Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 15, 2012

တပ်မတော်သားကောင်းတစ်ယောက်ဘက်ကနေ ကြည့်ကြည့်ပါ

 

By Moenge Aung on Thursday, November 15, 2012 at 7:50pm ·

တပ်မတော် သား ဘဝကိုတကယ်နားလည်ပြီလား?

==============================

သေချာ မေးတော့လည်း သေချာပြန်ပြီးဖြေပါ့မယ်

မေးသူ - ပြောချင်လွန်းလို့ friend request လုပ်လိုက်တာ။မေးရဦးမယ်။

အဲဒီ ဒုက္ခတွေ ဘယ်သူ့အတွက်ခံရတာလဲကွ။ ဗိုလ်သင်တန်း တက်ပြီး စစ်ဗိုလ်လုပ်ရတဲ့ရည်ရွယ်ချက်လေး

စဉ်းစားကြည့်ပါဦး။ စစ်တိုက်ဖို့လား???။


ကောင်းပြီသူငယ်ချင်း ငါတို့ မှာရည်ရွယ်ချက်ပေါင်းစုံနဲ့ ဝင်လာကြတယ် DSA , DSTA နဲ့  DSMA ဆိုပြီးတော့

စစ်ကျောင်းကြီးတွေကို ဝင်လာကြတယ်ဒါမဲ့ ဘယ်လိုအကြောင်း မျိုးကြောင့်ဘဲဖြစ်ပါစေ တိုင်းပြည်ကို ကာကွယ်ရင်းငါတို့ အသက်တွေ ပေးဖို့ ဝန်မလေး ကြတော့ဖူး

တိုင်းပြည်ကို ကာကွယ်ဖို့  ရိုက်သွင်းခံလိုက်ရတယ်ဘဲ ပြောပြော ငါတို့ စစ်ကျောင်းကြီး တွေမှာတတ်ခဲ့ပြီးတဲ့

အချိန်မှာ စစ်သားတယောက်ရဲ့ ဘဝကို ခံစားမိလာတယ်

အဲ့ခံစားချက်နဲ့ အတူ တိုင်းပြည်မှာ တပ်မတော်ဆိုတာ အမာခံအချုပ်ခြာ အာဏာကို ကာကွယ်နေပါလား

ဆိုတာ သိလာတယ်။စစ်တိုက်ဖို့ လား ဆိုတာကတော့ စစ်သား စစ်တိုက်ရမယ် ဆိုတာသိနေတာဘဲလေ

စစ်ဆိုတာကို ခုံမင်လို့ တော့မဟုတ်ဖူး ဒါပေမဲ့ဗိုလ်ချုပ် အောင်ဆန်း နဲ့ ရဲဘော်သုံးကျိပ် ဘာလို့ စစ်သင်တန်းတတ်ခဲ့ကြသလဲ ဟိုင်းနန်းကျွန်းမှာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် တိုက်ထုတ်ဖို့ စစ်ပညာ သွားသင်ခဲ့ကြတာ အဲ့လိုဘဲ ငါတို့ ဟာလည်း သွေးနဲ့ ရေးခဲ့တဲ့ လွတ်လပ်ရေးကိုကာကွယ်နိုင်ဖို့ မျိုးဆက်သစ်တွေ အဖြစ် လိုအပ်ရင် စစ်တိုက်ဖို့  ရှိနေတယ်။

စစ်က ဘယ်သူ့ကို တိုက်မှာလဲ သွေးချင်းညီ အကို ကချင်တွေကို တိုက်ဖို့လား။

ကရင်တွေကို တိုက်ဖို့လား။ ရှမ်းတွေကိုတိုက်ဖို့လား။ တိုင်းပြည်ကို ကာကွယ်ဖို့လား။

စစ်ဗိုလ်တွေ ကာကွယ်လွန်းလို့ တိုင်းပြည်ကို တရုတ်နဲ့ ကုလား ဝေခွဲယူထားတာ ခံရတာပေါ့။

ကောင်းပြီသူငယ်ချင်း ငါတို့ ဘယ်သူ့ ကိုမှ ရန်သူလို့ မသတ်မှတ်ခဲ့ဖူးကချင်မို့ လို့ ကယားမို့ လို့  ကရင်မို့ လို

