12 November 2012 |By 8 Days
အဲဒီအချိန်မှာ ဒီလူတွေကလည်း စုပြီးသား တွေဖြစ်နေတယ်။ အကဆရာမ ကလည်း ဒေါ်သီတာဝင်း (မမော်) ကျောင်းသူဟောင်း လည်းဖြစ်နေတယ်။ ကျွန်တော်တို့ ကလည်း "ပုလဲသွယ်အငြိမ့်" လို့ လည်းသုံးလို့မရ၊ "မြကျွန်းသာအငြိမ့်" ဆိုပြီးသုံးလို့လည်း မရဖြစ်နေတော့ ဒေါ်သီတာဝင်းရဲ့ နာမည်ဖစ်တဲ့ "မိုးနတ်သူဇာ" ဆိုပြီးတက် ကကြတာပေါ့။ "မိုးနတ်သူဇာ" ရဲ့ ပထမဦးဆုံးအငြိမ့်က ၁၉၈၃ ဇွန်လ မှာ ရုပ်မြင်သံကြားမှာ ခေတ်ငါး ခေတ် အငြိမ့်ဆိုပြီး ကလိုက်တာ ဗီဒီယိုခေတ် မရှိသေးပေမယ့် တစ်နိုင်ငံလုံးမှာ ကက်ဆက်ခွေတွေ နဲ့ဖြစ်သွားရော။ အခုချိန်ထိ တွေ့နေတုန်းပဲ။ ၁၉၈၃ ခုနှစ်ကစပြီး ရုပ်မြင်သံကြားမှာ မိုးနတ်သူဇာအငြိမ့်ကို တောက်လျှောက် ကလာလိုက်တာ ၁၉၈၆ ကုန်ခါနီးကျမှ "မိုးနတ်သူဇာ" အပြင် "မြပုဏ္ဏမာ" ဆိုပြီးထပ် လုပ်ကြတာ။
လူရွှင်တော်အသစ် တွေနဲ့ချည်းပဲပေါ့။ မင်းသမီး ဝင့်သိင်္ဂီနဲ့လေ။ ကျွန်တော်က လူရွှင်တော် အသစ်တွေကို လက်တွဲခေါ်ချင် တဲ့စိတ်ကြောင့် မြပုဏ္ဏာမာမှာ ကင်းကောင်၊ ငှက်ပျောကြော်၊ ဖိုး ဖြူ၊ ဂေါ်ဇီလာတို့လေးယောက်ကို ဆွဲတင်ခဲ့ရာက စလိုက်တာပေါ့။ မြပုဏ္ဏာမာ အရှိန်က အရမ်းတက်သွား ပြီးတော့ တစ်နိုင်ငံလုံးမှာ ရုံတွေ ချည်းပဲ ကခဲ့ရတာပေါ့။ အဲဒီခေတ် တုန်းက အငြိမ့်ဆိုရင် လမ်းဘေးမှာ ဒီအတိုင်းကြည့်လို့ရပေမယ့် ကျွန် တော်တို့ခေတ်ကျမှ ရုံသွင်းပြီးအ ငြိမ့်ကိုကခဲ့ကြတာပေါ့။ မြန်မာပြည် တစ်ပြည်လုံးကို လှည့်ကခဲ့တာက တစ်နှစ်ကျော်ကျော် လောက် ကခဲ့ပြီး တော့ ၁၉၈၈ အရေးတော်ပုံကြီးဖြစ် ပြီးတော့ ရပ်စဲသွားခဲ့ရတော့တာ ပေါ့။ ၁၉၈၈ ခုနှစ်မှာ ပထမဦးဆုံး ထိန်းသိမ်းခံခဲ့ရတာ ကျွန်တော်ပဲ။ ၁၉၈၈ ခုနှစ်ပြီးပြီးချင်း ကျွန်တော် နဲ့ကိုဇင်ဝိုင်းကို အရင်ဆုံးခေါ်သွား တော့တာပဲ။ အငြိမ့်နဲ့တော့မဆိုင်ဘူး။ ၁၉၈၈ ခုနှစ်ထဲမှာလှုပ်ရှား လို့ပါသွားတော့တာလေ။
ထောင်က လွတ်လာတော့ အငြိမ့်ဆက်မကတော့ဘူး။ ကခွင့်မရတာလေ။ ပထမဦးဆုံး ထိန်းသိမ်းခံရတဲ့အကြောင်း ကို "ထောင်ထဲက ဒိုင်ယာရီ" ဆိုပြီး တော့ စိတ်ကူးချိုချိုကနေ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အကုန်မှာထွက် ပါတော့မယ်။ အဲဒီစာအုပ်ကို အစောကြီးကတည်းက ထုတ်မလို့ပါ။ ဒါပေမဲ့ စာအုပ်အတွက် ပြင်ဆင်ရတဲ့အတွက် ကြန့်ကြာ သွားခဲ့တာပေါ့။ ၁၉၈၈ မှာ ထိန်းသိမ်းခံရတယ်။ ပြီးတော့ ထောင်ကလွတ် လာတယ်။ ရုပ်ရှင်ရိုက်ခွင့်မရတော့ ဘဲနဲ့ ဗီဒီယို ရိုက်ခွင့်ရတယ်။ ကံအား လျော်စွာပဲ ၁၉၈၈ ခုနှစ်မတိုင်ခင်က ကျွန်တော်တို့ကခဲ့တဲ့ "*** ညီလာခံ" ပြဇာတ်က ရောက်တဲ့ နေရာတိုင်းမှာ ပရိသတ်တောင်းဆို ခံခဲ့ရတယ်။ အခုတော့ DVB က ပြန်ပြနေတယ်လေ။ ဖြစ်ချင်တော့ ထူးထူးဆန်းဆန်းပဲ အဲဒီပြဇာတ်ကို ပြန်ကခွင့်ကြုံတော့ ပဲခူးမှာရွေး ကောက်ပွဲမတိုင်ခင် ကခဲ့ကြတာ။ DVB မှာပြတာက ပဲခူးမှာကခဲ့တာ ကိုပြန်ပြတာလေ။ အငြိမ့်ပေးမကလို့ ပြဇာတ်ချည်းပဲကတာကို လက်မခံဘဲနဲ့ ပြီးပြီးချင်း မြို့ထဲကနေ ကျွန်တော်တို့ကိုမောင်းထုတ်ပြီး တော့ ဖမ်းတော့တာပဲ။
ဒုတိယအကြိမ်အဖြစ် ထောင်ငါးနှစ်ကျသွားခဲ့ တာပေါ့။ ၁၉၉၄ မှာ ထောင်ကပြန် ထွက်လာတော့ ရုပ်ရှင်ရိုက်ခွင့်၊ အ ငြိမ့်ကခွင့် ပိတ်လိုက်တယ်။ ဗီဒီယိုပဲ ရိုက်ခွင့်ရတော့ရိုက်တယ်။ ၁၉၉၄၊ ၉၅၊ ၉၆ သုံးနှစ်ရိုက်ခွင့်ရခဲ့တယ်။ ၉၆ ခုနှစ်မှာ "လွန်"ဆိုတဲ့ဇာတ်ကား တစ်ကားကြောင့် ကျွန်တော့်ကို (၅) နှစ်ပိတ်လိုက်တယ်။ အဲဒီဇာတ်ကား က ကျွန်တော်တို့ပြချင်တဲ့ ရည်ရွယ်ချက်က ယဉ်ကျေးမှုနှစ်ခုကို လွန်ဆွဲတာ၊ မြန်မာဆန်တဲ့ ဓလေ့နဲ့ မြို့ဆန်တဲ့၊ ခေတ်ဆန်တဲ့ ဓလေ့နှစ်ခုကို ပြသတာ။ အဲဒါကို သူတို့မြင်တဲ့အမြင်က ပြောင်းလဲမှု လုပ်နေတဲ့အချိန်မှာ သူတို့ကို ရုပ်ရှင်နဲ့ တိုက်တယ်ဆို ပြီးတော့ဖြစ်လာတယ်။ အဲဒီတော့ ကျွန်တော်တို့က ဆင်ဆာဘယ်တင်မလဲ။ ခိုးထုတ်မှာပေါ့။ ဆင်ဆာ တင်ခဲ့တယ်။
နောက်တစ်ခုက အဲဒီကားထဲမှာ ညီအစ်ကိုသုံးယောက်၊ တကယ့်အဖြစ်အပျက် ကျွန်တော့် သူငယ်ချင်း နယူးယောက် အပ်စတိတ်မှာ နေတယ်။ သူတို့ရဲ့ညီအစ် ကိုနာမည်တွေက မောင်မောင်ဝမ်း၊ မောင်မောင်တူး၊ မောင်မောင်သရီး လို့ အဖေတွေက ချစ်စနိုးမှည့်ထား တာကို သူတို့ကို သလျော်တယ်လို့ ထင်တယ်။ ပြီးတော့ ဇာတ်လမ်းထဲမှာ ခင်ခင်လေး ဆိုတဲ့ကောင်မလေး ကို အစ်ကိုတွေက ချစ်လွန်းလို့ လှောင်အိမ်ထဲ ထည့်သလိုမျိုး အိမ် ထဲမှာ ထည့်ထားတာလေ။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ အန်တီက အကျယ်ချုပ်ဖြစ်နေတယ်။ စိတ်ထဲမှာ ရုပ်ရှင်နဲ့ ကျွန်တော်က သူတို့ကို တိုက်တယ်လို့ထင်ပြီး (၅)နှစ်ပိတ်တယ်ဗျာ။ အဲဒီအချိန်မှာ ကျော်သူ ကအတွင်းရေးမှူး၊ ဦးစိန်တင်က ဥက္ကဌပေါ့။ ရုပ်ရှင် အစည်းအရုံးမှာလေ။ ၁၉၉၆ ကနေစလိုက်တာ ၂၀ဝ၁ ခုနှစ်မှာပြန်ပြီး ရုပ်ရှင်ရိုက် ခွင့်ပြန်ရတယ်။ ၂၀ဝ၁ ခုနှစ်မှာ ပုဏ္ဏားဘကွန်း၊ ရင်တွင်းစကား စသည့်ဇာတ်ကားတွေ အငြိမ့်တော့ ပြန်ကခွင့် မရတော့ဘူးပေါ့။
