Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 22, 2012

ဂျာနယ်ပေါ်မှ ဂုဏ်သိက္ခာ

By သက္က မိုးညို on Thursday, November 22, 2012 at 6:09pm


၁။ လူသားအားလုံးသည် တူညီ၍ လွတ်လပ်သော ဂုဏ်သိက္ခာ၊အခွင့်အရေးများဖြင့် မွေးဖွားလာသော သူများဖြစ်ကြသည်။ All human beings are born free and equal in dignity and rights. (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ ၁၉၄၈ အာတီကယ်-၁)


၂။ အင်မတန် စိတ်မကောင်း ဖြစ်ရသော ကိစ္စ ဖြစ်ပါသည်။ ဟိုတယ်တစ်ခု၏ ပွဲတစ်ခုတွင်ဖြစ်သည်။ မည်သည့်ပွဲမှန်းမသိပါ။ အ၀တ်အစားနွမ်းနွမ်း၊ ရာဘာဖိနပ်လေးစီးထားသူ ဦးလေးကြီးတစ်ဦးက သူ့ကိုယ်တာ အဖြစ်ရသော စားဖွယ်မုန့်လေးကို တစ်ရှူးပေပါလေးနှင့်ထုတ်၍ ဟိုတယ်ဝန်ထမ်းလေးများ၏ ရှေ့မှာပင် အိတ်ထဲထည့်ယူဆောင်သွားသည်။ ဂျာနယ်လစ်တို့၏ ဘိုးအေဟုပင်ဆိုရမည့် သူတစ်ဦးက ဂျာနယ် မျက်နှာဖုံးတွင် မျက်နှာကိုမဖျက်၊ သုံးလေးပုံဆက်၍ထည့်ကာ ဤသို့သော သူများကြောင့် ဂုဏ်သိက္ခာထိခိုက်ရပါသည်ဟု စွပ်စွဲပြောဆိုသည်။ သူ၏ ဖေ့ဘုတ်စာမျက်နှာတွင် တင်လာသည်။ အို……လောကဟူ၍သာ ညည်းတွားလိုက်ချင်သည်။ လူတစ်ယောက်၏ ဂုဏ်သိက္ခာဟူသည် အဘယ်ပါနည်း။

၃။ ဦးလေးကြီး လုပ်ရပ်သည် မှန်ကန်သော လုပ်ရပ်ဟု မပြောလိုပါ။ သို့သော် သူ၏ ဂုဏ်သိက္ခာကို အပွန်းပဲ့ခံ၍ သူချစ်သော မိသားစုဝင် သားဖြစ်စေ၊ ဇနီးဖြစ်စေ၊ မြေးဖြစ်စေ တစ်ဦးဦးကို ကျွေးမွေးလိုသော စေတနာကို မြင်ရနိုင်ပါသည်။ အဆင့်မြင့်ဟော်တယ်တစ်ခုမှ အစားအစာကို ရောက်ရှိစားခွင့်ကြုံရန် ခဲယဉ်းသူ မိသားစုဝင်တစ်ဦးအား စားစေချင်သော စိတ်ကို နားလည်နိုင်ပါသည်။ မိမိကိုယ်တာကို မိမိအိမ်သို့ ထည့်သွင်းယူဆောင်ခြင်းသည် ကျင့်ဝတ်ဖောက်ဖျက်မှု မဟုတ်ပါ။ ခိုးဝှက်မှုမဟုတ်ပါ။ ထပ်၍ ဆိုရပါဦးမည်။ ငွေကြေး ထောင်းသောင်းချီ၍ တန်သော အရာမဟုတ်ပါ။ သို့ပါလျှက် ဂျာနယ်စာမျက်နှာပေါ်ဝယ် ကိုယ့်မျက်နှာပြူးပြူးကြီးတင်လျှက် စော်ကားခံရပါသည်။ လူတစ်ယောက်၏ ဂုဏ်သိက္ခာဟူသည် အဘယ်နည်း။