့ရှမ်းမို့ လို့ ငါတို့ မှာ မရှိခဲ့ဖူးငါတို့ သွေးချင်းတွေ မှန်းသိလို့ လည်း ဘယ်လို ဘဲအယူဆတွေ ကွဲလွဲနေပါစေ

ငါတို့ ငြိမ်းချမ်းရေး ဆိုတာ ကိုကမ်းလှမ်းတယ် ဂျပန် အင်္ဂလိပ်တရုတ်ဖြူ(ကွန်မင်တန်)လို တိုင်းပြည်ကနေပပျောက်ပြီး အမြစ်ပြတ်မလုပ်ခဲ့ဖူး ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်တယ်။

ငါတို့ ရန်သူ တိုင်းပြည်ကို အချုပ်ခြာအာဏာ ထိပါးပြီးမငြိမ်မသက်ဖြစ်အောင် ကြံဆောင်သူ အားလုံး

ငါတို့ တိုက်ခဲ့တယ်။ကုလား တရုတ်ဝေခွဲယူတယ် ဆိုတာရှင်းဖို့ ကတော့ ကမ္ဘာတခုလုံးကို ကြည့်လိုက်ပါ

တရုတ်နိုင်ငံရဲ့ စီပွားရေး လုပ်ဆောင်နေမှု ဘယ်နေရာမှာမဆို သူတို့ ရှိနေတယ် ငါတို့ နိုင်ငံနဲ့ တော့

တော်တော်များများ အရင်က အလုပ်တွဲ လုပ်ခဲ့ကြတယ် အဲ့လိုလုပ်ခဲ့တယ်ဆိုတောင်ပြန်စဉ်းစားကြည့်

ငါတို့ ပိတ်ဆို့ မှုတွေနဲ့ ကြုံဆုံလာတဲ့ အချိန်မှာမားမားမတ်မတ် ရပ်ပေးခဲ့တဲ့ အနေထား ဝေခွဲယူတယ်လို့ 

ဆိုတာတော့ မဟုတ်ဖူးအမြတ်ကြီးစားပြီး လုပ်ခဲ့တယ် ဆိုတာတော့ လက်ခံတယ်။

ကုလား နေရာတိုင်းမှာ လူမျိုးရေးဝါမျို မှုတွေလုပ်နေတယ်အထူးတလည် ရှင်းပြစရာမလိုဖူး

လူမိုက်အားပေးလုပ်နေတာတော့တပ်မတော် မဟုတ်ဖူး မြင်အောင်ကြည့်တတ်ရင်

အမျိုးသားရေးသစ္စာဖောက် လောက်ကောင်တွေ ရှိနေလို့ ရယ် အမျိုးဂုဏ်မစောင့်တဲ့ မိန်းခလေးတွေ ရယ်

လာဘ်ပေးလာဘ်ယူ မှုတွေ ရှိပြီး ကိုယ်လူမျိုးထက် သူများကိုအားပေးတဲ့ လူတွေရှိနေလို့ ပါ။

တပ်မတော် မှာဆောင်ပုဒ်တခုရှိတယ် -တပ်မတော်သည်အမျိုးသားရေးကို သစ္စာမဖောက် ။

အဲ့တော့ကုလားဆိုတာ ငါတို့ ကြောင့်လို့  ပုံအော်လက်ညှိးမထိုးပါနဲ့  ကမ္ဘာနဲ့ ယှဉ်ပြီးကြည့်ပါ

ဘယ်လိုကာကွယ်မလဲစဉ်းစားပါ။

ဗိုလ်သင်တန်း တက်ရတဲ့ ဗိုလ်လောင်း ကျောင်းသားတွေရဲ့ဒုက္ခတွေကို သိလည်း သိ မြင်လည်း မြင်ဖူးပါတယ်။ တကယ်ကို သနားချင်စရာပါ။ ဒါပေမယ့် သေချာစဉ်းစားကြည်တယ် သူတို့ဒီ ဒုက္ခတွေ ဘာကြောင့်ခံရတာလဲ တိုင်းပြည်အတွက်လား။ပြည်သူ့အတွက်လား။ လုံးဝ မဟုတ်ပါဘူး။