ကျွန်တော်က အငြိမ့်ကချင်တာ။ ကခွင့်မရတော့ ကျွန်တော့်ကိုယ်စား လူသစ်လေးတွေ ပြန်မွေးထုတ်ရမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ သီးလေးသီး ဖြစ်တဲ့ ပန်းသီး၊ စိန်သီး၊ ကြယ်သီး၊ ဇီးသီးဆိုတာကို ထရိန်နင်ပေးခဲ့တယ်။ ကင်းကောင်တို့ကို နောက်ကနေ သင်ပေးဖြစ်ခဲ့သေးတယ်။ ကင်းကောင်နဲ့ သီးလေးသီးကြားထဲ မှာ အုပ်စုတစ်စုဖြစ်တဲ့ အခုသေသွားရှာတဲ့ ထင်ပေါ်၊ သူ့နာမည်အရင်းက လင်းလင်းတဲ့။ နောက်တစ်ယောက်က အာနိုး၊ သူကတော့ အနုပညာ လောကထဲက နားသွား ရှာတယ်လေ။ နောက်တစ်ယောက်က အခုမှ နာမည်ကြီးနေတဲ့ ဒိန်းဒေါင်၊ နောက်တစ်ယောက်က အခုတော့ ရန်ကင်းမြို့နယ် NLD ဥက္ကဌဖြစ် တဲ့ ကိုမုန်းခက်တို့ကို ၁၉၉၆ ခုနှစ်မှာ ထရိန်နင်ပေးခဲ့တယ်။ အဖွဲ့တစ် ဖွဲ့ရယ်လို့တော့ ဖြစ်မသွားခဲ့ဘူးပေါ့။ သူတို့နောက်ကျမှ မြပုဏ္ဏမာအဖွဲ့ က သီးလေးသီး ဆိုပြီးဖြစ်လာတာပေါ့။ အခုနောက်ပိုင်း သီးလေးသီး ဟောင်းသွားတော့ စုဘူးလေးများ ဆိုပြီး ဖွဲ့ထားတယ်။ သူတို့က နယ်တွေဘာတွေ လှည့်ပြီးကတယ်။ မင်းသမီးမလို၊ ဆိုင်းဝိုင်းမလိုဘဲနဲ့ လူ တစ်ယောက် တည်းနဲ့ အခန်းတစ်ခန်းတည်းမှာ လူတွေရှေ့မှာပြက်တာ။ နိုင်ငံခြားမှာလည်း အဲဒီဓလေ့ ရှိတယ်။ အခန်းရှိရင်ဖြစ်တယ်။ ဘာ ပွဲမိန့်မှတောင်းစရာမလိုဘူးပေါ့။
အဲဒါပြီးရင်တော့ မိန်းကလေးလူပြက် အဖွဲ့တစ်ဖွဲ့ကိုဖွဲ့ဖို့ အစီအစဉ်ရှိ တယ်။ ကျွန်တော်ကတော့ တစ်ခု ပြီးတစ်ခု အစီအစဉ် အသစ်တွေကို စီစဉ်နေတာပဲ။ အခုချိန်မှာ ပြန်ကခွင့်ရပေမယ့် ကလို့မရတော့ဘူး။ အချိန်မပေးနိုင်တော့ တာ။ တိုင်းပြည် ကိစ္စအလုပ်ရှုပ်လာတော့ အနုပညာ အလုပ်တွေကို တစ်ခုမှမလုပ်နိုင် တော့တာပေါ့။ ၂၀ဝ၇ ခုနှစ်မှာကျတော့ (၁) လတိတိ ထိန်းချုပ်ခံခဲ့ရတယ်။ ၂၀ဝ၈ ခုနှစ် နာဂစ်ဖြစ်တော့မှ (၃) နှစ်နဲ့ (၈)လတိတိ ထိန်းသိမ်းခံရပြီး အခုပြန်လွတ်လာတာပေါ့။ ကျွန်တော် ငယ်ငယ်တုန်းက ဖြစ်ချင်တာက သုံးခုလောက်ရှိတယ်။ အဲဒါတွေက အကုန်လုံးဖြစ်လာ တယ်ပေါ့။ ဆရာဝန်ဖြစ်ချင်တယ်၊ လူရွှင်တော်တစ်ယောက် ဖြစ်ချင်တယ်၊ အနုပညာရှင် တစ်ယောက် ဖြစ်လာခဲ့တာပေါ့။
