Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 18, 2012

ငရဲခွေးကြီး လွတ်နေပြီ

 
၁၉၉၇ ခုနှစ်လောက်တုံးကထင်ပါတယ်။ ဒေါ်စုပြောခဲ့တယ်။ ပြည်ပမီဒီယာတွေကို သတိထားစောင့်ကြည့်ဖို့ ။ ဒီမိုကရေစီရေးအတွက်နိုင်ငံတကာကပန့်ပိုးထားတဲ့ မီဒီယာတွေမှာ စစ်အစိုးရ သြဇာခံတွေထိုးဖောက်ဝင်နေတယ်။ အတိုက်အခံအဖွဲ့တွေထဲကိုထိုးဖောက်ပြီး သူတို့ လူတွေ သွင်းဖို့အမြဲကြိုးစားနေတယ်ဆိုတာလူတိုင်းသိတဲ့ကိစ္စပါ။ အတိုက်အခံအဖွဲ့တွေမှာက ၀င်လာရင် မိတာများပါတယ်။ ဘာကြောင့်လဲဆိုတော့လူတွေ ပြောဆိုရဲသေးတယ်။ ဝေဖန်ရဲသေးတယ်။ ဒါတောင်နေရာပျောက်မှာကြောက်ပြီး ပါးစပ်ပိတ်နေတဲ့သူတွေ၊လူကြီးတွေကို ပြန်မပြောနဲ့ဆိုတဲ့ လူ့ညွန့်တုံးစေမဲ့သင်ကြားမှုအောက်ကမထွက်နိုင်တဲ့လူတွေရှိနေသေးတာပါ။


ပြည်ပမီဒီယာဆိုတာက နိုင်ငံခြားသားတွေ၊ မြန်မာမဟုတ်တဲ့၊ မြန်မာတွေရဲ့ ကလိန်ကကျစ်ပညာတွေကို မသိတဲ့သူတွေက ထောင်ပေးတဲ့ အဖွဲ့အစည်း။ ဒီတော့ ကြိုးပေါင်းများစွာနဲ့ မဆလလူထွက်တွေ၊ နအဖလူထွက်တွေ နေရာဝင်ယူနိုင်ကြပါတယ်။

လွတ်လပ်တဲ့နိုင်ငံတွေက အခွင့်အရေး (Rights) ဆိုတာကို အပြည့်ယူ။ ပြီးတော့ ဗိုလ်ချုပ်တချိန်က ပြောခဲ့တဲ့ မကောင်းတဲ့သောက်ကျင့်တွေနဲ့ လုပ်စားနေကြတာ။

ကောင်းတဲ့လူတွေလည်းအများကြီးပါ။ သတင်းကောင်းသတင်းမှန်ပေးနိုင်ဖို့  အသေအလဲလုပ်နေကြတဲ့သူတွေအများကြီးပါ။ စေတနာထားလုပ်နေတဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ဒီလိုလူတွေကိုထုံးစံအတိုင်းဘဲလူလယ်ကြီးတွေက အုပ်ချုပ်ပါတယ်။အခွင့်အရေးသမားတွေက နေရာယူပါတယ်။ အထက်ဖားအောက်ဖိဆိုတဲ့ မဆလ၊ နအဖအကျင့်တွေနဲ့မကောင်းတဲ့စနစ်ဆိုးကို တောက်ရှောက်ဆက်ပြီးသယ်ယူလာတဲ့အကျင့်တွေနဲ့ ချုပ်ကိုင်ထားပါတယ်။
သတင်းသမားဆိုတာအမှန်တရားကိုရှာရပါတယ်။ အမှန်တရားအတွက်ဆိုရင် ဘာကိုမဆိုရင်ဆိုင်ရဲရပါတယ်။ အမှန်တရားအတွက်ရပ်တည်ခဲ့လို့ အောင်ဗလဦးသောင်းလို၊ လူထုတိုက်က ဦးလှနဲ့ဒေါ်အမာလို၊ လူထုဦးစိန်ဝင်းလို၊ ဟံသာဝတီဦးဝင်းတင်လိုလူတွေဟာ ပြည်သူလေးစားခံရတဲ့သတင်းသမားတွေဖြစ်ခဲ့ပါတယ်။
ဒီကနေ့ပြည်ပမီဒီယာဟာ အင်မတန်အရေးကြီးပါတယ်။ သတင်းမှောင်ချခံထားရတဲ့ ပြည်သူတွေကို အဖြစ်မှန်သတင်းမှန်ကိုပေးဖို့အတွက်၊ ပြည်သူအချင်းချင်းသတင်းကတဆင့်ဆက်နွယ်ပြီး ကိုယ့်လိုဘ၀တူပြည်သူတွေရှိနေတယ်ဆိုတာသိလာကြဖို့၊ လူထုအား၊လူထုအသံတွေဖြစ်လာဖို့ ဒါတွေလိုပါတယ်။

