By Htun Aung Gyaw on
Thursday, November 22, 2012 at 6:51pm
ဒီနေ့ဟာကျွန်တော်အနေနဲ့
ဖွံ့ဖြိုးရေးမှာဦးဆောင်နေတဲ့အေဂျင်စီတခုဖြစ်တဲ့ USAID အမေရိကန်ရဲ့ထောက်
ပံ့ကူညီမှုရန်ပုံငွေ မစ်ရှင်ကို မြန်မာပြည်မှာကိုပြန်လည်စိုက်ထူ နိုင်ခဲ့
တဲ့အတွက်ဂုဏ်ယူမိပါတယ်။
ခင်ဗျားတို့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို လုပ်နေတဲ့ လမ်းကြောင်း အတိုင်းသွားနေစဉ်အတွင်းအမေရိကန်မှ ခင်ဗျားတို့နဲ့လက်တွဲပြီး ယခင်ကအာရှတိုက်ရဲ့ဝမ်းဗိုက်လို့တင်စားရလောက်အောင်ဆန်ရေစပါးပေါများတဲ့တိုင်း ပြည်ပြန်ဖြစ်လာနိုင်တဲ့စွမ်းရည်နဲ့ပြည်သူတွေကိုကျွေးမွေးနိုင်အောင်၊နာမကျန်းဖြစ်နေသူတွေကိုဆေးကုသပေး နိုင်အောင်နဲ့ ဒီမိုကရေစီအဆောက်အအုံများ တည်ဆောက်ရေးမှာအင်တိုက်အားတိုက်ကူညီသွားမှာဖြစ်ပါတယ်။
ခင်ဗျားတို့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို လုပ်နေတဲ့ လမ်းကြောင်း အတိုင်းသွားနေစဉ်အတွင်းအမေရိကန်မှ ခင်ဗျားတို့နဲ့လက်တွဲပြီး ယခင်ကအာရှတိုက်ရဲ့ဝမ်းဗိုက်လို့တင်စားရလောက်အောင်ဆန်ရေစပါးပေါများတဲ့တိုင်း ပြည်ပြန်ဖြစ်လာနိုင်တဲ့စွမ်းရည်နဲ့ပြည်သူတွေကိုကျွေးမွေးနိုင်အောင်၊နာမကျန်းဖြစ်နေသူတွေကိုဆေးကုသပေး နိုင်အောင်နဲ့ ဒီမိုကရေစီအဆောက်အအုံများ တည်ဆောက်ရေးမှာအင်တိုက်အားတိုက်ကူညီသွားမှာဖြစ်ပါတယ်။
ဒီနိုင်ငံဟာသဘာဝရင်းမြစ်ပေါကြွယ်ဝမှုမှာနံမည်ကြီးပါတယ်၊
ဒီသဘာဝရင်းမြစ်တွေကိုခေါင်းပုံဖြတ်အမြတ် ထုတ်ခြင်းမှ ထိမ်းသိမ်းစောင့်ရှောက်ရ
မှာဖြစ်တယ်။ ကျွန်တော်တို့အားလုံးသတိရဖို့ကမ္ဘာစီးပွါးရေးမှာနိုင်ငံရဲ့
အဓိကရင်းမြစ်ဟာလူသားရင်းမြစ် ပြည်သူတွေဘဲဖြစ်တယ်။
ဒါကြောင့်ခင်ဗျားတို့အပေါ်မှာရင်းနှီးမြှုပ်နှံမှုဟာတိုင်း
ပြည်အတွက်ကြီးပွါးချမ်းသာရေးတံခါးကိုဖွင့်လိုက်တာနဲ့အတူတူပါဘဲ။
ဘာကြောင့်လဲဆိုတော့တိုင်းပြည်ရဲ့အရည်
အသွေးဟာသူ့ပြည်သူတွေကိုအင်အားရှိလာအောင်လုပ်ပေးခြင်းသာဖြစ်တယ်။
အထူးသဖြင့်လူငယ်တွေပါဘဲ။
ပညာရေးဟာအမေရိကန်နိုင်ငံရဲ့အနာဂတ်ရဲ့သော့ချက်ဖြစ်တယ်။
ဒီလိုဘဲခင်ဗျားတို့ရဲ့အနာဂါတ်ရဲ့သော့ချက် လဲဖြစ်တယ်။
ခငိဗျားတို့နဲ့ရှေ့ဆက်ပြီးအတူတူတွဲလုပ်ကြဖို့ရှိပါတယ်။ခင်ဗျားတို့ရဲ့အိမ်နီးချင်းများနဲ့လဲပူးတွဲ
ပြီး ဒီအခွင့်အရေးကိုအသုံးချပြီးကျောင်းသားများအချင်းချင်းပညာရေးဖလှယ်ကြတာတွေ၊
နောက်ကျွန်တော်တို့ အနေနဲ့ဒီနိုင်ငံကကျောင်းသားတွေ အမေရိကန်ကိုလာပြီး
