Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 7, 2012

မူပိုင်ခွင့် ဥပဒေတွေကို ဘာသာပြန်နေသူ ကျားပေါက်

အောက်တိုဘာ ၂၇ ရက်၊ မျှော်စင်ကျွန်းက S.I.R Show ပွဲမှာ မီးကုန်ယမ်းကုန် ပရိသတ်နဲ့ တစ်သားတည်း ကျအောင် ဖျော်ဖြေခဲ့တဲ့ ကျားပေါက် က Blood Sugar Politik အနေနဲ့ ခဏနားထားပြီး 1.11 MTV ကို အပြီးသတ် ရိုက်ကူးဖို့ ပြင်ဆင်နေပါ တယ်။
“မိုးလည်းကုန်ပြီဆို တော့ အလုပ်များတဲ့ရာသီ ရောက်တော့မှာ ဖြစ်တဲ့ အတွက် 1.11 MTV အပြတ် ဖြတ်ရတော့မယ်။ ပြီးရင် ရှေ့လထဲ မှာတော့ Big Bag နောက် အခွေ အတွက် စပြီး တီးတော့မယ်” လို့ ကျားပေါက်က ပြောပါတယ်။ အခွေတွေ လည်းဆက်တိုက် ထွက်ရှိခဲ့ပြီး သီချင်းတွေလည်း တောက်လျှောက် ရေးဖြစ်နေတဲ့ ကျားပေါက်ကို တစ်ခါတလေမှာ သီချင်း ရေးရင် သံစဉ်တွေ ထပ်ပြီး ငြီးငွေ့တာမျိုး တွေကြုံဖူးလားလို့ မေးကြည့်တော့ “ကိုယ့်ကိုယ်ကိုယ် မထပ်အောင်တော့ ကြိုးစား တယ်။ ဒါပေမဲ့ ကျွန်တော်က တစ်ယောက်တည်း ရေးတာဖြစ်တဲ့ အတွက် အခြေခံကတော့ တူနေမှာပါပဲ။ ဒါပေမဲ့ ပုံစံ မထပ်အောင်တော့ လုပ်တယ်။ လုပ်ရင်း လုပ်ရင်းနဲ့ တစ်ခွေနဲ့ တစ်ခွေ ပုံစံတွေ တအား ကွဲသွားတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားသာတာက ၄ယောက် ဝိုင်းပြီး စဉ်းစားတာ ဖြစ်တဲ့အတွက် တစ် ယောက် ထပ်နေပြီ ဆိုတာနဲ့ တစ်ယောက်က သတိပေးကြတယ်” လို့ ပြောတဲ့ ကျားပေါက်က မငြီးငွေ့အောင် အမြဲနေတယ်လို့ ပြောပါ တယ်။

“ကျွန်တော့်စိတ်ထဲမှာ မငြီးငွေ့အောင် အမြဲနေတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဒီအလုပ်ကို အကြာကြီး လုပ်ချင်လို့ပါ။ ဝုန်း ဒိုင်းနဲ့ အများကြီး တစ်ခါတည်း လုပ်ပြီး ပျောက်သွားတာမျိုး မဖြစ်ချင်ဘူး။ အဲဒါကြောင့် တူရိယာတွေ ဆိုလည်း အသစ်တွေ တစ်ခုပြီး တစ်ခု ကျွန်တော့်ဘာသာ လျှောက်စမ်းတီးပြီး အဲဒီလို မငြီးငွေ့အောင် အမြဲနေရတယ်။ ကိုယ်က ဒီဟာကို ကြိုက်ပြီး ဒီထဲမှာ အမြဲနေချင်တာကိုး” လို့ ကျားပေါက်က ဂီတ လောကထဲမှာ အကြာကြီး နေချင်တဲ့ အကြောင်း ကို ပြောပါတယ်။
ကျားပေါက်က လတ်တလော မှာတော့ 1.11 MTV ကို စိတ်တိုင်းကျ ရိုက်ကူးနေပြီး ဆင်ဆာတွေလည်း အရင်ထက် လျှော့ပေါ့ လာပြီ ဖြစ်တာကြောင့် 1.11 MTV မှာ အရင် နဲ့မတူတဲ့ တင်ပြပုံ ဆန်းဆန်း၊ အကြောင်း အရာ ဆန်းဆန်းတွေတွေ့လာရမလား ဆိုတော့..
“အခုက အများကြီး တွေးလို့ လုပ်လို့ ရသွားပါပြီ။ ကျွန်တော်တို့ MTV ကို စိတ်မပါဘူး ဆိုတာက ကျွန်တော်တို့ တကယ် လုပ်ချင်တဲ့ ပုံစံ အတိုင်းဆို ပြီးခဲ့တဲ့ ဆင်ဆာ နဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ အခုတော့ တွေးချင်တာ၊ လုပ်ချင်တာတွေကို အများကြီး လုပ်လို့ ရပြီ ဖြစ်လို့ အရင်ထက်တော့ ပြင်းပြင်းထန်ထန် ဖြစ်မယ် ထင်တယ်။ အခုရိုက် ပြီးသလောက် ကိုလည်း အားရပါတယ်” လို့ ကျားပေါက် ကပြောပြီး ဒီဇင်ဘာလောက်မှာ ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။
ဂီတ အစည်းအရုံးမှာလည်း နိုင်ငံခြား ဆက်ဆံရေးမှူး အနေနဲ့ တာဝန် ယူထားတဲ့ ကျားပေါက်က လက်ရှိမှာတော့ ပြည်ပက မူပိုင်ခွင့် ဥပဒေတွေကို ဘာသာပြန်နေ တယ် လို့လည်း သိရပါတယ်။ “ကျွန်တော်တို့မှာက register လုပ်မယ် ဆိုရင် လျှောက်လွှာက အစ မရှိဘူး။ အဲဒီတော့ ဟိုက ဥပဒေတွေနဲ့ ကိုယ်တွေနဲ့ အနီးစပ် ဆုံးဖြစ်အောင် ဘာသာ ပြန်ရတာပေါ့” လို့ ကျားပေါက်က လက်ရှိမှာ သူလုပ် ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ရဲရဲ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။