24 November 2012 |By 8 Days
အဆိုပြိုင်ပွဲတွေမှာ ဒိုင်အဖြစ် တွေ့လာရတဲ့ Hip Hop အဆိုတော် ရန်ရန်ချန်းကို သူ့မှာရှိတဲ့ ဒိုင်တစ် ယောက်ရဲ့ စိတ်ထားတွေအပြင် ပြိုင်ပွဲဝင်တွေကို သူဘယ်လိုဝေဖန် အကြံပြုလဲ ဆိုတာကို သိချင်တဲ့ အတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။ "အိပ်မက်ဆုံရာ ဒိုင်အနေနဲ့ တွေ့လာခဲ့တာက underground ပွဲတွေမှာ ဒိုင်လုပ်ဖူးပါတယ်။ အခု ဒိုင်လုပ်တာကတော့ channel က တက်လာတဲ့ပွဲပေါ့နော်"။
ဒိုင် တစ်ယောက်အနေနဲ့ စိတ်ကို ဘယ်လို ပုံစံထားပြီး အမှတ်ပေး ဖြစ်လဲဆိုတာနဲ့ ပတ်သက်ပြီး "ကျွန်တော်အရင်ဆုံး သူတို့အားလုံးကို Level ညီပဲထား လိုက်မယ်။ ဘယ်သူကတော့ မိုက်တယ်။ ဘယ် သူကတော့ မမိုက်ဘူးဆိုတာကို အကုန်ဖယ်ထုတ်လိုက်တယ်။ ပြီးတော့မှ 0 Level ကနေ သူတို့ကို အမှတ်ပေးတယ် တချို့ ဒိုင်တွေ မဝေဖန်ဘူး ဆိုတာက သူတို့ ရနေတဲ့ အနေအထားနဲ့သူတို့က ယှဉ်ပြီးတော့ မဝေဖန်တာလေ။ အရမ်းဝေဖန်လို့လည်း အဆင်မပြေတဲ့ ဟာမျိုးတွေသူတို့မှာလည်းရှိနေလိမ့် မယ်။ သူတို့ရဲ့ အခက်အခဲကို TV ကြည့်နေတဲ့ လူတွေက နားမလည် ကြဘူးလေ။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်တယ်။ "မင်းကဘာဖြစ်နေတယ် ၊ မင်းကဘာဖြစ်တယ်" ပြောနေရတဲ့ အနေအထား မဟုတ်ဘူးဆိုတာကို သူတို့သိလိမ့်မယ် ဗျ။ အဲဒါ ကြောင့်မို့ သူတို့မလုပ်တာပါ။ တချို့ကပြိုင်ပွဲတွေမှာ ဆုရပေမယ့် လည်း တကယ့် Professional အနေနဲ့ ထွက်မလာတာနဲ့ပတ်သက်ပြီး အစ်ကို့အမြင်ကိုသိချင်ပါတယ် ဆိုတော့ "အဲဒါကလည်း တစ်ခါ တလေပြိုင်ပွဲဆိုတာ ပြောရခက် တယ်။ ဆုဆိုတာမျိုးကလည်း လုပ်ယူလို့ရတဲ့ဟာတွေရှိတာပဲလေ။ ဒါကတော့ မပြောတတ်ဘူး။ ဒါပေမယ့် ကျွန်တော်ဆိုလိုတာကတော့ ဘယ်ပွဲဆိုပြီး ပြောတာတော့မဟုတ် ပါဘူးလို့ ပွင့်ပွင့်လင်းလင်းဖြေကြား ပေးခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။