Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 18, 2012

စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးသန်းဇော်နှင့် ဆုဂျေ (အင်တာဗျူး)

ကိုသန်းဇော် နိုဝင်ဘာလ 19, 2012 3:04am

“ ဦးရှင့် ......


ကျွန်မက ဖူးစာရှင်လေး ဆိုဒ်မှ အက်မင် ဆုဂျေဖြစ်ပါတယ်ရှင်။ ဦးကို မေးခွန်းလေးတွေ အနည်းငယ်မေးခွင့်ပြုပါနော်”

“အော်... မေးနိုင်ပါတယ်ကွယ် ဦးကလည်း ဖြေဖို့အသင့်ပါ ကဲ မေးမေး”

“ ဦးအနေနဲ့ ခုလို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်အောင် ဘယ်လို လုပ်ဆောင်

ခဲ့တယ်ဆိုတဲ့ ဦးရဲ့ လျှို့ဝှက်ချက်ကို သိပါရစေရှင်”

“အင်း....ဦးရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်ကတော့ လျှို့ဝှက်ခြင်း ပါပဲကွယ်”

“ဟာ.....ဦးက အဲလို ပိတ်ပြောလိုက်တော့ သမီးက ဘယ်လိုလုပ် ဆက်မေးရတော့မှာလဲ”

“အလကား စ တာပါ သမီးရယ် ကဲကဲ သမီးသိချင်တာ ဆက်မေးပါ”

“ ဟုတ်..... ဦး ခုလို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်အောင် ဘယ်လို

အကြံအစည်၊ ဘယ်လို အတွေးအခေါ်တွေနဲ့ လုပ်ဆောင်ခဲ့ရပါသလဲ ဆိုတာ သိချင်ပါတယ်ရှင်။”

“အော် ဒါလား သိရပါတယ်ကွယ်..။ တကယ်တော့ ဒီ အကြံအစည် အတွေးအခေါ်တွေက ဦးရဲ့

အကြံအစည် အတွေးအခေါ်တွေ မဟုတ်ပါဘူး ဦးရဲ့ ဖေဖေ မသေခင်ကမှာကြားခဲ့တဲ့ မှာကြားချက် အချက်

(၈) ချက် အကြံအစည်တွေပဲဖြစ်ပါတယ်။”

“အော်. ... သိပြီ ဟို ခေါင်းတစ်ရာသားကိုစားပါ၊ တစ်နေ့ပုဆိုး သုံးခါ လဲဝတ်ပါ၊ အိမ်နောက်ဖေး

ဈေှးဆိုင်တည်ပါ၊ ဦးခေါင်းသုံးလုံးရှိသူကို ဆည်းကပ်ပါ ဆိုတာမျိုးတွေ မို့လား”

“ အင် ..... ညည်းက ဗျူးမှာလား ဦးက ပြန်ပြီး ဗျူးရမှာလား ”

“ဟုတ် .. သမီးက သိချင်ဇောကြီးသွားလို့ပါ”

“ဒါဖြင့် တိတ်တိတ်နေ ပြောတာနားထောင် ။ ၀င်ဝင် မပြောနဲ့ မရှင်းတာရှိရင် မေး ဟုတ်ပြီလား”

“ဟုတ်.......... ဟုတ်”

“ခုနာက သမီးပြောတဲ့ မှာကြားချက်တွေက ဟိုးခေတ်ဆွေး၊ ခေတ်ဟောင်းတုန်းက အတွေးအခေါ်တွေပါ။”

“...........”

“ခု ဦးရဲ့ ဖေဖေမှာခဲ့တာတွေက ခုခေတ် မော်ဒန် မှာကြားချက်တွေပဲကွယ့်”

“............”

“ဟဲ့ .... ဆက်မေးလေ”

“အင်...... ဦးပဲ ၀င်မပြောနဲ့လို့ ပြောထားတာပဲလေ”

“အော် အရေးထဲ ညည်းက ဆက်မေးမှ ဦးကလည်း ဖြေလို့ကောင်းမှာပေါ့ ခုနက ပြောတာက အိုက်တင်ခံတာ”

“ဟုတ်ပါပြီ ဦးရယ် အဲလိုဆိုလည်း မေးပါ့မယ်။ အဲဒီ ဦးရဲ့ဖေဖေ မှာကြားခဲ့တဲ့ မော်ဒန် မှာကြားချက်တွေကို

သိပါရစေရှင်”

“ အေး...ဟုတ်ပြီ ဘာတဲ့။ အော် သတိရပြီ နံပါတ် (၁) မှာကြားချက်က “တစ်နေ့ကို နို့အလုံး တစ်ရာစို့ပါ” တဲ့။”

“ ရှန်...ဦးက တစ်နေ့ကို တကယ် နို့အလုံးတစ်ရာ စို့တာလားဟင်”

“အာ.. တကယ်စို့ရင် ပါးအရိုက်ခံရမှာပေါ့.။ သွားစို့လို့ ပါး အရိုက်မခံရတာဆိုလို့ နွားမတွေပဲရှိတာ ဒါတောင်