၎။ ဤနိုင်ငံဝယ် အာဏာတည်မြဲရေးအတွက် ရဟန်းသံဃာပင် မရှောင် ရက်ရက်စက်စက် နှိပ်စက်ညှင်းပမ်းခဲ့သူများရှိပါသည်။ ပြည်သူပြည်သားတို့၏ အသက်သွေး ချွေးတို့ကိုနင်းခြေလျှက် စည်းစိမ်အပြည့်နှင့် ၀ိဘတ်တရား၏ နောက်ပိုးတက်မှုကို မကြုံရသေးသော သူများ များစွာ ကျန်နေပါသေးသည်။ ထိုသူများ၏ ပိုင်ဆိုင်ထားသောငွေကြေး၊ ရရှိထားသော စည်းစိမ်ဥစ္စာ၊ ကျူးလွန်ခဲ့သော ပြစ်မှုများကို ဤ ဦးလေးကြီး၏ မုန့်လေးတစ်ခု အိမ်ကိုထည့်ယူချင်မိသည့် ပြစ်မှုမမြည်သော ပြစ်မှုနှင့် နှိုင်းယှဉ်ကြည့်စေချင်ပါသည်။ ဂျာနယ်တရားခွင်ဝယ် ဓားစားခံဖြစ်ရရှာလေသော ဦးလေးကြီးအား ကြားထဲမှ ရှက်ကြောက် အားနာ ဖြစ်ရလွန်းပါသည်။ ရှက်ထိုက်သူက မရှက်သည့်တိုင် ကြားထဲမှ ပုံကိုကြည့်ရ၊ ဂျာနယ်ကို ဖတ်ရသည်ကိုပင် မျက်နှာပူရလွန်း၊ အားနာရလွန်းပါသည်။ ကာယကံရှင်ဆိုလျှင် မည်သို့ ခံစားရမည်နည်း။ ကာယကံရှင်မိသားစု လောကအလည်တွင် မည်သို့ မျက်နှာပြရမည်နည်း။

၅။ ဂျာနယ်တို့သည် အမှန်တရား၊ အမှန်တရား တွင်တွင်ပြောသည်။ အမှန်တရားထက် အရေးကြီးသော အကျိုးသက်ရောက်မှုကို အဘယ်ကြောင့် မကြည့်ကြပါသနည်း။ ပြည်သူလူထုအကျိုးရှိမှသာလျှင် အမှန်တရားကို ဖေါ်ပြရပေမည်။ နာမည်ကြီး အိမ်ထောင်ရှိ ရုပ်ရှင်မင်းသားတစ်ဦး တက်သစ်စ မင်းသမီးလေးနှင့် တိတ်တဆိတ်ခိုးတွေ့ခြင်းသည် လူစိတ်ဝင်စားမှုရှိမည့် သတင်းဖြစ်သော်လည်း ပြည်သူ့ အကျိုးစီးပွားအတွက်မူ သတင်းတန်ဖိုး အနည်းငယ်မျှမရှိပါ။ ဂျာနယ်တို့သည် ပြည်သူ့ အကျိုးကို ကြည့်ရမည်။ ထိုသို့ ကြည့်ရာတွင်လည်းမည်သူတစ်ဦးတစ်ယောက်ကိုမှ အကြောင်းမဲ့ ထိခိုက်နစ်နာစေခြင်း မရှိစေရန် ဂရုစိုက်ရပါသည်။ သို့သော် အနည်းဆုံး ဂျာနယ်တစ်စောင်ကတော့ဖြင့် မကြည့်လေပြီ ဖြစ်ခဲ့ပါသည်။ မုန့်ယူခြင်းနှင့် ဂုဏ်သိက္ခာကို မဆီမဆိုင်ဆွဲစပ်ပြလေသော ဂျာနယ်လစ်ဘိုးအေကြီး (စိတ်ဓာတ်ကိုမူ ဘိုးအေဟု မပြောနိုင်ပါ၊ လုပ်သက်အရသာ ပြောရပါသည်၊ အချို့သော ဂုဏ်သိက္ခာရှိသည့် ကလေးများကိုပင် စိတ်ဓာတ် အကျင့်အကြံမမှီပါ) အားလည်း အံ့သြရပါသည်။ မုန့်ယူခြင်းသည် သိန်းကျော်တန် ကင်မရာ လက်ဆောင်ယူခြင်းမဟုတ်ပါ။ ပုလင်းပေး၍ သတင်းရေးခြင်းလည်း မဟုတ်ပါ။