ကျွန်တော်တို့ဆီမှာလေ့လာသလို၊ အမေရိကန်က ကျောင်းသားတွေကလဲ ဒီနိုင်ငံကိုလာပြီး
လေ့လာသင်ယူတာကိုလိုလားပါတယ်။
ထိုအမှန်တရားဟာကျွန်တော်ကိုတတိယလွပ်လပ်ခွင့်ကိုဦးတည်စေပါတယ်။
ဒီအချက်ကိုကျွန်တော် ဆွေးနွေး လိုပါတယ်၊ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်၊
ဘယ်ဘာသာကိုမဆို သင်လွတ်လပ်စွာ ကိုးကွယ်နိုင်ပါတယ်၊ ခင်ဗျား
တို့ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့လူ့ဂုဏ် သိက္ခာတခုဖြစ်ပါတယ်။
ဒီနိုင်ငံဟာကျွန်တော့နိုင်ငံလိုဘဲလူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။
လူတွေဟာတယောက်နဲ့တယောက် အသွင်အပြင်မတူကြဘူး၊ ဘယ်သူကမှနယ်မြေတခုထဲကလာကြတာမဟုတ်ဘူး၊
ဘယ်သူမှတူညီတဲ့ကိုးကွယ် မှုကိုမပြုကြဘူး၊ ခင်ဗျားတို့မြို့တွေ ၊မြို့လေး
တွေမှာဘုရားပုထိုးတွေ၊ ဘုန်းကြီး ကျောင်းတွေ ၊ မော့စ်တွေ၊ ချပ်ဘုရား
ကျောင်းတွေဟာတခုနဲ့တခုဘေးတိုက်ကပ်လျှက်တည်ရှိနေကြတယ်၊ ရာကျော်ရှိနေတဲ့လူမျိုးစု
တွေဟာခင်ဗျားတို့နိုင်ငံရဲ့သမိုင်းတခုဖြစ်ပါတယ်၊
ဒီနိုင်ငံအဝန်းအဝိုင်းထဲမှာဘဲ ကမ္ဘာအရှည်ကြာ ဆုံးပုန်
ကန်ဆူပူမှုဟာလဲရှိနေခဲ့ပါတယ်။
ဒီလိုဖြစ်ပျက်နေတာကြောင့်မရေမတွက်နိုင်တဲ့လူ့အသက်ပေါင်းများစွာဆုံးရှုံး
ခဲ့ရသလို၊ မိသားစုများစွာလဲပြိုကွဲ ပျက်စီးခဲ့ကြရတယ်၊
ဒီအချက်ကတိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးလမ်း မှာအတား
အစီးဖြစ်နေခဲ့တယ်။
ဘယ်လိုပြုပြင်ပြောင်းလဲရေးကမှအမျိုးသားပြန်လည်သင့်မြတ်ရေးမရှိဘဲလုပ်လို့မရနိုင်ဘူး၊
(လက်ခုပ်သံများ)
ခင်ဗျားတို့ဟာအခုအချိန်မှာအလွန်ကောင်းမွန်တဲ့အခွင့်အလန်းကိုရရှိထားတယ်၊
ဒါကတော့အပြစ်အခတ်စဲရေး ကနေခိုင်မြဲတဲ့သဘောတူညီမှုကိုရရှိဘို့ဘဲဖြစ်တယ်။
ငြိမ်းချမ်းရေးရရှိဖို့ကြိုးစားကြတဲ့နေရာမှာပဋ္ဋိပက္ခတွေဆက်
ဖြစ်နေတဲ့ကချင်ပြည်နယ်၊လဲငြိမ်းချမ်းဖို့လိုတယ်။
ဒီလိုရေရှည်ငြိမ်းချမ်းရေးရဖို့ကြိုးစားဆောင်ရွက်ရာမှာလူလူချင်း
စာနာထောက်ထားရေးအကူအညီတွေ ကိုလိုအပ်နေသူတွေကိုပေးဖို့နဲ့
ထွက်ပြေးတိမ်းရှောင်နေရသူတွေကို သူတို့ နေရာ ဒေသတွေမှာပြန်လည်နေရာ
ချထားပေးဖို့လိုတယ်။
ဒီနေ့ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကိုကြည့်တဲ့အခါဒုက္ခမျိုးစုံခံစားနေရတာတွေတွေ့နေရတယ်၊
နောက်ပြီးဆက်လက်ပြီးတင်းမာမှုတွေရှိနေတဲ့အန္တရာယ်တွေကိုလဲမြင်နေရတယ်၊
နှစ်ပေါင်းများစွာဒီပြည်နယ်မှာ ရခိုင်လူမျိုးတွေ အပါအဝင်ပြည်နယ်သားတွေဟာ
ဆင်းရဲမွဲတေမှုတွေနဲ့အရေးယူအ ပြစ်ပေးမှုတွေကြားမှာ ချွတ်ခြွုံ ကျသွားခဲ့ရတယ်။