ဒီလိုအရေးကြီးလှတဲ့နေရာမှာစိတ်ဓါတ်ပျက်ဆီးနေတဲ့သူတွေ၊ အမှန်တရားကို ဂရုမစိုက်တဲ့၊ အလေးမထားတဲ့သူတွေနေရာယူလာပြီဆိုရင်တော့ ဒီလိုဌာနတွေကို ထူထောင်ပေးတဲ့သူတွေအတွက်ရော၊ မြန်မာလူထုရဲ့ယုံကြည်ကိုးစားခံရတဲ့သတင်းလောကတခုလုံးအတွက်ပါ အတော့်ကို အန္တာရယ်များပါတယ်။ ဒီအတွက်မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့ ပြည်သူတိုင်းလေ့လာဖို့ လိုလာပါပြီ။
ပြည်တွင်းကအခွင့်အရေးသမားတွေ၊ စားဖားတွေက မျက်နှာဖုံးစွပ်လို့ မရပါဘူး။ သူတို့အကြောင်းလူတိုင်းကသိနေပါတယ်။ ပြည်ပမှာကတော့ ဒီလိုမျက်နှာဖုံးစွပ်နေလို့ရကြပါတယ်။
ဒီကနေ့အာအက်အေ၊ဗီအိုအေ၊ဒီဗီဘီ၊ဘီဘီစီထဲကဘယ်သူတွေကဘာလဲဆိုတာ အတော်များများက သိကြပါတယ်။ သိရက်နဲ့နှာစေးနေတာတော့မသင့်တော်ဘူးလို့ ပြောချင်ပါတယ်။
ဒီကနေ့တော့အာအက်အေအကြောင်းစပြောပါမယ်။ အာအက်အေစထောင်တော့ဌာနမှူးက အရင်မဆလသံတမန်ဦးစိုးသင်း၊ ၈၈ဖြစ်တော့အခွင့်ကောင်းယူပြီးနိုင်ငံေ၇းခိုလုံခွင့်ယူလိုက်တယ်။ အလိမ်ကောင်းတော့အနောက်နိုင်ငံကလည်း ခွင့်ပြုလိုက်တယ်။ ဗီအိုအေမှာဘာသာပြန်ဝင်လုပ်နေပေမဲ့ အင်္ဂလိပ်စာနဲ့စကားဘဲတတ်ပြီး ဗမာစာဗမာစကားအင်မတန် ညံ့တော့ခရီးမတွင်ပါဘူး။
ဗမာစကားကို အိုင် နဲ့ ယူ နဲ့ရောနှောပြောနေတဲ့အသံတွေ မှတ်မိကြမှာပါ။ မဆလခေတ်မှာ နေဖူးတဲ့လူတွေသိပါတယ်။ အာအက်အေထောင်တော့လူရှာမတွေ့တာနဲ့ ဘာသာပြန်အလုပ်လာလျှောက်တဲ့ ဦးစိုးသင်းကို ဘိုလိုအမုတ်ကောင်းလို့ မြန်မာဌာနမှူးခန့်ခဲ့တာပါ။ သူ့လက်ထက် ၁၀နှစ်လောက်မှာ သူ့လိုမဆလဟောင်းတွေကိုရှာစုပါတယ်။ အခုလက်ရှိဌာနမှူးဖြစ်နေတဲ့ ဒေါ်ငြိမ်းရွှေတို့၊ အရင် မြန်မာ့အသံက ဦးခင်မောင်ငြိမ်းတို့၊ နောက် ဗီအိုအေက အဆက်နွယ်တွေရဲ့  ဆွေမျိုးတွေ၊ ဘာမှမတတ်လဲအတင်းကိုပွဲထုတ်ပြီး စင်တင်တော့တာပါဘဲ။

