22 November 2012 |By Venus News Journal
၂၀၁၂ ရဲ့ ဝင်ငွေ အကောင်းဆုံး ဂီတ နတ်မိမယ် အဖွဲ့လို့ ကောင်းချီး ပေးနေရတဲ့ Girls Generation ချာ တိတ်မလေး တွေဟာ အဆိုအက ကောင်းသလို ညို့အားပြင်းတဲ့ အလှအပတွေ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင် ထားကြသူ တွေမို့ အာရှချာတိတ် ပါးစပ်ဖျား မှာ လေးစားနေ ရခြင်းပါလို့ တိုကျိုတိုင်းမ် က ကောင်းချီးပေးခဲ့တာဟာ SNSD ပရိသတ်တွေအတွက် ဘဝင်တွေ့စရာပါပဲ။
SNSDပန်းထဲမှာ အလန်းဆုံးအလှပန်းလို့ဆိုနေရတဲ့ မချောလေး ယွန်နာဟာ သရုပ်ဆောင်လိုင်းကိုပါ ခြေလှမ်းကျဲလာခဲ့ပြီးAngel ဂျစ်ဆူ စတားဂျန်ဂွန်ဆပ်နဲ့ အချစ်မိုး ဇာတ်ကားမှာ လိုက်ဖက်ညီခဲ့တာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။
SM အေဂျင်စီရဲ့ နတ်မိမယ်ကိုးဦး ပေါင်းစပ် ထားတဲ့ Girls Generation လေးတွေရဲ့ ဂျပန် အယ်လ်ဘမ်သစ် Flower Power ကိုတိုကျိုမှာ လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်ဖြန့်ချိမှာ ဖြစ်ပြီး မချောလေးတွေ ကိုယ်တိုင် လက်မှတ်ထိုးပေးမှာမို့ ဂျပန် ပရိသတ်တွေကြားမှာ ပန်းပွင့်စွမ်း အားအယ်ဘမ်ဟာ ရေပန်းစား နေပါတယ်။ Flower လိုက်ဖ်ရှိုးတွေကို စောင့်မျှော်ရင်း။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။