ကောင်းပြီသူငယ်ချင်း ဗိုလ်လောင်း တယောက်ရဲ့ဒုက္ခတွေ သိနားလည် တယ်ဆိုတော့ဘာတွေလုပ်ရလည်း ထပ်မပြောတော့ဖူး ကြမ်းတမ်းမယ် အသေချာဘဲ။ဒါမဲ့ ဘာတွေလေ့ကျင့်ရလဲဆိုတာသေချာ လေ့လာကြည့်ဖို့ တော့လိုတယ်။

သေနတ်တလက်ကိုကိုင်တွယ်ပစ်ခတ် တတ်ယုံနဲ့ စစ်ခေါင်းဆောင် တယောက်မဖြစ်ဖူးတွေးခေါ်မှု

ဆင်ခြင်သုံးမှု စီမံခန့် ခွဲမှု အများကြီးလိုသေးတယ်။

တိုင်းပြည်တွက် ပြည်သူ့ အတွက်လား ဆိုတာတော့ မသိဖူးအဲ့ဒုက္ခ တွေ ခံပြီးမှ အမိန့် နဲ့ တာဝန်ကို

ဦးလည်မသုန် ထမ်းရွက်ပြီး အသက်ပေးခဲ့တဲ့ အရာရှိ စစ်သည်တွေကတော့ ဒုနဲ့ ဒေးဘဲ

ခြေထောက်ပြတ်ခဲ့တဲ့လူတွေ ကျဆုံးခဲ့တဲ့ လူတွေ မိသားစုအားလုံး နောက်ဆုံး ဖြည်ခဲ့တာတော့

အော် တိုင်းပြည်တွက်ဘဲလေ ဆိုပြီး မျက်ရည်တွေ ခါထုတ်ခဲ့တာတော့ အမှန်ဘဲ။

အများစုက မိဘက ကိုယ့်သားကြီး စစ်ဗိုလ်ကြီး ဆိုတဲ့ဂုဏ်ကို လိုချင်လို့ တက်ခိုင်းလို့တက်ကြတာ။

တစ်ချို့က အပြင်တက္ကသိုလ်တက်မယ်ဆို ဘွဲ့တစ်ခု ရအောင်ယူဖို့ မလွယ်လို့တက်ကြတာ။

ကောင်းပြီသူငယ်ချင်း သူတို့ ဘာလို့ ဂုဏ်ယူကြတာလဲအရင်ပြန်စဉ်စားကြည့်လိုက်ပါ

တချို့ က စစ်ဗိုလ်ကြီးဖြစ်စေချင်တယ် ဂုဏ်ယူတယ် မိန်းခလေးတွေ နှစ်သက်သဘောကျ တယ်

လုံးဝမငြင်းပါဖူး ခေတ် အဆက်ဆက်တိုင်းပြည်တွက် တပ်မတော်သားတွေရဲ့ ပေးဆပ်ရင်းနှီးမှုတွေ ကြောင့်

သားကောင်း ခင်ပွန်းကောင်းဆိုတဲ့ အရာတွေသက်သေ ရှိခဲ့လို့ ဘဲ။အခုထိလည်း ဂုဏ်ဆိုတာ ရဲ့အရာကို

ကိုယ့်သား တိုင်းပြည်တွက် ကိုယ့်ချစ်သူ စွန့် လွှတ်ပေးခဲ့ကြတော့မှ အဲ့ဂုဏ်ရဲ့ အရင်းမြစ်ကို မျက်ရည်စတွေ

နဲ့ အတူလူတွေ ပိုနားလည် လာကြတာပါ ။

အပြင်မှာ ဘွဲ့ တခုရအောင်တတ်ဖို့ မလွယ်ဖူးဆိုတာ လက်ခံပါတယ်

အဲ့လိုဘဲ စစ်ကျောင်းကြီးတွေနဲ့ စစ်ပညာရပ်ဟာလည်းလျောက်လွာစာရွက်မှာ ဖြည့်ပြီးတတ်ချင် တိုင်းတတ်လို့ ရခဲ့ကြတာ မဟုတ်ပါဖူး ။တတ်ပြီးရင်တောင် ခံနိုင်ရည် ရှိရှိ နဲ့  သစ္စာရှိရှိ နေဖို့ စောင့်စည်းရပါတယ်။