ဒေါ်စုကို မဆလကသိက္ခာချဖို့ကြိုးစားတော့ အာအက်အေလက်နက်ကို ထုတ်သုံးခဲ့တာမှတ်မိကြမှာပါ။ ဒေါ်စုနဲ့အစိုးရကခန့်ထားတဲ့အစောင့်အရာရှိနဲ့ ဖြစ်နေကြပြီဆိုတဲ့သတင်းကို အာအက်အေဌာမှုးဦးစိုးသင်းက လွှင့်ဖို့မီးစိမ်းပြ၊ အခုဌာနမှုးဖြစ်နေတဲ့ဒေါ်ငြိမ်းရွှေကကိုယ်တိုင်ရေးပြီး အခုအယ်ဒီတာလုပ်နေတဲ့ ဦးခင်မောင်စိုးက တနိုင်ငံလုံးကိုကြေငြာခဲ့တာပါ။ ဒါကိုကြည့်ရင်ဒီလူတွေဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်
အခုမှတပတ်ရိုက်ပြီး ဒေါ်စုအမေးအဖြေ၊ ဦးတင်ဦး၊ ဦးဝင်းတင်အမေးအဖြေတွေလုပ်ပြပြီး ပြည်သူ့ဖက်တော်သားလုပ်ပြနေတာပါ။ အင်အယ်ဒီနဲ့ပြည်သူတွေကို တပတ်ရိုက်ဖို့ကြိုးစားနေတာပါ။ ဒီလိုမှမလုပ်ရင်လည်း မဟုတ်တာလုပ်ထားတာတွေကမိတော့မှာဆိုတော့ဆေးမီးတိုသုံးတာပေါ့။

ဒေါ်ငြိမ်းရွှေဆိုတာက မဆလအနွယ်၊ဦးနေ၀င်းသစ္စာခံ အရင် မဆလပညာရေးဝန်ကြီး၊ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုဖျက်ဆီးခဲ့တဲ့ ဒေါက်တာညီညီဓါတ်ပုံကို နေ့စဉ် ဘုရားစင်ပေါ်တင်ပြီး ဘုရားရှစ်ခိုးသလိုရှစ်ခိုးနေတဲ့သူ၊မဆလကျေးဇူးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးဆိုတဲ့အစီအစဉ်နဲ့ ဗီအိုအေကို ရောက်လာတာ၊ ဒီကျေးဇူးတွေကိုလည်းအခုချိန်ထိသစ္စာရှိစွာ ပေးဆပ်နေဆဲပါဘဲ။ ဘယ်လိုနည်းနဲ့ပေးဆပ်သလဲ။ ဒီမဆလအဖွဲ့ကလူတွေအကြောင်း အာအက်အေကမလွှင့်အောင်ပိတ်တယ်။ တခြားမီဒီယာတွေမှာပါလာလို့ဘယ်လိုမှရှောင်မရရင် လေသံဖျော့ပြီးလူတွေသိပ်နားမထောင်တဲ့ နောက်ပိုင်းကျကျမှာကျေငြာပေးတယ်။ အာဘတ်လွတ်ရုံလေး။ သူ့ကိုအလုပ်ပေးခဲ့တဲ့မဆလဟောင်းဦးစိုးသင်းကိုငွေဝင်လမ်းထွင်ပြီး တန်ဖိုးရှိတဲ့လေလှိုင်းအသံတွေကို ပြောချင်တာပြောဆိုပြီးတပတ်နာရီဝက်နီးပါးပေးထားတယ်။ ငွေတွေကိုသောင်းနဲ့ချီပြီးပေးထားတယ်။ သာမန်ဆောင်းပါးရှင်ဆိုရင်အများဆုံးရတနှစ်ကိုထောင်ဂဏန်းပေါ့။ ဒါပေမဲ့ ဦးစိုးသင်းတွေ့ကရာရှစ်သောင်းပြောနေတာကိုအချိန်နဲ့တွက်ပေးတော့လည်းရတော့မှာပေါ့။