ကျွန်တော့်နာ မည်အရင်း မောင်သူရကနေ ကိုဇာဂနာ ဖြစ်လာတာ ဆိုရင် ကျွန်တော်တို့ သွားဘက်ဆိုင်ရာ တက္ကသိုလ်မှာ အငြိမ့်ကတဲ့အခါ လူပြက်လုပ်တော့ မယ်ဆိုတော့ လူပြက်နာမည်ပေးတဲ့အခါ ဆေးခန်းထဲမှာ သုံးတဲ့ပစ္စည်းတွေကို မဲနှိုက်ပြီး ကြိုက်တဲ့လူရွေး ကြဆိုတဲ့အချိန်မှာ ကျွန်တော့်သူ ငယ်ချင်းလင်းထွဋ်က ပလာယာ၊ တစ်ယောက်က တင်ချာ၊ နောက် တစ်ယောက်က ဂွမ်းဖြူ၊ တစ် ယောက်က မိုလာ၊ နောက်တစ် ယောက်က စတေလာ စသည်ဖြင့် ပေါ့ဗျာ မဲပေါက်ကြတယ်။ ကျွန် တော့်အလှည့်ကျတော့ သရီဇာဆို ပြီးကျတယ်။ မကြိုက်ဘူး။ ဆေးခန်း ထဲမှာသုံးပေမယ့် ခေါ်ရတာခက် တယ်လေ။ လူမှတ်မိဖို့ဆိုတာလည်း မလွယ်တဲ့အတွက် ထိုင်စဉ်းစား တော့တာပဲ။ သရီဇာသည် ဘာပုံစံ နဲ့တူသလဲဆိုရင် ဇာဂနာနဲ့တူတယ်။ သွားတွေဘာတွေနှုတ်တော့မယ်ဆို ရင် သူကထောက်နဲ့ဆေးထည့်ရ တာဆိုတော့ အနီးစပ်ဆုံးဇာဂနာနဲ့ တူတော့ ကျွန်တော်တို့ပါမောက္ခဦး မြင့်နိုင်ကို သရီဇာအစား ဇာဂနာ ကိုအသုံးပြုပါရစေဆိုတော့ "ငါတို့ ဆေးခန်းမှာ သရီဇာပဲသုံးတယ်။ ဇာ ဂနာမသုံးဘူး" ဆိုတော့ "မဟုတ်ဘူး ဆရာ၊ သရီဇာဆိုတာ လူတိုင်းမသိ ဘူး။ ဇာဂနာပဲသိတဲ့အတွက် ဇာဂ နာနာမည်ပဲသုံးပါရစေ" ဆိုတာကို ခွင့်မပြုဘူးလေ။
ဖြစ်ချင်တော့ အဲဒီညမှာ အစီအစဉ် ကြေညာသူက ကျွန်တော်ဖြစ်နေတော့ ကျွန်တော့်နာမည်ကို ဇာဂနာ ဆိုပြီးကြေညာ လိုက်တာ ကိုဇာဂနာဆိုပြီး ဖြစ်သွား တော့တာပါပဲ။ အခုလတ်တလော မှာတော့ ကျွန်တော် အဓိကထားပြီး လုပ်နေတဲ့ အလုပ်သုံးခုရှိတယ်။ တစ်ခုက နိုင်ငံတကာ ဝတ္ထုတွေကို ဘာသာပြန်တယ်။ Home Media ကနေတစ်ဆင့်ပေါ့။ ဒီမိုကရေစီ ဆိုပြီးနားမလည်ကြတဲ့ သူတွေ၊ ကျင့်ဝတ်ကို နားမလည်ကြတဲ့သူတွေ၊ လူ့အခွင့်အ ရေးကို စကားပြောပြီး တစ်ဖက်မှာ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူ မှုတွေရှိတယ်လေ။ တစ်ဖက်မှာ ဒီမိုကရေစီဆိုပြီး လိုချင်နေကြပြန်တယ်။ အဲဒါတွေကို နားလည်အောင်တောက် လျှောက်လုပ်တယ်။ အဲဒီအတွေးက ထောင်ထဲမှာ ရတဲ့စိတ်ကူးပေါ့။
ကျွန်တော်တို့တစ်ဖွဲ့လုံးက House of Media & Entertainment ဆိုပြီး ထောင်တာ။ အင်တာနက် အသုံးပြု ပုံ၊ ဒီမိုကရေစီ ပညာရေးတွေကို ကိုယ့်စားရိတ်နဲ့ ကိုယ်လှည့်ပြီး မြန်မာပြည် တစ်ပြည်လုံး ဖြန့်ပြီးပညာ ဝေပေးခဲ့တာပေါ့။ ဘာသာပြန်ရေး ဖြစ်နေတာက နယ်ကလူငယ်တွေ အတွက်ပေါ့။ ကျင့်ဝတ်(၆)ခုကိုရေး နေတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က Rule of Law ကို ရေးနေတယ်။ နောက်တစ်ယောက် က Idea Democracy ကိုရေးနေ တယ်။ နောက်တစ်ပိုင်းက ၁၉၈၀ ပြည့်နှစ်ကတည်းက ဦးဝင်းတင်တို့ က ပထမဦးဆုံး လုပ်ခဲ့တဲ့အရာကို ကျွန်တော်တို့က