24 November 2012 |By ရိုးရာလေး
မနေ့ က 24ရက်နေ့ ကိုအောင်လီတို့  Eternity Studio ကို ရိုးရာလေးTheme Song ကိစ္စနဲ့ ရောက်ဖြစ်ပါတယ် ။ မဝတ်ရည်ထက် က ကျွန်တော်တို့ ရိုးရာလေး Theme Song ကို သီဆိုပေးမှာဖြစ်ပါတယ်။ ကျွန်တော် ရောက်သွားတော့ တေးရေး ကိုစနေ ရောက်နေပြီး ကိုအောင်လီတို့ လဲ သီချင်းသွင်းဖို့  ရယ်ဒီဖြစ်နေတာ ကိုတွေ့ ရပါတယ်။ ပြီးတော့ သူတို့ သီချင်းသွင်းကြပါတယ် ကျွန်တော်ကတော့ ဓာတ်ပုံလေးလိုက်ပြီး မှတ်တမ်း တင်ပေးပါတယ်။
သီချင်း ကို အကြမ်းသွင်းတဲ့ အနေအထားမှာကို မဝတ်ရည်ထက် အသံ အရည်အသွေး အတော်ကောင်းတာ အသံအားပါတာတွေ့ ရပါတယ်။ ဂီတ အနုပညာနဲ့  ပတ်သတ်ရင် တော်တော်လေးနုံ အတတ်သော ကျွန်တော့်အဖို့ တော့ သူတို့ တွေ ပြောတဲ့ တစ်ချို့ စကားနားလည်တယ် တစ်ချို့ စကား နားမလည်ဘူး ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အသံအကြမ်းသွင်းတဲ့ အချိန်မှာကို နားထောင်လို့  ကောင်းတာတော့သိပါတယ် ။ ဒါနဲ့ မဝတ်ရည်ထက် အသံသွင်းပြီး နားချိန်မှာ အချို့ မေးခွန်းလေးတွေ မေးခွန်းလေးတွေ မေးဖြစ်ခဲ့ပါတယ်။
ဟုတ်ကဲ့ အတိအကျဆိုရင်တော့ လေးတန်းနှစ်ကတည်းက စမှာ ပေါ့။ ဆိုကရေးတီးကို ကရင်ပြည်နယ် အနေနဲ့  ဝင်ပြိုင် ဖြစ်ခဲ့တာပါ။ နောက်ပိုင်း ဆက်တိုက်ပြိုင်ဖြစ်ပါတယ်။ ဆုကတော့ ရွှေတံဆိပ် နှစ်ခု ငွေတံဆိပ် နှစ်ခု ကြေးတံဆိပ်တစ်ခု စုစုပေါင်း ငါးခုရခဲ့ပါတယ်။ ရွှေငယ်ငယ်ကတည်းကပေါ့ ( ရယ်လျက် )
The Best of Melody World ဆုရှင်လို့ သိရပါတယ် မယ်လိုဒီဝေါလို ပြိုင်တွေမှာ ဆုတွေအများကြီး ရဘူးတယ်လို့ သိရပါတယ် ပြောပြပေးပါ။
ပြောရရင်တော့ ရတဲ့ ဆုတွေက များပါတယ်။ မှတ်မှတ်ရရကတော့ မေခလာ အမှတ်တရပြိုင်ပွဲမှာလဲ အကောင်းဆု ရခဲ့ပါတယ်။ အခြားပြိုင်ပွဲတွေ တော်တော်များများမှာ လဲ ပြိုင်ဖြစ်ပါတယ်။
ဇာတိက ဖားအံ လို့ သိရပါတယ်။ Melody World ကလဲ အဆင့်ခြောက်ဆင့် တောင်ပြိုင်ရတာဆိုတော့ ဘယ်လိုကျော်ဖြတ်ပြီး ဆုတွေ ရခဲ့တာလဲ။
အင်း တစ်ခါတစ်လေ မနက်ဖြန် ပြိုင်ပွဲ ဆို ဒီနေ့ လိုမျိုးမှ ရန်ကုန်ကို တက်လာတာရှိတယ်။ အသံစစ်တာတွေ ကော ဘာတွေကော အားတော့မရဘူးပေါ့။ ဒါပေမယ့်လဲ ဖြစ်အောင်ပြိုင်ခဲ့တာပါ ။ ကြိုးစားခဲ့တာပေါ့ သူများထက်။