ဒါပေမဲ့အပြစ်မဲ့တဲ့သူတွေအပေါ်မှာအကြမ်းဖက်လုပ်ရပ်များကိုတော့ဘယ် အကြောင်းပြချက်
နဲ့မှလက်မခံနိုင်ဘူး။ ရိုဟင်ဂျာတွေဟာရပ်တည်ခဲ့တယ်၊ခင်ဗျားတို့သိက္ခာရှိရှိ ရပ်တည်
သလိုသူတို့လဲရပ်တည် ခဲ့တယ်၊ ကျွန်တော်လဲရပ်တည်ခဲ့တယ်။
အမျိုးသားရင်ကြားစေ့ရေးဟာအချိန်ယူရပါလိမ့်မယ်၊
ဒါပေမဲ့လူလူချင်းစာနာထောက်ထားတဲ့ရှုဒေါင့်ကနေ ပြီး ဒီတိုင်းပြည် အနာဂါတ်အတွက်
ကြည့်ရင် အကြမ်းဖက်မှုလုပ်ရပ်တွေနဲ့ လှုံဆော်မှုတွေကိုရပ်ဖို့သင့်ပါတယ်။
ကျွန်တော့်အနေနဲ့အစိုးရက တရားမျှတမှုမရှိတာတွေ၊ တာဝန်ယူမှုတွေ
နဲ့လူသားချင်းစာနာထောက်ထားမှုရရှိဖို့ တွေ
အပြင်နိုင်ငံသားကိစ္စကအစထုတ်ဖေါ်ပြောဆိုမှုအတွက်ကြိုဆိုပါတယ်။ ဒါဟာခင်ဗျားတို့
ရှေ့တိုးလုပ်သ လောက် ကမ္ဘာကြီးကထောက်ခံအား ပေးမဲ့အမြင်ကျယ်မှု
ဖြစ်ပါတယ်။
နိုင်ငံတိုင်းဟာနိုင်ငံသားဖြစ်မှုကိစ္စကိုအမြဲဖြေရှင်းနေရတယ်၊
အမေရိကမှာလဲဒီကိစ္စဟာအကြီးအကျယ်ငြင်းခုန်နေ ရတဲ့ အကြောင်းအရာကြီးဖြစ်နေစဲဖြစ်တယ်။
ယနေ့အထိ ဆက်ပြီးရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ ဟာရွေ့ပြောင်းအခြေချလာ
သူများစုပေါင်း တည် ထောင်ထားတဲ့နိုင်ငံဖြစ်နေတဲ့အတွက်ကြောင့်ဘဲဖြစ်တယ်။
လူတွေဟာကမ္ဘာ့နေရာ မျိုးစုံကနေလာကြတယ်၊ ကျွန်တော်တို့အမေရိကမှာ
ဘာကိုသင်ကြားလေ့လာမိသလဲ ဆိုတော့ တချို့အခြေခံမူတွေဟာလူသားအား
လုံးနဲ့သက်ဆိုင်တယ်ဆိုတာတွေ့ရတယ်၊ ဘာဘဲဖြစ်ဖြစ်ခင်ဗျား ဘယ်မှာ နေတယ်၊
ဘယ်ကလာတယ်၊ဘယ် ဘာသာ ကိုကိုးကွယ်တယ်၊ ဆိုတာအရေးမကြီးဘူး။ လူတိုင်းဟာ
လွတ်လပ်စွာနေထိုင်နိုင်ခွင့်ရှိရမယ်။ ချိမ်းခြောက်ခံရ
မှုမရှိဘဲမိသားစုနှင့်အတူနေထိုင်နိုင်ခွင့်၊ ခင်ဗျားဟာ ဘယ် သူဖြစ်လို့ဘယ်နေရာက
လာလို့ ဆိုတဲ့အတွက်ကြောင့် ခင်ဗျားနေအိမ်ကို
မီးရှို့ခံရခြင်းမရှိစေရဘူး၊
ခင်ဗျားတို့နိုင်ငံသားတွေကသာခင်ဗျားတို့ရဲ့ပြည်ထောင်စုကြီးကိုအဓိပ္ဗါယ်ဖေါ်တည်ထောင်နိုင်မှာဖြစ်တယ်၊
ဒီနိုင်ငံရဲ့နိုင်ငံသားဆိုတာဘယ်လိုအဓိပ္ဗါယ်ဖွင့်ဆိုမလဲ။
ကျွန်တော့မှာယုံကြည်မှုရှိပါတယ်၊အကယ်၍ခင်ဗျားတို့ ဒီအချက်တွေကို
လိုက်နာလုပ်ဆောင်ကြ မယ်ဆိုရင် အမျိုးမျိုးကွဲပြားခြားနားမှု များ
ဟာအင်အားဖြစ်တယ် အားနဲ ပျော့ညံ့တာမဟုတ်ဘူးလို့
လက်ခံခဲ့မယ်ဆိုရင်ခင်ဗျားတို့တိုင်းပြည်ဟာပိုမိုအားကောင်းလာမှာအမှန်ဖြစ်တယ်ဘာ
ကြောင့် လဲဆိုတော့မတူညီတဲ့ယဉ်ကျေးမှုတွေများပြားစွာတည်ရှိနေလို့ဘဲဖြစ်တယ်။