သေချာတာတော့ စာပေပညာရော စစ်ပညာပါ ပူးတွဲသင်ရတာတခုတော့ ကွာပါလိမ့်မယ်။

ခြေထောက်ပြတ်ပြီး နေတဲ့ စစ်သားတွေ အသက်သေမုဆိုးမ နဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ စစ်သားအကြောင်း ကောင်းကောင်း သိသားနဲ့  သေနိုင်တယ် ပြတ်နိုင်တယ်ဆိုပေမဲ့ တပ်ထဲ သွင်းခဲ့တဲ့ မိဘ တွေ ရှိတယ်ဆိုတာရော သတိထားမိခဲ့လား ။

တစ်ချို့ကတော့ ဘယ်ဗိုလ်ကြီးကတော့ ဘယ်တပ်မှာ ဘယ်လောက်ချမ်းသာနေတာဆိုတဲ့

အမြင်အကြားတွေအားကျလို့တက်ကြတာ။

ကောင်းပြီသူငယ်ချင်း အဲ့လိုလူမျိုးတွေ ရှိတယ် အမြင်အကြားနဲ့ ချမ်းသာ အားကျမိတယ် ဆိုရင်တော့

ကျွန်တော် တို့ တွေဘယ်တပ် ဘယ် ငှာန မှ တာဝန်ကျမယ်ဆိုတာ ဘယ်ဗေဒင်ဆရာ နဲ့  ဓါတ်ဆင်နိုင်မလဲသိချင်တယ်။

မြို့ မှာကြီးဘဲ တပ်ရှိတယ်လို့ ထင်လို့ လား လူတွေ မြင်ကြတာ အဲ့ရုံးပေါ်ကအနေထား ဘဲမြင်ပေမဲ့

နယ်စပ်နဲ့ ဝေးလံခေါင်သီးတဲ့ နေရာတွေမှာ မိသားစုနဲ့ အတူ ကာကွယ်ရေး တာဝန်ထမ်းဆောင်နေတဲ့

သူတွေ အများကြီးပါဘဲ ။တပ်မတော် ဆိုတာ မြန်မာပြည် နေရာအနှံအပြားမှာ တပ်တွေ ဖွဲ့ စည်းထားတာပါ

အဲ့လိုဘဲ ရုံးပိုင်ဆိုင်ရာကျွမ်းကျင်သူ ရုံးမှာရောက်တယ်ဆေးကုတဲ့သူ ဆေးရုံမှာ လမ်းတံတား ဖောက်တဲ့သူ

ဆောက်လုပ်ရေး အဖွဲ့ မှာ ဒါ့အပြင် သူ့ လက်ရုံးတပ်ဖွဲ့ အသီးသီးလိုက် ကြည်း၊ရေ၊လေ၊သံကျပ်ကာ၊အမြောက်အစရှိသည် သူနဲ့ ကျွမ်းကျင်ရာ ထမ်းဆောင်ရတာပါ။ ဘယ်ကို သွားချင်လို့ ပါ ဘယ်နေရာ ဆိုရင် အားလုံးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နေရာ လက်ညှိးထိုးမှာပေါ့ ခင်မျာ ။

ပြည်သူ့အတွက်ပါလို့တော့ တစ်ခွန်းဟမယ် မကြံပါနဲ့။တပ်မတော်သာ အမိ တပ်မတော်သာအဖဆိုသူတွေ

အတွက်ပြည်သူ့အတွက်ဆိုတာ ပါးစပ်ဖျားကထွက်တဲ့လေပါ။

ကောင်းပြီ သူငယ်ချင်း မင်းက မဟနဲ့ ဆိုတော့ မဟပါဖူး သမိုင်းကိုတော့ ရှင်းပြပါရစေ

တပ်မတော် လွတ်လပ်ရေးဘယ်လိုရယူပေးခဲ့လဲ ၁၉၄၁ ခုနစ် ဂျပန် ဟိုင်နန် ကျွန်းမှာစစ်ပညာ သင်ကြားပြီး

