Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 14, 2012

နိုင်ငံရပ်ခြားဟာသများ(၁၃) (၁၄)

Posted by နေလင်းအောင် on November 14, 2012 at

မေ့တတ်ပုံ

မစ္စဂျုန်း။ ။သင်္ဘောဝန်ထမ်းရေ…ကျွန်မ တစ်ခုခု မေ့နေတယ်ဆိုတာ သေချာတယ်။
ဒါပေမဲ့ ဘာမေ့နေသလဲဆိုတာတော့ ကျွန်မမသိဘူး။
သင်္ဘောဝန်ထမ်း။ ။ခင်ဗျားရဲ့ နိုင်ငံကူးလက်မှတ်ရော ရှိရဲ့လားဗျ။
မစ္စဂျုန်း။ ။ဟုတ်ကဲ့ ကျွန်မမှာရှိပါတယ်။ ပြီးတော့ သင်္ဘောလက်မှတ်လည်းရှိပါတယ်။
မေ့နေတယ်ဆိုတာ နောက်ထပ် ဘာများဖြစ်နိုင်မလဲ။
သင်္ဘောဝန်ထမ်း။ ။ခင်ဗျားရဲ့ ခရီးဆောင်အိတ်အားလုံးရော ရှိတယ်မဟုတ်လား။
မစ္စဂျုန်း။ ။ရှိတယ်လို့တော့ ထင်တာပဲ။ စစ်ကြည့်လိုက်ဦးမယ်နော်။

တစ်…နှစ်…သုံး…လေး…ငါး…။ ဟုတ်တယ် …အိတ်တွေအားလုံး ရှိပါတယ်။
သင်္ဘောဝန်ထမ်း။ ။ဒါဆိုရင်တော့ ခင်ဗျားလိုအပ်နေတယ်ထင်တဲ့ အရာအားလုံးခင်ဗျားမှာ ရှိတယ်ထင်တာပဲ။
မစ္စဂျုန်း။ ။မဖြစ်နိုင်ပါဘူးရှင်။ တစ်ခုခုတော့ လိုနေသလိုပဲ။ ဒါပေမဲ့ဘာလဲဆိုတာတော့ ကျွန်မ စဉ်းစားလို့မရသေးဘူး။
သင်္ဘောဝန်ထမ်း။ ။လောလောဆယ် ဒီအတွက် မပူပါနဲ့ဗျာ။ သင်္ဘောက ခုပဲထွက်တော့မယ်။ဒါနဲ့ခင်ဗျားယောက်ျားကရော။
မစ္စဂျုန်း။ ။ဟုတ်ပါရဲ့။ ကျွန်မ ခုမှပဲသိတော့တယ်။ ကျွန်မ မေ့နေတယ်ဆိုတာကျွန်မ ယောက်ျားပဲလေ။

မပြရင် ရတာပဲ

တစ်နေ့က နကျယ်ကောင်တစ်ကောင် အိမ်ထဲဝင်လာသည်ကိုတွေ့တော့ ကျွန်မကယောက်ျားကိုလှမ်းပြောလိုက်ပါသည်။
"ဒွန်ရေ…ဒီမှာနကျယ်ကောင်တစ်ကောင်ရောက်လာတယ်။ ရှင့်ဆီမှာပိုးသတ်ဆေးဘူးများ မရှိဘူးလား"
သူက ပန်းကန်ဆေးစင်အောက်တွင် ဘူးတစ်ဘူးရှိကြောင်း ပြောပါသည်။
"အချစ်ရေ…"ကျွန်မက ပြန်၍အော်ပြောလိုက်သည်။
" အဲဒါက ပုရွက်ဆိတ်တို့၊ပိုးဟပ်တို့ ဖျန်းတဲ့ဆေးဘူးပါ။ နကျယ်ကောင်အတွက် မဟုတ်ပါဘူး"
ထို့အခါ ကျွန်မယောက်ျားက ပြန်အော်ပြောလိုက်ပြန်သည်။
"နကျယ်ကောင်ကို ဘူးပေါ်က အမှတ်အသား မပြလိုက်နဲ့" တဲ့။

ကိုယ့်စကားနဲ့ကိုယ်

"မေမေ…မေမေ… ဖေဖေက ခေါင်းပေါ်မှာ ဘာဖြစ်လို့များ ဆံပင်တွေ
အရမ်းနည်းနေရတာလဲ"ဟု ဂျွန်နီလေးက သူ့အမေကို မေးသည်။
"သူက အများကြီး စဉ်းစားတွေးခေါ်ရတယ်လေ" ဟု မိခင်က ပြန်ဖြေလိုက်သည်။
ခင်ပွန်း၏ ထိပ်ပြောင်မှုအပေါ် အကောင်းဆုံး အဖြေတစ်ခု ပေးနိုင်သည့်အတွက်
သူမက မိမိကိုယ်ကို ဂုဏ်ယူလိုက်မိသည်။
ထိုနောက်တွင် သားဖြစ်သူ၏စကားကြောင့် မိခင်ဖြစ်သူမှာ ဘာပြန်ပြောရမှန်းမသိ
ဖြစ်သွားတော့သည်။
"ဒါဆိုရင် မေမေကရော ဘာကြောင့်များ ဆံပင်တွေ အများကြီး ရှိနေရတာလဲ"