၆။ ပြောရလျှင် မြန်မာပြည် ဂျာနယ်တစ်ခုမှ လူ့သိက္ခာ အခွင့်အရေးကို အရက်စက်ဆုံး ချိုးဖောက်လိုက်ခြင်းဖြစ်ပါသည်။ ကာယကံရှင်နှင့် ပတ်သက် ဆက်နွယ်နေသော မိသားစုဝင်များ ပတ်ဝန်းကျင်ဝယ် မျက်နှာမပြရဲအောင် လူသားဂုဏ်သိက္ခာကို ချနင်းလိုက်ခြင်းပင်ဖြစ်ပါသည်။ လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမည့် မီဒီယာတစ်ခုမှ လုပ်ဆောင်လိုက်ခြင်းဖြစ်၍ ပို၍ ရင်နာရပါသည်။ ဖတ်သူလည်းအကျိုးမရှိ၊ မှန်လည်းမမှန်ကန်၊ ဖတ်ရသည်ကိုလည်း နှစ်သက်ဖွယ်မရှိသော သတင်းမဟုတ်သည့် သတင်းတစ်ပုဒ်ကြောင့် မိသားစု ဆွေစဉ်မျိုးဆက် ထိခိုက်နာကျင်မှုများကို မည်သို့ ဖြေဆည်စေနိုင်ပါမည်နည်း။

၇။ အခြားသော မီဒီယာများကလည်း ဤကိစ္စကို ကန့်ကွက်ပေးစေချင်ပါသည်။ လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို အစော်ကားခံရခြင်းမှာ ရာဘာဖိနပ်အနွမ်းလေးကြောင့်လော၊ ဆီကင်းဝေးနေသည့် ဆံပင်ကြောင့်လော၊ နွမ်းပါးသည့် အ၀တ်အစားကြောင့်လော။ အမှားမဟုတ်ပါပဲနှင့် လူပေါင်းသန်းနှင့်ချီ၍ ဖတ်သော ပရင့်မီဒီယာပေါ်တင်၍ စော်ကားခံရခြင်းကို အခြားသော စတုတ္ထမဏ္ဍိုင်မှ ပုဂ္ဂိုလ်များ ကြည့်နေရန် မသင့်ပါ။ မှားသူက မှားသည့်တိုင် မှန်သူက လူသားဂုဏိသိက္ခာကို ဖြည့်တင်းပေးရပါမည်။ ဤကိစ္စသည် အသရေဖျက်မှုဖြစ်ပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုတွင် ထိပ်ဆုံးမှ တင်ထားရသော လူသားဂုဏ်သိက္ခာကို ထိပါးမှုဖြစ်သည်။

၈။ ဤကိစ္စသည် အသရေဖျက်မှုနှင့် တရားရုံးသို့ ဦးတိုက် လျောက်ထား၍ ရသောကိစ္စဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ကော်မရှင်ရုံးသို့ တိုင်ကြား၍ ရသော အရာဖြစ်သည်။ ငါဂျာနယ်လစ်၊ ငါ့လက်ထဲမှာ ကလောင်ရှိတယ်ဆို၍ ရေးချင်ရာရေးခွင့်၊ လူတစ်ဦးအား အကြောင်းမဲ့ စော်ကားခွင့် မရှိပါ။ အခြားမှန်ကန်စွာနေကြသော ဂျာနယ်လစ်များလည်း သိက္ခာကျပါသည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး အနံ့ မထွက်စေချင်ပါ။ အဖိုးမတန်သော မုန့်လေးအတွက် လူသားသိက္ခာကို ထိပါးစော်ကားခံရသော ဦးလေးကြီးအား ဂျာနယ်စာမျက်နှာပေါ်မှ တရားဝင် တောင်းပန်ပေးရန် ဤနေရာမှ လေးနက်စွာတောင်းဆိုပါသည်။ အခြားသော မီဒီယာများလည်း ကူညီပေးကြပါရန် တောင်းဆိုပါသည်။ ဒီအတိုင်းတော့ ကြည့်မနေနိုင်ပါ။

၉။ ထပ်၍ ဆိုပါမည်။ ဒီအတိုင်းတော့ ကြည့်မနေနိုင်ပါ။ ။


ခရက်ဒစ် မော်နီတာဂျာနယ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။