ကျောင်းပညာရေး ကော။
နည်းပညာတက္ကသိုလ် (ဘားအံ) မှာ B.E ( Mechanical ) ဖြေထားပါတယ်။ ကျောင်းကိုတော့ Roll Call ပြည့်အောင် တက်ရတာပေါ့ ကျောင်းပညာရေး က အရေးကြီးဆုံးလေ ( ရယ်လျက်)
အင်တာနက်ပေါ်က သီချင်းတွေ Youtube တို့ ဘာတို့ က သီချင်းတွေကော နားထောင် ဖြစ်လား။
နားထောင်ဖြစ်ပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့ ဆိုင်မှာ သုံးတာဆိုတော့ တစ်ခါတစ်လေ ကောင်းတယ်လို့ ပြောလိုက်တာ မျိုးရှိရင်နားထောင်ဖြစ်ပါတယ်။
ပြိုင်ပွဲတွေ ပြိုင်ပြီးတဲ့ နောက် ဘာတွေ လုပ်ဖြစ်လဲ ဥပမာ ခွေသွင်းတာတွေ ပွဲ ဆိုတာတွေ များရှိခဲလား ။
ရှိပါတယ်။ လူသိများခဲ့တာကတော့ " The Sign of Love " Theme Song ကို ဆိုခဲ့ပါတယ်။ အဲ့သီချင်းလေးဆို ထူးခြားတယ် မြန်မာသံစဉ် ကော ပါတယ်ဆိုတော့လေ။ နောက်ပြီး အခုလတ်တစ်လောဆိုရင် ရှိုးပွဲတွေ ဆိုဖြစ်ပါတယ်။ မဲဆောက်မှာလဲ ဆိုဖို့ ရှိပါတယ်။ Melody World 2011 အခွေ အသံသွင်းနေပါတယ် ။ ပြီးတော့ တေးရေး ကိုစနေ အတွက်လဲ နှစ်ခွေ သွင်းပေးနေပါတယ်။ အခု ဒီ Eternity Studio မှာ ပဲ ။ နောက်ပြီး အခြား ဖိတ်ရင် ဆိုဖြစ်ခဲ့တာတွေ လဲရှိပါတယ် ။ ကျောင်း ကစာမေးပွဲ ပြီး သွားပြီဆိုတော့ အရှိန်နဲ့ လုပ်မယ်လို့ စိတ်ကူးထား ပါတယ်။
မဝတ်ရည်ထက် ကို အွန်လိုင်း ကနေ ဆက်သွယ်ချင်ရင် ။
facebook အကောင့် ရှိပါတယ် ။ Wutyi Htet နဲ့ ပဲ ဘားအံ နည်းပညာတက္ကသိုလ်ဆို ရင် ဝတ်ရည်ပါ။ လင်ခ့်ကတော့ ဒီမှာ ပါ။ Fan Page ကတော့ မရှိသေးပါဘူး ။ အီမေလ်း ပေးပို့ ချင်တယ်ဆိုရင်တော့ pooh.girl53@gmail.com နဲ့ ပေးပို့ နိုင်ပါတယ်။ ( မဝတ်ရည်ထက် Fan Page အား ရိုးရာလေး မှ ပြုလုပ်ပေးထားပါတယ် https://www.facebook.com/pages/Wutyi-Htet/129987997155294 )
ပရိတ်သတ် က ကိုယ့်ကို အားပေးတာမျိုးတွေ့ ရတဲ့ အခါမှ ခံစားရတဲ့ ခံစားမှူ။
အရမ်းပျော်ပါတယ်။ မြဝတီ မှာ ရှိုးသွားဆိုတုန်းကဆို သူတို့ ဘက်က မယ်လိုဒီဝေါ ဖမ်းကြည်လို့ မရဘူး လေ။ ဒါပေမယ့် သူတို့ ဟာသူတို့  အွန်လိုင်းမှာ ဖြန့် ပြီး ကိုယ်သွားဆိုတဲ့အခါ ဆုတွေ ကြေညာတွေ နာမည်အော်ကြတာတွေ့ ရပါတယ်။ ပျော်တာပေါ့ အရမ်းပျော်တယ် ပရိတ်သတ်တွေ ကြောင့် ဒီအလုပ်ကို ဆက်လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတာပါ။