ဒါပေမဲ့ခင်ဗျားတို့ဟာ ဒီအခွင့် အရေးကိုအမိအရဖမ်းနိုင်ဖို့လိုတယ်။
ဒီအင်အားကိုအသိအမှတ်ပြုဖို့လိုတယ်။
ကျွန်တော်ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ကျွန်တော့နိုင်ငံနဲ့ကျွန်တော့အတွေ့အကြုံအရမတူကွဲပြားနေတဲ့လု့အဖွဲ့အစည်းရဲ့စွမ်းအားကိုသိရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာခရစ်ယန်တွေ ၊ ဂျူးတွေ၊ မွတ်ဆလင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊
ဟိန္ဒူတွေ၊ ဘာသာမဲ့တွေ တို့ရဲ့နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့သမိုင်းဟာဘာသာ
စကား မျိုးစုံနဲ့ပုံဖေါ်ထားခဲ့ပါတယ်၊
ယဉ်ကျေးမှုများပေါင်းစုံထားတဲ့ကြွယ်ဝမှုရှိပါတယ်၊ ကျွန်တော်တို့မှာကမ္ဘာ့ဒေါင့်
စုံကလူမျိုးစုံရှိပါတယ်၊ ကျွန်တော်တို့ဟာပြည်တွင်းစစ် နဲ့
လူလူချင်းခွဲခြားဆက်ဆံမှု ရဲ့ခါးသည်းမှုကိုလည်း မြည်း စမ်းခဲ့ရဘူးပါတယ်၊
ဒါပေမဲ့ကျွန်တော်တို့သမိုင်းကလူသားချင်းမုန်းတီးမှုဟာ ပယ်
ဖျက်လို့ရပြီးလူမျိုးစုတွေနဲ့
တိုင်းရင်းမျိုးနွယ်တွေကြားမှာစည်းခြားမှုဟာလဲမှေးမှိန်သွားခဲ့ပါတယ်။
ဘာကျန်ခဲ့သလဲဆိုတော့ရိုးသားတဲ့အမှန် တရားဘဲကျန်ခဲ့ပါတယ်။ ဒါကိုအမေရိကမှာ
epluribusunum လို့ခေါ်တယ်။ လူတွေအများကြီး ကြားမှာ
ကျွန်တော်တို့ဟာတနိုင်ငံထဲဘဲဖြစ်သလိုလူတမျိုးထဲဘဲဖြစ်တယ်၊
ဒီအမှန်တရားကအကြိမ်ကြိမ်အချိန်နဲ့အမျှ
ကျွန်တော်တို့ပြည်ထောင်စုကြီးကိုအင်အားကြီးစေခဲ့တယ်။
ဒီအချက်ဟာကျွန်တော်တို့နိုင်ငံတော်ကြီး ကို အင်အားကြီးစေခဲ့တယ်။
ဒီအချက်ကအမေရိကကိုကြီးမြတ်စေခဲ့တဲ့အချက်ထဲကတခုဖြစ်တယ်။
ကျွန်တော်တို့ဟာကျွန်တော်တို့လေးစားမြတ်နိုးတဲ့အခြေခံဥပဒေကိုဒီမိုကရေစီဘောင်နဲ့အညီတိုးချဲ့ပြင်ဆင်ခဲ့
တယ်။
ကျွန်တော်ခင်ဗျားတို့ရှေ့မှာဒီနေ့ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့သမတအနေနဲ့ရပ်နေတယ်၊
ကျွန်တော် ဟာတချိန်ကကျွန်တော့်အသားပေါ်ကအရောင်ဟာမဲပေးဖို့ အခွင့်အရေးကို
ငြင်းပယ်ခံခဲ့ရတယ်ဆိုတာကိုမှတ်မိ နေခဲ့ပါတယ်။
(ဒါပေမဲ့ယနေ့အချိန်အခါမှာလူမဲတယောက်ဖြစ်တဲ့ကျွန်တော်ဟာမေရိကန်သမတဖြစ်နေပါပြီ
လို့ပြောချင်တာပါ- စာရေးသူဖြည့်စွက်ချက်)
ပြောချင်တာကတော့ဒီအချက်တွေဟာခင်ဗျားတို့အတွက်အသိတခုရရှိနိုင်ပါတယ်၊
ကျွန်တော်တို့နိုင်ငံဟာဒီလို
အခြေအနေမျိုးရောက်အောင်အခက်အခဲတွေကိုကျော်လွှားနိုင်ခဲ့ ရင်
ခင်ဗျားတို့နိုင်ငံဟာလဲကျော်လွှားနိုင်မှာပါ။
မည်သည့်လူသားမဆို
ဒီနိုင်ငံရဲ့နယ်နမိတ်အတွင်းမှာနေထိုင်နေသူတိုင်းဟာ
