ကျင့်ဝတ်အချက်ပြတိုင်
ဒီဧရိယာတ၀ိုက်မှာ ပျက်စီး
ဘာ
သတင်းအချက်အလက်မှ အသေအချာလက်ခံမရ
နိမ့်ချီ
မြင့်ချီ
မူမမှန်
စိတ်အခြေအနေများဟာ
ပါတ်ဝန်းကျင်
အပူချိန်အလိုက် နီလာ ရဲလာ
ဆူလာ
ပွက်လာ . . . ဒါဟာ
အသိညဏ်အစာရေစာ
ငတ်ပြတ်တာ
အတွေးအခေါ်တရား
မွတ်သိပ်တာ
တကယ်တမ်းဆာလောင်လာချိန်မှာ
ဘယ်
အရာကိုမှ စတေးပစ်ဖို့ ၀န်မလေး . . .
မြင်မြင်သမျှ
ကြားရသမျှ ဒေါသ
အသိမှန်သမျှ
စိတ်မှန်သမျှ မောဟ
သိကြားမင်း
နကင်းကြီးနဲ့လဲ တရားပြ၍မရ
မုတ်ဆိတ်ဖားဖား
သူတော်စင်များလဲ နားချလို့မရ
အဖြစ်မှန်ဆိုတာ
အမှန်ဖြစ်နေ
လူ့အသက်နဲ့
ပြာစတွေသာ လေယူရာဝေ့ . . .
ငြိမ်းချမ်းရေး
ဂျိုးဌက်လည်း အတောင်ကျိုးလို့
နီရဲရဲ
မိစ္ဆာ အိမ်တွေကို ၀ါးစားလို့
ယမ်းငွေ့တွေဟာ
တဒိုင်းဒိုင်း ရယ်လို့
သက်ရှိတွေဟာ
တဘိုင်းဘိုင်းသေလို့
ငရဲပြည်ဟာ
အရပ်တပါးမှ ဤနေရာသို့ရောက်ရှိလာ
ဒီဧရိယာ
တောင်စွန်း နေကွန်းချိန် မှာ . . .
မာဃသစ္စာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။