အင်တာနက်ပေါ် က Success Stories တွေ အကြောင်း ( ဥပမာ မနန်းခင်ဇေယျာ/ ကိုရဲသွေးနောင် )
အင်းဘယ်လိုပြောရမလဲ ပရိတ်သတ်ချစ်တာခံရတာတော့ ဘယ်နေရာမှာ ပဲ ဖြစ်ဖြစ်ကောင်းပါတယ်။ အားလဲကျပါတယ်။ ဒါပေမယ့် ပေါ့ အွန်လိုင်းပေါ်က ပရိတ်သတ်ရယ်လို့ မှမဟုတ်ဘူး ဝတ်ရည်ကို အားပေးတဲ့ ဝတ်ရည် ဆိုတာကို နားဆင်ကြတဲ့ ပရိသတ်တိုင်း ကိုအလေးထားပါတယ်။ အွန်လိုင်းက ပရိတ်သတ်တွေအတွက်လဲ အချိန်ရရင် အများကြီးလုပ်ပေးချင်ပါသေးတယ်။ ကောင်းပါတယ် ကိုယ်လဲ လိုချင်တာပေါ့ ( ရယ်လျက် )
နောက်ပိုင်း လှူပ်ရှားမှူတွေ အခွေတွေ ရှိုးပွဲတွေ ရှိရင်လဲ ကျွန်တော်တို့ ကို ပြောပြပါဦး အခုလို ဖြေကြားပေးတာ ကျေးဇူးအထူး တင်ရှိပါတယ် ။
ဝတ်ရည်ထက် သီဆိုခဲ့သော "The Sign of Love" Theme Song အား SoundCloud တွင် နားဆင်နိုင်ပါပြီ။
မနေ့ က 24ရက်နေ့ ကိုအောင်လီတို့  Eternity Studio ကို ရိုးရာလေးTheme Song ကိစ္စနဲ့ ရောက်ဖြစ်ပါတယ် ။ မဝတ်ရည်ထက် က ကျွန်တော်တို့ ရိုးရာလေး Theme Song ကို သီဆိုပေးမှာဖြစ်ပါတယ်။ ကျွန်တော် ရောက်သွားတော့ တေးရေး ကိုစနေ ရောက်နေပြီး ကိုအောင်လီတို့ လဲ သီချင်းသွင်းဖို့  ရယ်ဒီဖြစ်နေတာ ကိုတွေ့ ရပါတယ်။ ပြီးတော့ သူတို့ သီချင်းသွင်းကြပါတယ် ကျွန်တော်ကတော့ ဓာတ်ပုံလေးလိုက်ပြီး မှတ်တမ်း တင်ပေးပါတယ်။
သီချင်း ကို အကြမ်းသွင်းတဲ့ အနေအထားမှာကို မဝတ်ရည်ထက် အသံ အရည်အသွေး အတော်ကောင်းတာ အသံအားပါတာတွေ့ ရပါတယ်။ ဂီတ အနုပညာနဲ့  ပတ်သတ်ရင် တော်တော်လေးနုံ အတတ်သော ကျွန်တော့်အဖို့ တော့ သူတို့ တွေ ပြောတဲ့ တစ်ချို့ စကားနားလည်တယ် တစ်ချို့ စကား နားမလည်ဘူး ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အသံအကြမ်းသွင်းတဲ့ အချိန်မှာကို နားထောင်လို့  ကောင်းတာတော့သိပါတယ် ။ ဒါနဲ့ မဝတ်ရည်ထက် အသံသွင်းပြီး နားချိန်မှာ အချို့ မေးခွန်းလေးတွေ မေးခွန်းလေးတွေ မေးဖြစ်ခဲ့ပါတယ်။
မဝတ်ရည်ထက် [ The Best of Melody World 2011 ]
