12 November 2012 |By 8 Days
Channel နဲ့ Valentino တို့လို ကမ္ဘာကျော် ဖက်ရှင် ကုမ္ပဏီတွေရဲ့ ဖက်ရှင်ပြပွဲတွေ မှာ သရုပ်ပြလမ်း လျှောက်ဖို့ ဥရောပကို ဂျက်လေ ယာဉ်စီးပြီးသွားတာဟာ သာမန် ဆယ်ကျော်သက်မလေး တစ်ယောက် ရဲ့ဘဝထဲက တစ်နေ့တာမျိုးမဟုတ် ပါဘူး။ ဒါပေမဲ့လည်း အသက် ၁၇ နှစ်အရွယ်ရှိ မာဂရက်ကွေလီဟာ သာမန် အထက်တန်း ကျောင်းသူတစ် ဦးမှမဟုတ်ပဲ။ မာဂရက်ရဲ့မိခင် ကတော့ ယခုအခါ ABC Family ရုပ်သံလိုင်းရဲ့အစီအစဉ် Jame by Design မှာ သရုပ်ဆောင်လျက်ရှိ ပြီး၊ မဂ္ဂဇင်း မျက်နှာဖုံးပေါင်းများစွာ မှာဖော်ပြခံခဲ့ရဖူးတဲ့ aမ်ာဒယ်(လ်) တစ်ဖြစ်လဲ ရုပ်ရှင်မင်းသမီးအင်ဒီ မက်ဒေါင်းဝဲ(လ်)ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိရဲ့ငယ်ဘဝဟာ ကော်ဇောနီပွဲတွေနဲ့ သိပ်မနီးစပ်ခဲ့ ပါဘူးလို့ မာဂရက်က ပြောပါတယ်။
"မြောက်ကယ်ရို လိုင်းနားပြည်နယ် မှာ သမီးကြီးပြင်းခဲ့တုန်းက သမီးရဲ့ အမေဟာ အမြဲတမ်း သမီးရဲ့အမေ ပါပဲ။ သူ့ကိုနာမည်ကျော်မင်းသမီး တစ်ယောက်အဖြစ် သမီးက မမြင် ပါဘူး" လို့ မာဂရက်ကပြောပါတယ်။ ဒါပေမဲ့ မိခင်ဖြစ်သူက ဖက်ရှင်စံပြ ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် မာဂ ရက်အတွက် အကျိုးကျေးဇူးတွေ တော့ရှိပါတယ်။ "အမေ့ရဲ့အဝတ်ဗီရိုရှင်းတဲ့အ ခါတိုင်း သမီးပျော်တယ်။ အရင် တစ်ခေါက်က လွန်ခဲ့တဲ့ နှစ်၂၀က ပါရီမှာ အမေဝယ်ခဲ့တဲ့ ဘွတ်ဖိနပ် တစ်ရန် သမီးအပိုင်ရတယ်။ အခု အဲဒီဖိနပ် အတော်ဟောင်းသွားပြီ။ နောက်ပြီး သူ့အတွက် လေးလံတဲ့ ကျောက်နားကပ်တစ်ရန်က ကျောက်တွေကိုဖြုတ်ပြီး သမီးတို့ ညီအစ်မအတွက် လည်ဆွဲတစ်ကုံးစီ လုပ်ပေးခဲ့တယ်" လို့ မာဂရက်က ပြောပါတယ်။ မာဂရက်ဟာ L.A မှာ နေ ထိုင်တဲ့ သူ့ရဲ့အသက် ၂၃နှစ်အ ရွယ်အစ်မဖြစ်သူ တက်သစ်စမင်း သမီးရိန်းနီနဲ့လည်း အဝတ်အစား တွေခွဲဝေပြီး ဝတ်ကြတယ်။ (ရိန်းနီ ဟာ သူ့မိခင်နဲ့အတူ Mighty Fire ဇာတ်ကားမှာ ပါဝင်ထားပါတယ်။) မာဂရက်ဟာ မက်မောစရာ ကောင်းတဲ့ ဖက်ရှင်ဝတ်စုံတွေ ဝတ် ခွင့်ရပေမယ့် သူကတော့ သမားရိုး ကျဆန်တဲ့အဝတ်အစားတွေကို နိစ္စဓူဝ၀တ် ဆင်တတ်သူပါ။
