အေးသူစံ
ရန်ကုန်၊နိုဝင်ဘာ-၁၅
အသုံးတွင်ကျယ်လာသော ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများတွင် ကျော်ကြားသူ အနုပညာရှင်အချို့မှာ ၎င်းတို့ကိုယ်တိုင် ဖေ့စ်ဘွတ်ခ်သုံးစွဲခြင်းအပြင် ၎င်းတို့၏မျိုးဆက် သားငယ်၊ သမီးငယ်များကိုလည်း ကိုယ်ပိုင်သီးခြားအကောင့်များ ဖွင့်လှစ်ကာ သုံးစွဲပေးမှုများ တွေ့ရှိလာရသည်။
မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံဆက်သွယ်ပြောဆိုရန် အကောင့်ဖွင့်ထားပြီး ပြည်တွင်းပြည်ပ ပရိသတ်များနှင့် ခင်မင်ရင်းနှီးစွာ ဆက်ဆံနိုင်ရန် ဖန်ပေ့ခ်ျတစ်ခု တည်ဆောက်ထားသော သရုပ်ဆောင်စိုးမြတ်နန္ဒာက သူမ၏သား မြတ်သောမောင်အတွက် ဓာတ်ပုံများသိမ်းဆည်းရန် Myat Thaw Mg အမည်ဖြင့် ဖေ့စ်ဘွတ်ခ်ဖန်ပေ့ခ်ျတစ်ခုကို တည်ဆောက်သုံးစွဲပေးနေသည်ကို တွေ့ရသည်။ “အဓိကက ဓာတ်ပုံသိမ်းချင်တဲ့အတွက်ပါ။ သူမွေးကတည်းက ခုထိ နှစ်နှစ်၊ သုံးနှစ်ကနေ အခု လေး၊ ငါးနှစ် နောက်ပိုင်း သူကြီးလာတဲ့အထိပေါ့။ ဒီအကောင့်ကို သူဆက်ကိုင်ချင်ကိုင်ပေါ့နော်။ ကိုယ့်ပေ့ခ်ျမှာဆို ပုံတွေအရမ်းရှုပ်နေမှာစိုးလို့ သပ်သပ်လုပ်ပေးလိုက်တာ”ဟု စိုးမြတ်နန္ဒာကပြောသည်။ ထို့အပြင် သရုပ်ဆောင်နိုင်းနိုင်း၏ဇနီး စန္ဒီချိုသည်လည်း သူမ၏အကောင့်မှတစ်ဆင့် သားနှင့်သမီးတို့၏ပုံများကို အမြဲလိုလိုတင်ဖြစ်နေပြီး ဖေ့စ်ဘွတ်ခ်ပရိသတ်များ၏ အားပေးမှုများစွာကို ရရှိထားသူဖြစ်သည်။ “သားနဲ့သမီးပုံလေးတွေကို အမြဲတမ်းတင်ဖြစ်တာက ကျွန်မမိသားစုနဲ့ မိတ်ဆွေတွေကို သားနဲ့သမီး ဘယ်လောက်တတ်ကြောင်း သိစေချင်လို့ပါ။ အဓိကကတော့ နယူးယောက်မှာ ကျန်ခဲ့တဲ့ ကျွန်မမိသားစုဝင်တွေကို ပိုပြီးမြင်စေတွေ့စေချင်တယ်။ ဟိုကထွက်လာပြီးကတည်းက ကလေးတွေ ဘယ်လောက်ကြီးပြင်း အရွယ်ရောက်လာပြီလဲဆိုတာ အမျိုးတွေက မသိနိုင်တော့ဘူးလေ”ဟု စန္ဒီချိုကပြောသည်။
အိန္ဒြာကျော်ဇင်အမည်ဖြင့် ဖန်ပေ့ခ်ျတစ်ခုမှာလည်း ပရိသတ်ကို ဓာတ်ပုံနှင့်သတင်းများ အဆက်မပြတ် တင်ဆက်ပေးနေသော်လည်း အဆိုပါဖန်ပေ့ခ်ျမှာ ၎င်းကိုယ်တိုင်သုံးစွဲသည့် ပေ့ခ်ျမဟုတ်ဘဲ သူမ၏သမီးဖြစ်သူ ပြေသုဒြာနာမည်ဖြင့်သာ သုံးစွဲကြောင်း အိန္ဒြာကျော်ဇင်က ပြောကြားသည်။ သားဖြစ်သူ အောင်ဗိုကောင်းသန့်၏ ဓာတ်ပုံလေးများကို ပုံမှန်တင်ဖြစ်လေ့ရှိသူ သရုပ်ဆောင်ထွန်းအိန္ဒြာဗိုသည်လည်း သူမ၏ အမည်ရင်းဖြစ်သော