ဒေါက်တာညီညီဆိုရင်နာမယ်မခံဘဲမဆလနဲ့ဦးနေ၀င်းချီးမွန်းခန်းဖွင့်နေတာအပတ်စဉ်ဟောပြောနေတာ အခုဆို၇င်၁၀နှစ်ရှိသွားပြီ။ ရွှေဥသြတဲ့။ ဦးဘအောင်အသံနဲ့လွှင့်နေတာ။ ဒါ ဘာအတွက်လဲ။ ပြည်သူတွေရဲ့ အသံတဲ့လား။ နောက်တခုကဂျမ်းဘုံရေးနေတဲ့တက္ကသိုလ်တခုမှာမြန်မာစာပြတဲ့ဦးစောထွန်းနဲ့ သူ့မိန်းမ၊ နှစ်ယောက်စလုံးက ဗမာပြည်ဝင်ထွက်နေတဲ့လူတွေ၊ ၂ယောက်စလုံးကို အာအက်အေကဆောင်းပါးရှင်တွေအဖြစ် ငွေပေးထားတယ်။ ဒေါက်တာညီညီတို့ဦးစောထွန်းတို့ဆိုတာ မြန်မာပြည်အ၀င်အထွက်အင်မတန်တင်းကြပ်ထားတဲ့ မဆလခေတ်ကထဲကဒီကနေ့အထိ ဥဒဟိုဝင်ထွက်သွားလာနေတာဘဲ။ စစ်ထောက်လှမ်းရေးကမသိဘူးလား။ သိတာပေါ့။ ဘာကြောင့်သူတို့ကို မထိတာလဲ။ ရှင်းရှင်းလေးဘဲ။သူ့လူကိုယ့်ဖက်သားလုပ်ထားတာဘဲ။