"သမီးက လွတ်လပ်ပေါ့ပါး တဲ့ဖက်ရှင်ကို ပိုကြိုက်တယ်" လို့ ပြောပါတယ်။ မာဂရက်ဟာ မကြာခင်က ဒုတိယအကြိမ် နားပေါက် ဖောက်ခဲ့ပါသေးတယ်။ "ကျွန်မက ဆေးခန်းမှာတောင် လက်သည်းဆိတ်တာမခံနိုင်ဘူး။ နားဖောက်တာ အစပိုင်းမှာ နာ တယ်။ ဒါပေမဲ့ အခုကောင်းသွားပြီ" လို့ မာဂရက်ကပြောပါတယ်။ မာ ဂရက်ဟာ အဟောင်းကြားက ကောင်းနိုးရာရာတွေ ရှာဖွေစု ဆောင်းတာတော့ လုပ်ပါတယ်။ "Dior ကုမ္ပဏီရဲ့ဖက်ရှင်ပွဲကို ပါရီမှာ သမီးအစ်မနဲ့အတူ သွား ကြည့်တုန်းက အားတဲ့ရက်မှာ အိုင် ဖယ်(လ်)မျှော်စင်ကြီးနားက အ ဟောင်းဈေးတန်းထဲ လျှောက်ကြည့် ကြတယ်။ မြို့ကြီးပြကြီးတွေကို ကမ္ဘာလှည့်ခရီးသည်ရဲ့ရှုထောင့်နဲ့မ ဟုတ်ဘဲ ကြည့်ရတာကောင်းပါ တယ်။ အဲဒီမှာ သမီးရဲ့စမတ်ဖုန်းပါ မသွားတော့ ရိုးရိုးမြေပုံစာရွက်ကိုင် ပြီး လျှောက်သွားတယ်" နယူးယောက်မှာနေထိုင်တဲ့ မာဂရက်ဟာ မကြာခင်က ပါရီဖက်ရှင် ရက်သတ္တပတ်အတွင်း ဖက်ရှင်ရှိုး အတွက် ချိန်းဆိုထားတဲ့ နေရာတစ် ခုနဲ့တစ်ခုကြားမှာ သူယူလာတဲ့ အိမ် စာတွေကို ပြီးအောင်လုပ်ပါတယ်။ သူ့ရဲ့နောက်ခြေလှမ်းအတွက် လည်း အစီအစဉ်ဆွဲထားတယ်။
"ရှေ့နှစ်ကျ ကျွန်မ L.A ကို ပြောင်းရွှေ့ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစားမယ်။ နယူးယောက်မှာ သရုပ်ဆောင် သင်တန်း တက်နေတယ်။ နွေရာသီမှာ လန်ဒန်က တော်ဝင် သဘင်အနုပညာ အကယ်ဒမီကြီးမှာ ဆက်လက် ပညာသင်ရမယ်" လို့ မာဂရက်က ပြောပါတယ်။ မိခင်နည်းတူ ရုပ်ရှင်မင်းသမီး အဖြစ် သူ့ကို တွေ့ရဦးမှာလားလို့ အမေးခံရတော့... "လောလောဆယ် သမီး အ လုပ်မျိုးစုံကိုစမ်းကြည့်နေပါတယ်။ နောက်ဆုံးတော့ ရုပ်ရှင်မင်းသမီး ဖြစ်အောင် ကြိုးစားချင်ပါတယ်" လို့ အမေတူသမီးလေး မာဂရက်က ပြောပါတယ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။