အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်တွင် တောက်ပသောလိမ္မော်ရောင်နှင့် အနက်ရောင်နှစ်ရောင်စပ်အလေး ချိန်တစ်ပေါင်ရှိရှားပါးသော ပုဇွန်တုပ်အမကြီးအားဖမ်းဆီး ရမိခဲ့ပြီး နယူးအင်္ဂလန်ရေသတ္တ၀ါ ပြတိုက်သို့လှူဒါန်းခဲ့ကာနိုဝင်ဘာ လ၁ရက်နေ့မတိုင်မီသတင်းမီဒီယာ သမားများအားပွဲဦးထွက်ပြသမည်ဟု စီစဉ်ထားခဲ့သော်လည်း စန်္ဒီမုန် တိုင်းကြောင့် အစီအစဉ်ပျက်ခဲ့ရ သည်။
ထိုအလျားလိုက်နှစ်ရောင်ကွဲ ပုဇွန်ထုပ်မျိုးမှာအလွန်ရှားပါးပြီး အကြမ်းအားဖြင့် ကောင်ရေ ၅၀ တွင်မှ တစ်ကောင်၊ တစ်ခါတစ်ရံ ကောင်ရေပေါင်း သန်း ၁၀၀ တွင်မှတစ်ကောင်တွေ့ရှိရတတ်သည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်း မိန်းနှင့်ရို့ဒ် ကျွန်းတွင်တွေ့ရှိခဲ့ရပြီး မကြာသေးမီကနိုဗာစကော့တီယာ နှင့် အဲဒွက်မင်းသားကျွန်းတွင် တွေ့ရှိခဲ့ရသည်။
သာမန်အားဖြင့်တွေ့ရှိရသော ပုဇွန်ရိုင်းများ၏ အညိုရင့်နှင့် မီးခိုးရောင်ပျောက်ကြားကွက်များမှာ မူလအနီရောင်၊ အ၀ါရောင်နှင့် အပြာရောင်တို့ကိုပရိုတင်းဓာတ်က စုစည်းလိုက်သဖြင့်ဖြစ်ပေါ်လာ ခြင်းဖြစ်ကြောင်းရေသတ္တ၀ါပြတိုက် က ရှင်းလင်းပြောကြားခဲ့သည်။
ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲတစ်မူ ထားခြားသောအရောင်များမှာ မူလအရောင်များအဆက်ပြတ်နေ၍ ဖြစ်ကြောင်း၊ ဥပမာအားဖြင့် လိမ္မော်ရောင်ပုဇွန်ထုပ်များမှာ မူလအပြာရောင်မရှိခြင်းကြောင့် ဖြစ်ကြောင်း ပြတိုက်မှဆက်လက် ရှင်းလင်းပြောကြားသည်။
ထိုအလျားလိုက်နှစ်ရောင်စပ် ပုဇွန်ထုပ်များ၏အရောင်ရရှိမှုမှာ ဥအတွင်းရှိနေစဉ်ကလပ်စည်းများ ကွဲပြားသွားမှုကြောင့်ဖြစ်နိုင် သည်။
ထိုပုဇွန်ထုပ်အမကြီးသည် မကြာမီပရိသတ်အားဆွဲဆောင် နိုင်လိမ့်မည်ဖြစ်ကြောင်း၊၎င်းင်းအား လေ့လာမှုကာလပြီးဆုံးလျှင်အများ ပြည်သူအားပြသမည်ဖြစ်ကြောင်းရေ သတ္တ၀ါပြတိုက်ကပြောကြားလိုက် သည်။
ဥက္ကာအာင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။