ဦးခင်မောင်ငြိမ်းဆိုတာကနောက်မဆလ၊ နအဖလက်ပါးစေတယောက်။ စင်ကာပူကမိန်းမနဲ့၇တော့ စင်ကာပူမှာအလုပ်လုပ်နေရင်း ဦးစိုးသင်းခေါ်လာတာ။ သူက အရင်မြန်မာ့ရုပ်မြင်သံကြားမှာသတင်းဖတ်တာ။ သူ့အထက်စိစစ်ရေးကရေးတဲ့စာကို တလုံးမလွဲအောင်ဖတ်နိုင်ရင်အဆင်ပြေနေတဲ့အလုပ်မျိုး။ အဲဒါကို ၈၈ အရေးအခင်းဖြစ်တော့ဝန်ထမ်းတွေဆန္ဒပြနေတဲ့အထဲဝင်ပါရမှာကြောက်ပြီးဘုန်းကြီးသွားဝတ်တာ။ သေချင်တဲ့ကျားတောပြောင်းပေါ့။ကံဆိုးချင်တော့ဘုန်းကြီးတွေပါအရေးအခင်းထဲပါလာတော့ မဆလ က သူ့ကိုပါအရေးအခင်းထဲပါတယ်ထင်ပြီးအလုပ်ကထုတ်ပစ်လိုက်တာ။ မဟုတ်ပါဘူးဆိုပြီး လိုက်ဖြေရှင်းတောင်းပန်သေးတယ်။ မရလို့အခုတော့ရာဇ၀င်ပြောင်းပြီးလူထုဖက်တော်သား၊ လူထုဖက်ကရပ်တည်ခဲ့လို့ အလုပ်ပြုတ်ခဲ့တာလို့ သူ့အကြောင်းမသိတဲ့အမေရိကန်တွေကို လျှောက်ပြောနေတာ။ ဗမာချင်းတော့မပြောရဲပါဘူး။ ပြောရင်ချက်ချင်းပေါ်သွားမှာပေါ့။ ၈၈ အရေးအခင်းမှာ ဒေါ်စုတို့နဲ့ တွဲလုပ်ခဲ့တဲ့ မြန်မာ့အသံဦးညီညီတယောက်လုံး အာအက်အေမှာသက်ရှိထင်ရှား၇ှိနေသေးတာဘဲ။ ပြည်တွင်းကဆွေမျိုးတွေကိုထိခိုက်မှာစိုးလို့ဆိုပြီး နအဖကာကွယ်ရေးလုပ်နေတာ လူတိုင်းအသိ။

နောက်တယောက်က ဦးခင်မောင်စိုး။ သူကတော့ ဒေါ်ငြိမ်းရွှေရဲ့ လက်ကိုင်တုတ်။ သူ့ဌာနကလူတွေကတော့ ဖိုးတုတ်လို့ခေါ်ကြတယ်။ မင်းတုန်းမင်းလက်ထက်က မောင်မောင်တုတ်လိုကာမပိုင်ရှိတဲ့မိန်းမတွေပါ မကျန်စော်ကားလို့လား။ ဒါမှမဟုတ်ဦးနေ၀င်းလက်တက်က ဗိုလ်ချုပ်စိန်လွင်လို၊ လမ်းမတော်ဖိုးတုတ်လို အဆင့်မျိုးရှိလို့ လား မပြောတတ်ပါဘူး။ သူကဦးစိုးသင်းလက်ထက်က နေရာမရတော့ ဗီအိုအေက မဆလဌာနမှူးဦးခင်မောင်ဌေးလက်ထက်မှာ ဗီအိုအေကို တောပြောင်းသွားတယ်။ ဘူဒါးကြီးတွေဘဲရှိတဲ့ဗီအိုအေမှာ သူကလက်သွက်နေတာပေါ့။ နောက်ဗီအိုအေ ရှင်းလင်းရေးလုပ်တော့ ဘူဒါးကြီးလည်းပြုတ်၊ သူလည်းဘေးရောက်၊ အသစ်ရောက်လာတဲ့ကျောင်းသားမျိုးဆက်ကို လူလည်လုပ်လို့လည်းမရတော့ဘူး။

ဟိုကသူ့ထက်ပိုလည်နေတော့ နောက်ဆုံးဒေါ်ငြိမ်းရွှေကိုကပ်ပြန်တယ်။ ဒေါ်ငြိမ်းရွှေကလည်းလက်ကလွတ်သွားတဲ့မောင်လေးပြန်လာချင်တယ်ဆိုတော့အတိုင်းထက်အလွန်ပေါ့။ အယ်ဒီတာပေးမယ်ဆိုပြီးပြန်ခေါ်၊ လူတွေအသံသိပ်ထွက်မလာအောင်ခဏစောင့်၊ ပြီးတော့အတင်းကိုရာထူးတင်ပေးတော့တာဘဲ။
သူတို့ဆက်ဆံရေးကလည်း ပြည်တွင်းထဲအထိကိုသတင်းကပေါက်နေတာဆိုတော့လူတွေသိကြပါတယ်။
ဂီလာနဖြစ်နေတဲ့ယောက်ျားကိုဗမာအသိုင်းအ၀ိုင်းနဲ့အဆက်ဖြတ်ထားတာကြာပါပြီ။ အာအက်အေရုံးမှာဖြစ်နေတဲ့ မောင်လေးမမဇာတ်လမ်းကလည်း ကြာနေပြီဘဲ။ လူတိုင်းသိနေကြပေမဲ့ ထုံးစံအတိုင်းနှာစေးနေကြပြန်တယ်။ ထားပါတော့။ သူတို့ကိစ္စက အဲဒီမှာတင်မပြီးဘူး။