ဒီဇင်ဘာ BIA ဆိုတာ စတင်ဖွဲ့ မြန်မာပြည်ထဲကို စစ်ကြောင်းကြီး လေးကြောင်းနဲ့ ဝင်ပြီး

အင်္ဂလိပ်မျက်နှာ ဖြူတွေကို ဂျပန်ရဲ့ အကူညီနဲ့ တိုက်လာခဲ့တယ် ဂျပန်ဟာမော်လမြိုင်ကို သိမ်းပြီးတဲ့

အချိန် လွတ်လပ်ရေးပေးမယ် ဆိုတဲ့ ကတိကိုဖျက်ခဲ့တယ်။ ဖက်ဆစ် စနစ် နဲ့ မြန်မာ တမျိုးသားလုံး လည်းရင်ဆိုင်ခဲ့ရတယ်။ဂျပန်တွေက BIAကိုဖျက်သိမ်းစစ်အင်အား

လျော့ချခဲ့လိုBDA ဆိုပြီးပြောင်းလဲဖွဲ့ စည်း ၁၉၄၂ ခုနစ် ဇူလိုင်လ (၂၈) ရက်နေ့ မှာဗိုလ်ချုပ် ကို

ဗိုလ်မှုးကြီး အဆင့်တိုးမြင့်ပြီး စစ်သေနာပတိချုပ် ခန့် အပ်ခဲ့တယ်။

အဲ့ချိန်ထဲက ဘာလုပ်ခဲ့လဲ ၁၉၄၃ ခုနစ် မေလ ၁၀ရက်နေ့ မှာဒုတိယ ဗိုလ်သင်တန်းကို မင်္ဂလာ ဒုံမှာ ဖွဲ့ ပြီး

စစ်ခေါင်းဆောင်တွေ မွေးထုတ်ခဲ့တယ်။၁၉၄၅ - မတ်လ ၂၇ မှာ သရက်မြို့ နယ်ပုဏ္စားရွာမှာ တပ်ထွက်မိန့် ခွန်းအနီးဆုံးရန်သူကို ရှာတိုက်ကြဆိုပြီး ဗိုလ်ချုပ်ကိုယ်တိုင်တပ်ပြောက်ပြီးဖက်ဆစ်ကို တော်လှန် မြန်မာ့တပ်မတော်စစ်စစ် ပေါ်ပေါက်လာပြီးလွတ်လပ်ရေး ယူပေးခဲ့တယ်။

အဲ့ချိန်ကနေ စပြီး လွတ်လပ်ရေး နဲ့ အတူ ပေါက်ဖွားလာတဲ့အကြမ်းဖက်မှုတွေ သောင်းကျန်းမှုတွေ

ခွဲထွက်မှုတွေနဲ့ ခု ဒီအနေထား ထိ ကြုံနေတုန်းပါ အဲ့သမိုင်းတွေတော့ပြည်သူ့ အတွက် လေဘဲပေးခဲ့တာလား တပ်မတော်သားတွေ ကလေ့လာကြည့်ပေးပါ။

အမှန်တရားနဲ့ စစ်ဗိုလ်ရာထူး ဘယ်ဘက်လိုက်မလဲဆိုရင် စစ်ဗိုလ်ရာထူးဘဲယူမယ့်သူတွေချည်းပဲ။

ဘယ်နေရာရောက်ရောက် ဘာကိစ္စဖြစ်ဖြစ် ကျွန်တော် ဘယ်တပ်ကဗိုလ်ကြီးပါဆိုပြီး အာဏာပြမယ့်သူချည်းပဲ။

ကောင်းပြီသူငယ်ချင်း လူတိုင်းကို ကောင်းတယ်လို့  ကျွန်တော်မငြင်းပါဖူး

စစ်ဗိုလ် ရာထူးဘဲယူမဲ့ သူ အမှန်တရား ကို ရှောင်ဖယ်တယ်ဆိုတာ တော့ လုံးဝမဟုတ်ပါဖူး

ခုတပ်မတော်ကြီးနဲ့ ဘဲယှဉ်ပြောပါရစေ တပ်မတော်မှာ လူ မူပိုင် ဘယ်သူ့ တပ်မတော်ဆိုတာမရှိပါဖူး

