24 November 2012 |By Popular News
အောင်မြင်မှု လမ်းပေါ်မှာ လျှောက်လှမ်းရန် အတွက်လူတိုင်း လူတိုင်း အခက် အခဲ ရှိမှာဖြစ်ပြီး အခက်အခဲအကြီး၊ အသေးသာကွာခြားမည်၊ရုပ်ရှင် ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူက သူ၏ အနုပညာ လမ်းတစ်လျှောက် ဖြတ်သန်းမှုများထဲက အမှတ်တရ အတွေ့အကြုံကို မေးကြည့် ရာ
ခန့်စည်သူက “အနုပညာလောကထဲ စဝင်ကတည်းကိုက အခက်အခဲ ရယ်လို့ ကြီးကြီးမားမားရယ်တော့ မကြုံတွေ့ဖူးပါဘူး။
ဘာဖြစ်လို့လဲ ဆိုေ တာ့ဆရာကောင်းသမားကောင်း နဲ့ကြုံတွေ့ရလို့ပဲ”ဟုသူ၏အနုပညာ အကြောင်း ကို ပြောပြခဲ့သည်။ အောင်မြင်မှုရသူတိုင်း ပရိသတ်၏ စိတ်ဝင်စားမှုကိုရရှိပြီး မိမိ၏ အောင်မြင် ကျော်ကြား မှုကို ထိန်းသိမ်းတဲ့အခါမှာ ခန့်စည်သူက.. ”အခုပြောရရင် ရုပ်ရှင်ဗီဒီယိုလောက ပျက်စီး တော့မယ်။ အဲဒါ အရေးကြီး တယ်။ ကိုယ့်အောင်မြင် မှုထိန်းသိမ်းတယ်ဆိုတာ ကိုယ်တစ်ယောက်တည်း အောင် မြင်လို့ မရဘူး။ ရုပ်ရှင်ဗီဒီယိုလောက ပျက်တော့မယ်” ဟု ပြောပြခဲ့ ပါတယ်။ ရုပ်ရှင်ဗီဒီယိုလောကမှာ အောင်မြင်ပြီး အကယ်ဒမီ တစ်ခုရရှိထား ခန့်စည်သူ ကို မျိုးဆက်သစ်တွေ အပေါ် အနုပညာနှင့် ပတ်သက်ပြီး လက်ဆင့်ကမ်းဖြစ် လားဟု မေးကြည့်ရာ ခန့်စည်သူက..”သူတို့ကို လက်တွဲခေါ်တာတွေ ဘာတွေ တော့ မရှိပါဘူး။ အဓိကကတော့ လုပ်ဖော်ကိုင်ဖက်ကို ကူညီဖို့ မောင်နှမတစ်ယောက်အနေနဲ့သဘောထားတယ်။ တကယ်လိုအပ်လို့ သူတို့လိုအပ်တာတွေ၊ လွဲတာလေးတွေရှိ ရင်တည့်ပေးတယ်။ ဒီေ လာက္ပါပဲ။တစ်ခါတလေကျရင်အငယ်တွေက ကိုယ့်ထက် တောင် ပိုတော်တယ်။ တတ်တယ်”ဟု အနုပညာမျိုးဆက်သစ် အကြောင်းကို ပွင့်ပွင့်လင်း လင်းပြောပြခဲ့သည်။
အနုပညာရှင်များဟာ ပရဟိတဆိုသည့် မွန်မြတ်သော အလုပ်ကို ပါဝင်လာ ကြတာ နိုင်ငံတော်တွင် အထောက်အကူဖြစ်သလို၊ လိုအပ်သူများ အတွက် လည်း ကွက်လပ် တစ်ခုကို ဖြည့်ပေးသူတွေလည်းဖြစ်တယ်။ ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူက မေတ္တာ သင်္ဂဟအဖွဲ့မှာ ပါဝင်ဦးဆောင်သူ တစ်ဦးဖြစ်သည့် အတွက် သူခံယူထားသည် ပရဟိတ အကြောင်းကို မေးကြည့်ရာ..”လောကကြီးမှာ ရယူလိုက်တာ အရသာရှိသလိုပဲ ပေးဆပ် လိုက်တာက ပိုပြီးအရသာရှိပါတယ်။ ကိုယ် လှူလိုက်ပြီဆိုင် စိတ်ထဲမှာ အပြတ်ပဲ ဘာမှ မှတ်မထားဘူး။ ဘာမှလည်း မခံစားဘူ။ ဒါကြီးကို ပြန်ရပါစေ ဆိုတဲ့ ရည်ရွယ်ချက်မရှိဘူး။ တစ်ယောက် ယောက်က ချီးကျူးစေတဲ့ ရည်ရွယ်ချက်၊ တုံ့ပြန်စေလိုတဲ့ ရည် ရွယ်ချက်လည်း မရှိဘူး။ အပြတ်ကို လှူလိုက်တာပါ။ အပြီးပဲလှည့်ကို မကြည့်တော့ဘူး”ဟု သူ၏ ပရဟိတ အပေါ် ခံယူထားသည့် မွန်မြတ်သော စိတ်ထား အကြောင်းကို ပြောပြခဲ့ပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။