ဖိုးတုတ်တယောက်ရမ်းချင်တိုင်းရမ်းနေတဲ့ဇာတ်က ဘယ်လောက်ထိအောင်ဆိုးလာသလဲဆိုရင်အာအက်အေမှာ အချိန်ပိုင်းလာလုပ်တဲ့ အမျိုးသမီးတယောက်ကို အိပ်ခန်းထဲဝင်ပြီးစော်ကားဖို့အထိကြိုးစားခဲ့တာပါ။ အမျိုးသမီးကအိမ်မပြန်ရဲလို့ အပြင်မှာပုန်းရတဲ့အထိဖြစ်ခဲ့တာ။
ဒီကိစ္စကိုနယူးေ၇ာက်က ၈၈ကျောင်းသားတွေ ကောင်းကောင်းသိပါတယ်။ ဒီကိစ္စအပြင်ကလဲသိရော ဦးခင်မောင်စိုးက သူမူးလို့ဖြစ်ရတာပါဆိုပြီးဒေါ်ငြိမ်းရွှေကိုခြေသလုံးဖက်၊ ဒီကိစ္စရုံးကသိရင်သူ့တက်လမ်းပျက်မှာသိတော့ အမျိုးသမီးကိုလည်းခြေသလုံးဖက်တောင်းပန်၊ သူလုပ်နေတဲ့အချိန်ပိုင်းအလုပ်ကို ဆက်ခန့်အောင်လုပ်ပေးပါမယ်၊ အဖွါးကြီးကို ကိုယ်ပိုင်ပါတယ်ဆိုပြီးဂတိတွေပေးပြီးတော့ အမှုကိုပိတ်ခိုင်း။ ဦးခင်မောင်စိုးမိန်းမကလည်း ယောက်ျားရိုက်မှာကြောက်ရ ယောက်ျားအလုပ်ပြုတ်မှာလည်းကြောက်ရဆိုတော့ အမှုကိုကြေအေးဖို့ အစော်ကားခံရတဲ့အမျိုးသမီးကိုတောင်းပန်။ အမျိုးသမီးကလည်း ကိုယ့်မှအပစ်မရှိဘဲ ဗမာတွေကြားနာမယ်ပျက်မှာစိုးပြီး အလုပ်လေးဆက်ရနိုးနိုးမျှော်ကိုးပြီး အမှုကိုကျေအေးလိုက်တယ်။ ဒေါ်ငြိမ်းရွှေကလည်း သူ့လူကိုကယ်ဖို့အတွက်ဌာနတွင်းမှာဖြစ်တဲ့ sexual harassment ဆိုတဲ့အမှုကနေ misunderstanding ဆိုတဲ့ပုဒ်မပြောင်းတပ်ပြီး အမှုကိုလက်စလက်နဖျောက်လိုက်ပါတယ်။ နောက် ၃-၄ လလောက်ငွေပေးထားပြီးတော့မှ ကန်ထရိုက်ကုန်တယ်အကြောင်းပြပြီး အဲဒီအမျိုးသမီးကိုချော့ပြီးအလုပ်ထုတ်လိုက်တာဘဲ။ ဒါတွေက ဗမာပြည်အနေအထားမျိုးနဲ့ဘာများခြားနားနေလို့လဲ။ ငွေများတရားနိုင်၊ အာဏာသုံးပြီးရမ်းကားခွင့်၊ စော်ကားခွင့်ပြုထားတာမျိုး၊ တရားဥပဒေစိုးမိုးမှုရှိတဲ့နိုင်ငံမှာ ကိုယ့်အခွင့်အရေးကိုနားမလည်တဲ့သူကို လက်တလုံးခြားလှည့်ဖျားတာမျိုးပါ။ ဒါကို အာအက်အေက ၀ိုင်းတော်သားများက ဘာလုပ်နေပါသလဲ။

