16 November 2012 |By 8 Days
Home Style
အိမ်နေရင်း စုချစ်က ဂါဝန်ရှည်တွေ ဝတ်ရတာ ကြိုက်တယ်။ လွတ်လပ်လုံခြုံမှုရှိတယ်။ ဘောင်းဘီတို မကြိုက်ဘူး။
Show Style
သီချင်းဆိုရင်တော့ ပွဲအနေအထားနဲ့ လိုက်ဖက်တဲ့ ပုံစံမျိုးကိုဝတ်တယ်။ ခန္ဓာကိုယ်နဲ့ fitting ဖြစ်နေတဲ့ ပုံစံမျိုးဝတ်ရတာ ပိုကြိုက်တယ်။ ခုကတော့ ဂါဝန်အကျပ်ကို အပေါ်က ကုတ်အင်္ကျီ အတိုလေးနဲ့ ဝတ်ရတဲ့ပုံစံ သဘောကျတယ်။
Shopping Style
Shopping သွားရင်တော့ အိတ်တစ်လုံးက မပါမဖြစ်ပဲ။ အလွယ်တကူနဲ့ ပေါ့ပေါ့ပါးပါး ပုံစံမျိုးကို ဝတ်ရတာ ပိုသဘောကျတယ်။
Traditional Style
မြန်မာဝတ်စုံတွေ ဝတ်ရတာလည်း ကြိုက်တယ်။ ခုဝတ်ထားတဲ့ ပုံစံက စုချစ်ဘုရားသွားတဲ့ အခါမျိုးမှာ ဝတ်လေ့ရှိတဲ့ ပုံစံပါ။ မြန်မာ ဝတ်စုံကလည်း သူ့နေရာနဲ့သူ ရွေးဝတ်ရတဲ့ ပုံစံတွေအများကြီး ရှိတယ်လေ။
Special Items
ရေမွှေးနဲ့ lotion တွေ စုရတာလည်း စုချစ်ကြိုက်တယ်။ တစ်ခါတစ်ရံကျ အနံ့မဟုတ်ဘဲ ဘူးတွေ ချစ်စရာကောင်းရင်လည်း ဝယ်တတ်တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။