စောင့်မှာပါ

ဆန်တာက ဆူတီတာအားပြောသည်။ "ငါနင့်ကို လက်ထပ်ယူချင်တယ်"
ဆူတီနာ။ ။ဒါပေမဲ့ ငါက နင့်ထက် အသက်တစ်နှစ် ကြီးတယ်လေ။
ဆန်တာ။ ။ ကိစ္စမရှိပါဘူး။ ဒါဆိုရင် နောက်နှစ်မှပဲ နင့်ကို လက်ထပ်ယူမယ်လေ။

ဆန့်ကျင်ဘက်လား

ကျွန်မ မင်္ဂလာပွဲတစ်ခု တက်ရောက်နေစဉ်က ဖြစ်သည်။
ငါးနှစ်အရွယ် ကျွန်မသားက "မေမေ…သတို့သမီးက ဘာဖြစ်လို့ အဖြူရောင်ဂါဝန် ဝတ်ရတာလဲ" ဟု မေးသည်။
"သူမရဲ့ အပျော်ဆုံးနေ့ဖြစ်လို့ အဖြူရောင်ဝတ်တာပေါ့ သားရယ်" ဟု ကျွန်မက အလွယ်တကူ ဖြေလိုက်ပါသည်။
ထို့နောက် သားငယ်က ဒုတိယမြောက်မေးခွန်းကို မေးပြန်သည်။
"ဒါဆိုရင် သတို့သားကရော ဘာဖြစ်လို့ အနက်ရောင်ဝတ်စုံ ဝတ်ရတာလဲဟင်"

သေချာစေချင်လို့

လူတစ်ယောက် မီးရထားရုံပိုင်ထံ ရောက်လာကာ မေးမြန်းလိုက်သည်။
"အမြန်ရထား ထွက်သွားပြီလားဗျ"
"ဟုတ်ကဲ့…ထွက်သွားပါပြီ"
"ဒါဆို လောကယ်ရထားရော…"
"ရှစ်နာရီခွဲတုန်းက ထွက်သွားပါတယ်"
"ကုန်တင်ရထားဆိုရင်ရော…"
"ဒီဘူတာကို ညသန်းခေါင်လောက်မှ ဖြတ်သွားမှာပါ"
"ဒါဆို ခုထွက်မဲ့ ရထားမရှိတော့ဘူးပေါ့"
"ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ။ ခင်ဗျား ရထားစီးပြီး အရေးတကြီး သွားစရာများရှိလို့လား" ဟု စိတ်တိုလာသည့် ရုံပိုင်က အော်လိုက်သည်။
ထို့အခါ သူက ပြန်ပြောလိုက်သည်။
"မဟုတ်ရပါဘူးဗျာ…. ကျွန်တော့် ရထားလမ်း ဖြတ်ကူးချင်လို့ပါ"

ဖိတ်ကျလို့

လူနာ။ ။ ဆရာရေ…ကျွန်တော့်ကို ကူညီပါဦးဗျာ။ ကျွန်တော့်လက်တွေ တုန်နေတာ ရပ်လို့မရလို့ပါ။
ဆရာဝန်။ ။ခင်ဗျား…အရက်တွေအများကြီး သောက်ထားတာမဟုတ်လား။
လူနာ။ ။မဟုတ်ပါဘူးဗျာ။ ဖိတ်ကျတာက အများစုပါ။

စားပြီးသား

လူတစ်ယောက်သည် စောင့်ရှောက်ရေးဂေဟာရှိ အဒေါ်ဖြစ်သူထံ အလည်လာပါသည်။
အဒေါ်ဖြစ်သူ အိပ်ပျော်နေသဖြင့် သူသည် ကုလားထိုင်တစ်လုံးတွင်ထိုင်ကာ မဂ္ဂဇင်းအချို့ကို လှန်လှောကြည့်ရူပြီးနောက် စားပွဲပေါ်ရှိ ပန်းကန်တစ်လုံးထဲမှ မြေပဲစေ့များကို ကောက်ဝါးနေလိုက်သည်။
နောက်ဆုံးတွင် အဒေါ်ဖြစ်သူ နိုးလာပါသည်။
"စိတ်မကောင်းပါဘူး…အန်တီ။ ကျွန်တော် အန်တီရဲ့ မြေပဲစေ့တွေ စားလိုက်မိပြီ" ဟု သူကတောင်းပန်လိုက်သည်။
ထို့အခါ အန်တီဖြစ်သူ၏ ပြောစကားကြောင့် သူသည် ပျို့အန်ချင်စိတ် ပေါက်သွားတော့သည်။
"ရပါတယ် ငါ့တူရယ်။ အဲဒီက ချောကလက်တွေ အန်တီစုပ်စားပြီးမှတော့ မြေပဲစေ့တွေကို သံယောဇဉ် မတွယ်တော့ပါဘူးကွယ်"

နေလင်းအောင်

www.naylinaung1.blogspot.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။