ဘ၀တူလူသားတွေရဲ့ အခွင့်အရေးအတွက်တိုက်ပွဲမ၀င်ကြတော့ဘူးဆိုရင်အဲဒီအချိန်ဟာ လူ့ဂုဏ်သိက္ခာပျောက်ဆုံးတဲ့နေ့ပါဘဲလို့အတွေးအခေါ်ပညာရှင်ကြီးတယောက်ပြောတာမှတ်မိပါတယ်။
မတရားမှုကို မြင်နေရက်သိနေရက်နဲ့  မျက်နှာလွှဲနေမယ်ဆိုရင်မီဒီယာရဲ့တာဝန်ပျက်ကွက်ပါတယ်။ အထူးသဖြင့်ကိုယ့်ဌာနကို့်အနီးအနားမှာဖြစ်နေတာကိုကိုယ်နဲ့မဆိုင်ဘူးလို့ထင်ရင် ဒီမတရားမှုဟာမကြာခင် ကိုယ့်ဆီရောက်လာမှာပါ။ အခုလည်းရောက်နေပြီလို့ ကြားနေရတာဘဲ။
အင်အယ်ဒီကို မသိမသာဆော်လိုက်တဲ့ကိစ္စတွေ၊ အင်ဒီအက်ဖ်ကို မသိမသာမြှောက်ပေးနေတာတွေ၊ အကွဲအပြဲသတင်းတွေကိုထပ်တလဲလဲလွှင့်နေတာ။နိုင်ငံေ၇းအခြေအနေကိုလုံးလုံးမှမသိတဲ့ သတင်းဆိုတာဘာမှန်းမသိတဲ့အိမ်ရှင်မတယောက်ကို ခန့်ပြီးအရေးကြီးတဲ့အင်တာဗျူးလုပ်ခိုင်း၊ နအဖကမွေးထားတဲ့အာအက်အေသတင်းသမားကို ကြံ့ဖွံ့နဲ့ အင်တာဗျူးခိုင်းပြီး ကြံ့ဖွံ့ရဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့လုပ်ငန်းစဉ်တွေကိုပြောပြပါအုန်း၊ ဒီလို ကောင်းမြတ်တဲ့လုပ်ရပ်တွေလုပ်နေပါရက်နဲ့ ဝေဖန်သံတွေထွက်လာတာဘာကြောင့်ပါလဲဆိုပြီးတော့နပ်ကြောင်းပေးပြီး ၀ါဒဖြန့်ဖို့လမ်းဖွင့်ပေးတာမျိုး။ ဒါတွေကသမိုင်းမှာလိမ်လို့ မရတဲ့လုပ်ရပ်တွေပါ။ ပြည်တွင်းကလှုပ်မရတဲ့သူတွေကို မီဒီယာလွတ်လပ်ခွင့်ဆိုတဲ့ပေတံကြီးနဲ့ချောင်ပိတ်တဲ့မေးခွန်းတွေမေး၊ လူထုကအထင်သေးအောင်လုပ်၊ သက်စွန့်ဆံဖျားလုပ်နေကြတဲ့ ပြည်တွင်းကကျောင်းသားတွေကို မီဒီယာကျင့်ဝတ်ချိုးဖောက်ပြီး သူတို့ရဲ့လှုပ်ရှားမှုကိုမပြောဖို့တောင်းပန်ထားတာတွေထဲ့ပြော ထဲ့ကြေငြာလုပ်တော့ကျောင်းသားတွေအဖမ်းခံရ။ ဒါတွေဖြစ်ခဲ့တယ်။ မီဒီယာလက်မှာသွေးစွန်းနေပြီဆိုတာသတိမူစေချင်တယ်။
ကျောင်းသားဆက်ဆိုရင် မလိုချင်ဘူး ဇာတ်ရှုတ်တယ်။ နိုင်ငံေ၇းနဲ့လုံးဝကင်းရှင်းတဲ့လူကိုဘဲ နေရာပေးမယ်ဆိုတဲ့ အာအက်အေရဲ့ဒုတိယမြောက်မြန်မာဌာနမှူးဒေါ်ငြိမ်းရွှေရဲ့ ပေါ်လ စီက ဘာဖြစ်နေသလဲဆိုရင် နိုင်ငံရေးစိတ်ဓါတ်၊နိုင်ငံချစ်စိတ်လုံးဝကင်းရှင်းတဲ့၊ကိုယ်ကျိုးရှာလူ့ဗလနံတစုကို နေရာပေးဖို့လမ်းထွင်တာသက်သက်ပါဘဲ။ ဒါပေမဲ့ဒီပေါ်လစီက နိုင်ငံရေး၊နိုင်ငံအရေး၊လူထုအရေးဆိုတဲ့မြင့်မြတ်တဲ့အဓိပ္ပါယ်ကို တန်ဖိုးမဲ့အောင်လုပ်လိုက်တာဘဲ။