ပုံစံတစ်မျိုးနဲ့ ဒီဗွီဒီ တစ်ချပ်ထုတ်မယ်။ ဆင်ဆာလည်း ကျပြီးသား။ မဂ္ဂဇင်းတစ်စောင် ကြည့်ရသလို ရုပ်ရှင်ကြည့်ရတာပါ ပဲ။ မဂ္ဂဇင်းစဖွင့်တာနဲ့ ကဗျာစတွေ့ သလို အခွေစဖွင့်တာနဲ့ ကဗျာစ တွေ့ရမယ်။ မတ်တပ်ရပ်ပြီး ကဗျာ ရွတ်တာမဟုတ်ဘဲနဲ့ ကဗျာကို သ ရုပ်ဆောင်နဲ့ သရုပ်ဖော်မယ်။ ပြီး တော့ ကာတွန်းက Animation ၊ မိဘတွေကိုပညာပေးတဲ့အရာ။
အဲဒါပြီးတော့ ဆောင်းပါးကို Documentary ပုံစံနဲ့ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း၊ ဝတ္ထုတိုမှာ ကျတော့ လာဘ်ပေးလာဘ်ယူမှုကို ဟာသပုံစံလေး ပုံဖော်ထားတယ်။ ပြီးတော့ ခရီးသွားဆောင်းပါးကျ တော့ ယိုးဒယားနိုင်ငံ ဖူးခက်ကမ်းခြေက ဖန်းခရိုင်မှာရှိတဲ့ တရားဝင် ရွှေ့ပြောင်းမြန်မာလုပ်သားက သုံးလေးထောင်ပဲရှိပေမယ့် တရားမဝင်က တစ်သိန်းလောက်ရှိတယ်။ မြန် မာလူမျိုးတွေက ဘယ်လိုအလုပ် လုပ်ကြလဲ၊ သားသမီးတွေဘယ်လို သင်ယူနေကြလဲ စသည်ဖြင့် တင်ပြ ထားတယ်။ နောက်ပြီး ဆရာညီပုလေးရဲ့ "တအိအိနောက်မှာ" ဝတ္ထု ကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ ပြီး တော့ Satire လို့ခေါ်တဲ့ လူရွှင်တော် တစ်ယောက်ပြက်တဲ့ ပြက်လုံးတွေ၊ နောက်ဆုံး လက်ရာကာတွန်း နဲ့ အင်တာဗျူးလေးနဲ့ အဆုံးသတ်ထားပါတယ်။ တစ်နိုင်ငံလုံးကိုဖြန့် ချိပေးမှာပေါ့။ တတိယ အလုပ်ကတော့ ခေါင်းအရှုပ်ဆုံး၊ စိတ်အညစ်ရဆုံး ကိစ္စကတော့ ရခိုင်ကိစ္စပါပဲ။ ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေ နဲ့ပါမိတာတောင် ကျွန်တော့်ကိုများ တမင်ခေါ်နှိပ်စက်မိတာလားလို့ တစ်ခါတစ်ခါထင်မိတယ်။ အဲဒီလောက်ထိကို ခေါင်းတွေရှုပ်ပြီး စိတ်အညစ်ရဆုံးပဲပေါ့။
(၅)ရက် တစ်ခါ ရခိုင်မှာလူကြီးတွေက ရုံးသွားထိုင်ရတာတော့ နေ့တိုင်းရှိတာပေါ့။ ကျွန်တော့်ဇနီး၊ သားလေးနဲ့ သမီးကိုတော့ အမေရိကားကို ခဏသွားတုန်းက တွေ့ခဲ့ရတယ်။ သွားတဲ့ အချိန်မှာလည်း တာဝန်ကပါလာတယ်။ မြန်မာပြည် ကတိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တဲ့ သူတွေကို တွေ့ပြီးပြန်ခေါ်လာဖို့ အတွက်ပေါ့။ အဲဒီတာဝန်ကြောင့် မိသားစုနဲ့ လေးငါးရက်လောက်ပဲ နေခဲ့ရတယ်။ အမေရိကားမှာ တစ်နေရာနဲ့ တစ်နေရာ သွားဖို့ အရမ်းကြာတာလေ။ သမီးလေးနဲ့တော့ ဖုန်းပြောဖြစ်ခဲ့တယ်။ သမီးလေးက ဇွန်လကျမှ ကျောင်းပြီးမှာ။ ကျွန်တော့်သားကတော့ ဒီဇင်ဘာလ ကျရင် ကျောင်းပြီးရင်တော့ ပြန်လာတော့မယ်။ ကျွန်တော့်တူမကတော့ မြန်မာပြည်ကို ပြန်လာပြီပေါ့။ ကျွန်တော့် သမီးလေးက ဟိုမှာအဓိက သင်ယူနေတာက Social Science ။ အဖေ နဲ့တူလို့ နိုင်ငံရေးစိတ်ဝင်စားတာ ပေါ့။ ကျွန်တော့်သားကတော့ အနုပညာကို ဝါသနာပါတယ်။ စသွားကတည်းက Audio နဲ့သွားတာ။ မြန်မာပြည်က သွားတဲ့ Rဇာနည်၊ ရဲ လေး၊ မင်းမော်ကွန်း၊ ဝိုင်းစုခိုင်သိန်း စတဲ့ အနုပညာရှင်တွေကို ဟိုကနေ ရိုက်ပေးနေတာပဲလေ။
Audio Engineering ဆိုတော့လေ။ ပြီးသွားတော့ Photograph ၊ အဲဒါ ပြီးတော့ Lighting ၊ ဒီဇင်ဘာမှာ ကျောင်းပြီးမယ်။ မြန်မာပြည်က လာတဲ့အနုပညာရှင် မှန်သမျှကို ဗီဒီယို ရိုက်ပေးနေတာလေ။ သူကတော့ မြန်မာပြည်ပြန်လာပြီး မြန်မာပြည် ကသူငယ်ချင်းတွေကို ဝေမျှပေးချင်တယ်တဲ့လေ။ ကျွန်တော့်သားရဲ့ နာမည်က မောင်မြတ်ကောင်း၊ သမီးက လွင်ဦးမော်၊ ကျွန်တော့်ဇနီး ရဲ့ နာမည်က လွင်မာဦးလို့ခေါ်တာပေါ့။ တစ်ခါတလေ မိသားစုနဲ့ပြန် တွေ့တဲ့အချိန်မှာ ကျွန်တော်ငယ်ငယ်တုန်းက အကြောင်းတွေ ရှေ့ကကျွန်တော်ပြောခဲ့တဲ့ အနုပညာဝမ်း စာရှာခဲ့ရတာတွေ ပြန်ပြောဖြစ် တတ်တယ်လေ။ မှတ်မိသလောက် တစ်ခုပြောရမယ်ဆိုရင် ငယ်ငယ်တုန်းက အနုပညာ ဝမ်းစာကို ဘယ်လောက်ထိ ရှာသလဲဆိုရင် အငြိမ့်တွေတောက် လျှောက်လိုက်ကြည့်ပြီးတော့ စပီ ကာနားမှာ အသံဖမ်းစက်နဲ့အသံ ဖမ်းတဲ့အထိပဲ။
တကယ့် အဖြစ်အပျက် ရယ်စရာတစ်ခုကို ပြန်ပြောရမယ်ဆိုရင် ကိုလေးမောင်နဲ့ ကိုစွတ်ပရားတို့ ကနေတဲ့အချိန်မှာ သူတို့ တွေအရမ်းနာမည်ကြီးနေတဲ့ ပြက်လုံးတစ်ခုဖြစ်တဲ့ "ပီလောရယ်တဲ့ မှို နတို" ဆိုတဲ့ပြက်လုံးကို ကျွန်တော် အသံသွားဖမ်းတဲ့အချိန်မှာ သူတို့ က စင်ပေါ်မှာ ဘယ်လိုမှကိုလမိုင်း မကပ်ဘူး။ မရယ်ရဘူး။ တော်တော် များများပွဲမှာ ရယ်ရပေမယ့် အခုပွဲမှာ မရယ်ရဘူးဖြစ်နေတယ်လေ။ ပြက်လုံးပြက်ပြီးတော့ စင်ပေါ်ကနေ ကိုလေးမောင်ကြီးက ဆင်းလာပြီး ကျွန်တော့်ကိုပခုံးပုတ်ပြီး "ညီလေးလာ..လက်ဖက်ရည်သောက် ဦး" တဲ့။ ကျွန်တော့်စိတ်ထဲမှာ ဒီလူ ကြီးက ဂရုတစိုက်နဲ့ပေါ့။ လက်ဖက်ရည်တိုက်၊ မုန့်ကျွေးပြီးမှ ဒီလူကြီး က ကျွန်တော့်ကိုမေးတာက ညီလေးက ဘယ်ဌာနကလဲ တဲ့လေ။ မင်းအသံတွေ ဖမ်းနေလို့တဲ့။ ကျွန်တော်က ချက်ချင်းပဲ ကျောင်းသား ပါဆိုတော့ ကိုလေးမောင်က ဪ ငါတို့ကမသိပါဘူးကွာ။ စင်ပေါ်မှာ ပြက်လုံးတောင် မပြက်ရဲတော့ဘူး" တဲ့။ စင်ပေါ်မှာ ဒုက္ခတွေရောက် လိုက်တာ။ မင်းကွာ တော်တော် ရက်စက်တဲ့ကောင်ပဲ။ ပြက်လုံးလိုချင် လည်းပြောပါကွာ။ ပေးပါတယ်။ ငါတို့က ထောက်လှမ်းရေးမှတ်လို့ တဲ့ဆိုတဲ့စကားတစ်ခုကြောင့် ကျွန်တော်သင်ခန်းစာ တစ်ခုရခဲ့တယ်။