အနုပညာ အလုပ် သီချင်းဆိုတဲ့ အလုပ်ကို ဘယ်အချိန် ကတည်းက စပြီး စိတ်ပါဝင်စားပြီး လုပ်ဖြစ်ခဲ့တယ်ဆိုတာ သိချင်ပါတယ်။ဟုတ်ကဲ့ အတိအကျဆိုရင်တော့ လေးတန်းနှစ်ကတည်းက စမှာ ပေါ့။ ဆိုကရေးတီးကို ကရင်ပြည်နယ် အနေနဲ့  ဝင်ပြိုင် ဖြစ်ခဲ့တာပါ။ နောက်ပိုင်း ဆက်တိုက်ပြိုင်ဖြစ်ပါတယ်။ ဆုကတော့ ရွှေတံဆိပ် နှစ်ခု ငွေတံဆိပ် နှစ်ခု ကြေးတံဆိပ်တစ်ခု စုစုပေါင်း ငါးခုရခဲ့ပါတယ်။ ရွှေငယ်ငယ်ကတည်းကပေါ့ ( ရယ်လျက် )
The Best of Melody World ဆုရှင်လို့ သိရပါတယ် မယ်လိုဒီဝေါလို ပြိုင်တွေမှာ ဆုတွေအများကြီး ရဘူးတယ်လို့ သိရပါတယ် ပြောပြပေးပါ။
ပြောရရင်တော့ ရတဲ့ ဆုတွေက များပါတယ်။ မှတ်မှတ်ရရကတော့ မေခလာ အမှတ်တရပြိုင်ပွဲမှာလဲ အကောင်းဆု ရခဲ့ပါတယ်။ အခြားပြိုင်ပွဲတွေ တော်တော်များများမှာ လဲ ပြိုင်ဖြစ်ပါတယ်။
ဇာတိက ဖားအံ လို့ သိရပါတယ်။ Melody World ကလဲ အဆင့်ခြောက်ဆင့် တောင်ပြိုင်ရတာဆိုတော့ ဘယ်လိုကျော်ဖြတ်ပြီး ဆုတွေ ရခဲ့တာလဲ။
အင်း တစ်ခါတစ်လေ မနက်ဖြန် ပြိုင်ပွဲ ဆို ဒီနေ့ လိုမျိုးမှ ရန်ကုန်ကို တက်လာတာရှိတယ်။ အသံစစ်တာတွေ ကော ဘာတွေကော အားတော့မရဘူးပေါ့။ ဒါပေမယ့်လဲ ဖြစ်အောင်ပြိုင်ခဲ့တာပါ ။ ကြိုးစားခဲ့တာပေါ့ သူများထက်။
ကျောင်းပညာရေး ကော။
နည်းပညာတက္ကသိုလ် (ဘားအံ) မှာ B.E ( Mechanical ) ဖြေထားပါတယ်။ ကျောင်းကိုတော့ Roll Call ပြည့်အောင် တက်ရတာပေါ့ ကျောင်းပညာရေး က အရေးကြီးဆုံးလေ ( ရယ်လျက်)
အင်တာနက်ပေါ်က သီချင်းတွေ Youtube တို့ ဘာတို့ က သီချင်းတွေကော နားထောင် ဖြစ်လား။
နားထောင်ဖြစ်ပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့ ဆိုင်မှာ သုံးတာဆိုတော့ တစ်ခါတစ်လေ ကောင်းတယ်လို့ ပြောလိုက်တာ မျိုးရှိရင်နားထောင်ဖြစ်ပါတယ်။
ပြိုင်ပွဲတွေ ပြိုင်ပြီးတဲ့ နောက် ဘာတွေ လုပ်ဖြစ်လဲ ဥပမာ ခွေသွင်းတာတွေ ပွဲ ဆိုတာတွေ များရှိခဲလား ။
ရှိပါတယ်။ လူသိများခဲ့တာကတော့ " The Sign of Love " Theme Song ကို ဆိုခဲ့ပါတယ်။ အဲ့သီချင်းလေးဆို ထူးခြားတယ် မြန်မာသံစဉ် ကော ပါတယ်ဆိုတော့လေ။ နောက်ပြီး အခုလတ်တစ်လောဆိုရင် ရှိုးပွဲတွေ ဆိုဖြစ်ပါတယ်။ မဲဆောက်မှာလဲ ဆိုဖို့ ရှိပါတယ်။ Melody World 2011 အခွေ အသံသွင်းနေပါတယ် ။ ပြီးတော့ တေးရေး ကိုစနေ အတွက်လဲ နှစ်ခွေ သွင်းပေးနေပါတယ်။ အခု ဒီ Eternity Studio မှာ ပဲ ။ နောက်ပြီး အခြား ဖိတ်ရင် ဆိုဖြစ်ခဲ့တာတွေ လဲရှိပါတယ် ။ ကျောင်း ကစာမေးပွဲ ပြီး သွားပြီဆိုတော့ အရှိန်နဲ့ လုပ်မယ်လို့ စိတ်ကူးထား ပါတယ်။
