ကြူကြူဟန်
“အနီးဆုံးလူ ...နမ်းမှာလား”စီးရီးတွင် သီချင်းအေးအေးများအတွက် ရိုးရိုးအေးအေး ဗီစီဒီရိုက်ကွင်းများသာ အဓိကရိုက်ကူးထားကြောင်း အေသင်ချိုဆွေကပြောသည်။
“ဒီအခွေထဲမှာ ကိုဇ၀ါနဲ့တိုင်ပင်ပြီးတော့ သီချင်းလေးတွေကို ရိုက်ထားပါတယ်။ သီချင်းလေးက နည်းနည်းရိုးတဲ့အခါကျတော့ ဆန်းဆန်းပြားပြား ရိုက်လို့မရဘူး။ နောက်ပြီး အလှလေးတွေပါမယ်။
ဇာတ်လမ်းပုံစံလေးတွေပါမယ်။ အဲလိုမျိုးလေး အေသင်ရိုက်ထားပါတယ်။ ဆန်းဆန်းပြားပြား မပါပါဘူး။ သီချင်းတွေက ရိုးတဲ့အတွက် ရိုးရိုးလေး ရိုက်ထားပါတယ်”ဟု သူမကပြောသည်။
ယင်းအခွေစီဒီမှာ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် ထွက်ရှိခဲ့ပြီး စီဒီထွက်ရှိကတည်းကပင် ပရိသတ်အားပေးမှု ရရှိထားသည့် ပြန်ဆိုတေးသီချင်းခွေတစ်ခွေဖြစ်ပြီး ဗီစီဒီကို နိုဝင်ဘာ ၂ ရက်တွင် ထွက်ရှိမည်ဖြစ်သည်။
“ဒီအခွေလေးက မထင်မှတ်ဘဲ ပရိသတ်လက်ခံတယ်လို့ ပြောလို့ရတယ်။ စတီးတုန်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူး။ သီချင်းအဟောင်းဆိုတော့ အောင်မြင်ပြီးသား သီချင်းတွေ ပြန်ဆိုတဲ့အခါကျတော့ ပရိသတ်အားပေးမယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ ပရိသတ်အားပေးမှုရတဲ့အတွက် အရမ်းပဲအံ့သြတယ်။ အရမ်းလည်း ၀မ်းသာတယ်”ဟု အခွေပေါ်ထားရှိသော စိတ်ခံစားမှုကို အေသင်ချိုဆွေကပြောသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။