ကြောက်တတ်ရင် ပြက်လုံးကောင်း မရဘူးဆိုတာပါပဲ။ အခုချိန်ထိ အနုပညာဝမ်းစာ ကိုရှာနေတုန်းပဲ။ ကျွန်တော်တို့ လူ ပြက်ဖြစ်ပြီးကာစ နိုင်ငံခြားမှာ ရှိုး တွေရှိတယ်။ ဥပမာ-ဘန်နီဟေးလ် ရှိုးလိုမျိုး၊ မြန်မာ့အသံမှာရှိတဲ့ဘန် နီဟေးလ်ရှိုးတွေကို အကုန်ကူးထား ပြီး ယူထားတယ်။ ကျွန်တော်တို့ ပြက်လုံးတွေကို ဘန်နီဟေးလ်ဆိုပြီး နမူနာယူပြီးပြောင်းထားတာတွေရှိ တယ်။ ထိုနည်းတူပဲ ဂျပန်မှာနာ မည်အရမ်းကြီးတဲ့ ချိမုရစကန်ဆို တဲ့လူ၊ သူတို့ရဲ့အဖွဲ့နာမည်က ကေးသိုးရန်စကန်က အရမ်းနာ မည်ကြီးတယ်။ မြန်မာလူမျိုးဖြစ်ပေ မယ့် အဲဒီကနေပညာတွေယူပြီး လေ့လာတယ်။ ၁၉၉၄ ခုနှစ်နောက် ပိုင်း ထောင်ကလွတ်လာတဲ့အချိန် မှာ ၁၉၉၈ လောက်မှာ အင်တာ နက်မဟုတ်ဘဲနဲ့ အင်ထရာနက်တွေ ပေါ်လာတော့ ပြက်လုံးနဲ့ပတ်သက် တဲ့ Website တွေဖတ်တယ်။ နောက်ပိုင်းကျတော့ နိုင်ငံတကာ ပြက်လုံးတွေ၊ ကိုယ်ပိုင် Website တွေ၊ ဒီထဲကပြက်လုံးတွေကိုရ တယ်။ အရုပ်လည်းကြည့်သလို စာ လည်းဖတ်ဖြစ်တယ်။ ကျွန်တော့်ရဲ့ ဝမ်းစာကတော့ စာကနေတစ်ဆင့် အင်တာနက်တွေကနေကြည့်ပြီးရှာ ဖြစ်တာပေါ့။
ကျွန်တော် အထိန်း သိမ်းခံနေရတုန်းက နိုင်ငံခြားက လူရွှင်တော်တစ်ယောက်က လာတွေ့တုန်းက မတွေ့ခဲ့ရပေမယ့် ကျွန်တော်လွတ်လာတော့ သူနဲ့အ တူ ပြီးခဲ့တဲ့ဇွန်လတုန်းက အင်္ဂလန် မှာတွေ့တယ်။ ကျွန်တော်တို့နှစ် ယောက်တွဲပြီး တော့ ဂျာမနီမှာ ပြက် လုံးပြက်ဖြစ်ခဲ့သေးတယ်။ သူ့နာ မည်က မိုက်ကယ်လို့ခေါ်တယ်။ ကျွန်တော့်မှာ ထောင်ထဲက အတွေ့အကြုံ၊ အမှတ်တရတွေက တော့ အများကြီးပါပဲ။ ထောင်(၄) ခါကျခဲ့တာကိုး။ ထောင်ဆိုတာက ဘယ်သူ မှနေလို့ကောင်းတဲ့ နေရာမဟုတ်ပါဘူး။ နေလည်းမနေစေ ချင်ပါဘူး။ အထဲမှာနေရတဲ့လူတွေ အားလုံးက အိပ်မက်ဆိုးကြီး လိုမျိုး နေခဲ့ရတာကိုး။ ကျွန်တော့်ဘဝမှာ ထူးထူးခြားခြားဆိုရင်တော့ ထောင် တွေအကုန်လုံးက ဆိုးရွားတာပါပဲ။ မေ့လို့မရတဲ့အမှတ်တရအဖြစ်အ ပျက်တွေထဲမှာဆိုရင် ထောင်ထဲမှာ "လ"ဆိုတာကို မမြင်ရဘူး။ လပြည့် နေ့ဆိုတာ ထောင်ထဲမှာအသံပဲ ကြားရတယ်။ အပြည့်ကာပြီး အ ပေါက်မရှိဘူးလေ။ "လ" ကိုမြင်ချင် လွန်းအားကြီးလို့ "လ"ကိုကျွန်တော် တို့ရှာကြတယ်။ ဒါပေမဲ့ "လ" ကို မ တွေ့ခဲ့ရဘူး။ နောက်ဆုံး "လ" ရှာပုံ ရှာနည်းကို ရုပ်ရှင်ထဲမှာလည်းထည့် ရိုက်ထားပါတယ်။