ခင်ဗျားတို့နိုင်ငံရဲ့သမိုင်းတွေပါဘဲ၊
ဒိလူတွေကိုထွေးပိုက်သင့်တယ်လက်ခံသင့်တယ်၊ ဒါဟာအားနည်းပျော့ညံ့တာမဟုတ်ဘူး၊
ခင်ဗျားတို့လက် ခံခဲ့မယ်ဆိုရင် ဒါဟာအားကောင်းခြင်းဘဲဖြစ်တယ်။
နောက်ဆုံးပိတ်ကျွန်တော်
ဒီနေ့ပြောဆိုဆွေးနွေးချင်တဲ့လွတ်လပ်ခြင်းကတော့ လူတိုင်းကြောက်လန့်ကင်းကွာ
နေထိုင်နိုင်ခွင့်ရှိရေးဘဲဖြစ်ပါတယ်။
လူသားတွေနဲ့သူတို့ရဲ့ရည်မှန်းချက်အိပ်မက်များကြားမှာကြောက်လန့်မှုကရှိ နေခဲ့ တယ်၊
လက်နက်ကိုင်ပဋ္ဋိပက္ခ ကိုကြောက်ရွံ့နေမှု၊ အတိတ်ကအခက်အခဲတွေကြောင့်အနာဂါတ် ကို
ကြောက်လန့်နေမှု၊ လူမှုအဖွဲ့အစည်းတွေ
နဲ့စီးပွါးရေးပြုပြင်ပြောင်းလဲမှုတွေကိုကြောက်လန့်နေမှု၊ လူမျိုးချင်း
အသွင်မတူညီမှုကိုကြောက်လန့်နေမှု၊ ဒါမှမဟုတ် အခြားနေရာဒေသမှ လာသူများဖြစ်နေမှု၊
မတူညီသောကိုး ကွယ်မှုကိုပြုလုပ်သုဖြစ်မှု တို့ကို ကြောက်လန့်နေမှု
တို့ရှိနေခဲ့ပါတယ်။
အောင်ဆန်းစုကြည်ဟာသူမရဲ့အမှောင်မိုက်ဆုံးဖြစ်တဲ့အကျဉ်းကျနေစဉ်အတွင်းကြောက်လန့်ခြင်း
မှကင်းကွာရေးဆိုတဲ့စာကိုရေးသားခဲ့တယ်။ သူမက
“အာဏာလက်လွတ်ဆုံးရှုံးရမှာကိုကြောက်တဲ့ အတွက်
အာဏာကိုင်စွဲထားသူများဟာဖေါက်ပြန်ကြတယ်၊
အာဏာရှိသူရဲ့အပြစ်ဒါဏ်ပေးခံရမှာကိုကြောက်တဲ့ သူ တွေကလဲသူတို့ကို
ဖိနှိပ်ထားသူတွေကို ဖေါက်ပြန်စေတယ်“လို့ရေးခဲ့တယ်။
ဒီလိုကြောက်လန့်နေမှုတွေကို
ခင်ဗျားတို့နောက်မှာထားခဲ့ရမယ်၊ ခင်ဗျားတို့ရဲ့ခေါင်းဆောင်တွေအနေနဲ့
အာဏာဟာပြည်သူတွေကိုကြောက်လန့်စေမှုကလာတာမဟုတ်ဘူး၊
ပြည်သူတွေရဲ့အလိုဆန္ဒတွေကိုဖြည့်ဆည်း ခြင်းမှလာတာ
သာဖြစ်တယ်ဆိုတာကိုသိမြင်နားလည်လာကြပြီ ၊ ကျွန်တော်ပြည်သူတွေထံက ကြားသိရတာက
ဒီတခါတော့အခြားအချိန်တွေနဲ့မတူတော့ဘူးဒီတခါပြောင်းလဲမှုဟာဆက်ြ့ပီးတိုးတက်သွားမှာဘဲဖြစ်တယ်ဆိုတာဘဲ။
အောင်ဆန်းစုကြည်ရေးခဲ့သလို “ကြောက်လန့်ခြင်းဟာ
ယဉ်ကျေးသိမ်မွေ့တဲ့လူသားရဲ့သဘာဝကျတဲ့ အနေအထား မဟုတ်ဘူး၊“ ကျွန်တော်ယုံတယ်။
ဒီနေ့ခင်ဗျားတို့ကဒီနိုင်ငံမှာ ကြောက်လန့်ခြင်းဟာသဘာဝ ကျတဲ့အနေ အထား
မဟုတ်ဘူးဆိုတာကိုကမ္ဘာကိုပြသလိုက်ပါပြီ။
ဒါကြောင့်ဒီနေရာကိုကျွန်တော်ရောက်နေတာဖြစ်တယ်၊
ဒါကြောင့်ကျွန်တော်ရန်ကုန်ကိုရောက်လာတာဖြစ်တယ်၊
ဒါကြောင့်ဒီမှာဖြစ်ပျက်နေတာတွေဟာအရမ်းကိုအရေးကြီးတယ်၊ ဒီဒေသတခုထဲတွင်မဟုတ်ပါဘူး၊
ကမ္ဘာတခုလုံး အတွက်ပါဖြစ်တယ်၊
ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ဟာလူအများကိုအားတက်စေနိုင်တဲ့ခရီးလမ်းကိုစတင်နေ