အဲ့တာကြောင့် ပြောင်းလဲလာတဲ့အနေထား အတိုင်းခု ကာကွယ်ရေးဦးစီးချုပ် ကအစ စစ်ဘက် အရာရှိကြီးတွေမှာ ကောင်းမှု အစဉ်လာတွေကို ထိန်းသိမ်းပါတယ် မကောင်းတာပြင်ပါတယ် ကျွန်တော်တို့ အားလုံးတိုင်းပြည်ကြီးကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့  သူ ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေကြပါတယ်။

ရာထူးဆိုတာလည်းထိုက်တန် မှလာတာပါ ကျွမ်းကျင်မှုလေးစားမှု ရဲရင့်မှု စွန့် လွတ်အနစ်နာ ခံမှုအများကြီး ပေးဆပ်ပြီးဖြစ်တည်လာကြတာပါ။

ဥပမာ ရော့ မင်း သမ္မတ တတ်လုပ်ကွာဆိုပြီးလူတိုင်းကို လုပ်ခိုင်းလို့ ရသလား ။

အပြစ်ဆိုတာ ဖောက်ထားလို့  ပြုတ်သွားတဲ့ သူတွေအများကြီးပါစစ်သား မှာ စစ်စည်းကမ်း ဆိုတာတောင်

ပိုပါသေးတယ်။ဘယ်နေရာ ရောက်ရောက် အာဏာ ပြမဲ့သူတွေ စစ်မြေပြင်မှာတော့ စစ်မြေပြင် အတိုင်း

ကျင့်သုံး ကြမှာဘဲ အမိန့် ဆိုတဲ့အရာကို အပြည့်အဝ သုံးရပါတယ် ဘာလို့ လဲဆို သေသွားနိုင်တာကိုး ။

အာဏာပြ တယ် လို့ ပြောတာ ကျွန်တော် တိုခုလက်ရှိပြည်သူဆိုလည်းကြောက်ပါတယ်။

အရပ်ဘက် အဖွဲ့ စည်းဆိုလည်းလန့် ရပါတယ် တောသားမြို့ တတ်ဆိုသလို ဘဲ ကိုယ်ကြီးဘဲ ဖိဟောက်ခံရတာပါ။ ခင်များစစ်သားမဟုတ်ဖူးလား ဆိုတာနဲ့ ဟုတ်ကဲ့ ကူညီပေးပါဗျာလုပ်ခဲ့ရတာ ဘယ်သူ့ ပါဝါ ပိုကြီးလဲသိသာကြီးဘဲ။

ကျုပ်တို့ မှာ ခွင့် ဆိုလည်း ရက်နဲ့ အချိန်နဲ့  အတိကျသွားရလာရ နဲ့ တခါတလေ ဘူတာတို့  လေဆိပ်

ကားလက်မှတ်တို့ မှာကျွန်တော် ဗိုလ်ကြီးပါ ခင်မျာ ဆိုတဲ့ အသံလေးနဲ့ ပြောမှအဆင်ပြေတာ အဲ့လုပ်ပေးတဲ့

သူတွေကလည်း တပ်မတော်သားအချိန်နဲ့ အလုပ်လုပ် ဆိုလို့ ဦးစားပေးတာပါ ။နားလည်မှုလေးတွေပါအာဏာ ပြတယ် မဟုတ်ပါဖူး။

ကျွန်တော် တပ်ကပါလို့ပြောလို့ လူတွေ ကြောက်သွားတာကို ကြည်နူးဂုဏ်ယူနေကြတဲ့သူတွေချည်းပဲ။

အဲဒီလို လုပ်ပြောလိုက်တိုင်း ကိုယ့်မိဘ ပါးကို တစ်ချက်ရိုက်လိုက်တာနဲ့ တူတယ်လို့ တွေးတဲ့စစ်ဗိုလ် တစ်ယောက်မှ မတွေ့ဖူးဘူး။

