22 November 2012 |By Pyi Myanmar
ပြည်သူချစ် အနုပညာရှင် ချော ရတနာ တစ်ယောက် သူမ၏ ချစ်သူနှင့် ဒီဇင်ဘာတွင် လက်ထပ်တော့မည် ဖြစ်ကြောင်း ၁၉-၁၁-၂၀၁၂ ရက်တွင် သိရသည်။
“ချောက ချစ်သူသက်တမ်း ၁၀ နှစ်ကြာမှ လက်ထပ်ဖြစ်တာပါ။ သူနဲ့စတွေ့တာကတော့ ရိုးရိုးလေးပါပဲ။ မင်္ဂလာပွဲ အစီအစဉ်တွေကတော့ ၂၅-၁၁-၂၀၁၂ ရက်မှာ ရန်ကုန်၊ ဆီဒိုးနားဟိုတယ်မှာ လက်မှတ်ထိုး အခမ်းအနားပွဲနဲ့ ၂၈-၁၁-၂၀၁၂ ရက်မှာ မှော်ဘီမှာရှိတဲ့ ဒေါက်တာအရှင်ဆေကိန္ဒ ဘုန်းကြီးကျောင်း မှာ ဆွမ်းကျွေးပွဲလုပ်မှာပါ။
မင်္ဂလာအခမ်းအနားနဲ့ ညစာစားပွဲကိုတော့ ၁-၁၂-၂၀၁၂ ရက်မှာ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမှာပါ။ ဟန်းနီးမွန်း ခရီးကတော့ အနည်းငယ် လျော့သွားနိုင်ပါတယ်” ဟု ချောရတနာက ပြောကြားသည်။
ချောရတနာ၏ မင်္ဂလာပွဲတွင် ပန်းကြဲအဖြစ် သန္တာဗို၊ ဗန်းကိုင်များအဖြစ် မော်ဒယ်လ်သရုပ်ဆောင် ယုသန္တာတင်၊ ဝါဆိုမိုးဦးတို့ဖြစ်ပြီး သတို့သား၊ သတို့သမီး အရံများမှာ ကောင်းပြည့်၊ အွန်ဆိုင်းနှင့် ဆရာဂျွန်လွင် ဦးစီးသော မော်ဒယ်လ်သင်တန်းမှ မော်ဒယ်လ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ချောရတနာတစ်ယောက် အခု လောလောဆယ်တွင် အနုပညာလုပ်ငန်းများ ခဏရပ်နားထားကြောင်းနှင့် သူမ၏ ချစ်သူမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။