ချဉ်းကပ်နည်း မှန်ဦးမှ နို့မို့ဆို အကန်ခံရဦးမယ်”

“အဲလိုဆို နွားနို့တွေ စုပေါင်းချက်ထားတဲ့ နို့ဆီကို သောက်ရမလားဟင်”

“မဟုတ်ဘူးကွဲ့ အဲဒီထက် ကောင်းတဲ့ ပဲနို့ကို သောက်ခိုင်းတာ။ ပဲနို့မှာ ပရိုတင်းတွေ လိုင်စင်းဓာတ်တွေ

ပါတယ်လေ။ ဒါမှ ကျန်းမာဝဖြိုးလာပြီး စီးပွားရေးလုပ်နိုင်မှာပေါ့။ စီးပွားရေးကို အားသွန်ခွန်စိုက် ကြိုးကြိုးစားစား

လုပ်နိုင်ဖို့ ကျန်းမာမှ ဖြစ်မှာလေ။ ဒါက အခြေခံ အကျဆုံးပဲ”

“ ဟုတ် နံပါတ် (၂) ကရော”

“အင်း ..... နံပါတ် (၂) မှာကြားချက်ကတော့.... “အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ” ... တဲ့။”

“ အိမ်နောက်ဖေး ဘဏ်တိုက်ဆောက်တော့ ဘယ်သူတောင်းစားက လာအပ်မှာလည်း။ အော်သိပြီ

အိမ်နောက်ဖေးက ၀င်လာတဲ့ လဘ်ပေးလဘ်ယူ ယူဖို့ပြောတာလားဟင်”

“မဟုတ်ဘူးကွဲ့။ ဒါလည်း ကျန်းမာရေး မှာကြားချက်ပဲ အိမ်နောက်ဖေးမှာ အိမ်သာ ဆောက်ဖို့ ပြောတာ။

စားလိုက်တဲ့ အစားအစာတွေက ပျောက်မသွားဘူးလေ အသွင်ပြောင်းပြီး ပြန်ထွက်လာတာမို့လား ဒါတွေကို

အိမ်သာမရှိရင် ဘယ်လိုလုပ် ကျန်းမာရေးနဲ့ ညီညွတ်တော့မှာလဲ”

“နံပါတ် (၃) ကရော”

“နံပါတ် (၃) မှာကြားချက်ကတော့ “ ငရဲပြည်နဲ့ ဆက်သွယ်ပါ”...တဲ့။”

“ငရဲပြည်ကို တယ်လီဖုန်းဆက်လို့လည်း မရဘူး၊ ဖက်စ်လည်း ပို့လို့မရဘူး၊ ဒါနဲ့ ငရဲပြည်မှာရော

အင်တာနက် ရှိလားဟင်”

“ပေါက်ပေါက်ရှာရှာ....။ ဒါက အ၀ီစိတွင်းတူးပြီး ရေရောင်းစားဖို့ ပြောတာ ဦးတို့ ရပ်ကွက်က ရေရှားတယ်လေ”

“ ဟုတ်ပါပြီ ဒါဖြင့် နံပါတ် (၄)”

“နံပါတ် (၄) ကတော့ “ကျင်ငယ်ရေ ထုတ်တဲ့ စက်ရုံတည်ပါ” တဲ့ ”

“အဓိပ္ပါယ်က.......”

“အဓိပ္ပါယ်ကတော့ ဘီယာသောက်ရင် ဆီးခဏခဏ ရွှင်တယ်လေ.။ ဒါ့ကြောင့် စည်ဘီယာဆိုင်ထောင်ပါလို့

ပြောတာပဲ”

“နံပါတ် (၅)”

“အဲဒါကတော့ “ခြေထောက် အရောင်းအ၀ယ် လုပ်ပါ”.........တဲ့။”

“သိပြီ ဒါ ၀က်ခြေထောက် စွပ်ပြုပ် လုပ်ရောင်းဖို့ မှာတာမို့လား။ သမီးက ၀က်ခြေထောက်စွပ်ပြုပ်ဆို

သိပ်ကြိုက်တာ”

“ညည်းကြိုက်တာချည်း ပြောမနေနဲ့ မဟုတ်ဘူး။ ကားပွဲစားလောကမှာ ကားကို ခြေထောက်လို့ ခေါ်တယ်

ဒါ ကားပွဲစား အထာနဲ့ ပြောတာ ကားတွေ အခု ဈေးကျနေလို့ အရောင်းအ၀ယ် လိုက်နေတယ်လေ”

“ နံပါတ် (၆) ကရော ဘယ်လို ပေါကြောင်ကြောင်နဲ့ မှာခဲ့ပါသလဲရှင်”

“ နံပါတ် (၆) ကတော့ “လက်ညှိုးများကို တိုအောင် လုပ်ပါ” .......တဲ့”