ပြီဖြစ် လို့ပါဘဲ။ ဒါဟာတိုင်းပြည်တခုဟာ ပိုမိုကောင်းမွန်တဲ့ပြောင်းလဲမှုကို
လုပ်နိုင်မနိုင်စမ်းသပ်ချက် ဘဲဖြစ်ပါတယ်။
အမေရိကနိုင်ငံဟာပါစိဖစ်ပင်လယ်မှာရှိတဲ့နိုင်ငံတနိုင်ငံဖြစ်တယ်၊
ကျွန်တော်တို့အနေနဲ့ဒီတိုင်းပြည်တွေနဲ့ကျွန်တော်တို့ရဲ့အနောက်ဖက်မှာရှိတဲ့ပြည်သူတွေဟာကျွန်တော်တို့ရဲ့အနာ
ဂါတ်ကိုပိုင်စိုးထားတယ်၊ ကျွန်တော်တို့စီးပွါးရေးပြန်လည်နလန်ထလာတာနဲ့
ကျွန်တော်တို့ရဲ့စီးပွါးရေးဟာ အရှိန် အဟုန်
ကြီးစွာမြင့်တက်လာမယ်လို့ယုံကြည်ထားပါတယ်။ကျွန်တော်တို့ရပ်စဲလိုက်တဲ့စစ်ပွဲများဟာ
ကျွန်တော်တို့ ရဲ့ နိုင်ငံခြားရေးဝါဒအပေါ်
ဆယ်စုနှစ်တခုအထိလွှမ်းမိုးထားခဲ့ပါတယ်။ ဒီဒေသဟာကျွန်တော်တို့အတွက်အာရုံစူး
စိုက်ပြီး၊
ပြီးပြည့်စုံတဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။
ဒီအရှေ့တောင်အာရှ ဟာ နိုင်ငံများနဲ့
ပြည်သူများ၊တနိုင်ငံနဲ့တနိုင်ငံ၊ တဦးနဲ့တဦးပူးပေါင်းလုပ်ဆောင်နိုင်စွမ်းအား
ရှိတာကိုမြင်တွေ့နေရပါတယ်။
သမတတယောက်အနေနဲ့ကျွန်တော်ဟာအာဆီယံကိုထွေးပိုက်ကြိုဆိုခဲ့ပါတယ်၊
ကျွန်တော်ကလေးဘဝငယ်စဉ်ကဒီဒေသထဲကအင်ဒိုနီးရှားမှာနေခဲ့ဘူးပါတယ်၊
ဒါကြောင့်မို့အာဆီယံနဲ့အတူနိုင်ငံ များဟာ ရွေ့လျားလှုပ်ရှားနေကြပါပြီ ၊
တိုးတက်ဖွံ့ဖြိုးလာနေသောနိုင်ငံများနဲ့ ဒီမိုကရေစီပေါ်ထွန်းလာနေမှုတွေ၊
အပြန်အလှန်ပူးပေါင်းဆောင်ရွက်နေသောအစိုးရတွေ၊
မတူညီကွဲပြားမှုများကိုလက်ခံကျင့်သုံးတည်ဆောက်ခြင်း
ဖြင့်တိုးတက်လာမှုများကြောင့်ပင်လယ်များ၊ကျွန်းများ၊
တောတောင်များ၊မြို့ပြများ၊နဲ့မည်သည့်ဘာသာ၊မည်သည့်
လူမျိုးကိုမဆိုဆက်သွယ်မှုရှိနေကြပြီးဖြစ်ပါတယ်။
ကျွန်တော်တို့ဟာမတူညီမှုတွေကိုဘေးမှာဖယ်ထားလိုက်ပြီးရှေ့ကိုခြေတလှမ်းတိုးပြီးအပြန်အလှန်လေးစားမှု၊
အပြန်အလှန်အကျိုးရှိတယ်ဆိုတဲ့အမြင်နဲ့ကြည့်ပြီးလုပ်မယ်ဆိုရင်ဒါဟာ၂၁ရာစု
ကိုဘယ်လိုပုံဖေါ်ြ့ပီးမြင်နိုင် သလဲဆိုတာတွေ့နိုင်ပါတယ်။
ကျွန်တော်အခုရန်ကုန်မှာပါ၊
ကျွန်တော်အာရှတိုက်တခုလုံးကိုဖြတ်ပြီးသတင်းစကားပါးချင်ပါတယ်၊
ကျွန်တော်တို့ကို (ဒီနိုင်ငံကို)အတိတ်ကအဓိပ္ဗါယ်ဖွင့်ခဲ့သလို
အကျဉ်းထောင်ကြီးလို့
မဖွင့်စေချင်တော့ပါဘူး၊ကျွန်တော်တို့အနေနဲ့ရှေ့အနာဂါတ်ကိုဘဲကြည့်ချင်ပါတယ်၊
မြောက်ကိုရီးယားခေါင်းဆောင်တွေကိုပြောချင်ပါတယ်၊ ကျွန်တော်ဟာရွေး
ချယ်နိုင်ဖို့လမ်းကိုပေးခဲ့ပါတယ်၊
သင်တို့ရဲ့ညူကလီးယားလက်နက်တွေကိုစွန့်ပြစ်လိုက်ပါ၊ ငြိမ်းချမ်းရေးနဲ့တိုးတက်
