22 November 2012 |By Venus News Journal
ဟောလိဝုဒ် စူပါ မင်းသမီး တစ်လက်ဖြစ်သူ ဂျိုဒီဖော်စတာ (Jodie Foster) တစ်ယောက် အနုပညာ နယ်မြေကို ကျောခိုင်း သွားပြီ လားလို့ တွေးပူနေကြသူတွေအတွက် Radar သတင်းကောင်း ပေးလာပါတယ်။
Silence of the Lambs ဇာတ်ကားနဲ့ အော်စကာဆုပိုင်ဆိုင်ခဲ့သူ မင်းသမီးချောဂျိုဒီဟာ သရုပ်ဆောင်ကမ္ဘာမှာ ပျော်မွေ့ ဆဲပါပဲတဲ့။ အနုပညာအလုပ်တွေကို မရပ်မနားလုပ်နေသလို တစ်ဖက်ကလည်း ပရဟိတလုပ်ငန်းတွေမှာ တက်တက် ကြွကြွ ဦးဆောင်လှုပ်ရှားနေသူ ဂျိုဒီဖော်စတာကို အခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ တစ်သက်တာ ဂုဏ်ထူးဆောင် ဆု ချီးမြှင့်တော့မယ်ဆို တာကိုလည်းRadar က မင်္ဂလာစကားဆိုထားပါတယ်။
လာမယ့် ဇန်နဝါရီ ၁၃ ရက်မှာ ကိုဒက်ခန်းမမှာကျင်းပမယ့် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Lifetime Aehievement ကို အပ်နှင်းမှာဖြစ်ပြီး ဒိတ်ဒိတ် ကျဲတွေဖြစ်တဲ့ စတီဗင်စပီးဘတ်၊ ရောဘတ်ဒီနီရို၊ ဘာဘရာစထရိုက်ဆန်နဲ့ မော်ဂန်ဖရီးမင်းတို့လိုပဲ ဟောလိဝုဒ်ရဲ့ အထင်ကရ အနုပညာရှင် တစ်ဦးအဖြစ် မှတ်တမ်းတင်ခဲ့ပြီဖြစ်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။