“အင်္ဂုလိမာလ လို လက်ညှိုးတွေ လိုက်ဖြတ်ခိုင်းတာလားဟင်”

“အမလေး ညည်းက ဦးကို ထောင်ထဲ ပို့နေပြန်ပါပြီ.......။”

“သိဘူးလေ သမီးသိတာ ပြောတာပဲ“

“ဒါက ခုခောတ်မှာ တန်ဖိုးနည်း ဖုန်းတွေ နိုင်ငံတော် အစိုးရက ချပေးနေလို့ လူတိုင်း ဖုန်းကိုင်နိုင်နေပြိလေ

ခုဆို ၅၀၀၀ တန် ဖုန်းကဒ်တွေတောင် ပေါ်နေပြီ။ ဖုန်းတွေကလည်း တပ်စခရင်တွေဆိုတော့ လက်ညှိုးနဲ့ ပွတ်

ပွတ်ပြီး ဆွဲရတာ။ ခလုပ်ပါတဲ့ ဖုန်းတွေဆိုလည်း လက်ညှိုးနဲ့ ထောက်ထောက်ပြီး နှိပ်ရတာလေ။ ဒါ့ကြောင့်

ဖုန်းအရောင်းအ၀ယ် လုပ်ပါလို့ ပြောတာ”

“ နံပါတ် (၇) ကတော့ရော”

“ ဘိန်းကုန် ကူးပါတဲ့.......”

“ဟာ ဒါဆို ဦးက မူးယစ်ဆေးဝါး ကုန်ကူးပြီး ချမ်းသာလာတာပေါ့ ရာဇ၀တ်မှုနဲ့ မကင်းတော့ ခုလာဗျူးတဲ့

သမီးတောင်မှ အမှုပတ်နေမှာ ကြောက်ရတယ် တော်ပြီ ဆက်ဗျူးတော့ဘူး”

“မဟုတ်ပါဘူး သမီးရဲ့ ဒါက ဘာပြောတာလဲဆိုတော့ ခုခောတ်မှာ ဆိုင်ကယ်ကို ဘိန်းလို့ခေါ်တာလေ

တရုပ်ဆိုင်ကယ်တွေ တောရော မြို့ပါ ၀ယ်စီးနေကြတာ သမီးမတွေ့ဘူးလား။ ဒါကိုပြောတာ..။ ခု အကွက်မြင်တဲ့

မင်းပိုင်စိုးတောင် ကြယ်ဂေါင်သွားပြီး ဘိန်းကုန် ကူးနေလေရဲ့”

“ ကဲ နောက်ဆုံး နံပါတ် (၈) မှာကြားချက်လေးရော ပြောပြပါဦးရှင်”

“ နောက်ဆုံးမှာကြားချက်ကတော့ “ ဦးနှောက်မပါတဲ့ ပညာရှိကို ဆည်းကပ်ပါတဲ့”

“ပညာရှိပါဆို ဦးနှောက်မပါလို့ ဘယ်ဖြစ်မှာလည်း ဘာဖြစ်ဖြစ် ဦးနှောက်နဲ့ စဉ်းစားမှ ရတာပဲဥစ္စာ”

“ဒါက တခြားမဟုတ်ပါဘူး၊ ဦးနှောက်မရှိတဲ့ ကွန်ပြူတာ ၀ယ်ပြီး အင်တာနက်ကနေ စီးပွားရေးဆိုင်ရာ

အချက်အလက်တွေကို သင်ယူပါလို့ ပြောတာ”

“ဟုတ်ကဲ့ပါ ခုလို စီးပွားရေးဆိုင်ရာ နည်းဗျူဟာလျှို့ဝှက်ချက်တွေကို ပြည့်ပြည့်စုံ ဖွင့်ချပြောပေးလို့

ကျွန်မတို့ ဖူးစာရှင်လေး ဆိုဒ်က ဦးသန်းဇော်ကို အထူးကျေးဇူးတင်ပါတင်ရှင်”

“ဦးကလည်း ကျေးဇူးတင်ပါတယ်ကွယ်။ အော် ဒါနဲ့ ဦးနဲ့ သမီးရဲ့ အင်တာဗျူးကိုလည်း ဟို........

မိုးဟေကိုတို့ အဆိုတော် လင်းယံတို့ အင်တာဗျူးလို ထိပ်ဆုံးကနေ တင်ပေးထားနော်..... အဟီးးးးးး”


သူငယ်ချင်းများ ပျော်ရွှင်ပါစေ.......

လေးစားစွာဖြင့်

ကိုသန်းဇော်

မှတ်ချက်။ ။ ဆရာ မင်းလူ ၏ ညဏ်စမ်း ဆိုတဲ့ ၀တ္ထုတိုလေးကို ဟာသလေးအဖြစ် မှီငြမ်း ပြင်ဆင်

ရေးသားထားပါတယ်။

http://www.fusarshinlay.net/profiles/blog/show?id=6384739%3ABlogPost%3A6238533&xgs=1&xg_source=msg_share_post

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။