ဖွံ့ဖြိုးရေးကိုရွေးချယ်လိုက်ပါ၊ အကယ်၍သင်လုပ်ခဲ့မယ်ဆိုရင်
ကျွန်တော်တို့အမေရိက က လက်ဆန့်တန်း ပြီး ကြိုဆိုမှာပါ။
အခု ၂၀၁၂
မှာကျွန်တော်တို့ဟယအရှေ့အနောက်၊တောင်နဲ့မြောက်ဆိုပြီးပိုင်းပြီးခွဲခြားနေစရာမလိုတော့ပါဘူး၊
ခင်ဗျားတို့ရဲ့မြောက်ဖက်ကအိမ်နီး ချင်းဖြစ်တဲ့တရုပ်ပြည်ကြီး နဲ့
အနောက်ဖက်အိမ်နီးချင်းအိန္ဒိယနိုင်ငံတို့
ငြိမ်းချမ်းစွာတိုးတက်လာတာကိုကျွန်တော်တို့ ကကြိုဆိုခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ
နဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာကြီးကြီးငယ်ငယ်ဘယ်နိုင်ငံနဲ့မဆို ကမ္ဘာကြီး
ပိုပြီးငြိမ်းချမ်းလာဖို့၊ ပိုပြီး ကြွယ်ဝချမ်းသာလာဖို့ ၊
ပိုပြီးတရားမျှတလာဖို့၊ ပိုပြီးလွတ်လပ်လာဖို့ကို အတူလက်တွဲ လုပ်ချင်ပါတယ်။
ဒါ့အပြင်အမေရိကန်နိုင်ငံအနေ နဲ့မိမိပြည်သူတွေရဲ့အခွင့်အရေးကို
လေးစားပြီးနိုင်ငံတကာတရားဥပဒေကိုတာဝန်ခံတဲ့ဘယ်နိုင်ငံကိုမဆို
မိတ်ဆွေနိုင်ငံအနေနဲ့သတ်မှတ်ပါတယ်။
ဒီလိုနိုင်ငံ ၊ ဒီလို
ကမ္ဘာကြီးကိုခင်ဗျားတို့အနေနဲ့ဒီသမိုင်းဝင်မြို့ကြီးကစပြီးတည်ဆောက်နိုင်ပါတယ်။
ကမ္ဘာကြီးကိုနှစ်ပေါင်းများစွာအထီးကျန်စွာနေခဲ့ရတဲ့နိုင်ငံတခုရဲ့အသစ်ပြန်လည်စတင်ခြင်းရဲ့စွမ်အားကိုပြတဲ့အ
နေနဲ့ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးရေးတို့ဟာအတူတကွတွဲပြီး ခရီးတခုထဲ
သွားနေတယ်ဆိုတာပြသလိုက်ပါ။
ကျွန်တော်ဒီလိုပြောရတာခင်ဗျားတို့လို့ဒီနေရာမှာထိုင်ခွင့်၊နားထောင်ခွင့်၊အခွင့်အရေးမရတဲ့
မရည်တွက် နိုင်တဲ့သူတွေရှိနေသေးတယ်ဆိုတာသိလို့ပါဘဲ။
ဒီမှာလူသန်းပေါင်းများစွာဟာလျှပ်စစ်ဓါတ်မီးမရသေးပါဘူး၊
ဒီမှာအခုထိမိမိလွတ်မြောက်ရေးကိုမျှော်နေကြတဲ့ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူတွေရှိနေစဲပါ။
ဟိုးတနေရာမှာ စခမ်းများတွင်နေထိုင်နေရတဲ့ ဒုက္ခသည်များနဲ့ရွှေ့ပြောင်းပြီး
နေထိုင်သူများဟာ
အဝေးတနေရာရှိမိုးကုတ်စက်ဝန်းကနြေ့ပီးမျှော်လင့်စောင့်စားနေကြပါတယ်။
ဒီနေ့ကျွန်တော်ခင်ဗျားတို့ကိုမြင်တွေ့နေပါတယ်၊
ခင်ဗျားတို့အားလုံးကြားအောင်ပြောနေပါတယ်၊ အမေရိကဟာခင်ဗျားတို့အားလုံး
နဲ့အတူရှိနေပါတယ်၊ ထို့အတူ မေ့ပျောက်ခံနေရသူများ၊ အိမ်ယာသိမ်းခံရသူများ၊ လူ့အဖွဲ့
အစည်းမှ ငြင်းပယ်ခံထားရသူများ၊ ဆင်းရဲသားများအားလုံးနဲ့အတူ အမေရိက ကအတူရှိနေပါတယ်။
ကျွန်တော်တို့ဟာခင်ဗျားတို့အကြောင်းတွေကိုခေါင်းထဲမှာမှတ်ထားပြီး၊
