသီချင်းက ပရိသတ် နည်းနည်းဆန်းဆန်းပြားပြားနား ထောင်ရမယ်ထင်တယ်။ ကို Ar T ရေးပေးတဲ့ သီချင်းဆိုလည်း Sexy ဆန်တယ်။
ခုအမျိုးသမီးအဆိုတော် တွေက ကိုယ်ပိုင်သံစဉ်တွေဆိုလာ ကြတယ် ၊ အေသင်ရော
အေသင်လည်းခု တတိယ ခွေမှာကိုယ်ပိုင်သံစဉ်တွေများမှာပါ။ ကိုယ်ပိုင်သံစဉ်တွေချည်းပဲခုလော လောဆယ်လုပ်ထားတယ်။
ခုလိုကိုယ်ပိုင်သံစဉ်တွေဆို လာရတဲ့အပေါ်မှာရောဘယ်လိုခံစား မိလဲ။
ကော်ပီဆိုရတာခက် တယ်။ Own Tune ဆိုရတာက ကိုယ့်စိတ်ကြိုက်ဆိုလို့ရတယ်။ ကိုယ့်ပုံစံဆိုလို့ရတဲ့အတွက် အေသင်က Own Tune ဆိုရတာ ပိုကြိုက်တယ်။ ကော်ပီကကျတော့ တကယ့်မူရင်းအဆိုတော်အတိုင်း လိုက်မဆိုဘဲ ကိုယ့်ပုံစံအတိုင်း ပဲဆိုနိုင်အောင်ကြိုးစားတယ်။
ပရိသတ်ကိုရော ဘာပြော ချင်သေးလဲ
အေသင့်ရဲ့ ပေါက်တဲ့အိုး၊ အနီးဆုံးလူနမ်းမှာလားကိုအားပေး တဲ့ပရိသတ်တွေကို အေသင်အထူး ပဲကျေးဇူးတင်ပါတယ်။ တန်ဆောင် မုန်းလပြည့်နေ့ကျရင် အနီးဆုံး လူနမ်းမှာလား ဗီစီဒီထွက်ပါမယ်။ အားပေးပါဦးလို့ပြောချင်ပါတယ်။ အေသင့်ရဲ့ Play Boy ခွေကိုလည်း အားပေးပါဦးလို့ပြောချင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။