ထောင်ထဲမှာ "လ" ကိုဘယ်လိုတွေ့သွားသလဲဆို တော့ သေးပေါက်ပြီး သေးခွက်ကို အပြင်ထုတ်ပြီးတော့ "လ" လိုက်ဖမ်း ခဲ့ရပါတယ်။ ဒါက တော်တော်ထူး ဆန်းပါတယ်။ အဲဒီလို "လ" ကိုမြင် ဖူးချင်လို့ ကျွန်တော်တို့ အကြိမ် ပေါင်းများစွာကြိုးစားခဲ့ရတယ်။ သေးခွက်ထဲမှာ သေးကိုပေါက်ပြီး သံတိုင်ထဲကနေ အပြင်ကိုထွက်ပြီး "လ" ကိုကြည့်လို့မရဘူးလေ။ အဲဒီ ခွက်ကိုအပြင်ထုတ်ပြီးတော့ အထဲ ကနေ အဲဒီထဲကိုသေးပေါက်ထည့် ရတာ။ အဲဒီလောက်ထိကို ခက်ခက် ခဲခဲနဲ့ သေးခွက်ကြီးကို တုတ်နဲ့ထိုး ပြီး "လ" လိုက်ရှာခဲ့ရတာပေါ့။ အဲဒါ ကတော့ မေ့လို့မရတဲ့အဖြစ်အ ပျက်၊ အကျဉ်းသားတိုင်းကြုံတွေ့ရ တဲ့အဖြစ်အပျက်ပေါ့။ ကျန်တဲ့ ထောင်အတွေ့အကြုံ တွေကိုပြောရင် ပြီးမှာမဟုတ်တော့ပါဘူး။ သူရလည်း ဇာဂနာ၊ ဇာဂနာ လည်း သူရပါပဲ။ ဒါပေမဲ့ သူရဆို တဲ့လူတစ်ယောက်ကတော့ ၁၉၈၅ ခုနှစ်၊ ဒေါက်တာသူရဘွဲ့ယူပြီးတဲ့ နောက်မှာ သူရဆိုတဲ့လူတစ် ယောက်က ပျောက်သွားပြီ။ အဲဒီ ဘဝကမရှိတော့ဘူး။ ဇာဂနာဆိုတဲ့ လူတစ်ယောက်က လူသိထင်ရှား ဖြစ်လာတာပေါ့။ လူတွေကတော့ ဦးသူရ(ခ)ဇာဂနာလို့ပြောပေမယ့် နိုင်ငံတကာထိ ဇာဂနာဆိုတာပဲသိ ပါတော့တယ်။
ကျွန်တော့်အမေကို နမူနာယူပြီး စာတွေကြိုးစားတယ်။ ကျွန်တော့်ဘဝရဲ့ရှေ့ဆောင်က အ မေပါပဲ။ "ဘယ်အလုပ်ပဲလုပ်လုပ် အောင်မြင်အောင်လုပ"} ဆိုတဲ့ အ မေ့ရဲ့စကားကို အခုချိန်ထိလိုက်နာ နေတုန်းပါပဲ။ အခုချိန်ထိ ကျွန် တော်ဘယ်ဘဝကလာတယ်၊ ဘာ လုပ်ချင်တယ်၊ ဘာလုပ်ခဲ့တယ်ဆို တာကို မမေ့ဘူး။ ကျွန်တော်မှား တာကိုလည်း မှားရင်ဝန်ခံတတ်တဲ့ အကျင့်ရှိတယ်။ ပြီးခဲ့တဲ့ကိစ္စအား လုံးကို သုံးသပ်လေ့ရှိပါတယ်။ တစ် ခါတစ်ရံ ထောင်ကျတာတောင် ကောင်းတယ်လို့အကောင်းဘက်က နေပြန်သုံးသပ်လို့ရတယ်။ ထောင် ကျတဲ့အခါတိုင်း ထောင်ထဲကနေ ထွက်လာတဲ့အခါတိုင်း ပုံစံတစ်မျိုး ပြောင်းသွားတတ်ပါတယ်။ တကယ့် တကယ် သမိုင်းကိုလုပ်ယူလို့မရပါ ဘူး။ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာ ဦးသန့်တို့ကိုယ်တိုင် သမိုင်းဖြစ်နေ ပါတယ်။ ဖန်တီးယူလို့မရပါဘူး။ ပြည်သူကဆုံးဖြတ်ပေးမှရတဲ့အရာ ပါ။ နောင်နှစ်ပေါင်းများစွာကြာတဲ့ အခါ ဇာဂနာဆိုတဲ့ ပုဂ္ဂိုလ်က စာ မျက်နှာတွေပေါ်မှာရှိနေသေးလား၊ မရှိတော့ဘူးလားဆိုတာ မူတည်ပါ တယ်။ အဲဒါ History of Star ပါပဲ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။