မဝတ်ရည်ထက် ကို အွန်လိုင်း ကနေ ဆက်သွယ်ချင်ရင် ။
facebook အကောင့် ရှိပါတယ် ။ Wutyi Htet နဲ့ ပဲ ဘားအံ နည်းပညာတက္ကသိုလ်ဆို ရင် ဝတ်ရည်ပါ။ လင်ခ့်ကတော့ ဒီမှာ ပါ။ Fan Page ကတော့ မရှိသေးပါဘူး ။ အီမေလ်း ပေးပို့ ချင်တယ်ဆိုရင်တော့ pooh.girl53@gmail.com နဲ့ ပေးပို့ နိုင်ပါတယ်။ ( မဝတ်ရည်ထက် Fan Page အား ရိုးရာလေး မှ ပြုလုပ်ပေးထားပါတယ် https://www.facebook.com/pages/Wutyi-Htet/129987997155294 )
ပရိတ်သတ် က ကိုယ့်ကို အားပေးတာမျိုးတွေ့ ရတဲ့ အခါမှ ခံစားရတဲ့ ခံစားမှူ။
အရမ်းပျော်ပါတယ်။ မြဝတီ မှာ ရှိုးသွားဆိုတုန်းကဆို သူတို့ ဘက်က မယ်လိုဒီဝေါ ဖမ်းကြည်လို့ မရဘူး လေ။ ဒါပေမယ့် သူတို့ ဟာသူတို့  အွန်လိုင်းမှာ ဖြန့် ပြီး ကိုယ်သွားဆိုတဲ့အခါ ဆုတွေ ကြေညာတွေ နာမည်အော်ကြတာတွေ့ ရပါတယ်။ ပျော်တာပေါ့ အရမ်းပျော်တယ် ပရိတ်သတ်တွေ ကြောင့် ဒီအလုပ်ကို ဆက်လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတာပါ။
အင်တာနက်ပေါ် က Success Stories တွေ အကြောင်း ( ဥပမာ မနန်းခင်ဇေယျာ/ ကိုရဲသွေးနောင် )
အင်းဘယ်လိုပြောရမလဲ ပရိတ်သတ်ချစ်တာခံရတာတော့ ဘယ်နေရာမှာ ပဲ ဖြစ်ဖြစ်ကောင်းပါတယ်။ အားလဲကျပါတယ်။ ဒါပေမယ့် ပေါ့ အွန်လိုင်းပေါ်က ပရိတ်သတ်ရယ်လို့ မှမဟုတ်ဘူး ဝတ်ရည်ကို အားပေးတဲ့ ဝတ်ရည် ဆိုတာကို နားဆင်ကြတဲ့ ပရိသတ်တိုင်း ကိုအလေးထားပါတယ်။ အွန်လိုင်းက ပရိတ်သတ်တွေအတွက်လဲ အချိန်ရရင် အများကြီးလုပ်ပေးချင်ပါသေးတယ်။ ကောင်းပါတယ် ကိုယ်လဲ လိုချင်တာပေါ့ ( ရယ်လျက် )
နောက်ပိုင်း လှူပ်ရှားမှူတွေ အခွေတွေ ရှိုးပွဲတွေ ရှိရင်လဲ ကျွန်တော်တို့ ကို ပြောပြပါဦး အခုလို ဖြေကြားပေးတာ ကျေးဇူးအထူး တင်ရှိပါတယ် ။
ဝတ်ရည်ထက် သီဆိုခဲ့သော "The Sign of Love" Theme Song အား SoundCloud တွင် နားဆင်နိုင်ပါပြီ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။