ခင်ဗျားတို့ရဲ့မျှော်လင့်ချက် တွေကို နှလုံးသားထဲမှာသိမ်းထားပါ့မယ်၊
ဘာကြောင့်လဲဆိုတော့ ဒီ၂၁ ရာစုမှာ နည်းပညာတိုးတက်ပြန့်နှံ့လာတာနဲ့အမျှ
ပိတ်ပင်ထားတဲ့အတား အစီးများကိုဖြိုချနိုင်ခဲ့ပါတယ်၊
လွတ်လပ်ခြင်းရဲ့ရှေ့တန်းမျက်နှာစာဟာနိုင်ငံများနဲ့လူ ပုဂ္ဂိုလ်တဦးချင်းအားလုံး
ရဲ့လက်တကမ်းမှာရောက်နေပါပြီ၊ သူတို့နှစ်ခုကြားမှာမဟုတ်တော့ပါဘူး။
အကျဉ်းသားဟောင်းတယောက်ကသူ့နိုင်ငံသားတွေကိုပြောခဲ့ပါတယ်၊
“နိုင်ငံရေးဟာငါတို့အားလုံးရဲ့အလုပ်ဘဲ
နိုင်ငံရေးသမားတွေဘဲလုပ်ရမှာမဟုတ်ဘူး”တဲ့။
ကျွန်တော်တို့အမေရိကမှာတင်စားပြောတဲ့စကားကတော့ ဒီမိုကရေစီရဲ့အရေးအကြီးဆုံး ရုံး
ဟာပြည်သူများရဲ့ရုံးဘဲ ဖြစ်တယ်၊ သမတမဟုတ်ဘူး၊ လွှတ်တော် ဥက္ကဌ မဟုတ်ဘူး၊
ဒါပေမဲ့ပြည်သူသာဖြစ်တယ်။ (လက်ခုပ်သံများ)
ဒီခရီးမှာ သာမာန်ထက်လွန်ကဲမှုတွေ၊
အခက်အခဲတွေ၊ စိမ်ခေါ်မှုတွေ၊ နဲ့တခါတရံ စိတ်ရှုပ်ထွေးမှုတွေကိုတွေ့ရ မှာပါ၊
ဒါပေမဲ့အဆုံးမှာတော့ခင်ဗျားတို့၊ဒီနိုင်ငံသားတွေကသာလွတ်လပ်ခြင်းဆိုတဲ့ဝေါဟာရကိုအဓိပ္ဗါယ်ဖေါ်ကြ
မှာဖြစ်တယ်။ ခင်ဗျားတို့ကသာလွတ်လပ်ရေးကိုသိမ်းပိုက်ရယူမဲ့သူတွေဖြစ်တယ်၊
ဘာကြောင့်လဲဆိုတော့တော် လှန်ရေးစိတ်ဓါတ်အစစ်အမှန်ဟာ
ကျွန်တော်တို့ရဲ့နှလုံးသားထဲကနေ စတင်လာလို့ဘဲဖြစ်တယ်။
ဒီအချက်ဟာသတ္တိရှိဖို့လိုတယ်၊
ခင်ဗျားတို့ရဲ့ခေါင်းဆောင်တော်တော်များများဟာဒီအချက်ကိုပြသခဲ့ပြီးဖြစ်တယ်။
ရှေ့လျှောက်ရမဲ့လမ်းခရီးဟာကြီးမားတဲ့စိမ်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြရမှာဖြစ်တယ်၊
ဒါ့အပြင်ဒီပြောင်းလဲမှုကိုဆန့် ကျင် တဲ့အင်းအားစုတွေကလဲရှိနေသေးတယ်။
ဒါပေမဲ့ကျွန်တော်ယုံကြည်ချက်အပြည့်နဲ့ဒီနေရာမှာရပ်နေပါ
တယ်၊ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံမှာနောက်ကြောင်းပြန်လို့မရနိုင်တဲ့အဖြစ်အပျက်တခုဖြစ်ပျက်
နေပါတယ် ပြည်သူများရဲ့ဆန္ဒသဘောထားဟာဒီနိုင်ငံကိုမြှင့်တင်ပြီးကမ္ဘာ
ကြီးကိုကြီးမားတဲ့ စံနမူနာတခုအဖြစ်ပြသနေပါလိမ့်
မယ်။ခင်ဗျားတို့မှာဒီလမ်းခရီးရှည်ကြီးကိုလျှောက်ဖို့အမေရိကန်နိုင်ငံဟာလုပ်ဖေါ်ကိုင်ဖက်အနေနဲ့ရှိနေမှာဖြစ်
ကြောင်း ပြောကြားလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
ထွန်းအောင်ကျော်
တတ်သမျှချစ်ချုပ်ဘာသာပြန်ထားသည်။
အမေရိကန်အစိုးရသဘောထားကို
ရှင်းရှင်းလင်းလင်းသိစေလိုသည့်စေတနာဖြင့်ကြိုးစား
ဘာသာပြန်ပေးလိုက်ပါသည်။
ထွန်းအောင်ကျော်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။