ကောင်းပြီသူငယ်ချင်း

ကျွန်တော်ကတပ်ကပါလို့ အငြိမ့်ထဲမှာအော်တိုင်း တော့ မင်းသမီးကို ဖက်ရမယ်လို့ မထင်ပါနဲ့ မသုံးပါနဲ့ ဗျာ

အရပ်သား တယောက်နဲ့ တယောက် ရန်ဖြစ်အချင်းများ ကြရင် ဘာမှ ပြသာနာမရှိဖူး တမူဘဲ ခံကြရတာပါ

တပ်မတော်သား တယောက်နဲ့ ဖြစ်ခဲ့တာ နဲ့  စစ်ဘက် စည်းကမ်းစည်းလုံး ညီညွတ်မှု ပျက်ပြားတယ် ဆိုတဲ့

ပြစ်မှုတွေ တောင်တိုးပါသေးတယ်။အဲ့တော့ ကိုယ့်မိဘကို ပါးရိုက်တယ်လို့ မတွေးဖူး ဆိုတဲ့ အကိုရေတပ်မတော်မှာ ဆန်ရင်းနာနာဖွတ်ပါတယ်။ အဲ့တာ ဘာလို့ လဲဆိုတော့ စည်းကမ်းဆိုတာတပ်မတော် ရဲ့ကျောရိုးဖြစ်နေလို့ ပါဘဲ ။

ပြည်သူပိုင်တဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ပြီးလစာတွေ အများကြီးရထားတာကိုပဲ။ ငါတို့ကို ပြည်သူကကျွေး ထားတာမဟုတ်ဘူး။ တပ်ကကျွေးထားတာလို့မြင်နေတဲ့။

ပြည်သူနဲ့ပတ်သက်ရင် ကိုယ့်စားခွက်ပဲကြည့်ပြီး ကိုယ့်သခင်ကိုတောင် ပြန်ကိုက်တတ်တဲ့ ခွေးဆိုးသာသာအသိဥာဏ် ရှိသူတွေပဲလို့မှတ်တယ်။

ကောင်းပါပီ ခုမေးလာတဲ့အနေထားမှာတော့ ဝမ်းနည်းမိပါတယ်ဗျာ။

ကျွန်တော်တို့ ကို ခွေးလို့ သတ်မှတ်တယ်ဆိုလည်း ခွေးပါဘဲ ဟုတ်ပါတယ်။

တိုင်းပြည်ရဲ့အပေါ်သစ္စာ ရှိတဲ့ ခွေးတွေပါဘဲ။ ဘယ်အရာမှ လက်ဝါးကြီးအုပ်စိုးမိုးခြယ်လှယ် ထားတာ မရှိခဲ့ပါဖူး။ ခုလက်ရှိဒီမိုကရေစီ တိုးတတ်ပြောင်းလဲမှု မှာ ပြည်သူ့ လက်ကို အပ်နှံဖို့  ကြိုးစားပြီး ကူညီနေတာတွေ တော့သိသင့်ပါတယ်။

ကိုယ့်စားခွက် ဘဲကြည့်တယ်လို့ တော့ မစွပ်စွဲပါနဲ့  ။ ရှေ့ တန်းစစ်မြေပြင်မှာ တိုင်းပြည်စည်းရိုး သယံဇာတတွေကို လက်ဝါးကြီးအုပ်လိုသူတွေကို တိုက်ထုတ်ရင်း နေခဲ့သူတွေပါ။

တပ်ကကျွေးတဲ့ ထမင်းနဲ့  အိမ်က ထမင်းဟင်းဘယ်ဟာပို ကောင်းတယ်ထင်လဲ

စားရိပ်သာကိုဖိတ်ခေါ်ပါတယ်။






ရှေ့ တန်းစစ်မြေပြင် စခန်းတွေကဓါးလှီးထမင်းနဲ့  ပဲပြုတ်ရည်ကိုတောင်ထည့်မပြောပါဖူး

ပေးထားတဲ့လစာ နဲ့ ထမ်းဆောင်တဲ့ တာဝန် သိချင်ရင်စစ်သားတယောက်အဖြစ်နဲ့ ဝင်ပြီး

လုပ်ကြည့်ပါလို့ ပြောပါရစေ။အဲ့ကျရင် သိလာပါလိမ့်မယ် အလိုလို။

လှိုက်လှဲသော အသဲနှလုံးက ပါရှင် ဆိုတဲ့ ရေဒီယိုက လွင့်တဲ့ အသံလေးကို ငတ်ငတ် မွတ်မွတ် နဲ့ 