မိမိခိုင်အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲနေပြီး တင်သမျှဓာတ်ပုံနှင့် စာအများစုမှာ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းက သုံးစွဲပေးနေခြင်းဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုကပြောကြားသည်။ “သားသားပုံတွေ တင်ဖြစ်ပြီးတဲ့နောက် ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို ပြန်သိရတာ အစ်မကတော့ ၀မ်းသာမိပါတယ်”ဟု ထွန်းအိန္ဒြာဗိုကပြောသည်။ သရုပ်ဆောင်လူမင်းနှင့် ခင်စပယ်ဦးတို့၏ သမီးကြီးဖြစ်သူ ဧရာဝတီလူမင်း၏အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုကို သရုပ်ဆောင်လူမင်းကလည်း သုံးစွဲပေးနေပြီး သူ၏ကလေးငယ် ဓာတ်ပုံများအပြင် ၎င်း၏အနုပညာလှုပ်ရှားမှုများ၊ ဓာတ်ပုံရိုက်ကူးမှုများကို ရံဖန်ရံခါ တင်ထားတတ်သည်ကို တွေ့ရသည်။
မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံဆက်သွယ်ပြောဆိုရန် အကောင့်ဖွင့်ထားပြီး ပြည်တွင်းပြည်ပ ပရိသတ်များနှင့် ခင်မင်ရင်းနှီးစွာ ဆက်ဆံနိုင်ရန် ဖန်ပေ့ခ်ျတစ်ခု တည်ဆောက်ထားသော သရုပ်ဆောင်စိုးမြတ်နန္ဒာက သူမ၏သား မြတ်သောမောင်အတွက် ဓာတ်ပုံများသိမ်းဆည်းရန် Myat Thaw Mg အမည်ဖြင့် ဖေ့စ်ဘွတ်ခ်ဖန်ပေ့ခ်ျတစ်ခုကို တည်ဆောက်သုံးစွဲပေးနေသည်ကို တွေ့ရသည်။ “အဓိကက ဓာတ်ပုံသိမ်းချင်တဲ့အတွက်ပါ။ သူမွေးကတည်းက ခုထိ နှစ်နှစ်၊ သုံးနှစ်ကနေ အခု လေး၊ ငါးနှစ် နောက်ပိုင်း သူကြီးလာတဲ့အထိပေါ့။ ဒီအကောင့်ကို သူဆက်ကိုင်ချင်ကိုင်ပေါ့နော်။ ကိုယ့်ပေ့ခ်ျမှာဆို ပုံတွေအရမ်းရှုပ်နေမှာစိုးလို့ သပ်သပ်လုပ်ပေးလိုက်တာ”ဟု စိုးမြတ်နန္ဒာကပြောသည်။ ထို့အပြင် သရုပ်ဆောင်နိုင်းနိုင်း၏ဇနီး စန္ဒီချိုသည်လည်း သူမ၏အကောင့်မှတစ်ဆင့် သားနှင့်သမီးတို့၏ပုံများကို အမြဲလိုလိုတင်ဖြစ်နေပြီး ဖေ့စ်ဘွတ်ခ်ပရိသတ်များ၏ အားပေးမှုများစွာကို ရရှိထားသူဖြစ်သည်။ “သားနဲ့သမီးပုံလေးတွေကို အမြဲတမ်းတင်ဖြစ်တာက ကျွန်မမိသားစုနဲ့ မိတ်ဆွေတွေကို သားနဲ့သမီး ဘယ်လောက်တတ်ကြောင်း သိစေချင်လို့ပါ။ အဓိကကတော့ နယူးယောက်မှာ ကျန်ခဲ့တဲ့ ကျွန်မမိသားစုဝင်တွေကို ပိုပြီးမြင်စေတွေ့စေချင်တယ်။ ဟိုကထွက်လာပြီးကတည်းက ကလေးတွေ ဘယ်လောက်ကြီးပြင်း အရွယ်ရောက်လာပြီလဲဆိုတာ အမျိုးတွေက မသိနိုင်တော့ဘူးလေ”ဟု စန္ဒီချိုကပြောသည်။


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။