ကိုယ်ကိုတိုင်က မြန်မာအာဏာပိုင်တွေရဲ့အာဏာစက်ကနေလွတ်ရာကျွတ်ရာရောက်နေ၊ မြန်မာလူထုအတွက် နိုင်ငံတကာကထောင်ပေးတဲ့ဌာနမှာနေရာဝင်ယူ၊ မြန်မာပြည်သူတွေအတွက်ပေးထားတဲ့ငွေကိုဖဲ့စား၊ ပြီးတော့ ဗမာပြည်ဒီမိုကရေစီအရေးမပြောနဲ့ ကိုယ့်လက်လှမ်းမှီသလောက်မှာရှိနေတဲ့မြန်မာတွေကိုတောင်မှ မတန်မရာလူတွေလို့သဘောထားနေတဲ့ မီဒီယာအုပ်ချုပ်သူများကိုပြည်တွင်းပြည်ပကပြည်သူတွေသတိမူမိဖို့ လိုလာပါပြီ။ ငရဲခွေးကြီးကိုလွှတ်မထားကြပါနဲ့။စောင့်ကြည့်ကြပါ။ထောက်ပြကြပါ။ မတရားမှုတွေ ဆိတ်ကွယ်ရာမှာကြာကြာရောက်နေရင်နိုင်ငံနစ်နာပါတယ်။ ကိုယ်သိတာရှိရင်လည်းဝေငှကြပါ။ ဒေါ်စုပြောသလိုပါဘဲ။ ကိုယ်လုပ်နိုင်တာတွေရှိပါတယ်။ ကူနိုင်သလောက်ဝိုင်းကူကြပါ။ ပြည်သူတွေရဲ့ ဒုက္ခကိုအရင်းပြုပြီးကိုယ်ကျိုးရှာနေသူတွေကိုဖယ်ရှားပစ်ကြပါ။ နိုင်ငံတကာမှာမြန်မာသိက္ခာချမဲ့လူတွေကို ငရဲခွေးလိုလွှတ်မထားကြပါနဲ့လို့တိုက်တွန်းပါတယ်။

ရေးသားသူ လွင်မိုး ...မှ ရှယ်တင်လိုက်ပါတယ်။
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။