24 November 2012 |By itTimes
အမေရိကန် လူမျိုး နာမည်ကျော် ရုပ်ရှင် ဇာတ်ညွှန်း ဆရာ တစ်ဦးဖြစ်သူ အာရွန်ဆောကင်က မကြာမီ အချိန်ကာလ အတွင်း၌ ရုပ်ရှင် လောက တွင် တွေ့မြင်ရမည့် ကွယ်လွန်သူ နည်းပညာရှင် စတိဗ်ဂျော့ဘ်စ်၏ ဘဝဇာတ်ကြောင်း သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားကို အပိုင်း သုံးပိုင်း ခွဲ၍ ရေးသား ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
Facebook လူမှုကွန်ရက် အကြောင်းကို ရိုက်ကူးသည့် The Social Network ရုပ်ရှင်ကားဖြင့်လည်း အောင်မြင်မှု ရရှိခဲ့သည့် ဆောကင်သည် စတိဗ်ဂျော့ဘ်စ် ဇာတ်ကားအား ဇာတ်ညွှန်းရေးသားရန် အထူးကမ်းလှမ်းခံခဲ့ရသူ ဖြစ်ပြီး မိနစ် ၃၀ ကြာမည့် တင်ပြမှုပိုင်း သုံးပိုင်းကို အဓိက ရေးသားထားသည်ဟု ဆိုသည်။
အဆိုပါ ဇာတ်ကားတွင် စာရေးဆရာ အိုင်ဆက်ဆန် ရေးသားသည့် စတိဗ်ဂျော့ဘ်စ် ဝတ္ထုကိုပင် စိတ်ဝင်စားစရာကောင်းအောင် ခြယ်မှုန်း ရိုက်ကူးသွားမည် ဖြစ်ပြီး ပထမပိုင်းတွင် Mac ကွန်ပျူတာများ စတင်ဖန်တီးခြင်းနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို ထည့်သွင်းထားပြီး ဒုတိယပိုင်းတွင် NExT ကွန်ပျူတာ ကုမ္ပဏီ တည်ထောင်မှုပိုင်းကို အဓိက ရိုက်ကူးမည်ဟု သိရသည်။ နောက်ဆုံးပိုင်း အနေဖြင့် iPod ခရီးဆောင်သီချင်းဖွင့်စက် ဖန်းတီးခြင်း အပိုင်းကို ရိုက်ကူးပေးသွားမည် ဖြစ်ပြီး ၎င်းအနေဖြင့် စတိဗ်ဂျော့ဘ်စ်၏ လက်တွေ့ဘဝ အခြေအနေကို ဝင်ရောက်ခံစား လေ့လာ၍ ဇာတ်ညွှန်းရေးသားခဲ့သည်ဟု ဆိုသည်။
ဆောကင်သည် The Social Network ရုပ်ရှင်ကားဖြင့် အော်စကာဆု ရရှိခဲ့သူ ဖြစ်ပြီး အမေရိကန်၏ ခေတ်သစ်တီထွင် ပါရဂူတစ်ဦး အကြောင်းကို ပုံဖော်ရိုက်ကူးရမည့် စတိဗ်ဂျော့ဘ်စ် ရုပ်ရှင်ကားတွင်လည်း အောင်မြင်မှု ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်လျက် ရှိနေသည်ဟုလည်း သိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။