ပြတ်ပြတ် လတ်လတ် အဝေး နေရာတွေမှာ တာဝန်ထမ်းဆောင်ရင်း နားထောင်တဲ့အခါ

ပြည်သူကပေးတဲ့အင်းအားတွေ အလိုလို ဖြစ်တည်အသက်ကို စွန့် ရဲတိုင်းပြည်ကို ကာကွယ်ချင်တဲ့စိတ်

ဖြစ်ပေါ်လာတဲ့ အချိန် စစ်သားဘဝကို တကယ်နားလည်မိလားဆိုတာ ကိုယ့်ဘာသာကို ဖြေစရာမလိုဘဲသိလာပါလိမ့်မယ်။

ကျွန်တော် အဖြေထဲ မှာ လိုအပ်တာတွေ ရှိရင်ပြင်ဆင်ပေးကြပါ။

ကျွန်တော် အသိနဲ့ စစ်သားတွေရဲ့ခံယူချက် ခံစားချက်လေးတွေ ပါ။

လေးစားစွာဖြင့်

ဖိုးသားလေး



ဟုတ်ကဲ့ ....ဒီပိုစ့်လေးကို ဖတ်မိတော့ စစ်သား သားသမီးတစ်ယောက်အနေနဲ့ တော်တော်လေးကို

ခံစားလိုက်မိပါတယ်.....အဘိုးက စစ်သား(ရုံးအုပ်) အဖေက စစ်သား(ဗိုလ်ကြီး {ငြိမ်း})......

စစ်တပ်ထဲမှာ မွေးကတည်းက ရှင်သန်ကြီးပြင်းလာသူမို့ စစ်သားသားသမီးမို့လို့ စစ်သားတွေဘက်ကနေ

နာမှာပေါ့လို့ ပြောကြ ထင်ကြမှာပါ....

ဟုတ်ကဲ့ .....နာပါတယ်....အဘိုးတို့ အဖေတို့လို စစ်သားတွေ ကိုယ်စား ....နာပါတယ်

မကောင်းတဲ့ သူတွေ ရှိကောင်းရှိ ရှိလဲရှိကြပါတယ်။အချင်းချင်းတောင် ခေါင်းပုံဖြတ်

အမြတ်ထုတ်တတ်တဲ့ စစ်သားတွေလဲ ရှိကောင်းရှိ ရှိလဲရှိပါတယ်

မကောင်းတဲ့ သူတွေကိုပဲ မြင်ပြီး ကောင်းတဲ့သူတွေ အနစ်နာခံရသူတွေ ဘဝပျက်သွားတဲ့ စစ်သားတွေ ကိုကော

မမြင်ကြတော့ဘူးလားရှင်....

အခု DSA , DSTA, DSMA စတဲ့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့

ရင်ဖွင့်စကားတွေ ....ပြီးတော့ သူတို့ ခံယူချက်တွေ.....သူတို့က ပြောပါတယ် .

တပ်မတော်က မကောင်းတာ မဟုတ်ဘူး ....ခင်.......လူတွေကပဲ မကောင်းတာပါတဲ့

ဟုတ်ပါတယ်.....

ခင်တို့တွေ မကောင်းတဲ့သူတွေရဲ့ အပြစ်ကိုပဲ မြင်...ကောင်းတဲ့ကောင်းခဲ့သူတွေကို လျစ်လျူရှုထားမိကြတယ် လို့

ခံစားမိတယ်.....။

သူ့တည်းတစ်ယောက် ကောင်းမှုရောက်ဖို့ ကျန်သောသူမှာ ပျက်စီးရာသည် ဓမ္မတာ တည်း......

တစ်ယောက် ကို မဟုတ်ဘဲ ကျန်တဲ့သူတွေကိုပါ ကြည့်တတ်မြင်တတ်လာဖို့ ကြိုးစားကြည့်ရအောင်.....။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။